သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကို ႏိုင္ငံေရးအတြက္ အသုံးခ်ေနၾကသလား


ရန္ကုန္တျမိဳ႕လံုး ေနအိမ္ေန ကန္႔သတ္္ခ်က္ထုတ္ျပန္ျပီး၊ ပထမဆံုးေန႔ေတြ႕ရသည့္ ရန္ကုန္ျမိဳ႕ သတင္းဓါတ္ပံုမ်ားျဖစ္ပါသည္။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)
COVID ကို ႏိုင္ငံေရးအတြက္ အသုံးခ်ေနၾကသလား
please wait

No media source currently available

0:00 0:11:20 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္-၁၉ ကပ္ေရာဂါကို ျမန္မာႏို္င္ငံမွာ ႏိုင္ငံေရးပါတီေတြ၊ ႏိုင္ငံေရးသမားေတြ ေရြးေကာက္ပြဲမွာ အႏုိင္ရရိွေရးအတြက္ သူတုိ႔ႏုိင္ငံေရးပါတီရဲ ႔ ႏိုင္ငံေရးအက်ဳိးစီးပြား၊ ပုဂၢိဳလ္တဦးခ်င္းရဲ ႔ ႏိုင္ငံေရးအက်ဳိးစီးပြားအတြက္ အသံုးခ်ေနၾကသလားဆိုတာကို သီေပါၿမိဳ ႔နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ႏိုင္ငံေရးသံုးသပ္သူ ဦးရဲထြန္းနဲ႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ဦးရဲထြန္းခင္မ်ား … က်ေနာ္ ဒီေန႔ ဆက္သြယ္ရတဲ့အေၾကာင္းရင္းကေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကို ေရြးေကာက္ပြဲအတြက္ တနည္းေျပာရရင္ ႏိုင္ငံေရးအတြက္ အသံုးခ်မႈေတြ ရိွေနသလားဆိုတာကို ေဆြးေႏြးခ်င္တာ ျဖစ္ပါတယ္။ ကမာၻ႔ႏို္င္ငံေတြမွာေတာ့ ႏိုင္ငံအခ်င္းခ်င္းၾကားမွာလဲ အသံုးခ်ၾကတယ္။ အထူးသျဖင့္ တရုတ္နဲ႔ အေမရိကန္ၾကားမွာဆိုရင္ သိသိသာသာ ဒီကပ္ေရာဂါကို အသံုးခ်ၿပီး တိုက္ခိုက္ေနၾကတာေတြကို ေတြ႔ရပါတယ္။ ထို႔အတူပဲ တခ်ဳိ ႔ႏိုင္ငံေတြမွာလဲ ႏိုင္ငံတြင္းမွာ ဘယ္သူက ကိုင္တြယ္ပံု ဘယ္လိုျဖစ္တယ္ စသျဖင့္ အမ်ဳိးမ်ဳိးေျပာၾကတယ္ဆိုေတာ့ ျမန္မာႏိုင္ငံမွာေကာ ကိုဗစ္ကပ္ေရာဂါကို ႏိုင္ငံေရးအက်ဳိးအျမတ္အတြက္ အသံုးခ်မႈ ရိွမရိွဆိုတာကို ပထမဦးဆံုး ဘယ္သူဘယ္ဝါ အသံုးခ်တယ္ဆိုတာကို မေျပာခင္၊ အၾကမ္းမ်ဥ္းေလး ေျပာေပးပါ။ ကိုဗစ္ကပ္ေရာဂါကို အသံုးခ်မႈက လြတ္ကင္းရဲ ႔လားဆိုတာ။

ေျဖ ။ ။ တမင္ရည္ရြယ္တာ မဟုတ္ေသာ္လဲ ကိုဗစ္-၁၉ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ျပည္သူလူထုကို မကူးစက္ေအာင္၊ ကာကြယ္တာ၊ ထိန္းခ်ဳပ္တာ၊ ေထာက္ပံ့ကူညီတာေတြ ေပးတာေတြ အဲဒါေတြက ေရြးေကာက္ပြဲ နီးလာတဲ့အခ်ိန္မွာ ကြက္တိျဖစ္လာတဲ့အခါၾကေတာ့ ေဘးက အျခားအတိုက္အခံပါတီေတြက ၾကည့္မယ္၊ ေျပာမယ္ဆိုလို႔ရိွရင္ ဒီကပ္ေရာဂါ ႏိွမ္နင္းေရးကို ႏို္င္ငံေရးအရ ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရးအရ အာဏာရပါတီက အသံုးခ်ေနတယ္လို႔ ေျပာစရာ ထင္စရာေတာ့ ျဖစ္လာတာ အမွန္ပါပဲ။ တမင္လုပ္တာ မဟုတ္တာတစ္ခုပဲ က်ေနာ္တို႔က ေျဖသာစရာ ရိွတာေပါ့။

ေမး ။ ။ ဒါေပမဲ့ တစ္ခုရိွတာက အတိုက္အခံေတြက အဲဒီလို ထင္စရာရိွေပမယ့္လဲ တကယ္မလုပ္သင့္တာဟာမ်ဳိးကို လုပ္တာေကာ ရိွပါသလား။ ဥပမာ တခ်ဳိ ႔က ေျပာၾကတယ္ … ေရြးေကာက္ပြဲ မက်င္းပသင့္တဲ့ အခ်ိန္ ျဖစ္တယ္။ ဒါေပမဲ့ သူတုိ႔ႏိုင္ေျခရိွတဲ့အတြက္ ဇြတ္က်င္းပတာမ်ဳိး လုပ္ခဲ့တယ္ဆိုရင္ေတာ့ ေျပာသင့္တဲ့ကိစၥ ျဖစ္လာမွာေပါ့။

ေျဖ ။ ။ ေရြးေကာက္ပြဲကေတာ့ တကယ္တမ္းက ေရႊ ႔မယ္ဆုိရင္ ေရႊ ႔လို႔ရတယ္။ ဘာမွလႊတ္ေတာ္သက္တမ္း၊ သမၼတသက္တမ္းေတြကို မထိခိုက္ဘဲနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပဌာန္းခ်က္ေတြနဲ႔အညီ ေရႊ ႔မယ္ဆုိရင္ အနည္းဆံုး တစ္လအထိ ေနာက္ဆုတ္လို႔ရတယ္။ အကယ္၍ လႊတ္ေတာ္သက္တမ္းကို ေက်ာ္ၿပီးေတာ့ ေရြ ႔မယ္ဆိုရင္လဲ အျခားအစိုးရဌာနရဲ ႔ သက္တမ္း (၅) ႏွစ္ အတြင္းမွာ ထပ္ၿပီးေတာ့ ေနာက္ထပ္ (၂) လေလာက္ (၃) လေလာက္ ထပ္ေရႊ ႔လို႔ရေသးတယ္။ အဲဒါကို မေရႊ ႔ဘဲနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္က တင္းခံေနၿပီးေတာ့ ေၾကညာထားတဲ့ ႏိုဝင္ဘာလ (၈) ရက္ေန႔မွာပဲ ေရြးေကာက္ပြဲ လုပ္မယ္လို႔ ေျပာလိုက္တာကေတာ့ သူတုိ႔အသာရေနတဲ့ အေနအထားကို သူတုိ႔က ပိုၿပီးေတာ့ ေသခ်ာေအာင္ ေရြးေကာက္ပြဲကို မေရႊ ႔တာလို႔ ေျပာစရာ ျဖစ္လာတာေပါ့။

ေမး ။ ။ ေရြးေကာက္ပြဲ မေရႊ ႔ဘဲနဲ႔ က်င္းပရင္ သူတုိ႔အသာရႏိုင္တဲ့ အေျခအေနက ဘာေၾကာင့္ ရိွေနလဲ။ ကိုဗစ္ေၾကာင့္ အသြားအလာခက္တယ္။ ပိတ္ပင္မႈေတြ ရိွေနတဲ့အခါမွာ သူတုိ႔ကို ေထာက္ခံေနတဲ့ လူေတြအတြက္လဲ အခက္အခဲ ေတြ႔မယ္။ သူတုိ႔ကို ဆန္႔က်င္ၿပီး မဲေပးတဲ့ လူေတြအတြက္လဲ အခက္အခဲ ေတြ႔မွာပဲဆုိေတာ့ အက်ဳိးသက္ေရာက္မႈက တန္းတူမျဖစ္ႏိုင္ဘူးႏိုင္လား။

ေျဖ ။ ။ ေျပာမယ္ဆိုလို႔ရိွရင္ ဘယ္ပါတီကမွ လူခ်င္းသြားၿပီးေတာ့ ထိေတြ႔စည္းရံုးလို႔ မရေတာ့ဘူး။ NLD နဲ႔ အားလံုးအတူတူပဲဆုိေတာ့ အေပၚယံၾကည့္မယ္ဆိုရင္ ညီမွ်သေယာင္ ထင္ရတာေပါ့။ သို႔ေသာ္လဲပဲ ဒီကာလအတြင္းမွာ ေငြေရးေၾကးေရး အေထာက္အပံ့ အကူအညီေတြ အစိုးရက လုပ္ေနတာရိွမယ္။ ေနာက္တခုက လူမႈ႔ကြန္ရက္ေတြကေန Facebook လိုဟာမ်ဳိးကေန ဆက္သြယ္စည္းရံုးတဲ့အခါမွာ ဒီအခ်ိန္မ်ဳိး Stay at Home လုပ္ထားတဲ့အခ်ိန္မွာ အထိေရာက္ဆံုးပဲ။ လူေတြက အိမ္မွာေနၾကတဲ့အခါၾကေတာ့ ဘယ္ကမထြက္ရ၊ မျပဳရတဲ့အခါ Facebook ပဲ သံုးေနၾကမွာ။ Social Media ပဲ သံုးေနၾကမွာဆုိေတာ့ အဲဒီမွာ အာဏာရပါတီ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ ႔ popularity သူ႔ရဲ ႔ ဆိုရွယ္လူမႈ႔ကြန္ရက္မွာ ဘယ္သူမွ သူ႔ကိုလိုက္မမီႏိုင္ဘူး။ ဒီအခ်ိန္မွာ သူတို႔အတြက္က အားအသာဆံုးပဲ။ က်န္တဲ့ပါတီေတြက လုပ္မယ္ဆိုရင္လဲ အခုမွ ႀကိဳးစားရသလို ျဖစ္ေနတယ္။ ေနာက္ေျပာမယ္ဆိုရင္လဲ သူတို႔ေျပာတဲ့ ဆိုတဲ့ သံုးစြဲတဲ့ဟာေတြအတြက္လဲ ေရြးေကာက္ပြဲ အသံုးစရိတ္ေတြမွာ ထည့္ရမယ္ဆိုတဲ့အခါၾကေတာ့ ဒါေတြကလဲ အကန္႔အသတ္တခု ျဖစ္လာလိမ့္မယ္လို႔ က်ေနာ္က ထင္တယ္။ ၿခံဳေျပာမယ္ဆိုရင္ေတာ့ အဲဒီမွာ အာဏာရပါတီက အမ်ားႀကီးသာတယ္လို႔ ေျပာႏိုင္တာေပါ့။

ေမး ။ ။ သူတို႔တင္းခံေနရတဲ့ အေၾကာင္းရင္းမွာ သူတုိ႔ အသာရခ်င္တယ္ဆိုတဲ့ ကိစၥအျပင္ ေရႊ ႔ဆိုင္းလို႔ မျဖစ္ႏိုင္ဘူးဆိုတဲ့ အေျခအေနမ်ား က်ေနာ္တို႔ သူတုိ႔ဘက္က စဥ္းစားၾကည့္မယ္ဆိုရင္ စဥ္းစားစရာအေၾကာင္း ေတြ႔ပါသလား။ သူတုိ႔မေရႊ ႔ဘူးလို႔ တင္းခံေနသလဲဆိုတဲ့ ကိစၥကို။

ေျဖ ။ ။ ဘာေၾကာင့္မေရႊ ႔ဘူးဆိုတာကေတာ့ က်ေနာ္လဲ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ အခ်က္အလက္ေတြကို ၾကည့္လိုက္တဲ့အခါမွာ က်ေနာ္တို႔ အခုျမန္မာႏိုင္ငံမွာ ေလာေလာဆယ္ ျဖစ္ေနတဲ့ အခ်က္အလက္ေတြအရ တႏိုင္ငံလံုးအေနနဲ႔ ျဖစ္ေနတဲ့ ႏႈန္းထားေတြက ကမာၻေပၚမွာ အဆိုးဆံုးဆိုတဲံ အေနအထားေတာ့ မဟုတ္ေသးဘူး။ တခါ အသက္သာဆံုး၊ အနည္းဆံုး ႏိုင္ငံေတြထဲမွာဆိုတဲ့ နယ္ပယ္ထက္ အခုေတာ့ ေက်ာ္လာၿပီ။ ေက်ာ္လာတဲ့အခါၾကေတာ့ ရပ္ဆိုင္းခိုင္းလိုက္၊ ေရႊ ႔ဆိုင္းလိုက္လို႔ က်ေနာ္တို႔က ထိန္းခ်ဳပ္သြားႏိုင္တဲ့ အေနအထား ျဖစ္သြားရင္ေတာ့ ကိစၥမရိွဘူး။ ေရႊ ႔လိုက္တာ မွန္တယ္။ သို႔ေသာ္ေရႊ ႔လိုက္တဲ့အခါမွာ ေနာက္ႀကံဳရမယ့္ကာလက ေရြးေကာက္ပြဲလုပ္မယ္လို႔ ေၾကညာလိုက္တဲ့ ကာလက အဆိုးဆံုးအေျခအေနမ်ဳိး၊ ထိန္းမႏိုင္သိမ္းမရ Outbreak ျဖစ္ေနတဲ့ ကာလမ်ဳိး ျဖစ္ေနရင္ ပိုဆိုးမွာ ဒါေၾကာင့္မို႔ ေျပာခ်င္တာက ေရႊ ႔လိုက္လို႔ က်ေနာ္တို႔က ထိန္းႏိုင္မွာ ေသခ်ာရဲ ႔လားဆိုတဲ့ ကိစၥက က်ေနာ့္အေနနဲ႔ သိပ္ၿပီးေတာ့ မေသခ်ာဘူးလို႔ ယူဆတယ္။ ဒါေၾကာင့္မို႔ ဒီကိစၥနဲ႔ ပတ္သက္လို႔ ေၾကညာထားတဲ့အတိုင္း လုပ္မယ္ဆိုၿပီးေတာ့ စဥ္းစားပံုလဲ ရပါတယ္။

ေမး ။ ။ ေနာက္တခုက ေရြးေကာက္ပြဲကို ဖြဲ႔စည္းပံုအရ သတ္မွတ္ထားတဲ့အခ်ိန္မွာ မက်င္းပႏိုင္ဘူး။ ျမန္မာႏိုင္ငံဖြဲ႔စည္းပံုမွာ ဘယ္အခ်ိန္ က်င္းပရမယ္ဆိုတာ ျပဌာန္းထားခ်က္ ရိွပါသလား။ ေန႔ရက္ေန႔စြဲနဲ႔ အဲဒါကို က်ေနာ္ မသိဘူး။ ဒီ အေမရိကန္မွာေတာ့ ရိွတယ္။ ဘယ္ေန႔၊ ဘယ္ရက္ က်င္းပမယ္ဆိုတာ။ တကယ္လို႔ အဲဒီသတ္မွတ္ထားရက္ ရိွေနလို႔လားဆိုတာကို က်ေနာ္ စဥ္းစားမိပါတယ္။ ဦးရဲထြန္း အဲဒါကို ေတြးမိပါသလား။ ဖြဲ႔စည္းပံုအရ ဘယ္လိုကန္႔သတ္ထားတယ္ တကယ္လို႔ အဲဒါေက်ာ္လြန္သြားရင္ ဘယ္လိုျပန္လုပ္ရမယ္ဆိုတဲ့ စည္းမ်ဥ္းစည္းကမ္းမ်ား ရိွေနပါသလား။

ေျဖ ။ ။ အဲဒါနဲ႔ ပတ္သက္လို႔လဲ က်ေနာ္ ေလ့လာၾကည့္တဲ့အခါမွာ ေရြးေကာက္ပြဲကို ဘယ္ေန႔ ဘယ္ရက္ လုပ္ရမယ္ဆိုတဲ့ အေမရိကန္မွာလို သတ္မွတ္ထားခ်က္မ်ဳိး အတိအက် မပါဘူး။ သူတို႔က ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ ပါတာကေတာ့ လႊတ္ေတာ္ရဲ ႔ သက္တမ္းဟာ လႊတ္ေတာ္စၿပီးေတာ့ ေခၚတဲ့ရက္ကေန (၅) ရက္ ျဖစ္သည္ဆိုတာ ပါတယ္။ သမၼတရယ္သက္တမ္း၊ အစိုးရရဲ ႔သက္တမ္းမွာလဲ သမၼတကေန က်မ္းသစၥာက်ိန္းဆိုၿပီး သမၼတတာဝန္ထမ္းေဆာင္တဲ့ အခ်ိန္ကေန (၅) ႏွစ္ ျဖစ္သည္လို႔ ျပဌာန္းထားတယ္။ ေရြးေကာက္ပြဲေတြကို အဲဒီမတိုင္မီမွာ ဘယ္အခ်ိန္မွာပဲ က်င္းပက်င္းပ ရတယ္ဆိုတဲ့ အဓိပၸါယ္။ က်ေနာ္တို႔ ၿပီးခဲ့တဲ့ လႊတ္ေတာ္ေတြတုန္းကဆိုရင္ ႏိုဝင္ဘာလမွာ က်င္းပေပမယ့္ လႊတ္ေတာ္သက္တမ္း (၅) ႏွစ္ ျပည့္တာက ဇန္နဝါရီလ (၃၁) ရက္ေန႔ျဖစ္တဲ့ အခါၾကေတာ့ ၾကားထဲမွာ က်ေနာ္တို႔ အခ်ိန္ (၂) လေလာက္ေတာင္ ရပါတယ္။ ဆိုေတာ့ အဲဒီသက္တမ္းကိုပဲ ၾကည့္ၿပီးေတာ့ ေရြးေကာက္ပြဲကို Adjust လုပ္လို႔ရတယ္။ ေရွ ႔တိုးေနာက္ငင္ လုပ္လို႔ရတယ္။ ဆိုေတာ့ အခုသတ္မွတ္ထားတဲ့ ႏိုဝင္ဘာလကေန အဲဒီမတိုင္မီမွာ လုပ္လို႔ရတယ္ဆိုတဲ့ အဓိပၸါယ္ပါ။ သို႔ေသာ္ တကယ္လို႔ က်ေနာ္တို႔က လႊတ္ေတာ္သက္တမ္း၊ သမၼတသက္တမ္းေတြကို ေက်ာ္ၿပီးေတာ့ အေျခခံဥပေဒက သတ္မွတ္ထားတဲ့ သက္တမ္းေတြကို ေက်ာ္ၿပီးေတာ့ ေရႊ ႔ခ်င္တယ္ဆိုရင္ေတာ့ အေျခခံဥပေဒမွာ အဲဒါနဲ႔ ပတ္သက္တဲ့ ျပဌာန္းထားခ်က္ မရိွတဲ့အတြက္ေၾကာင့္မို႔ က်ေနာ္တို႔ ဥပေဒတခု - ဒီလိုအေရးေပၚကိစၥ ဥပေဒတခု ျပဌာန္းရလိမ့္မယ္လို႔ က်ေနာ္ကေတာ့ ယူဆပါတယ္။

ေမး ။ ။ စကားမစပ္ ေမးစရာတခု က်န္ခဲ့တယ္။ တကယ္ေတာ့ ဒီေမးခြန္းက အစကတည္းက ေမးခဲ့သင့္တဲ့ကိစၥ။ ဦးရဲထြန္းအေနနဲ႔ လာမယ့္ေရြးေကာက္ပြဲမွာ ပါတီတစံုတခုကို ကိုယ္စားျပဳၿပီးေတာ့ ေသာ္လည္းေကာင္း တသီ ပုဂၢလိကအေနနဲ႔ေသာ္လည္းေကာင္း ယွဥ္ၿပိဳင္ဖို႔ ရည္ရြယ္ခ်က္ ရိွပါသလား။

ေျဖ ။ ။ ၂၀၁၆ ေလာက္ကတည္းက က်ေနာ္က မၿပိဳင္ေတာ့ဘူး။ လႊတ္ေတာ္ႏိုင္ငံေရးသမား၊ ပါတီႏိုင္ငံေရးသမား မလုပ္ေတာ့ဘူးလို႔ အဲဒီလို ဆံုးျဖတ္ခဲ့တာပါ။ အခုလို လြတ္လြတ္လပ္လပ္ ေျပာရဆိုရတာကို က်ေနာ္က ပိုၿပီးေတာ့ သေဘာက်လို႔ ပိုၿပီးအခ်ဳပ္အေႏွာင္းကင္းတယ္လို႔ ယူဆလို႔ပါ။

ေမး ။ ။ က်ေနာ္လည္း ဦးရဲထြန္းဟာ အဲဒီလို မၿပိဳင္ေတာ့ဘူး၊ ပါတီႏိုင္ငံေရးသမားတေယာက္ မဟုတ္ေတာ့ဘူးဆိုလို႔ ေမးျဖစ္တာပါ။ က်ေနာ္တို႔က အာဏာရပါတီရဲ ႔ အေၾကာင္းကို ေျပာၿပီးၿပီ။ တျခားအဖြဲ႔အစည္းေတြကေရာ ဒီကိုဗစ္ကပ္ေရာဂါကို သူတို႔ႏုိင္ငံေရး အက်ဳိးစီးပြားအတြက္ အသံုးခ်တာေတြ မေတြ႔ရဘူးလား။

ေျဖ ။ ။ အာဏာရပါတီက ကိုဗစ္-၁၉ ကပ္ေရာဂါ ေက်ာ္လႊာေရးမွာ ပထမလိႈင္းမွာေတာ့ ေတာ္ေတာ္ေလး ထိန္းႏိုင္တယ္။ အေျခအေနေတြက ေကာင္းတယ္။ ဒါေတြက အာဏာရပါတီအတြက္ အမွတ္ေတြ အမ်ားႀကီးရမယ့္ အေျခအေနမ်ဳိးေပါ့။ အခု ဒုတိယလိႈင္းမွာက သူတို႔ထိန္းႏိုင္မလား။ ပိုဆိုးသြားမလား။ အဲဒါက အတိုက္အခံပါတီေတြအေနနဲ႔ ေစာင့္ၾကည့္ေနတဲ့ အေျခအေန၊ အေနအထားတစ္ရပ္ေပါ့။ တကယ္လို႔ ပိုဆိုးသြားတယ္။ ထိန္းမႏိုင္သိမ္းမရ ျဖစ္တယ္ဆိုရင္ေတာ့ ဒါက ေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးေရးမွာ သူတုိ႔အတြက္ကေတာ့ လက္နက္ေကာင္းတခု ျဖစ္မွာေပါ့။ ရခိုင္ျပည္နယ္တို႔ ဘာတို႔မွာ ျဖစ္တဲ့ကိစၥေတြမွာ အဝင္အထြက္၊ အသြားအလာေတြကို အလ်င္အျမန္ အကန္႔အသတ္ မလုပ္ႏို္င္တာေတြက အစိုးရရဲ ႔ စိမံခန္႔ခြဲမႈ အားနည္းခ်က္ေတြေပါ့။ ဒါေတြကို ေထာက္ျပၿပီးေတာ့ တျခားပါတီေတြ လုပ္လာႏိုင္တယ္လို႔ေတာ့ က်ေနာ္ ေတြးမိပါတယ္။

ေမး ။ ။ တာဝန္အရ ေမးရမယ့္ ေမးခြန္းတခုက သူတို႔ေတြကေရာ လက္ရိွအစိုးရထက္ ပိုၿပီးေတာ့ ထိေရာက္ေအာင္ လုပ္ႏိုင္မယ့္ အေျခအေန ရိွပါ့ရဲ ႔လားဆိုတာ ေမးရမွာေပါ့။

ေျဖ ။ ။ ဟုတ္ပါတယ္။ ဒါကေတာ့ အတိုိက္အခံဆိုတာကေတာ့ ကိုယ္အာဏာရလာရင္ လုပ္ႏိုင္တာ မလုပ္ႏိုင္တာကေတာ့ တပိုင္း။ ေလာေလာဆယ္ေတာ့ အစိုးရလုပ္တဲ့ အာဏာရပါတီရဲ ႔ ခ်ဳိယြင္းခ်က္၊ အားနည္းခ်က္ေတြကို ေထာက္ျပၿပီးေတာ့ အဲဒါကိုကိုင္ၿပီးေတာ့ ေဝဖန္ရမွာေတာ့ သူတုိ႔တာဝန္ေပါ့။ အဲဒါကို ထိထိေရာက္ေရာက္ လူေတြသေဘာေပါက္ေအာင္ ေျပာႏိုင္ဖို႔ကလဲ လိုေသးတယ္။ ေျပာတာမတတ္ရင္ ေဝဖန္တိုက္ခိုက္မႈက ေနာက္ျပန္ရိုက္ႏိုင္တာေပါ့။


==Unicode==

ကိုဗစ်-၁၉ ကပ်ရောဂါကို မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် သူတို့နိုင်ငံရေးပါတီရဲ့ နိုင်ငံရေးအကျိုးစီးပွား၊ ပုဂ္ဂိုလ်တဦးချင်းရဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် အသုံးချနေကြသလားဆိုတာကို သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဦးရဲထွန်းခင်များ … ကျနော် ဒီနေ့ ဆက်သွယ်ရတဲ့အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကို ရွေးကောက်ပွဲအတွက် တနည်းပြောရရင် နိုင်ငံရေးအတွက် အသုံးချမှုတွေ ရှိနေသလားဆိုတာကို ဆွေးနွေးချင်တာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာတော့ နိုင်ငံအချင်းချင်းကြားမှာလဲ အသုံးချကြတယ်။ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်ကြားမှာဆိုရင် သိသိသာသာ ဒီကပ်ရောဂါကို အသုံးချပြီး တိုက်ခိုက်နေကြတာတွေကို တွေ့ရပါတယ်။ ထို့အတူပဲ တချို့နိုင်ငံတွေမှာလဲ နိုင်ငံတွင်းမှာ ဘယ်သူက ကိုင်တွယ်ပုံ ဘယ်လိုဖြစ်တယ် စသဖြင့် အမျိုးမျိုးပြောကြတယ်ဆိုတော့ မြန်မာနိုင်ငံမှာကော ကိုဗစ်ကပ်ရောဂါကို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချမှု ရှိမရှိဆိုတာကို ပထမဦးဆုံး ဘယ်သူဘယ်ဝါ အသုံးချတယ်ဆိုတာကို မပြောခင်၊ အကြမ်းမျဉ်းလေး ပြောပေးပါ။ ကိုဗစ်ကပ်ရောဂါကို အသုံးချမှုက လွတ်ကင်းရဲ့လားဆိုတာ။

ဖြေ ။ ။ တမင်ရည်ရွယ်တာ မဟုတ်သော်လဲ ကိုဗစ်-၁၉ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကို မကူးစက်အောင်၊ ကာကွယ်တာ၊ ထိန်းချုပ်တာ၊ ထောက်ပံ့ကူညီတာတွေ ပေးတာတွေ အဲဒါတွေက ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ ကွက်တိဖြစ်လာတဲ့အခါကြတော့ ဘေးက အခြားအတိုက်အခံပါတီတွေက ကြည့်မယ်၊ ပြောမယ်ဆိုလို့ရှိရင် ဒီကပ်ရောဂါ နှိမ်နင်းရေးကို နိုင်ငံရေးအရ ရွေးကောက်ပွဲ အောင်နိုင်ရေးအရ အာဏာရပါတီက အသုံးချနေတယ်လို့ ပြောစရာ ထင်စရာတော့ ဖြစ်လာတာ အမှန်ပါပဲ။ တမင်လုပ်တာ မဟုတ်တာတစ်ခုပဲ ကျနော်တို့က ဖြေသာစရာ ရှိတာပေါ့။

မေး ။ ။ ဒါပေမဲ့ တစ်ခုရှိတာက အတိုက်အခံတွေက အဲဒီလို ထင်စရာရှိပေမယ့်လဲ တကယ်မလုပ်သင့်တာဟာမျိုးကို လုပ်တာကော ရှိပါသလား။ ဥပမာ တချို့က ပြောကြတယ် … ရွေးကောက်ပွဲ မကျင်းပသင့်တဲ့ အချိန် ဖြစ်တယ်။ ဒါပေမဲ့ သူတို့နိုင်ခြေရှိတဲ့အတွက် ဇွတ်ကျင်းပတာမျိုး လုပ်ခဲ့တယ်ဆိုရင်တော့ ပြောသင့်တဲ့ကိစ္စ ဖြစ်လာမှာပေါ့။

ဖြေ ။ ။ ရွေးကောက်ပွဲကတော့ တကယ်တမ်းက ရွှေ့မယ်ဆိုရင် ရွှေ့လို့ရတယ်။ ဘာမှလွှတ်တော်သက်တမ်း၊ သမ္မတသက်တမ်းတွေကို မထိခိုက်ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေနဲ့အညီ ရွှေ့မယ်ဆိုရင် အနည်းဆုံး တစ်လအထိ နောက်ဆုတ်လို့ရတယ်။ အကယ်၍ လွှတ်တော်သက်တမ်းကို ကျော်ပြီးတော့ ရွေ့မယ်ဆိုရင်လဲ အခြားအစိုးရဌာနရဲ့ သက်တမ်း (၅) နှစ် အတွင်းမှာ ထပ်ပြီးတော့ နောက်ထပ် (၂) လလောက် (၃) လလောက် ထပ်ရွှေ့လို့ရသေးတယ်။ အဲဒါကို မရွှေ့ဘဲနဲ့ ရွေးကောက်ပွဲကော်မရှင်က တင်းခံနေပြီးတော့ ကြေညာထားတဲ့ နိုဝင်ဘာလ (၈) ရက်နေ့မှာပဲ ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောလိုက်တာကတော့ သူတို့အသာရနေတဲ့ အနေအထားကို သူတို့က ပိုပြီးတော့ သေချာအောင် ရွေးကောက်ပွဲကို မရွှေ့တာလို့ ပြောစရာ ဖြစ်လာတာပေါ့။

မေး ။ ။ ရွေးကောက်ပွဲ မရွှေ့ဘဲနဲ့ ကျင်းပရင် သူတို့အသာရနိုင်တဲ့ အခြေအနေက ဘာကြောင့် ရှိနေလဲ။ ကိုဗစ်ကြောင့် အသွားအလာခက်တယ်။ ပိတ်ပင်မှုတွေ ရှိနေတဲ့အခါမှာ သူတို့ကို ထောက်ခံနေတဲ့ လူတွေအတွက်လဲ အခက်အခဲ တွေ့မယ်။ သူတို့ကို ဆန့်ကျင်ပြီး မဲပေးတဲ့ လူတွေအတွက်လဲ အခက်အခဲ တွေ့မှာပဲဆိုတော့ အကျိုးသက်ရောက်မှုက တန်းတူမဖြစ်နိုင်ဘူးနိုင်လား။

ဖြေ ။ ။ ပြောမယ်ဆိုလို့ရှိရင် ဘယ်ပါတီကမှ လူချင်းသွားပြီးတော့ ထိတွေ့စည်းရုံးလို့ မရတော့ဘူး။ NLD နဲ့ အားလုံးအတူတူပဲဆိုတော့ အပေါ်ယံကြည့်မယ်ဆိုရင် ညီမျှသယောင် ထင်ရတာပေါ့။ သို့သော်လဲပဲ ဒီကာလအတွင်းမှာ ငွေရေးကြေးရေး အထောက်အပံ့ အကူအညီတွေ အစိုးရက လုပ်နေတာရှိမယ်။ နောက်တခုက လူမှု့ကွန်ရက်တွေကနေ Facebook လိုဟာမျိုးကနေ ဆက်သွယ်စည်းရုံးတဲ့အခါမှာ ဒီအချိန်မျိုး Stay at Home လုပ်ထားတဲ့အချိန်မှာ အထိရောက်ဆုံးပဲ။ လူတွေက အိမ်မှာနေကြတဲ့အခါကြတော့ ဘယ်ကမထွက်ရ၊ မပြုရတဲ့အခါ Facebook ပဲ သုံးနေကြမှာ။ Social Media ပဲ သုံးနေကြမှာဆိုတော့ အဲဒီမှာ အာဏာရပါတီ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ popularity သူ့ရဲ့ ဆိုရှယ်လူမှု့ကွန်ရက်မှာ ဘယ်သူမှ သူ့ကိုလိုက်မမီနိုင်ဘူး။ ဒီအချိန်မှာ သူတို့အတွက်က အားအသာဆုံးပဲ။ ကျန်တဲ့ပါတီတွေက လုပ်မယ်ဆိုရင်လဲ အခုမှ ကြိုးစားရသလို ဖြစ်နေတယ်။ နောက်ပြောမယ်ဆိုရင်လဲ သူတို့ပြောတဲ့ ဆိုတဲ့ သုံးစွဲတဲ့ဟာတွေအတွက်လဲ ရွေးကောက်ပွဲ အသုံးစရိတ်တွေမှာ ထည့်ရမယ်ဆိုတဲ့အခါကြတော့ ဒါတွေကလဲ အကန့်အသတ်တခု ဖြစ်လာလိမ့်မယ်လို့ ကျနော်က ထင်တယ်။ ခြုံပြောမယ်ဆိုရင်တော့ အဲဒီမှာ အာဏာရပါတီက အများကြီးသာတယ်လို့ ပြောနိုင်တာပေါ့။

မေး ။ ။ သူတို့တင်းခံနေရတဲ့ အကြောင်းရင်းမှာ သူတို့ အသာရချင်တယ်ဆိုတဲ့ ကိစ္စအပြင် ရွှေ့ဆိုင်းလို့ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေများ ကျနော်တို့ သူတို့ဘက်က စဉ်းစားကြည့်မယ်ဆိုရင် စဉ်းစားစရာအကြောင်း တွေ့ပါသလား။ သူတို့မရွှေ့ဘူးလို့ တင်းခံနေသလဲဆိုတဲ့ ကိစ္စကို။

ဖြေ ။ ။ ဘာကြောင့်မရွှေ့ဘူးဆိုတာကတော့ ကျနော်လဲ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါမှာ ကျနော်တို့ အခုမြန်မာနိုင်ငံမှာ လောလောဆယ် ဖြစ်နေတဲ့ အချက်အလက်တွေအရ တနိုင်ငံလုံးအနေနဲ့ ဖြစ်နေတဲ့ နှုန်းထားတွေက ကမ္ဘာပေါ်မှာ အဆိုးဆုံးဆိုတဲံ အနေအထားတော့ မဟုတ်သေးဘူး။ တခါ အသက်သာဆုံး၊ အနည်းဆုံး နိုင်ငံတွေထဲမှာဆိုတဲ့ နယ်ပယ်ထက် အခုတော့ ကျော်လာပြီ။ ကျော်လာတဲ့အခါကြတော့ ရပ်ဆိုင်းခိုင်းလိုက်၊ ရွှေ့ဆိုင်းလိုက်လို့ ကျနော်တို့က ထိန်းချုပ်သွားနိုင်တဲ့ အနေအထား ဖြစ်သွားရင်တော့ ကိစ္စမရှိဘူး။ ရွှေ့လိုက်တာ မှန်တယ်။ သို့သော်ရွှေ့လိုက်တဲ့အခါမှာ နောက်ကြုံရမယ့်ကာလက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာလိုက်တဲ့ ကာလက အဆိုးဆုံးအခြေအနေမျိုး၊ ထိန်းမနိုင်သိမ်းမရ Outbreak ဖြစ်နေတဲ့ ကာလမျိုး ဖြစ်နေရင် ပိုဆိုးမှာ ဒါကြောင့်မို့ ပြောချင်တာက ရွှေ့လိုက်လို့ ကျနော်တို့က ထိန်းနိုင်မှာ သေချာရဲ့လားဆိုတဲ့ ကိစ္စက ကျနော့်အနေနဲ့ သိပ်ပြီးတော့ မသေချာဘူးလို့ ယူဆတယ်။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကြေညာထားတဲ့အတိုင်း လုပ်မယ်ဆိုပြီးတော့ စဉ်းစားပုံလဲ ရပါတယ်။

မေး ။ ။ နောက်တခုက ရွေးကောက်ပွဲကို ဖွဲ့စည်းပုံအရ သတ်မှတ်ထားတဲ့အချိန်မှာ မကျင်းပနိုင်ဘူး။ မြန်မာနိုင်ငံဖွဲ့စည်းပုံမှာ ဘယ်အချိန် ကျင်းပရမယ်ဆိုတာ ပြဌာန်းထားချက် ရှိပါသလား။ နေ့ရက်နေ့စွဲနဲ့ အဲဒါကို ကျနော် မသိဘူး။ ဒီ အမေရိကန်မှာတော့ ရှိတယ်။ ဘယ်နေ့၊ ဘယ်ရက် ကျင်းပမယ်ဆိုတာ။ တကယ်လို့ အဲဒီသတ်မှတ်ထားရက် ရှိနေလို့လားဆိုတာကို ကျနော် စဉ်းစားမိပါတယ်။ ဦးရဲထွန်း အဲဒါကို တွေးမိပါသလား။ ဖွဲ့စည်းပုံအရ ဘယ်လိုကန့်သတ်ထားတယ် တကယ်လို့ အဲဒါကျော်လွန်သွားရင် ဘယ်လိုပြန်လုပ်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းများ ရှိနေပါသလား။

ဖြေ ။ ။ အဲဒါနဲ့ ပတ်သက်လို့လဲ ကျနော် လေ့လာကြည့်တဲ့အခါမှာ ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်ရက် လုပ်ရမယ်ဆိုတဲ့ အမေရိကန်မှာလို သတ်မှတ်ထားချက်မျိုး အတိအကျ မပါဘူး။ သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတာကတော့ လွှတ်တော်ရဲ့ သက်တမ်းဟာ လွှတ်တော်စပြီးတော့ ခေါ်တဲ့ရက်ကနေ (၅) ရက် ဖြစ်သည်ဆိုတာ ပါတယ်။ သမ္မတရယ်သက်တမ်း၊ အစိုးရရဲ့သက်တမ်းမှာလဲ သမ္မတကနေ ကျမ်းသစ္စာကျိန်းဆိုပြီး သမ္မတတာဝန်ထမ်းဆောင်တဲ့ အချိန်ကနေ (၅) နှစ် ဖြစ်သည်လို့ ပြဌာန်းထားတယ်။ ရွေးကောက်ပွဲတွေကို အဲဒီမတိုင်မီမှာ ဘယ်အချိန်မှာပဲ ကျင်းပကျင်းပ ရတယ်ဆိုတဲ့ အဓိပ္ပါယ်။ ကျနော်တို့ ပြီးခဲ့တဲ့ လွှတ်တော်တွေတုန်းကဆိုရင် နိုဝင်ဘာလမှာ ကျင်းပပေမယ့် လွှတ်တော်သက်တမ်း (၅) နှစ် ပြည့်တာက ဇန်နဝါရီလ (၃၁) ရက်နေ့ဖြစ်တဲ့ အခါကြတော့ ကြားထဲမှာ ကျနော်တို့ အချိန် (၂) လလောက်တောင် ရပါတယ်။ ဆိုတော့ အဲဒီသက်တမ်းကိုပဲ ကြည့်ပြီးတော့ ရွေးကောက်ပွဲကို Adjust လုပ်လို့ရတယ်။ ရှေ့တိုးနောက်ငင် လုပ်လို့ရတယ်။ ဆိုတော့ အခုသတ်မှတ်ထားတဲ့ နိုဝင်ဘာလကနေ အဲဒီမတိုင်မီမှာ လုပ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သို့သော် တကယ်လို့ ကျနော်တို့က လွှတ်တော်သက်တမ်း၊ သမ္မတသက်တမ်းတွေကို ကျော်ပြီးတော့ အခြေခံဥပဒေက သတ်မှတ်ထားတဲ့ သက်တမ်းတွေကို ကျော်ပြီးတော့ ရွှေ့ချင်တယ်ဆိုရင်တော့ အခြေခံဥပဒေမှာ အဲဒါနဲ့ ပတ်သက်တဲ့ ပြဌာန်းထားချက် မရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့ ဥပဒေတခု - ဒီလိုအရေးပေါ်ကိစ္စ ဥပဒေတခု ပြဌာန်းရလိမ့်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။

မေး ။ ။ စကားမစပ် မေးစရာတခု ကျန်ခဲ့တယ်။ တကယ်တော့ ဒီမေးခွန်းက အစကတည်းက မေးခဲ့သင့်တဲ့ကိစ္စ။ ဦးရဲထွန်းအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပါတီတစုံတခုကို ကိုယ်စားပြုပြီးတော့ သော်လည်းကောင်း တသီ ပုဂ္ဂလိကအနေနဲ့သော်လည်းကောင်း ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက် ရှိပါသလား။

ဖြေ ။ ။ ၂၀၁၆ လောက်ကတည်းက ကျနော်က မပြိုင်တော့ဘူး။ လွှတ်တော်နိုင်ငံရေးသမား၊ ပါတီနိုင်ငံရေးသမား မလုပ်တော့ဘူးလို့ အဲဒီလို ဆုံးဖြတ်ခဲ့တာပါ။ အခုလို လွတ်လွတ်လပ်လပ် ပြောရဆိုရတာကို ကျနော်က ပိုပြီးတော့ သဘောကျလို့ ပိုပြီးအချုပ်အနှောင်းကင်းတယ်လို့ ယူဆလို့ပါ။

မေး ။ ။ ကျနော်လည်း ဦးရဲထွန်းဟာ အဲဒီလို မပြိုင်တော့ဘူး၊ ပါတီနိုင်ငံရေးသမားတယောက် မဟုတ်တော့ဘူးဆိုလို့ မေးဖြစ်တာပါ။ ကျနော်တို့က အာဏာရပါတီရဲ့ အကြောင်းကို ပြောပြီးပြီ။ တခြားအဖွဲ့အစည်းတွေကရော ဒီကိုဗစ်ကပ်ရောဂါကို သူတို့နိုင်ငံရေး အကျိုးစီးပွားအတွက် အသုံးချတာတွေ မတွေ့ရဘူးလား။

ဖြေ ။ ။ အာဏာရပါတီက ကိုဗစ်-၁၉ ကပ်ရောဂါ ကျော်လွှာရေးမှာ ပထမလှိုင်းမှာတော့ တော်တော်လေး ထိန်းနိုင်တယ်။ အခြေအနေတွေက ကောင်းတယ်။ ဒါတွေက အာဏာရပါတီအတွက် အမှတ်တွေ အများကြီးရမယ့် အခြေအနေမျိုးပေါ့။ အခု ဒုတိယလှိုင်းမှာက သူတို့ထိန်းနိုင်မလား။ ပိုဆိုးသွားမလား။ အဲဒါက အတိုက်အခံပါတီတွေအနေနဲ့ စောင့်ကြည့်နေတဲ့ အခြေအနေ၊ အနေအထားတစ်ရပ်ပေါ့။ တကယ်လို့ ပိုဆိုးသွားတယ်။ ထိန်းမနိုင်သိမ်းမရ ဖြစ်တယ်ဆိုရင်တော့ ဒါက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ သူတို့အတွက်ကတော့ လက်နက်ကောင်းတခု ဖြစ်မှာပေါ့။ ရခိုင်ပြည်နယ်တို့ ဘာတို့မှာ ဖြစ်တဲ့ကိစ္စတွေမှာ အဝင်အထွက်၊ အသွားအလာတွေကို အလျင်အမြန် အကန့်အသတ် မလုပ်နိုင်တာတွေက အစိုးရရဲ့ စိမံခန့်ခွဲမှု အားနည်းချက်တွေပေါ့။ ဒါတွေကို ထောက်ပြပြီးတော့ တခြားပါတီတွေ လုပ်လာနိုင်တယ်လို့တော့ ကျနော် တွေးမိပါတယ်။

မေး ။ ။ တာဝန်အရ မေးရမယ့် မေးခွန်းတခုက သူတို့တွေကရော လက်ရှိအစိုးရထက် ပိုပြီးတော့ ထိရောက်အောင် လုပ်နိုင်မယ့် အခြေအနေ ရှိပါ့ရဲ့လားဆိုတာ မေးရမှာပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ ဒါကတော့ အတိုက်အခံဆိုတာကတော့ ကိုယ်အာဏာရလာရင် လုပ်နိုင်တာ မလုပ်နိုင်တာကတော့ တပိုင်း။ လောလောဆယ်တော့ အစိုးရလုပ်တဲ့ အာဏာရပါတီရဲ့ ချိုယွင်းချက်၊ အားနည်းချက်တွေကို ထောက်ပြပြီးတော့ အဲဒါကိုကိုင်ပြီးတော့ ဝေဖန်ရမှာတော့ သူတို့တာဝန်ပေါ့။ အဲဒါကို ထိထိရောက်ရောက် လူတွေသဘောပေါက်အောင် ပြောနိုင်ဖို့ကလဲ လိုသေးတယ်။ ပြောတာမတတ်ရင် ဝေဖန်တိုက်ခိုက်မှုက နောက်ပြန်ရိုက်နိုင်တာပေါ့။

XS
SM
MD
LG