သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေျချပဳတဲ့ စာရင္းဇယားမွားရင္ မူဝါဒ မမွန္ကန္ႏိုင္


(ဓာတ္ပံု - Union Election Commission)
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္စာရင္းတခ်ိဳ႕မွားယြင္းေနတယ္ လို႔သိရပါတယ္။ တျခားစာရင္းေတြေကာမွန္ကန္ပါရဲ႕လား၊ အထူးသျဖင့္ အစိုးရအုပ္ခ်ဳပ္ေရး မူဝါဒေတြ ခ်မွတ္ရာတဲ့အခါ ခိုင္လုံတိက်တဲ့ စာရင္း ဇယားအေျခအေနေတြအေပၚ အေျခခံၿပီး ခ်မွတ္ႏိုင္ပါရဲ႔လား၊ ျမန္မာႏိုင္ငံ အုပ္ခ်ဳပ္ေရးျပဳျပင္ေျပာင္းလဲမႈ ဆိုင္ရာ အႀကံေပးအဖြဲ႕ဝင္ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဆရာဦးတင္ေမာင္သန္း .. ျမန္မာႏိုင္ငံမွာ အခုေလာေလာဆယ္ ဒီမိုကေရစီနဲ႔ အတူဆံုးဆိုလို႔ ေရြးေကာက္ပြဲလို႔ ေျပာရပါလိမ့္မယ္။ ဒါေတာင္မွ (၇၅) ရာခိုင္ႏႈန္းေလာက္ပဲ မဲေပးခြင့္ရတာ။ ဆိုေတာ့ ဒီေရြးေကာက္ပြဲမွာေတာင္မွ မဲစာရင္းမွန္မွန္ကန္ကန္ မရိွဘူးဆိုရင္၊ မဲစာရင္းမွာမွ မပါတဲ့လူေတြရဲ ႔ ဒီမိုကေရစီရဲ ႔ အေျခခံ မဲေပးခြင့္ ဆံုးရႈံးႏိုင္တဲ့ အေျခအေန ရိွေနတာေပါ့။

ေျဖ ။ ။ မဲစာရင္းကေတာ့ အေရးႀကီးတာေပါ့။ ဆရာ အခုနေျပာခဲ့သလိုပဲ ၂၀၀၈ ဖြဲ႔စည္းပံုအရ စစ္တပ္က (၂၅) ရာခိုင္ႏႈန္း ရယူထားတဲ့အတြက္ေၾကာင့္ ေရြးခ်ယ္တဲ့ေနရာမွာ လူထုဆႏၵအျပည့္အစံု ကိုယ္စားမျပဳႏိုင္တဲံအျပင္ လူထုကို ကိုယ္စားမျပဳတဲ့၊ အမ်ားစုကို ကိုယ္စားမျပဳတဲ့ အစိုးရလည္း တတ္ျဖစ္ႏို္င္ပါတယ္။ ဒါေၾကာင့္မို႔ မဲစာရင္းအေရးႀကီးတယ္။ မဲေပးတာ အေရးႀကီးပါတယ္။

ေမး ။ ။ အာဏာပိုင္ေတြကေတာ့ အထူးသျဖင့္ ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂၢိဳလ္ကေတာ့ ဒီကိစၥကို အေလးအနက္ထားၿပီးေတာ့ ေျပာရမယ္လို႔ ေျပာတာကို ေတြ႔ရပါတယ္။ က်ေနာ္ ပထမဦးဆံုး သိခ်င္တာက မဲဆႏၵရွင္ေတြကေရာ သူတုိ႔ရဲ ႔ မဲတျပားက ဘယ္ေလာက္အေရးႀကီးသလဲဆိုတာကို တန္းဖိုးထားတတ္ၾကပါရဲ ႔လား။ ျမန္မာႏိုင္ငံမွာ လူအမ်ားစုက ..

ေျဖ ။ ။ ေယဘုယ်အားျဖင့္ေတာ့ မဲေပးရတဲ့အခ်ိန္ ေရာက္တဲ့အခ်ိန္မွာပဲ လူေတြက မဲေပးတာကို အေလးအနက္ထားၿပီး ဂရုတစိုက္ ရိွတတ္ၾကပါတယ္။ တျခားေနရာေတြမွာလဲ မဲလာေပးတဲ့ အေရအတြက္ကို ၾကည့္လို႔ရိွရင္ မ်ားေသာအားျဖင့္ ျမန္မာႏိုင္ငံထက္ ႏိုင္ငံအမ်ားစုက နိမ့္ေနတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္ ဗမာျပည္သူလူထုက အျခားကမာၻေပၚမွာရိွတဲ့ အျခားျပည္သူေတြနဲ႔ ယွဥ္လိုက္လို႔ရိွရင္ မဲေပးဖုိ႔ အသိစိတ္ဓါတ္ နိ္မ့္တယ္လို႔ေတာ့ ေျပာလို႔မရဘူးလို႔ ထင္တယ္။ ဒီအခ်ိန္မွာ နည္းနည္းအလွမ္းကြာေဝးေနေသးလို႔ ေသြးနည္းနည္းေအးေနေသးတဲ့ သေဘာပဲ ရိွလိမ့္မယ္ထင္တယ္။

ေမး ။ ။ ဒီဘက္ႏိုင္ငံေတြမွာကေတာ့ ဒီမိုကေရစီနဲ႔ ေနသားၾကေနၿပီ၊ မဲေပးလဲပဲ ဒီမိုကေရစီပဲ၊ သိပ္ထူးတာလဲ မဟုတ္ဘူးဆိုေတာ့ တခ်ဳိ ႔ကေတာ့ စိတ္မဝင္စားဘဲ ေနလဲပဲ တိုင္းျပည္အတြက္ ဘာမွမထူးျခားလာဘူးလို႔ တြက္ၾကမယ္။ အခု Donald Trump အတြက္နဲ႔ ပတ္သက္လာရင္ေတာ့ သူတုိ႔ပိုၿပီး အေလးအနက္ထားၿပီး စဥ္းစားၾကမယ္ ထင္ပါတယ္။ ဆိုေတာ့ ျမန္မာျပည္သူေတြကို က်ေနာ္ စဥ္းစားမိတာက သိပ္တက္ၾကြတယ္ဆိုတာ အာဏာရွင္လက္ေအာက္မွာ ေနခဲ့ရတုန္းကေတာ့ ဒီမိုကေရစီကို ရမွျဖစ္မယ္ဆိုတဲ့ စိတ္ဓါတ္။ လူတိုိင္းက ဖိႏိွပ္ခ်ဳပ္ခ်ယ္မႈေတြ ခံစားေနရေတာ့ ဒီစိတ္ဓါတ္ကို ျပင္းျပခဲ့တယ္။ အခု ဒီမိုကေရစီအစိုးရလက္ထက္ကို ေရာက္လာတဲ့အခါမွာ ငါတို႔ မဲေပးခဲ့သေလာက္လဲ သိပ္လဲ၊ ထင္သေလာက္ သိသိသာသာႀကီး ေျပာင္းလဲမလာဘူး။ အခုတခါ မဲေပးတဲ့အခါမွာလဲ သိပ္ထူးမွာ မဟုတ္ဘူးဆိုၿပီးေတာ့ ခပ္ေပါ့ေပါ့ပဲ သေဘာထားၾကသလား။ အဲဒါကို က်ေနာ္ စူးစမ္းမိတာပါ။

ေျဖ ။ ။ မဲေပးတဲ့ အခ်ိန္ကာလေရာက္ရင္ေတာ့ လႈပ္လႈပ္ရွားရွား တက္တက္ၾကြၾကြ ရိွတတ္တယ္လို႔ က်ေနာ္ကေတာ့ ၿပီးခဲ့တဲ့ အေတြ႔အႀကံဳအရေတာ့ အဲဒီလိုပဲ ထင္ပါတယ္။ သံုးေလးလေလာက္ ေဝးေနေသးတဲ့ အေျခအေနမ်ဳိးမွာေတာ့ နည္းနည္းေလး သာမန္လူတုိင္းလူတိုင္းအတြက္ နည္းနည္းေစာေနေသးတယ္လို႔ က်ေနာ္ထင္တယ္။

ေမး ။ ။ ဆရာကေတာ့ ပိုၿပီးသိမယ္။ အုပ္ခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ စာရင္းဇယားမွန္ကန္မႈ။ မဲစာရင္းေတာင္မွ မွားယြင္းေနတယ္ဆိုရင္ေတာင္ အုပ္ခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ စာရင္းဇယားေတြကလည္း သိပ္အေရးႀကီးမယ္ ထင္ပါတယ္။ အထူးသျဖင့္ စီမံကိန္းေတြ ခ်မွတ္တဲ့ကိစၥမွာ။ ဆိုေတာ့ ပထမဦးဆံုး လႊမ္းၿခံဳေျပာဖို႔က ျမန္မာႏိုင္ငံရဲ ႔ အုပ္ခ်ဳပ္ေရးယႏၱရားေတြဟာ စီမံကိန္းမူဝါဒေတြ ခ်မွတ္တဲ့ေနရာမွာ မွန္ကန္တိက်တဲ့ စာရင္းအင္းေတြကို အေျချပဳၿပီး ခ်မွတ္ႏုိ္င္တယ္လို႔ သံုးသပ္မိပါသလား။

ေျဖ ။ ။ ပထမ စာရင္းကိုအေျချပဳရမယ္လို႔ စဥ္းစားတာမ်ဳိးေတာင္ အားနည္းေနေသးသလားလို႔ က်ေနာ္ကေတာ့ အဲဒီလိုထင္တယ္။ ဒါက သဘာဝလည္းက်တယ္လို႔ ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ စစ္အစိုးရေခတ္ႀကီးတေလွ်ာက္လံုးမွာ ေအာက္ေျခစာရင္းဇယားေတြကို ကိုင္ရတဲ့ ဝန္ထမ္းေတြနဲ႔ စကားေျပာၾကည့္တဲ့အခါမွာ အခ်က္အလက္နဲ႔ ပတ္သက္လို႔ရိွရင္ ႏွစ္မ်ဳိးရိွတယ္လို႔ ေျပာတယ္။ တစ္ခုကေတာ့ Ground Data ေျမျပင္အခ်က္အလက္။ ေနာက္တစ္ခုကေတာ့ GDP Data ဆိုၿပီး သူတုိ႔က ဒီလိုခြဲေျပာပါတယ္။ GDP Data ကေတာ့ စစ္အစိုးရက သူလိုခ်င္တဲ့ GDP ျဖစ္ေအာင္လို႔ ေအာက္ကအခ်က္အလက္ေတြကို ျပင္ေပးရတာပါ။ ဒါေၾကာင့္မို႔ တကယ္တရားဝင္ မွတ္တမ္းတင္ရၿပီဆုိတဲ့အခါတိုိင္းမွာ အဲဒီ GDP Data ျဖစ္ေအာင္လို႔ လုပ္ထားတဲ့ လူလုပ္တဲ့ အခ်က္အလက္ေတြကိုပဲ မွတ္တမ္းတင္ရပါတယ္။ ေျမျပင္အခ်က္အလက္ေတြကို မွတ္တမ္းမတင္ရပါဘူး။ ဒါကေတာ့ ႏြားေကာင္ေရ၊ တိရစာၦန္ေကာင္ေရ မွတ္တမ္းတင္တဲ့ ေမြးျမဴးေရးဌာနေတြကစၿပီး ဌာနတိုင္းက အဲဒီသေဘာ လုပ္ၾကရပါတယ္။ လုပ္ၾကတဲ့အခါမွာလဲ ဒီအခ်က္အလက္ေတြကို အားျပဳအားထားၿပီး မူဝါဒေတြ ခ်မွတ္တယ္ဆိုတဲ့ အေလ့အထကလဲ မရိွပါဘူး။ အေပၚက လိုတဲ့အခ်ိန္မွ အခ်က္အလက္ကို ေကာက္ၿပီးေတာင္းတဲ့သေဘာမ်ဳိးပါ။

ေနာက္ၿပီးေတာ့ အခ်က္အလက္ေတြကို ေသေသခ်ာခ်ာ စုေဆာင္းထိန္းသိမ္းမွန္ကန္ေအာင္ ထားသိုးရမယ့္စနစ္၊ အဲဒီအတြက္ အေထာက္အကူျပဳတဲ့ လုပ္ငန္းပတ္ဝန္းက်င္။ ဥပမာဆိုပါေတာ့ အခုမဲစာရင္းမွာ ရပ္ကြက္ေက်းရြာမွဴးေတြ၊ စာေရးေတြကို မီွခိုအားထားရတယ္ဆိုရင္ အဲဒီစာေရးမွာ သြားစရာလာစရာ ဘာစရိတ္မွ အစိုးရက ေထာက္ပံ့ထားတာ မရိွပါဘူး။ ေရြးေကာက္တင္ေျမွာက္ပြဲအတြက္ ကုန္က်တဲ့ ဘတ္ဂ်က္ႀကီးတခုလံုးက တကယ္ေျမျပင္မွာ စာရင္းေကာက္ရတဲ့ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးဌာနကို တျပားတခ်ပ္မွေပးဖို႔ မပါပါဘူး။ စဥ္းစားတဲ့အခါမွာလဲ စာရင္းဇယားေတြကို ဘယ္လိုေကာက္ယူမလဲ။ ေရြးေကာက္ပြဲမွာေကာ ဘယ္လိုထိန္းသိမ္းမလဲ။ ဘယ္လိုစနစ္နဲ႔ သြားမလဲဆိုတဲ့ စဥ္းစားပံုအထိေကာ ေရြးေကာက္ပြဲေကာ္မရွင္မွာ ရိွခဲ့ရဲ ႔လား။

ေမး ။ ။ ျမန္မာႏုိင္ငံဟာ ေရြးေကာက္ပြဲ စလုပ္မယ္ဆိုေတာ့ Australia အကူအညီေပးမယ္။ မဲရံုေတြ ဘာေတြ ေရြးေကာက္ပြဲအဆင္ေျပဖို႔ဆိုၿပီး ကူညီေပးမယ္ဆိုၿပီးေတာ့ ေျပာခဲ့တာ ၾကားသိခဲ့ရပါတယ္။ ေပးလဲေပးခဲ့တယ္ ထင္ပါတယ္။ အဲဒီအခ်ိန္မွာ ႏုိင္ငံတကာကၽြမ္းက်င္သူေတြက ဒီကိစၥကို ထည့္ၿပီးေတာ့ အကူအညီမေပးခဲ့ဘူးလား။ အဲဒါကိုလဲ အက်ဥ္းရံုေျပာေပးပါ။

ေျဖ ။ ။ က်ေနာ္ ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ သိပ္ၿပီးေတာ့ အထိအေတြ႔နည္းတဲ့အတြက္ေၾကာင့္ သိပ္ၿပီးေတာ့ မသိဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာေတာ့ ဒီစာရင္းသြင္းတဲ့အခါမွာ ကြန္ျပဴတာ Software အထိ သြင္းတဲ့အတြက္အထိ အကူအညီေပးခဲ့တာေတြ ရိွပါတယ္။ Software အပိုင္းေပါ့။ စာရင္းေကာက္ယူတဲ့အထိေတာ့ ႏို္င္ငံတကာက အကူအညီေပးတာမ်ဳိး၊ ရိွခဲ့တယ္လို႔ က်ေနာ္ကေတာ့ မၾကားမိဘူး။ ရိွေကာင္းရိွခဲ့မယ္။ ဒါေပမဲ့ က်ေနာ္ေတာ့ မသိဘူး၊ မၾကားမိဘူး။ အဲဒီေတာ့ ဘတ္ဂ်က္ပိုင္းအရ၊ မူဝါဒပိုင္းအရ က်ေနာ္တုိ႔ရဲ ႔ အုပ္ခ်ဳပ္လုပ္ကိုင္ပံုက ေတာ္ေတာ္ႀကီးကို ေနာက္က်ေနသလားလို႔ ဒါေလးပဲ စဥ္းစားဖုိ႔ ေကာင္းမယ္လို႔ က်ေနာ္ထင္တယ္။ အဲဒီေတာ့ မဲစာရင္းေလးတစ္ခုနဲ႔ ေရြးေကာက္ပြဲတစ္ခုကိုပဲ မၾကည့္ဘဲနဲ႔ စာရင္းဇယားေတြနဲ႔ မူဝါဒ ခ်မွတ္ေဆာင္ရြက္ပံု။ အဲဒီမူဝါဒ ခ်မွတ္တဲ့အခါမွာ မူဝါဒ ခ်မွတ္တာက ႏုိ္င္ငံေရးရာ ပုဂၢိဳလ္ေတြက ခ်မွတ္တယ္။ ႏုိင္ငံေရးရာ ပုဂၢိဳလ္ေတြကလဲ မူဝါဒကို စဥ္းစားတဲ့အခါမွာ အခ်က္အလက္ အခင္းအက်င္းေတြကိုခ်ၿပီး စဥ္းစားတဲ့ အေလ့အထ။ အဲဒီလို အခ်က္အလက္ အခင္းအက်င္းေတြကို ဗ်ဴရိုကေရစီက ျပင္ဆင္ေပးရတဲ့ အေလ့အထ။ ေနာက္ ဗ်ဴရိုကေရစီကိုယ္တိုင္ကေကာ အဲဒီစနစ္ေတြ ရိွရဲ ႔လား။ ဒါေတြက ျပန္လည္တည္ေဆာက္ရမယ့္ ကိစၥေတြလို႔ က်ေနာ္ထင္တယ္။

ေမး ။ ။ က်ေနာ္ တစ္ခုထပ္ေမးအံုးမယ္။ က်ေနာ္တို႔ဆီမွာ ဆိုရွယ္လစ္စီးပြားေရး ဘာညာလုပ္ခဲ့တယ္။ အဲဒီေခတ္တုန္းက တကယ္တမ္း ကမာၻ႔ႏုိင္ငံေတြမွာၾကည့္ရင္ ဆိုရွယ္လစ္စီးပြားေရးဆိုတာ Plan Economy Market က ဘယ္ေလာက္လိုတယ္၊ ဘယ္ေလာက္ထုတ္မယ္ဆိုတာကို တြက္ခ်က္ခဲ့တာဆိုေတာ့ Capitalist Economy လို ေစ်းကြက္နဲ႔ ဝယ္လိုအားနဲ႔ သူ႔ဘာသာ ညိွသြားတဲ့သေဘာ မဟုတ္ဘဲနဲ႔ အစိုးရက စီမံကိန္းေတြခ်ၿပီး လုပ္ရတယ္ဆိုပါတယ္။ On paper က်ေနာ္ ဖတ္ဖူးတာေပါ့။ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ ဒီလိုမ်ဳိး လံုးဝမလုပ္ခဲ့ေလသလား။

ေျဖ ။ ။ ျမန္မာႏုိင္ငံမွာ လုပ္ခဲ့တာကေတာ့ လူထုႀကံဳေတြ႔ေနရတဲ့ ျပႆနာေတြကို ေျဖရွင္းစီမံခန္႔ခြဲေနတာ မဟုတ္ဘဲနဲ႔ အထက္လူႀကီးကို ဝန္ထမ္းက စီမံခန္႔ခြဲရတဲ့ စနစ္ ျဖစ္ေနတယ္။ အခုလဲ အဲဒီေနရာမွာ ေရြးေကာက္တင္ေျမွာက္လိုက္တဲ့ ေခါင္းေဆာင္ေတြ တက္လာတယ္။ ဒါေပမဲ့ အဲဒီေခါင္းေဆာင္ေတြ ဘယ္လိုႀကိဳက္သလဲ။ သူ႔အထာကဘာလဲ။ သူကိုစီမံခန္႔ခြဲဖို႔ အဓိကဝန္ထမ္းဘဝဆိုတာက ဦးတည္ရပါတယ္။ မဟုတ္လို႔ရိွရင္ ဝန္ထမ္းေတြေျပာစကားကို ကုိးကားၿပီး ေျပာရမယ္ဆိုရင္ ၿငိဳျငင္ခံရမွာကို ဝန္ထမ္းေတြက ေၾကာက္ပါတယ္။ ၿငိဳျငင္ရင္ ဘာျဖစ္ႏုိင္သလဲလို႔ ေမးတဲ့အခါမွာ ေန႔တဓုဝလုပ္ငန္း အဆင္မေျပတာကစၿပီး၊ အေျပာင္းအေရႊ ႔ေတြ၊ ရာထူးရပ္ဆိုင္းခံရတာေတြအထိ အမ်ားႀကီးျဖစ္ႏိုင္ပါတယ္ဆိုၿပီး ျပန္ေျဖၾကပါတယ္။ အဲဒီစနစ္ႀကီးကို ေျပာင္းဖို႔လိုတယ္။ ဒါကလဲ သဘာဝက်တယ္။ ပထမဦးဆံုး ေရြးေကာက္တင္ေျမွာက္ခံရတဲ့ အစိုးရက ဒါေတြကို ေျပာင္းလဲဖို႔ဆိုတာထက္ လက္ရိွရိွေနတဲ့ စနစ္နဲ႔ အသားက်ေအာင္၊ လက္ရိွ ဘယ္လိုစနစ္ေတြ ျဖစ္တယ္ဆိုတာကိုသိေအာင္ အားထုတ္ေနရတဲ့ အခ်ိန္ျဖစ္တဲ့အတြက္ ဒါကို နားလည္ႏုိင္ပါတယ္။ ဒါက အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ မဟုတ္ဘူး။ အခု အာဏာမရေသးတဲ့ တျခားပါတီေတြ တက္လာရင္လဲ ေနာက္ (၅) ႏွစ္မွာ ဒီလုိပဲ နားလည္ေအာင္ ႀကိဳးစားရအံုးမယ္။

ေမး ။ ။ က်ေနာ္ ၾကားျဖတ္ေမးမယ္။ အဲဒီေတာ့ တပ္မေတာ္တပိုင္း၊ စစ္တပိုင္းအစိုးရ ထြက္သြားတဲ့အခါမွာ ဌာနဆိုင္ရာေတြမွာ အတြင္းဝန္ Permanent Post ေတြ တပ္မေတာ္က အရာရိွေဟာင္းေတြကို ခန္႔ထားခဲ့တယ္ဆိုတဲ့ ကိစၥလည္း အမ်ားႀကီးၾကားရပါတယ္။ ဒီကိစၥက ဘယ္ေလာက္အေရးႀကီးေနသလဲ။ ဒီလိုတိက်မွန္ကန္တဲ့ စာရင္းဇယားနဲ႔ ေစာေစာက ဆရာေျပာသလို အထက္အႀကိဳက္ လုပ္ေပးရတယ္။ Upward Management ကို အေလးအနက္ ထားေနရတဲ့ အျဖစ္မ်ဳိးပဲ ဆက္လက္ရိွေနတာဟာ ဒီအတြင္းဝန္ေတြ ခန္႔ထားရတဲ့ ကိစၥေတြနဲ႔ ပတ္သက္မေနဘူးလား။

ေျဖ ။ ။ တပ္မေတာ္အၿငိမ္းစားအရာရိွႀကီးေတြ တန္းဖိုးရိွတယ္။ တန္းဖိုးမရိွဘူးဆိုတာ မဟုတ္ဘူး။ ဘာေၾကာင့္လဲ ဘာကိုလုပ္မယ္ဆိုတဲ့ အထူးတာဝန္အထိ ပီပီျပင္ျပင္ က်ေနာ္တို႔က ေျပာႏိုင္ျပႏုိင္တယ္ဆိုရင္ သူတုိ႔သည္ျဖစ္ေအာင္ အေကာင္အထည္ေဖာ္ႏိုင္သည့္ အရည္အေသြး ရိွတယ္။ ဒါေပမဲ့ အထူးတာဝန္ဆိုတာ ဘယ္လိုအေျဖမ်ဳိးလဲ။ ျပည္သူႀကံဳေနရတာကို ေျဖရွင္းဖို႔ ဘယ္လုိနည္းလမ္းေတြ ရိွသလဲဆိုတာကို ရွာေဖြေဖာ္ထုတ္တဲ့ ေနရာမွာေတာ့ ေလ့က်င့္ေပးတာ သူတုိ႔မွာလည္း မရိွဘူူး။ အရပ္ဘက္ပညာေရးမွာလည္း အင္မတန္အားနည္းတယ္။

ေမး ။ ။ ဆိုေတာ့ ေမွ်ာ္လင့္ပါသလား။ ဘယ္ေလာက္ေလာက္ၾကာမယ္ ထင္ပါသလဲ။

ေျဖ ။ ။ အခုေလာေလာဆယ္မွာ အေထြေထြအုပ္ခ်ဳပ္ေရး ျပဳျပင္ေျပာင္းလဲေရးေအာက္မွာ မူဝါဒယူနစ္ဆိုတာ ရိွတယ္။ မူဝါဒဆုိတာက အခ်က္အလက္ေတြေပၚမွာ အေျချပဳၿပီးေတာ့ ခ်ရတာ ျဖစ္တယ္။ အကုန္လံုးက မိမိသက္ဆိုင္ရာ အခ်က္အလက္ေတြကို မူဝါဒအေထာက္အကူျပဳေအာင္ ေသေသခ်ာခ်ာ စုေဆာင္းတဲ့စနစ္ႀကီးကို ေဖာ္ေဆာင္ႏုိ္င္မယ္ဆိုရင္ေတာ့ ျဖစ္ႏုိင္လိမ့္မယ္လို႔ ထင္တယ္။

ေမး ။ ။ လာမယ့္ (၅) ႏွစ္မွာလား။

ေျဖ ။ ။ အခုကတည္းက စလုပ္လုိ႔ရိွရင္ ဒီသက္တမ္းမွာ စလုပ္တယ္လို႔ အဓိပၸါယ္ရတာေပါ့။


===Unicode===

မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတချို့မှားယွင်းနေတယ် လို့သိရပါတယ်။ တခြားစာရင်းတွေကောမှန်ကန်ပါရဲ့လား၊ အထူးသဖြင့် အစိုးရအုပ်ချုပ်ရေး မူဝါဒတွေ ချမှတ်ရာတဲ့အခါ ခိုင်လုံတိကျတဲ့ စာရင်း ဇယားအခြေအနေတွေအပေါ် အခြေခံပြီး ချမှတ်နိုင်ပါရဲ့လား၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဆရာဦးတင်မောင်သန်း .. မြန်မာနိုင်ငံမှာ အခုလောလောဆယ် ဒီမိုကရေစီနဲ့ အတူဆုံးဆိုလို့ ရွေးကောက်ပွဲလို့ ပြောရပါလိမ့်မယ်။ ဒါတောင်မှ (၇၅) ရာခိုင်နှုန်းလောက်ပဲ မဲပေးခွင့်ရတာ။ ဆိုတော့ ဒီရွေးကောက်ပွဲမှာတောင်မှ မဲစာရင်းမှန်မှန်ကန်ကန် မရှိဘူးဆိုရင်၊ မဲစာရင်းမှာမှ မပါတဲ့လူတွေရဲ့ ဒီမိုကရေစီရဲ့ အခြေခံ မဲပေးခွင့် ဆုံးရှုံးနိုင်တဲ့ အခြေအနေ ရှိနေတာပေါ့။

ဖြေ ။ ။ မဲစာရင်းကတော့ အရေးကြီးတာပေါ့။ ဆရာ အခုနပြောခဲ့သလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က (၂၅) ရာခိုင်နှုန်း ရယူထားတဲ့အတွက်ကြောင့် ရွေးချယ်တဲ့နေရာမှာ လူထုဆန္ဒအပြည့်အစုံ ကိုယ်စားမပြုနိုင်တဲံအပြင် လူထုကို ကိုယ်စားမပြုတဲ့၊ အများစုကို ကိုယ်စားမပြုတဲ့ အစိုးရလည်း တတ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ မဲစာရင်းအရေးကြီးတယ်။ မဲပေးတာ အရေးကြီးပါတယ်။

မေး ။ ။ အာဏာပိုင်တွေကတော့ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ ဒီကိစ္စကို အလေးအနက်ထားပြီးတော့ ပြောရမယ်လို့ ပြောတာကို တွေ့ရပါတယ်။ ကျနော် ပထမဦးဆုံး သိချင်တာက မဲဆန္ဒရှင်တွေကရော သူတို့ရဲ့ မဲတပြားက ဘယ်လောက်အရေးကြီးသလဲဆိုတာကို တန်းဖိုးထားတတ်ကြပါရဲ့လား။ မြန်မာနိုင်ငံမှာ လူအများစုက ..

ဖြေ ။ ။ ယေဘုယျအားဖြင့်တော့ မဲပေးရတဲ့အချိန် ရောက်တဲ့အချိန်မှာပဲ လူတွေက မဲပေးတာကို အလေးအနက်ထားပြီး ဂရုတစိုက် ရှိတတ်ကြပါတယ်။ တခြားနေရာတွေမှာလဲ မဲလာပေးတဲ့ အရေအတွက်ကို ကြည့်လို့ရှိရင် များသောအားဖြင့် မြန်မာနိုင်ငံထက် နိုင်ငံအများစုက နိမ့်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဗမာပြည်သူလူထုက အခြားကမ္ဘာပေါ်မှာရှိတဲ့ အခြားပြည်သူတွေနဲ့ ယှဉ်လိုက်လို့ရှိရင် မဲပေးဖို့ အသိစိတ်ဓါတ် နိမ့်တယ်လို့တော့ ပြောလို့မရဘူးလို့ ထင်တယ်။ ဒီအချိန်မှာ နည်းနည်းအလှမ်းကွာဝေးနေသေးလို့ သွေးနည်းနည်းအေးနေသေးတဲ့ သဘောပဲ ရှိလိမ့်မယ်ထင်တယ်။

မေး ။ ။ ဒီဘက်နိုင်ငံတွေမှာကတော့ ဒီမိုကရေစီနဲ့ နေသားကြနေပြီ၊ မဲပေးလဲပဲ ဒီမိုကရေစီပဲ၊ သိပ်ထူးတာလဲ မဟုတ်ဘူးဆိုတော့ တချို့ကတော့ စိတ်မဝင်စားဘဲ နေလဲပဲ တိုင်းပြည်အတွက် ဘာမှမထူးခြားလာဘူးလို့ တွက်ကြမယ်။ အခု Donald Trump အတွက်နဲ့ ပတ်သက်လာရင်တော့ သူတို့ပိုပြီး အလေးအနက်ထားပြီး စဉ်းစားကြမယ် ထင်ပါတယ်။ ဆိုတော့ မြန်မာပြည်သူတွေကို ကျနော် စဉ်းစားမိတာက သိပ်တက်ကြွတယ်ဆိုတာ အာဏာရှင်လက်အောက်မှာ နေခဲ့ရတုန်းကတော့ ဒီမိုကရေစီကို ရမှဖြစ်မယ်ဆိုတဲ့ စိတ်ဓါတ်။ လူတိုင်းက ဖိနှိပ်ချုပ်ချယ်မှုတွေ ခံစားနေရတော့ ဒီစိတ်ဓါတ်ကို ပြင်းပြခဲ့တယ်။ အခု ဒီမိုကရေစီအစိုးရလက်ထက်ကို ရောက်လာတဲ့အခါမှာ ငါတို့ မဲပေးခဲ့သလောက်လဲ သိပ်လဲ၊ ထင်သလောက် သိသိသာသာကြီး ပြောင်းလဲမလာဘူး။ အခုတခါ မဲပေးတဲ့အခါမှာလဲ သိပ်ထူးမှာ မဟုတ်ဘူးဆိုပြီးတော့ ခပ်ပေါ့ပေါ့ပဲ သဘောထားကြသလား။ အဲဒါကို ကျနော် စူးစမ်းမိတာပါ။

ဖြေ ။ ။ မဲပေးတဲ့ အချိန်ကာလရောက်ရင်တော့ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ရှိတတ်တယ်လို့ ကျနော်ကတော့ ပြီးခဲ့တဲ့ အတွေ့အကြုံအရတော့ အဲဒီလိုပဲ ထင်ပါတယ်။ သုံးလေးလလောက် ဝေးနေသေးတဲ့ အခြေအနေမျိုးမှာတော့ နည်းနည်းလေး သာမန်လူတိုင်းလူတိုင်းအတွက် နည်းနည်းစောနေသေးတယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ ဆရာကတော့ ပိုပြီးသိမယ်။ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ စာရင်းဇယားမှန်ကန်မှု။ မဲစာရင်းတောင်မှ မှားယွင်းနေတယ်ဆိုရင်တောင် အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ စာရင်းဇယားတွေကလည်း သိပ်အရေးကြီးမယ် ထင်ပါတယ်။ အထူးသဖြင့် စီမံကိန်းတွေ ချမှတ်တဲ့ကိစ္စမှာ။ ဆိုတော့ ပထမဦးဆုံး လွှမ်းခြုံပြောဖို့က မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားတွေဟာ စီမံကိန်းမူဝါဒတွေ ချမှတ်တဲ့နေရာမှာ မှန်ကန်တိကျတဲ့ စာရင်းအင်းတွေကို အခြေပြုပြီး ချမှတ်နိုင်တယ်လို့ သုံးသပ်မိပါသလား။

ဖြေ ။ ။ ပထမ စာရင်းကိုအခြေပြုရမယ်လို့ စဉ်းစားတာမျိုးတောင် အားနည်းနေသေးသလားလို့ ကျနော်ကတော့ အဲဒီလိုထင်တယ်။ ဒါက သဘာဝလည်းကျတယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရခေတ်ကြီးတလျှောက်လုံးမှာ အောက်ခြေစာရင်းဇယားတွေကို ကိုင်ရတဲ့ ဝန်ထမ်းတွေနဲ့ စကားပြောကြည့်တဲ့အခါမှာ အချက်အလက်နဲ့ ပတ်သက်လို့ရှိရင် နှစ်မျိုးရှိတယ်လို့ ပြောတယ်။ တစ်ခုကတော့ Ground Data မြေပြင်အချက်အလက်။ နောက်တစ်ခုကတော့ GDP Data ဆိုပြီး သူတို့က ဒီလိုခွဲပြောပါတယ်။ GDP Data ကတော့ စစ်အစိုးရက သူလိုချင်တဲ့ GDP ဖြစ်အောင်လို့ အောက်ကအချက်အလက်တွေကို ပြင်ပေးရတာပါ။ ဒါကြောင့်မို့ တကယ်တရားဝင် မှတ်တမ်းတင်ရပြီဆိုတဲ့အခါတိုင်းမှာ အဲဒီ GDP Data ဖြစ်အောင်လို့ လုပ်ထားတဲ့ လူလုပ်တဲ့ အချက်အလက်တွေကိုပဲ မှတ်တမ်းတင်ရပါတယ်။ မြေပြင်အချက်အလက်တွေကို မှတ်တမ်းမတင်ရပါဘူး။ ဒါကတော့ နွားကောင်ရေ၊ တိရစ္ဆာန်ကောင်ရေ မှတ်တမ်းတင်တဲ့ မွေးမြူးရေးဌာနတွေကစပြီး ဌာနတိုင်းက အဲဒီသဘော လုပ်ကြရပါတယ်။ လုပ်ကြတဲ့အခါမှာလဲ ဒီအချက်အလက်တွေကို အားပြုအားထားပြီး မူဝါဒတွေ ချမှတ်တယ်ဆိုတဲ့ အလေ့အထကလဲ မရှိပါဘူး။ အပေါ်က လိုတဲ့အချိန်မှ အချက်အလက်ကို ကောက်ပြီးတောင်းတဲ့သဘောမျိုးပါ။

နောက်ပြီးတော့ အချက်အလက်တွေကို သေသေချာချာ စုဆောင်းထိန်းသိမ်းမှန်ကန်အောင် ထားသိုးရမယ့်စနစ်၊ အဲဒီအတွက် အထောက်အကူပြုတဲ့ လုပ်ငန်းပတ်ဝန်းကျင်။ ဥပမာဆိုပါတော့ အခုမဲစာရင်းမှာ ရပ်ကွက်ကျေးရွာမှူးတွေ၊ စာရေးတွေကို မှီခိုအားထားရတယ်ဆိုရင် အဲဒီစာရေးမှာ သွားစရာလာစရာ ဘာစရိတ်မှ အစိုးရက ထောက်ပံ့ထားတာ မရှိပါဘူး။ ရွေးကောက်တင်မြှောက်ပွဲအတွက် ကုန်ကျတဲ့ ဘတ်ဂျက်ကြီးတခုလုံးက တကယ်မြေပြင်မှာ စာရင်းကောက်ရတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးဌာနကို တပြားတချပ်မှပေးဖို့ မပါပါဘူး။ စဉ်းစားတဲ့အခါမှာလဲ စာရင်းဇယားတွေကို ဘယ်လိုကောက်ယူမလဲ။ ရွေးကောက်ပွဲမှာကော ဘယ်လိုထိန်းသိမ်းမလဲ။ ဘယ်လိုစနစ်နဲ့ သွားမလဲဆိုတဲ့ စဉ်းစားပုံအထိကော ရွေးကောက်ပွဲကော်မရှင်မှာ ရှိခဲ့ရဲ့လား။

မေး ။ ။ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲ စလုပ်မယ်ဆိုတော့ Australia အကူအညီပေးမယ်။ မဲရုံတွေ ဘာတွေ ရွေးကောက်ပွဲအဆင်ပြေဖို့ဆိုပြီး ကူညီပေးမယ်ဆိုပြီးတော့ ပြောခဲ့တာ ကြားသိခဲ့ရပါတယ်။ ပေးလဲပေးခဲ့တယ် ထင်ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတကာကျွမ်းကျင်သူတွေက ဒီကိစ္စကို ထည့်ပြီးတော့ အကူအညီမပေးခဲ့ဘူးလား။ အဲဒါကိုလဲ အကျဉ်းရုံပြောပေးပါ။

ဖြေ ။ ။ ကျနော် ရွေးကောက်ပွဲကော်မရှင်နဲ့ သိပ်ပြီးတော့ အထိအတွေ့နည်းတဲ့အတွက်ကြောင့် သိပ်ပြီးတော့ မသိဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဒီစာရင်းသွင်းတဲ့အခါမှာ ကွန်ပြူတာ Software အထိ သွင်းတဲ့အတွက်အထိ အကူအညီပေးခဲ့တာတွေ ရှိပါတယ်။ Software အပိုင်းပေါ့။ စာရင်းကောက်ယူတဲ့အထိတော့ နိုင်ငံတကာက အကူအညီပေးတာမျိုး၊ ရှိခဲ့တယ်လို့ ကျနော်ကတော့ မကြားမိဘူး။ ရှိကောင်းရှိခဲ့မယ်။ ဒါပေမဲ့ ကျနော်တော့ မသိဘူး၊ မကြားမိဘူး။ အဲဒီတော့ ဘတ်ဂျက်ပိုင်းအရ၊ မူဝါဒပိုင်းအရ ကျနော်တို့ရဲ့ အုပ်ချုပ်လုပ်ကိုင်ပုံက တော်တော်ကြီးကို နောက်ကျနေသလားလို့ ဒါလေးပဲ စဉ်းစားဖို့ ကောင်းမယ်လို့ ကျနော်ထင်တယ်။ အဲဒီတော့ မဲစာရင်းလေးတစ်ခုနဲ့ ရွေးကောက်ပွဲတစ်ခုကိုပဲ မကြည့်ဘဲနဲ့ စာရင်းဇယားတွေနဲ့ မူဝါဒ ချမှတ်ဆောင်ရွက်ပုံ။ အဲဒီမူဝါဒ ချမှတ်တဲ့အခါမှာ မူဝါဒ ချမှတ်တာက နိုင်ငံရေးရာ ပုဂ္ဂိုလ်တွေက ချမှတ်တယ်။ နိုင်ငံရေးရာ ပုဂ္ဂိုလ်တွေကလဲ မူဝါဒကို စဉ်းစားတဲ့အခါမှာ အချက်အလက် အခင်းအကျင်းတွေကိုချပြီး စဉ်းစားတဲ့ အလေ့အထ။ အဲဒီလို အချက်အလက် အခင်းအကျင်းတွေကို ဗျူရိုကရေစီက ပြင်ဆင်ပေးရတဲ့ အလေ့အထ။ နောက် ဗျူရိုကရေစီကိုယ်တိုင်ကကော အဲဒီစနစ်တွေ ရှိရဲ့လား။ ဒါတွေက ပြန်လည်တည်ဆောက်ရမယ့် ကိစ္စတွေလို့ ကျနော်ထင်တယ်။

မေး ။ ။ ကျနော် တစ်ခုထပ်မေးအုံးမယ်။ ကျနော်တို့ဆီမှာ ဆိုရှယ်လစ်စီးပွားရေး ဘာညာလုပ်ခဲ့တယ်။ အဲဒီခေတ်တုန်းက တကယ်တမ်း ကမ္ဘာ့နိုင်ငံတွေမှာကြည့်ရင် ဆိုရှယ်လစ်စီးပွားရေးဆိုတာ Plan Economy Market က ဘယ်လောက်လိုတယ်၊ ဘယ်လောက်ထုတ်မယ်ဆိုတာကို တွက်ချက်ခဲ့တာဆိုတော့ Capitalist Economy လို ဈေးကွက်နဲ့ ဝယ်လိုအားနဲ့ သူ့ဘာသာ ညှိသွားတဲ့သဘော မဟုတ်ဘဲနဲ့ အစိုးရက စီမံကိန်းတွေချပြီး လုပ်ရတယ်ဆိုပါတယ်။ On paper ကျနော် ဖတ်ဖူးတာပေါ့။ ဆိုတော့ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လုံးဝမလုပ်ခဲ့လေသလား။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ လုပ်ခဲ့တာကတော့ လူထုကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းစီမံခန့်ခွဲနေတာ မဟုတ်ဘဲနဲ့ အထက်လူကြီးကို ဝန်ထမ်းက စီမံခန့်ခွဲရတဲ့ စနစ် ဖြစ်နေတယ်။ အခုလဲ အဲဒီနေရာမှာ ရွေးကောက်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေ တက်လာတယ်။ ဒါပေမဲ့ အဲဒီခေါင်းဆောင်တွေ ဘယ်လိုကြိုက်သလဲ။ သူ့အထာကဘာလဲ။ သူကိုစီမံခန့်ခွဲဖို့ အဓိကဝန်ထမ်းဘဝဆိုတာက ဦးတည်ရပါတယ်။ မဟုတ်လို့ရှိရင် ဝန်ထမ်းတွေပြောစကားကို ကိုးကားပြီး ပြောရမယ်ဆိုရင် ငြိုငြင်ခံရမှာကို ဝန်ထမ်းတွေက ကြောက်ပါတယ်။ ငြိုငြင်ရင် ဘာဖြစ်နိုင်သလဲလို့ မေးတဲ့အခါမှာ နေ့တဓုဝလုပ်ငန်း အဆင်မပြေတာကစပြီး၊ အပြောင်းအရွှေ့တွေ၊ ရာထူးရပ်ဆိုင်းခံရတာတွေအထိ အများကြီးဖြစ်နိုင်ပါတယ်ဆိုပြီး ပြန်ဖြေကြပါတယ်။ အဲဒီစနစ်ကြီးကို ပြောင်းဖို့လိုတယ်။ ဒါကလဲ သဘာဝကျတယ်။ ပထမဦးဆုံး ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရက ဒါတွေကို ပြောင်းလဲဖို့ဆိုတာထက် လက်ရှိရှိနေတဲ့ စနစ်နဲ့ အသားကျအောင်၊ လက်ရှိ ဘယ်လိုစနစ်တွေ ဖြစ်တယ်ဆိုတာကိုသိအောင် အားထုတ်နေရတဲ့ အချိန်ဖြစ်တဲ့အတွက် ဒါကို နားလည်နိုင်ပါတယ်။ ဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဟုတ်ဘူး။ အခု အာဏာမရသေးတဲ့ တခြားပါတီတွေ တက်လာရင်လဲ နောက် (၅) နှစ်မှာ ဒီလိုပဲ နားလည်အောင် ကြိုးစားရအုံးမယ်။

မေး ။ ။ ကျနော် ကြားဖြတ်မေးမယ်။ အဲဒီတော့ တပ်မတော်တပိုင်း၊ စစ်တပိုင်းအစိုးရ ထွက်သွားတဲ့အခါမှာ ဌာနဆိုင်ရာတွေမှာ အတွင်းဝန် Permanent Post တွေ တပ်မတော်က အရာရှိဟောင်းတွေကို ခန့်ထားခဲ့တယ်ဆိုတဲ့ ကိစ္စလည်း အများကြီးကြားရပါတယ်။ ဒီကိစ္စက ဘယ်လောက်အရေးကြီးနေသလဲ။ ဒီလိုတိကျမှန်ကန်တဲ့ စာရင်းဇယားနဲ့ စောစောက ဆရာပြောသလို အထက်အကြိုက် လုပ်ပေးရတယ်။ Upward Management ကို အလေးအနက် ထားနေရတဲ့ အဖြစ်မျိုးပဲ ဆက်လက်ရှိနေတာဟာ ဒီအတွင်းဝန်တွေ ခန့်ထားရတဲ့ ကိစ္စတွေနဲ့ ပတ်သက်မနေဘူးလား။

ဖြေ ။ ။ တပ်မတော်အငြိမ်းစားအရာရှိကြီးတွေ တန်းဖိုးရှိတယ်။ တန်းဖိုးမရှိဘူးဆိုတာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဘာကိုလုပ်မယ်ဆိုတဲ့ အထူးတာဝန်အထိ ပီပီပြင်ပြင် ကျနော်တို့က ပြောနိုင်ပြနိုင်တယ်ဆိုရင် သူတို့သည်ဖြစ်အောင် အကောင်အထည်ဖော်နိုင်သည့် အရည်အသွေး ရှိတယ်။ ဒါပေမဲ့ အထူးတာဝန်ဆိုတာ ဘယ်လိုအဖြေမျိုးလဲ။ ပြည်သူကြုံနေရတာကို ဖြေရှင်းဖို့ ဘယ်လိုနည်းလမ်းတွေ ရှိသလဲဆိုတာကို ရှာဖွေဖော်ထုတ်တဲ့ နေရာမှာတော့ လေ့ကျင့်ပေးတာ သူတို့မှာလည်း မရှိဘူူး။ အရပ်ဘက်ပညာရေးမှာလည်း အင်မတန်အားနည်းတယ်။

မေး ။ ။ ဆိုတော့ မျှော်လင့်ပါသလား။ ဘယ်လောက်လောက်ကြာမယ် ထင်ပါသလဲ။

ဖြေ ။ ။ အခုလောလောဆယ်မှာ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအောက်မှာ မူဝါဒယူနစ်ဆိုတာ ရှိတယ်။ မူဝါဒဆိုတာက အချက်အလက်တွေပေါ်မှာ အခြေပြုပြီးတော့ ချရတာ ဖြစ်တယ်။ အကုန်လုံးက မိမိသက်ဆိုင်ရာ အချက်အလက်တွေကို မူဝါဒအထောက်အကူပြုအောင် သေသေချာချာ စုဆောင်းတဲ့စနစ်ကြီးကို ဖော်ဆောင်နိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်လိမ့်မယ်လို့ ထင်တယ်။

မေး ။ ။ လာမယ့် (၅) နှစ်မှာလား။

ဖြေ ။ ။ အခုကတည်းက စလုပ်လို့ရှိရင် ဒီသက်တမ်းမှာ စလုပ်တယ်လို့ အဓိပ္ပါယ်ရတာပေါ့။

XS
SM
MD
LG