သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာမယ့္ေ႐ြးေကာက္ပြဲအတြက္ စိုးရိမ္စရာရွိသလား


မြန္ျပည္နယ္ ေပါင္ၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)
လာမယ့္ေ႐ြးေကာက္ပြဲအတြက္ စိုးရိမ္စရာရွိသလား
please wait

No media source currently available

0:00 0:11:20 0:00
တိုက္႐ိုက္ လင့္ခ္

ႏိုဝင္ဘာလမွာ က်င္းပျပဳလုပ္မယ့္ ျမန္မာႏိုင္ငံ အေထြေထြေ႐ြးေကာက္ပြဲဟာ တိုင္းရင္းသား ျပည္သူလူထုတရပ္လုံးရဲ႕ သေဘာထားကို ထင္ဟပ္ေစမယ့္ လြတ္လပ္ၿပီး တရားမွ်တေသာေ႐ြးေကာက္ပြဲ ျဖစ္မယ္လို႔ အျပည့္အဝ ယုံၾကည္ေၾကာင္း ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္း က ဆိုပါတယ္။ ဒါျဖင့္ရင္ ခိုင္လုံစိတ္ခ်ရတဲ့ ေအာင္ျမင္ေသာ ေ႐ြးေကာက္ပြဲ ျဖစ္ပါ့မလားဆိုတာကို စိုးရိမ္ဖြယ္ တစုံတရာ မရွိေတာ့ဘူးလား။ သတိထားေစာင့္ၾကည့္ရမယ့္ ကိစၥေတြေကာ ဘာေတြလဲ။ ေဒါက္တာရန္မ်ိဳးသိမ္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီေရြးေကာက္ပြဲအတြက္ အဓိက စိုးရိမ္စရာအခ်က္ေတြက ဘာလဲဆိုတာကို ေဒါက္တာရန္မ်ဳိးသိမ္းက အခုလို စေျဖပါတယ္။

ေျဖ ။ ။ အဓိက စိုးရိမ္စရာအခ်က္ကေတာ့ မဲလာေပးတဲ့လူ ရာခိုင္ႏႈန္း နည္းပါးမယ့္ကိစၥပါ။ လက္ရိွအေျခအေနအရေတာ့ ေရြးေကာက္ပြဲေပၚမွာ မဲဆႏၵရွင္ ျပည္သူလူထုရဲ ႔ စိတ္ဝင္စားမႈက အတန္အသင့္ ျမွင့္တက္လာတယ္လို႔ ျမင္ရပါတယ္။ အဲဒီေတာ့ လာမယ့္ေရြးေကာက္ပြဲမွာ တကယ္လို႔ မဲေပးတဲ့သူ ရာခိုင္ႏႈန္း က်ဆင္းမယ္ဆိုရင္ ဒါဟာ ေရြးေကာက္ပြဲေပၚမွာ မဲဆႏၵရွင္ ျပည္သူလူထုရဲ ႔ ယံုၾကည္မႈ က်ဆင္းလာတယ္လုိ႔ မွတ္ယူလုိ႔ရလို၊ ျမန္မာႏိုင္ငံရဲ ႔ ဒီမိုကေရစီအေျပာင္းအလဲေပၚမွာ လူထုရဲ ႔ ယံုၾကည္မႈနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ က်ဆင္းတယ္ဆိုတဲ့ သေဘာမ်ဳိးအထိ ေကာက္ခ်က္ျပဳႏို္င္တာမို႔ ဒီအခ်က္ဟာ အေရးႀကီးတယ္။ ေရြးေကာက္ပြဲမွာ ျပည္သူလူထုရဲ ႔ စိတ္ဝင္စားမႈနဲ႔ ျပည္သူလူထု မဲေပးမႈ ပိုမ်ားလာေအာင္ အဓိက စည္းရံုးလံႈေဆာ္ေဆာင္ရြက္ဖို႔က ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွာ တာဝန္ရိွတယ္လို႔ က်ေနာ္ကေတာ့ သံုးသပ္ပါတယ္။

ေမး ။ ။ အဲဒီလို ေရြးေကာက္ပြဲေကာ္မရွင္က စည္းရံုးရမယ့္အျပင္ အေရြးခံမယ့္ ႏိုင္ငံေရးပါတီေတြ၊ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ မဲဆႏၵရွင္ျပည္သူေတြကို ဘယ္ေလာက္အထိ ထိေတြ႔စည္းရံုးလံႈေဆာ္ႏိုင္တဲ့ အေျခအေန ရိွပါသလား။ အဲဒါကို အဟန္႔အတား တစံုတရာ ျဖစ္လာႏိုင္တယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ မဲဆြယ္စည္းရံုးေရးကာလက စက္တင္ဘာလ (၈) ရက္ေန႔ေလာက္မွ စမယ္လို႔ မွန္းပါတယ္။ သံုးပတ္ေလာက္ပဲ လိုေတာ့တဲ့ အေနအထားမ်ဳိး ရိွပါတယ္။ အဲဒီေတာ့ အဲဒီမတိုင္ခင္မွာ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ ကိုဗစ္ (၁၉) အေျခအေနမွာ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ မဲဆြယ္စည္းရံုးေရးကို ဘယ္လိုလုပ္ရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြကို ထုတ္ျပန္ၿပီး ျဖစ္လိမ့္မယ္လို႔ ျမင္ပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ မဲဆြယ္စည္းရံုးေရးကိုေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ႏုိင္လိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ ဒီမွာ က်ေနာ္ ၾကားျဖတ္ေမးခ်င္တာက သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လုပ္ႏုိ္င္မယ္လို႔ ဆိုေပမယ့္ တခ်ဳိ ႔စိုးရိမ္ေနၾကတာက အမ်ားျပည္သူေတြ အားလံုးကို လက္လွမ္းမီေနမယ့္ ရုပ္ျမင္သံၾကားက အခါတိုင္း ပါတီေတြကို အလွည့္က် မဲဆြယ္ခြင့္ေပးတဲ့ေနရာမွာ သူတုိ႔ေျပာခ်င္တာ ေျပာလို႔မရဘူး။ သူတုိ႔က ခြင့္ျပဳခ်က္တင္ျပၿပီးမွ အဲဒါကို ဖတ္ရမယ္လို႔ ေျပာထားတဲ့ကိစၥကို တခ်ဳိ ႔က စိုးရိမ္ေနၾကပါတယ္။ အဲဒါေကာ ဘယ္ေလာက္အထိ အကန္႔အသတ္ ျဖစ္သြားႏိုင္ပါသလဲ။

ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ ရုပ္ျမင္သံၾကားကေန မဲဆြယ္စည္းရံုးတဲ့အပိုင္းမွာေတာ့ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ ေျပာဆိုရတာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ အတန္အသင့္ ကန္႔သတ္မႈေတြ ထိန္းခ်ဳပ္မႈေတြေတာ့ ရိွေကာင္းရိွႏိုင္ပါတယ္။ သို႔ေသာ္လဲ လက္ရိွအေျခအေနမွာ ကိုယ္စားလွယ္ေလာင္းေတြ၊ ႏို္င္ငံေရးပါတီေတြမွာ အင္မတန္မွ အေရးပါတဲ့ Platform တစ္ခု ရိွေနပါတယ္။ အဲဒါကေတာ့ လူမႈ႔ကြန္ရက္စာမ်က္ႏွာပါ - Facebook ကေနတဆင့္ ျပည္သူလူထုကို တိုက္ရိုက္ခ်ိတ္ဆက္ၿပီးေတာ့ ကိုယ့္ပါတီရဲ ႔ မူဝါဒေတြ၊ လမ္းစဥ္ေတြ၊ လုပ္ငန္္းစဥ္ေတြ၊ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို အလ်င္အျမန္ စည္းရံုးလံႈေဆာ္ႏို္င္တဲ့ အခြင့္အလမ္းကလည္း ရိွေနပါတယ္။ အဲဒီအခါၾကေတာ့ ႏုိင္ငံေရးပါတီေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ ဒီအခြင့္အလမ္းကို အမိအရဆုပ္ကိုင္ၿပီးေတာ့ ထိထိေရာက္ေရာက္နဲ႔ အသံုးခ်ႏုိင္ဖို႔ အေရးႀကီးတယ္လို႔ေတာ့ က်ေနာ္က ျမင္ပါတယ္။

ေမး ။ ။ အဲဒီ Online စည္းရံုးေရးနဲ႔ ပတ္သက္လို႔ေကာ ဆင္ဆာလုပ္တာေတြ၊ ခြင့္ျပဳခ်က္ေတာင္းခံရမယ့္ ကိစၥေတြ၊ ဟန္႔တားပိတ္ပင္မႈေတြ မရိွႏိုင္ဘူးလား။

ေျဖ ။ ။ Online စည္းရံုးေရးနဲ႔ ပတ္သက္ရင္ေတာ့ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ကိုက္ညီမယ္ဆိုလို႔ရိွရင္ေတာ့ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈ တားျမစ္မႈ မရိွႏိုင္ဘူးလို႔ေတာ့ က်ေနာ္ ျမင္ပါတယ္။

ေမး ။ ။ အဲဒါက အမုန္းစကားေတြ၊ ေသြးထိုးလံႈေဆာ္မႈေတြ ဘယ္လိုဟာမ်ဳိးေတြလို႔ ဆရာ ထင္ပါသလဲ။

ေျဖ ။ ။ အဓိကေတာ့ လူမ်ဳိးေရးပတ္သက္တာ၊ ဘာသာေရးနဲ႔ ပတ္သက္တာ၊ ေနာက္ၿပီးေတာ့ တဘက္နဲ႔တဘက္ ယံုၾကည္မႈ တည္ေဆာက္ေရး၊ သင့္ျမတ္ေရး၊ အဲဒါေတြကို အေႏွာင့္အယွက္၊ အဟန္႔အတား ျဖစ္ေစမယ့္ နားလည္မႈလြဲေစမယ့္၊ အထင္အျမင္ မွားေစမယ့္၊ ေျပာဆုိစည္းရံုးမႈမ်ဳိးေတြကိုေတာ့ အတိုင္းအတာတခုအထိ ကန္႔သတ္တာမ်ဳိး၊ ထိန္းခ်ဳပ္တာမ်ဳိးေတြ လုပ္ႏိုင္ပါတယ္။ သို႔ေသာ္လဲပဲ ဒီ Facebook လူမႈ႔ကြန္ရက္စာမ်က္ႏွာကေနၿပီးေတာ့ မဲဆြယ္စည္းရံုးတဲ့အပိုင္းကေတာ့ လက္ရိွအေျခအေနမွာ ေတာ္ေတာ္ေလးကို ထိထိေရာက္ေရာက္နဲ႔ အလားအလာေကာင္းေကာင္း ေဆာင္ရြက္ႏုိင္မယ့္ အခြင့္အလမ္းေတြ ရိွေနတယ္လို႔ က်ေနာ္က သံုးသပ္ပါတယ္။

ေမး ။ ။ တခ်ဳိ ႔သံုးသပ္တဲ့လူေတြကေတာ့ ႏုိင္ငံတကာမွာ အသြင္ကူးေျပာင္းစ ႏုိင္ငံေတြရဲ ႔ ေရြးေကာက္ပြဲေတြမွာ ျပည္ပရဲ ႔ အေထာက္အပံ့ခံ ႏိုင္ငံေရးအင္အားစုေတြ၊ ျပည္ပက သူတုိ႔အက်ဳိးစီးပြားအတြက္ ေထာက္ပံ့ေပးၿပီးေတာ့ လုပ္ယူတဲ့ အဖြဲ႔အစည္းေတြ ရိွေနတယ္ဆိုတာကိုလဲ အတားအဆီးတခုအျဖစ္နဲ႔ ထည့္သြင္းေဖာ္ျပၾကတယ္။ ဆုိေတာ့ ျမန္မာႏုိင္ငံ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ေကာ ႏို္င္ငံေရးအင္အားစုေတြဟာ ျပည္ပၾသဇာ ဘယ္ေလာက္ ကင္းမဲ့ရမယ္ဆိုတဲ့ဟာကို ပြင့္လင္းျမင္သာစြာ စစ္ေဆးႏုိင္မည့္ နည္းလမ္းေတြ ရိွပါသလား။

ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ အတိုင္းအတာတခုအထိ စစ္ေဆးႏိုင္တဲ့ အေနအထားေတာ့ ရိွပါတယ္။ သို႔ေသာ္လဲပဲ ျပည္ပရဲ ႔ အေထာက္အပံ့နဲ႔ ပတ္သက္ၿပီးေတာ့ ပြင့္ပြင့္လင္းလင္း က်ယ္က်ယ္ျပန္႔ျပန္႔ စံုစမ္းစစ္ေဆး ေဖာ္ထုတ္ႏုိင္တဲ့အပိုင္းမွာေတာ့ လိုအပ္ခ်က္ေတြ ရိွႏိုင္တယ္လို႔ က်ေနာ္ကေတာ့ အဲဒီလို သံုးသပ္ပါတယ္။ ေနာက္တခ်က္က ေရြးေကာက္ပြဲမွာ ျပည္နယ္မဲဆႏၵနယ္ေျမမွာ အထူးသျဖင့္ေတာ့ ဗမာမဟုတ္တဲ့ တိုင္းရင္းသားပါတီေတြရဲ ႔ အခြင့္အလမ္းက ပိုၿပီးေတာ့ ျမင့္မားမယ္လို႔ ျမင္တယ္။ ၂၀၁၅ ေရြးေကာက္ပြဲထက္ကို တိုင္းရင္းသားပါတီေတြဟာ ပိုၿပီးေတာ့ ေနရာမ်ားမ်ား အႏုိင္ရဖို႔ အလားအလာဟာ ျမင့္သထက္ျမင့္လာေနတယ္လို႔ေတာ့ သံုးသပ္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အဲဒီလို ျမင့္လာႏုိင္တဲ့ တိုင္းရင္းသားပါတီေတြကို တစံုတရာ ေရြးေကာက္ပြဲ စည္းမ်ဥ္းစည္းကမ္းေတြအရေသာ္လည္းေကာင္း၊ အာဏာရိွတဲ့လူေတြကေသာ္လည္းေကာင္း ဖိအားေပး၊ ဟန္႔တားတာ၊ ပိတ္ပင္တာမ်ဳိး ျဖစ္ႏုိ္င္တဲ့ စိုးရိမ္စရာေကာ ရိွေနပါသလား။

ေျဖ ။ ။ ေရြးေကာက္ပြဲအလြန္မွာ ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ စြပ္စြဲျပစ္တင္မႈေတြ၊ Complaint လုပ္မႈေတြမွာေတာ့ က်ေနာ့္အျမင္အားျဖင့္ေတာ့ ေတာ္ေတာ္ေလးကို သတိထားၿပီးေတာ့ ေဆာင္ရြက္ရမယ့္ အေနအထားမ်ဳိး ရိွတယ္လို႔ ျမင္ပါတယ္။ အဲဒီေတာ့ ေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးေရးကာလကတည္းကိုက တိုင္းရင္းသားႏုိင္ငံေရးပါတီေတြအပါအဝင္ ႏုိင္ငံေရးပါတီေတြအားလံုး သူတို႔ရဲ ႔ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ အခုနသတ္မွတ္ထားတဲ့ က်င့္ဝတ္ေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ မဲဆြယ္စည္းရံုးေရးကို လုပ္ႏိုင္ဖို႔ အေတာ္ေလးကို အေလးထားေဆာင္ရြက္ႏိုင္ဖို႔ လိုအပ္တယ္လို႔ က်ေနာ့္အေနနဲ႔ ျမင္ပါတယ္။

ေမး ။ ။ ေနာက္တခုက တိုင္းရင္းသားေဒသေတြ အထူးသျဖင့္ ၿငိမ္းခ်မ္းေရး မရေသးတဲ့ေနရာ၊ ၿငိမ္းခ်မ္းေရးတပိုင္းတစေနရာလို႔ နွစ္မ်ဳိးခြဲေျပာရမွာေပါ့။ အဲဒီေနရာေတြမွာေကာ လက္နက္အင္အားကို အသံုးျပဳၿပီးေတာ့ မဲရေအာင္ ႀကိဳးပမ္းမႈတို႔၊ ေရြးေကာက္ပြဲကို ေႏွာင့္ယွက္ဖ်က္ဆီးမႈတို႔။ ဟိုဘက္က ႏိုင္ႏိုင္တဲ့အေျခအေန မရိွဘူးဆိုရင္ ေႏွာင့္ယွက္ဖ်က္ဆီးတာတုိ႔၊ အဲဒါေတြအတြက္ စိုးရိမ္ဖို႔ လိုပါသလား။

ေျဖ ။ ။ ၿငိမ္းခ်မ္းေရးကို လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔ လက္မွတ္မထိုးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြ အားလံုးကေတာ့ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ဖို႔အတြက္ အားလံုးက လိုလားၾကတဲ့ အေနအထားမ်ဳိးကို ေတြ႔ရပါတယ္။ အဲဒီအျပင္ သက္ဆုိင္ရာ ျပည္နယ္အခ်ဳိ ႔မွာ ရိွေနတဲ့ ျပည္သူ႔စစ္ေတြ၊ နယ္ျခားေစာင့္တပ္ဖြဲ႔ေတြကလည္း ေရြးေကာက္ပြဲ ေအာင္ျမင္အထေျမာက္ေရးအတြက္ကို ပူးေပါင္းေဆာင္ရြက္ႏိုင္လိမ့္မယ္လို႔ က်ေနာ့္အေနနဲ႔ ေမွ်ာ္လင့္ပါတယ္။ သို႔ေသာ္လဲ အခ်ဳိ ႔ေသာ ျပည္နယ္ေတြမွာ စိုးရိမ္မႈ ရိွၾကတာကေတာ့ ေဒသခံလက္နက္ကိုင္အဖြဲ႔အစည္းေတြရဲ ႔ ဖိအားေပးမႈကို အေၾကာင္းျပဳၿပီးေတာ့ မဲရလဒ္ဟာ အေျပာင္းအလဲ ရိွမလားဆိုတဲ့အေပၚမွာ စိုးရိမ္မႈေတြေတာ့ ရိွေနပါတယ္။ သို႔ေသာ္လဲပဲ တႏိုင္ငံလံုးနဲ႔ ၿခံဳၿပီးၾကည့္မယ္ဆိုရင္ေတာ့ ေရြးေကာက္ပြဲကို လက္နက္ကိုင္ၿပီး ေႏွာင့္ယွက္ဖ်က္ဆီးတာမ်ဳိးေတြ၊ တားဆီးတာမ်ဳိးေတြ၊ ဟန္႔တားတာမ်ဳိးေတြ၊ ဖိအားေပးတာမ်ဳိးေတြကေတာ့ အေတာ္ေလးကို နည္းလိမ့္မယ္လို႔ က်ေနာ္ကေတာ့ သံုးသပ္ပါတယ္။

ေမး ။ ။ ေနာက္တခု ေမးခ်င္တာက က်ေနာ္တို႔ရဲ ႔ မီဒီယာအပိုင္းေပါ့။ က်ေနာ္ ရရိွထားတဲ့ သတင္းေတြအရ တခ်ဳိ ႔ၾသဇာႀကီးတဲ့ ႏုိင္ငံေတြက ျမန္မာႏို္င္ငံရဲ ႔ မီဒီယာမွာ လႊမ္းမိုးဖို႔ ႀကိဳးပမ္းၾကတယ္။ အထူးသျဖင့္ တရုတ္ႏိုင္ငံက မီဒီယာသမား ေတာ္ေတာ္မ်ားမ်ားကို ေခၚၿပီးေတာ့ ဧည့္ခံေကၽြးေမြးျပဳစုတာေတြ လုပ္လာတယ္။ ဒါကို တရုတ္ဟာ ျမန္မာႏိုင္ငံ မီဒီယာေလာကမွာ လႊမ္းမုိးဖို႔ အားထုတ္ေနတယ္လို႔ တခ်ဳိ ႔က သံုးသပ္ၾကပါတယ္။ အဲဒီေတာ့ တရုတ္က သူလိုလားတဲ့ ပါတီကို၊ သူလိုလားတဲ့ ႏုိင္ငံေရးအင္အားစုကို မဲအသာရေအာင္ မီဒီယာကတဆင့္ဝင္ၿပီးေတာ့ လုပ္ႏိုင္တယ္ဆိုတဲ့ ကိစၥမ်ဳိးကို စိုးရိမ္မယ္ဆိုရင္ အစိုးရိမ္လြန္းလြန္တယ္လို႔ ေျပာႏိုင္မလား။

ေျဖ ။ ။ ဒီအခ်ိန္နဲ႔ ပတ္သက္ၿပီးေတာ့ စိုးရိမ္မႈေတြလည္း ရိွပါတယ္။ ႏုိ္င္ငံႀကီးေတြကျဖစ္ျဖစ္၊ ႏိုင္ငံေရးပါတီႀကီးေတြကျဖစ္ျဖစ္ မီဒီယာကို အသံုးခ်ၿပီးေတာ့ လာမယ့္ေရြးေကာက္ပြဲမွာ လူထုေထာက္ခံမႈရေအာင္ ဆႏၵမဲပိုရေအာင္ အားထုတ္လာႏို္င္တာမ်ဳိးေတြကေတာ့ ရိွေနတယ္လို႔ က်ေနာ္အေနနဲ႔ ျမင္ပါတယ္။ တဘက္က အေရးႀကီးတာက အစိုးရအေနနဲ႔ သတင္းမီဒီယာေတြကို လြတ္လြတ္လပ္လပ္နဲ႔ ပြင့္လင္းျမင္သာမႈရိွရိွ သတင္းထုတ္ျပန္ေပးႏုိင္ဖိုိ႔နဲ႔ သတင္းရယူခြင့္ကို က်ယ္က်ယ္ျပန္႔ျပန္႔ ေပးႏိုင္ဖို႔က ဒီအေျခအေနေတြကို အတိုင္းအတာတခုအထိ တုန္ျပန္ႏုိင္ဖို႔ အခြင့္အလမ္း ျဖစ္ေစလိမ့္မယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ ႏုိ္င္ငံေရးပါတီေတြ၊ ႏို္င္ငံေရးအင္အားစုေတြကေတာ့ မီဒီယာကို အသံုးခ်ႏိုင္တယ္ေပါ့။ သူတုိ႔ပါတီအင္အားေကာင္းဖို႔ သူတုိ႔အုပ္စု အႏုိင္ရေရးအတြက္။ ဒါေပမဲ့ ျပည္ပႏုိုင္ငံႀကီးတခုခုက သူတုိ႔သေဘာက်တဲ့ပါတီကို အႏိုင္ရေအာင္ မီဒီယာေတြကို ေရးခိုင္းတာမ်ဳိး ေလာ္ေဆာ္ေပးတာမ်ဳိးကို က်ေနာ္ အဓိကေမးခ်င္တာပါ။

ေျဖ ။ ။ ျပည္ပ အိမ္နီးခ်င္းႏို္င္ငံပဲျဖစ္ျဖစ္၊ ေဒသတြင္း ႏိုင္ငံေတြပဲျဖစ္ျဖစ္ ေရြးေကာက္ပြဲေပၚမွာ စိတ္ဝင္စားမႈကေတာ့ ၂၀၁၅ ထက္ ႏိႈင္းစာရင္ ဒီအခ်ိန္မွာ ပိုၿပီးေတာ့ ျမင့္မားေနတယ္လုိ႔ က်ေနာ့္အေနနဲ႔ သံုးသပ္ပါတယ္။ အဲဒီေတာ့ တဘက္က သူတုိ႔ရဲ ႔ အက်ဳိးစီးပြားအတြက္ကို သတင္းမီဒီယာေတြကို သံုးၿပီးေတာ့ သူတိုိ႔လိုလားတဲ့ပါတီအေပၚမွာ စိတ္ဝင္စားမႈ ျမင့္တက္ေအာင္၊ အႏိုင္ရေအာင္ လုပ္လာႏုိ္င္တဲ့ ေျခလွမ္းေတြကေတာ့ ရိွေကာင္းရိွလာႏိုင္ပါတယ္။ သို႔ေသာ္လဲပဲ က်ေနာ္တုိ႔ ျပည္တြင္းမီဒီယာႀကီး တခုလံုးအေနနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ရာခိုင္ႏႈန္းက သိပ္မမ်ားႏိုင္ဘူးလို႔ ျမင္ပါတယ္။ တဘက္က ဒီအေျခအေနေတြကို ထိန္းေၾကာင္းႏိုင္ဖို႔အတြက္ကို က်ေနာ္တို႔ လြတ္လပ္တဲ့ သတင္းမီဒီယာသမားေတြလည္း သတင္းရယူေဆာင္ရြက္ႏို္င္မယ့္ အေျခအေနမ်ဳိးကို ေတြ႔ရပါတယ္။ ေနာက္တဘက္က Facebook အပါအဝင္၊ လူမႈ႔ကြန္ရက္စာမ်က္ႏွာေတြကေန ေျမျပင္မွာျဖစ္တဲ့ အေျခအေနေတြကို အခ်ိန္္နဲ႔တေျပညီ သူက ဖြင့္ခ်ႏို္င္တဲ့ အခြင့္အလမ္းက ရိွေနတဲ့အခါၾကေတာ့ ဒီလိုအေျခအေနကလဲ လႊမ္းမိုးမႈေတြကို ထိန္းေၾကာင္းႏိုင္တဲ့ အေနအထားမ်ဳိး ေတြ႔ရပါတယ္။

ေမး ။ ။ ေနာက္ဆံုး ဒီလာမယ့္ ေရြးေကာက္ပြဲဟာ လြတ္လပ္ၿပီး တရားမွ်တေသာ ျပည္သူလူထုဆႏၵအမွန္ကို ရယူႏိုင္တဲ့ ေရြးေကာက္ပြဲ ျဖစ္မယ္ ထင္ပါသလား။

ေျဖ ။ ။ တကယ္ တရားမွ်တၿပီးေတာ့ တိုင္းရင္းသားျပည္သူလူထု အမ်ားစုရဲ ႔ ဆႏၵသေဘာထားနဲ႔ ကိုက္ညီတဲ့ ရလဒ္ကို ေဖာ္ေဆာင္ေပးႏိုင္မယ့္ ေရြးေကာက္ပြဲတရပ္ ျဖစ္လာလိမ့္မယ္လို႔ အျပည့္အဝ ယံုၾကည္ပါတယ္။


==Unicode==

နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မယ့် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲဟာ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးရဲ့ သဘောထားကို ထင်ဟပ်စေမယ့် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ဖြစ်မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က ဆိုပါတယ်။ ဒါဖြင့်ရင် ခိုင်လုံစိတ်ချရတဲ့ အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်ပါ့မလားဆိုတာကို စိုးရိမ်ဖွယ် တစုံတရာ မရှိတော့ဘူးလား။ သတိထားစောင့်ကြည့်ရမယ့် ကိစ္စတွေကော ဘာတွေလဲ။ ဒေါက်တာရန်မျိုးသိမ်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီရွေးကောက်ပွဲအတွက် အဓိက စိုးရိမ်စရာအချက်တွေက ဘာလဲဆိုတာကို ဒေါက်တာရန်မျိုးသိမ်းက အခုလို စဖြေပါတယ်။

ဖြေ ။ ။ အဓိက စိုးရိမ်စရာအချက်ကတော့ မဲလာပေးတဲ့လူ ရာခိုင်နှုန်း နည်းပါးမယ့်ကိစ္စပါ။ လက်ရှိအခြေအနေအရတော့ ရွေးကောက်ပွဲပေါ်မှာ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက အတန်အသင့် မြှင့်တက်လာတယ်လို့ မြင်ရပါတယ်။ အဲဒီတော့ လာမယ့်ရွေးကောက်ပွဲမှာ တကယ်လို့ မဲပေးတဲ့သူ ရာခိုင်နှုန်း ကျဆင်းမယ်ဆိုရင် ဒါဟာ ရွေးကောက်ပွဲပေါ်မှာ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းလာတယ်လို့ မှတ်ယူလို့ရလို၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲပေါ်မှာ လူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ကျဆင်းတယ်ဆိုတဲ့ သဘောမျိုးအထိ ကောက်ချက်ပြုနိုင်တာမို့ ဒီအချက်ဟာ အရေးကြီးတယ်။ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုနဲ့ ပြည်သူလူထု မဲပေးမှု ပိုများလာအောင် အဓိက စည်းရုံးလှုံဆော်ဆောင်ရွက်ဖို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။

မေး ။ ။ အဲဒီလို ရွေးကောက်ပွဲကော်မရှင်က စည်းရုံးရမယ့်အပြင် အရွေးခံမယ့် နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဘယ်လောက်အထိ ထိတွေ့စည်းရုံးလှုံဆော်နိုင်တဲ့ အခြေအနေ ရှိပါသလား။ အဲဒါကို အဟန့်အတား တစုံတရာ ဖြစ်လာနိုင်တယ်လို့ ထင်ပါသလား။

ဖြေ ။ ။ မဲဆွယ်စည်းရုံးရေးကာလက စက်တင်ဘာလ (၈) ရက်နေ့လောက်မှ စမယ်လို့ မှန်းပါတယ်။ သုံးပတ်လောက်ပဲ လိုတော့တဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီတော့ အဲဒီမတိုင်ခင်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကိုဗစ် (၁၉) အခြေအနေမှာ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဲဆွယ်စည်းရုံးရေးကိုတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။

မေး ။ ။ ဒီမှာ ကျနော် ကြားဖြတ်မေးချင်တာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်နိုင်မယ်လို့ ဆိုပေမယ့် တချို့စိုးရိမ်နေကြတာက အများပြည်သူတွေ အားလုံးကို လက်လှမ်းမီနေမယ့် ရုပ်မြင်သံကြားက အခါတိုင်း ပါတီတွေကို အလှည့်ကျ မဲဆွယ်ခွင့်ပေးတဲ့နေရာမှာ သူတို့ပြောချင်တာ ပြောလို့မရဘူး။ သူတို့က ခွင့်ပြုချက်တင်ပြပြီးမှ အဲဒါကို ဖတ်ရမယ်လို့ ပြောထားတဲ့ကိစ္စကို တချို့က စိုးရိမ်နေကြပါတယ်။ အဲဒါကော ဘယ်လောက်အထိ အကန့်အသတ် ဖြစ်သွားနိုင်ပါသလဲ။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ ရုပ်မြင်သံကြားကနေ မဲဆွယ်စည်းရုံးတဲ့အပိုင်းမှာတော့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြောဆိုရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အတန်အသင့် ကန့်သတ်မှုတွေ ထိန်းချုပ်မှုတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော်လဲ လက်ရှိအခြေအနေမှာ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေမှာ အင်မတန်မှ အရေးပါတဲ့ Platform တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ လူမှု့ကွန်ရက်စာမျက်နှာပါ - Facebook ကနေတဆင့် ပြည်သူလူထုကို တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ကိုယ့်ပါတီရဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အလျင်အမြန် စည်းရုံးလှုံဆော်နိုင်တဲ့ အခွင့်အလမ်းကလည်း ရှိနေပါတယ်။ အဲဒီအခါကြတော့ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီးတော့ ထိထိရောက်ရောက်နဲ့ အသုံးချနိုင်ဖို့ အရေးကြီးတယ်လို့တော့ ကျနော်က မြင်ပါတယ်။

မေး ။ ။ အဲဒီ Online စည်းရုံးရေးနဲ့ ပတ်သက်လို့ကော ဆင်ဆာလုပ်တာတွေ၊ ခွင့်ပြုချက်တောင်းခံရမယ့် ကိစ္စတွေ၊ ဟန့်တားပိတ်ပင်မှုတွေ မရှိနိုင်ဘူးလား။

ဖြေ ။ ။ Online စည်းရုံးရေးနဲ့ ပတ်သက်ရင်တော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမယ်ဆိုလို့ရှိရင်တော့ ကန့်သတ်ချုပ်ချယ်မှု တားမြစ်မှု မရှိနိုင်ဘူးလို့တော့ ကျနော် မြင်ပါတယ်။

မေး ။ ။ အဲဒါက အမုန်းစကားတွေ၊ သွေးထိုးလှုံဆော်မှုတွေ ဘယ်လိုဟာမျိုးတွေလို့ ဆရာ ထင်ပါသလဲ။

ဖြေ ။ ။ အဓိကတော့ လူမျိုးရေးပတ်သက်တာ၊ ဘာသာရေးနဲ့ ပတ်သက်တာ၊ နောက်ပြီးတော့ တဘက်နဲ့တဘက် ယုံကြည်မှု တည်ဆောက်ရေး၊ သင့်မြတ်ရေး၊ အဲဒါတွေကို အနှောင့်အယှက်၊ အဟန့်အတား ဖြစ်စေမယ့် နားလည်မှုလွဲစေမယ့်၊ အထင်အမြင် မှားစေမယ့်၊ ပြောဆိုစည်းရုံးမှုမျိုးတွေကိုတော့ အတိုင်းအတာတခုအထိ ကန့်သတ်တာမျိုး၊ ထိန်းချုပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ သို့သော်လဲပဲ ဒီ Facebook လူမှု့ကွန်ရက်စာမျက်နှာကနေပြီးတော့ မဲဆွယ်စည်းရုံးတဲ့အပိုင်းကတော့ လက်ရှိအခြေအနေမှာ တော်တော်လေးကို ထိထိရောက်ရောက်နဲ့ အလားအလာကောင်းကောင်း ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ်လို့ ကျနော်က သုံးသပ်ပါတယ်။

မေး ။ ။ တချို့သုံးသပ်တဲ့လူတွေကတော့ နိုင်ငံတကာမှာ အသွင်ကူးပြောင်းစ နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ ပြည်ပရဲ့ အထောက်အပံ့ခံ နိုင်ငံရေးအင်အားစုတွေ၊ ပြည်ပက သူတို့အကျိုးစီးပွားအတွက် ထောက်ပံ့ပေးပြီးတော့ လုပ်ယူတဲ့ အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာကိုလဲ အတားအဆီးတခုအဖြစ်နဲ့ ထည့်သွင်းဖော်ပြကြတယ်။ ဆိုတော့ မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကော နိုင်ငံရေးအင်အားစုတွေဟာ ပြည်ပသြဇာ ဘယ်လောက် ကင်းမဲ့ရမယ်ဆိုတဲ့ဟာကို ပွင့်လင်းမြင်သာစွာ စစ်ဆေးနိုင်မည့် နည်းလမ်းတွေ ရှိပါသလား။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ အတိုင်းအတာတခုအထိ စစ်ဆေးနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ သို့သော်လဲပဲ ပြည်ပရဲ့ အထောက်အပံ့နဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်တဲ့အပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနိုင်တယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။ နောက်တချက်က ရွေးကောက်ပွဲမှာ ပြည်နယ်မဲဆန္ဒနယ်မြေမှာ အထူးသဖြင့်တော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားပါတီတွေရဲ့ အခွင့်အလမ်းက ပိုပြီးတော့ မြင့်မားမယ်လို့ မြင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲထက်ကို တိုင်းရင်းသားပါတီတွေဟာ ပိုပြီးတော့ နေရာများများ အနိုင်ရဖို့ အလားအလာဟာ မြင့်သထက်မြင့်လာနေတယ်လို့တော့ သုံးသပ်ပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီလို မြင့်လာနိုင်တဲ့ တိုင်းရင်းသားပါတီတွေကို တစုံတရာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေအရသော်လည်းကောင်း၊ အာဏာရှိတဲ့လူတွေကသော်လည်းကောင်း ဖိအားပေး၊ ဟန့်တားတာ၊ ပိတ်ပင်တာမျိုး ဖြစ်နိုင်တဲ့ စိုးရိမ်စရာကော ရှိနေပါသလား။

ဖြေ ။ ။ ရွေးကောက်ပွဲအလွန်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စွပ်စွဲပြစ်တင်မှုတွေ၊ Complaint လုပ်မှုတွေမှာတော့ ကျနော့်အမြင်အားဖြင့်တော့ တော်တော်လေးကို သတိထားပြီးတော့ ဆောင်ရွက်ရမယ့် အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကတည်းကိုက တိုင်းရင်းသားနိုင်ငံရေးပါတီတွေအပါအဝင် နိုင်ငံရေးပါတီတွေအားလုံး သူတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အခုနသတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဲဆွယ်စည်းရုံးရေးကို လုပ်နိုင်ဖို့ အတော်လေးကို အလေးထားဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

မေး ။ ။ နောက်တခုက တိုင်းရင်းသားဒေသတွေ အထူးသဖြင့် ငြိမ်းချမ်းရေး မရသေးတဲ့နေရာ၊ ငြိမ်းချမ်းရေးတပိုင်းတစနေရာလို့ နှစ်မျိုးခွဲပြောရမှာပေါ့။ အဲဒီနေရာတွေမှာကော လက်နက်အင်အားကို အသုံးပြုပြီးတော့ မဲရအောင် ကြိုးပမ်းမှုတို့၊ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးမှုတို့။ ဟိုဘက်က နိုင်နိုင်တဲ့အခြေအနေ မရှိဘူးဆိုရင် နှောင့်ယှက်ဖျက်ဆီးတာတို့၊ အဲဒါတွေအတွက် စိုးရိမ်ဖို့ လိုပါသလား။

ဖြေ ။ ။ ငြိမ်းချမ်းရေးကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် အားလုံးက လိုလားကြတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။ အဲဒီအပြင် သက်ဆိုင်ရာ ပြည်နယ်အချို့မှာ ရှိနေတဲ့ ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေကလည်း ရွေးကောက်ပွဲ အောင်မြင်အထမြောက်ရေးအတွက်ကို ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ သို့သော်လဲ အချို့သော ပြည်နယ်တွေမှာ စိုးရိမ်မှု ရှိကြတာကတော့ ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုကို အကြောင်းပြုပြီးတော့ မဲရလဒ်ဟာ အပြောင်းအလဲ ရှိမလားဆိုတဲ့အပေါ်မှာ စိုးရိမ်မှုတွေတော့ ရှိနေပါတယ်။ သို့သော်လဲပဲ တနိုင်ငံလုံးနဲ့ ခြုံပြီးကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲကို လက်နက်ကိုင်ပြီး နှောင့်ယှက်ဖျက်ဆီးတာမျိုးတွေ၊ တားဆီးတာမျိုးတွေ၊ ဟန့်တားတာမျိုးတွေ၊ ဖိအားပေးတာမျိုးတွေကတော့ အတော်လေးကို နည်းလိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။

မေး ။ ။ နောက်တခု မေးချင်တာက ကျနော်တို့ရဲ့ မီဒီယာအပိုင်းပေါ့။ ကျနော် ရရှိထားတဲ့ သတင်းတွေအရ တချို့သြဇာကြီးတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ မီဒီယာမှာ လွှမ်းမိုးဖို့ ကြိုးပမ်းကြတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက မီဒီယာသမား တော်တော်များများကို ခေါ်ပြီးတော့ ဧည့်ခံကျွေးမွေးပြုစုတာတွေ လုပ်လာတယ်။ ဒါကို တရုတ်ဟာ မြန်မာနိုင်ငံ မီဒီယာလောကမှာ လွှမ်းမိုးဖို့ အားထုတ်နေတယ်လို့ တချို့က သုံးသပ်ကြပါတယ်။ အဲဒီတော့ တရုတ်က သူလိုလားတဲ့ ပါတီကို၊ သူလိုလားတဲ့ နိုင်ငံရေးအင်အားစုကို မဲအသာရအောင် မီဒီယာကတဆင့်ဝင်ပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ ကိစ္စမျိုးကို စိုးရိမ်မယ်ဆိုရင် အစိုးရိမ်လွန်းလွန်တယ်လို့ ပြောနိုင်မလား။

ဖြေ ။ ။ ဒီအချိန်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ နိုင်ငံကြီးတွေကဖြစ်ဖြစ်၊ နိုင်ငံရေးပါတီကြီးတွေကဖြစ်ဖြစ် မီဒီယာကို အသုံးချပြီးတော့ လာမယ့်ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုရအောင် ဆန္ဒမဲပိုရအောင် အားထုတ်လာနိုင်တာမျိုးတွေကတော့ ရှိနေတယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။ တဘက်က အရေးကြီးတာက အစိုးရအနေနဲ့ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းထုတ်ပြန်ပေးနိုင်ဖို့နဲ့ သတင်းရယူခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ဖို့က ဒီအခြေအနေတွေကို အတိုင်းအတာတခုအထိ တုန်ပြန်နိုင်ဖို့ အခွင့်အလမ်း ဖြစ်စေလိမ့်မယ်လို့ မြင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေကတော့ မီဒီယာကို အသုံးချနိုင်တယ်ပေါ့။ သူတို့ပါတီအင်အားကောင်းဖို့ သူတို့အုပ်စု အနိုင်ရရေးအတွက်။ ဒါပေမဲ့ ပြည်ပနိုင်ငံကြီးတခုခုက သူတို့သဘောကျတဲ့ပါတီကို အနိုင်ရအောင် မီဒီယာတွေကို ရေးခိုင်းတာမျိုး လော်ဆော်ပေးတာမျိုးကို ကျနော် အဓိကမေးချင်တာပါ။

ဖြေ ။ ။ ပြည်ပ အိမ်နီးချင်းနိုင်ငံပဲဖြစ်ဖြစ်၊ ဒေသတွင်း နိုင်ငံတွေပဲဖြစ်ဖြစ် ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားမှုကတော့ ၂၀၁၅ ထက် နှိုင်းစာရင် ဒီအချိန်မှာ ပိုပြီးတော့ မြင့်မားနေတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။ အဲဒီတော့ တဘက်က သူတို့ရဲ့ အကျိုးစီးပွားအတွက်ကို သတင်းမီဒီယာတွေကို သုံးပြီးတော့ သူတို့လိုလားတဲ့ပါတီအပေါ်မှာ စိတ်ဝင်စားမှု မြင့်တက်အောင်၊ အနိုင်ရအောင် လုပ်လာနိုင်တဲ့ ခြေလှမ်းတွေကတော့ ရှိကောင်းရှိလာနိုင်ပါတယ်။ သို့သော်လဲပဲ ကျနော်တို့ ပြည်တွင်းမီဒီယာကြီး တခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ရာခိုင်နှုန်းက သိပ်မများနိုင်ဘူးလို့ မြင်ပါတယ်။ တဘက်က ဒီအခြေအနေတွေကို ထိန်းကြောင်းနိုင်ဖို့အတွက်ကို ကျနော်တို့ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေလည်း သတင်းရယူဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးကို တွေ့ရပါတယ်။ နောက်တဘက်က Facebook အပါအဝင်၊ လူမှု့ကွန်ရက်စာမျက်နှာတွေကနေ မြေပြင်မှာဖြစ်တဲ့ အခြေအနေတွေကို အချိန်နဲ့တပြေညီ သူက ဖွင့်ချနိုင်တဲ့ အခွင့်အလမ်းက ရှိနေတဲ့အခါကြတော့ ဒီလိုအခြေအနေကလဲ လွှမ်းမိုးမှုတွေကို ထိန်းကြောင်းနိုင်တဲ့ အနေအထားမျိုး တွေ့ရပါတယ်။

မေး ။ ။ နောက်ဆုံး ဒီလာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတသော ပြည်သူလူထုဆန္ဒအမှန်ကို ရယူနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ် ထင်ပါသလား။

ဖြေ ။ ။ တကယ် တရားမျှတပြီးတော့ တိုင်းရင်းသားပြည်သူလူထု အများစုရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီတဲ့ ရလဒ်ကို ဖော်ဆောင်ပေးနိုင်မယ့် ရွေးကောက်ပွဲတရပ် ဖြစ်လာလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။

XS
SM
MD
LG