သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ခိုင္ျဖိဳး ၂၀၂၀ ေရြးေကာက္ပြဲမွာ ဘယ္ေလာက္ အႏုိင္ရႏုိင္ေျခ ရွိသလဲ


ေနျပည္ေတာ္မွာ က်င္းပတဲ့ ျပည္ခိုင္ၿဖိဳးပါတီ ပဥၥမအႀကိမ္ဗဟိုေကာ္မတီအစည္းအေ၀းကို တက္ေရာက္လာတဲ့ ပါတီေခါင္းေဆာင္ အၿငိမ္းစားဗိုလ္ခ်ဳပ္မ်ား (ဓါတ္ပံု- Union Solidarity and Development Party Facebook Page)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode
ျပည္ေထာင္စု ၾကံ့ခိုင္ေရးနဲ႔ ဖြံ႕ျဖိဳးေရးပါတီဟာ လာမယ့္ ၂၀၂၀ ႏို၀င္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြ ေရြးေကာက္ပြဲၾကီး အတြက္ ကိုယ္စားလွယ္ေလာင္း စာရင္းေတြ ေရြးေကာက္ပြဲ ေကာ္မရွင္ဆီ တင္သြင္းခဲ့ျပီး ျဖစ္သလို၊ အမ်ားျပည္သူ သိရွိႏိုင္ေအာင္လည္း ထုတ္ျပန္ေၾကျငာခဲ့ျပီျဖစ္ပါတယ္။ ထုတ္ျပန္ခ်က္အရ ျပည္သူ႔လႊတ္ေတာ္ အတြက္ ေနရာ ၃၂၀၊ အမ်ိဳးသားလႊတ္ေတာ္ အတြက္ ၁၆၅ ေနရာ၊ ျပည္နယ္နဲ႔တုိင္း လႊတ္ေတာ္ေတြ အတြက္ ကိုယ္စားလွယ္နဲ႔ လူမ်ိဳးစု ၀န္ၾကီးအတြက္ ၆၄၄ ေနရာ စုစုေပါင္း ၁၁၂၉ ေနရာမွာ ၀င္ျပိဳင္သြားမယ္လို႔ ဆုိပါတယ္။ ဒါဟာ မဲဆႏၵနယ္ေျမ စုစုေပါင္း ၁၁၄၃ ေနရာ ၀င္ျပိဳင္မယ္လို႔ ေၾကျငာထားတဲ့ အင္န္အယ္လ္ဒီ ပါတီထက္ အရည္အတြက္ နည္းနည္း နည္းေပမယ့္ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက ျပည္ခိုင္ျဖိဳး ၀င္ျပိဳင္ခဲ့တဲ့ မဲဆႏၵနယ္ေျမ စုစုေပါင္း ၁၁၂၂ ေနရာထက္ေတာ့ ပိုမ်ားပါတယ္။ ခုဆိုရင္ ျပည္ခိုင္ျဖိဳးဟာ အမတ္ေလာင္း စာရင္းေတြ ထုတ္ျပန္ထားရံုမက ျပည္သူေတြ အတြက္ အာမခံ ခ်က္လို႔ ဆိုတဲ့ အခ်က္(၁၀) ခ်က္ကိုလည္း ထုတ္ျပန္ေၾကညာ ထားျပီးပါျပီ။ ၂၀၁၅ ေရြးေကာက္ပြဲ ရလာဒ္အရ အင္န္အယ္လ္ဒီ ပါတီျပီးရင္ အမတ္အေရအတြက္ ဒုတိယ အမ်ားဆံုး အႏိုင္ရခဲ့တဲ့၊ တပ္မေတာ္ကေန ေပါက္ဖြားလာျပီး ျပည္ေထာင္စု လႊတ္ေတာ္ထဲ ေရာက္သြားရင္ တပ္မေတာ္သားကိုယ္စားလွယ္ေတြနဲ႔ ပူးေပါင္းမယ္လို႔ ယူဆရတဲ့ ျပည္ခိုင္ျဖိဳးပါတီ အေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲမွာ ဘယ္ေလာက္ အႏိုင္ရဖို႔ ရွိမလဲ ဆိုတဲ့ ကိစၥ စိတ္၀င္စားဖို႔ ေကာင္းပါတယ္။ ခုတစ္ပတ္ အဲဒီအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

အရင္ စစ္အာဏာရွင္ေတြဟာ ၂၀၀၈ ဖြဲ႕စည္းပံုကို စိတ္ၾကိဳက္ေရးဆြဲျပီး စစ္ဗိုလ္ခ်ဳပ္ၾကီးေတြ တစ္ဆက္ျပီး တစ္ဆက္ တုိင္းျပည္ကို အုပ္ခ်ဳပ္ႏိုင္ေအာင္ စီမံေပးသြားခဲ့ပါတယ္။ စစ္အာဏာရွင္ေတြ လက္ထက္က တပ္မေတာ္သားေတြေရာ၊ အစိုးရ၀န္ထမ္းေတြပါ မ၀င္မေနရ ၀င္ခဲ့ၾကရတဲ့ ျပည္ခိုင္ျဖိဳး အသင္းၾကီးကို ၂၀၁၀ ေရြးေကာက္ပြဲ အၾကိဳကာလမွာ ျပည္ခိုင္ျဖိဳးပါတီ အျဖစ္ ဖြဲ႕စည္းေပးခဲ့ျပီး အေဆာက္အဦ၊ ဘ႑ာေငြနဲ႔ ရင္းျမစ္ေတြ အားလံုးပါ လဲႊေျပာင္းေပးအပ္ခဲ့ပါတယ္။ အားလံုးသိၾကီျဖစ္တဲ့အတုိင္း ပါတီကို ဦးေဆာင္သူေတြဟာ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြပါ။ အင္န္အယ္လ္ဒီ အပါအ၀င္ စစ္အစိုးရကို အတုိက္အခံ လုပ္ခဲ့တဲ့ တုိင္းရင္းသားပါတီေတြ ၀င္ျပိဳင္လို႔ မရေအာင္ လုပ္ျပီးမွ က်င္းပခဲ့တဲ့ ၂၀၁၀ ေရြးေကာက္ပြဲမွာ ျပည္ခိုင္ျဖိဳးပါတီဟာ မဲဆႏၵနယ္ ၁၁၅၄ ေနရာထဲမွာ ၈၈၂ ေနရာနဲ႔ အျပတ္အသတ္ အႏုိင္ရ၊ သမၼတ တင္ႏုိင္၊ အစိုးရ ဖြဲ႕ႏုိင္ခဲ့ပါတယ္။ ေရြးေကာက္ပြဲ က်င္းပတဲ့ မဲဆႏၵနယ္ေျမ စုစုေပါင္းရဲ႕ ၇၆% အႏုိင္ရခဲ့တာပါ။

အင္န္အယ္လ္ဒီ အပါအ၀င္ စစ္အစိုးရကို အတုိက္အခံ လုပ္ခဲ့တဲ့ တုိင္းရင္းသားပါတီေတြပါ ၀င္ျပိဳင္တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာေတာ့ အင္န္အယ္လ္ဒီက ေသာင္ျပိဳကမ္းျပိဳႏိုင္၊ ျပည္ခိုင္ျဖိဳးကေတာ့ အမတ္ေနရာ ၁၁၇ ေနရာနဲ႔ ၁၀ ရာခုိင္ႏွဳန္းေလာက္ပဲ အႏိုင္ရပါေတာ့တယ္။ ဒီအခါ အရင္ စစ္အာဏာရွင္ေတြ စီမံေပးခဲ့တဲ့ ျပည္ခုိင္ျဖိဳးပါတီ အမတ္ေတြနဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔အပ္တဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ေတြေပါင္းျပီး သမၼတေရြး၊ အစိုးရ ဖြဲ႕ႏိုင္မယ့္ ရည္မွန္းခ်က္ ပ်က္ျပယ္သြားပါေတာ့တယ္။ အဓိပၸါယ္ကေတာ့ စစ္အာဏာရွင္ေတြ ေမ်ွာ္မွန္းခဲ့တဲ့ စစ္ဘုရင္မင္းဆက္ တည္ေဆာက္ေရး စီမံကိန္းဟာ ၅ ႏွစ္ေလာက္ပဲ ခံျပီး က်ရွံဳးသြားတဲ့ သေဘာပါ။

ေရြးေကာက္ပြဲျပီးေနာက္ပိုင္း သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရလက္ထက္ ၀န္ၾကီးေဟာင္း တစ္ခ်ိဳ႕ရဲ႕ ေျပာျပခ်က္အရ သူတုိ႔ ထင္ထားၾကတာက ေရြးေကာက္ပြဲမွာ သူတုိ႔ အင္န္အယ္လ္ဒီ ကို ရွံဳးမယ္ ဆုိတာကိုေတာ့ သိတယ္၊ ဒါေပမယ့္ အင္န္အယ္လ္ဒီ က အမတ္အေရအတြက္ ၅၀% ေက်ာ္ရျပီး သူတုိ႔က သံုးပံုတစ္ပံုေလာက္ေတာ့ ရႏုိင္တယ္။ ဒီအခါ လႊတ္ေတာ္ထဲ ေရာက္သြားရင္ တပ္မေတာ္သား ကိုယ္စားလွယ္ေတြနဲ႔ ေပါင္းျပီး သမၼတ ေရြးႏိုင္၊ အစိုးရဖြဲ႕ႏုိင္လိမ့္မယ္ လို႔ ယံုၾကည္ထားခဲ့ၾကတာပါ။ ဒါေပမယ့္ သူတုိ႔ ထင္ထားသလို မဟုတ္ပဲ ၀က္၀က္ကြဲေအာင္ရွံုးျပီး အတိုက္အခံ ဘ၀ ေရာက္သြားခဲ့ၾကပါတယ္။

အခုေရြးေကာက္ပြဲမွာေတာ့ ျပည္ခုိင္ျဖိဳး ေခါင္းေဆာင္ေတြ အရင္လို မေမွ်ာ္မွန္းေတာ့ပါဘူး။ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္ စီနီယာ ၀န္ၾကီးလည္းျဖစ္၊ လက္ရွိ အမ်ိဳးသားလႊတ္ေတာ္ အမတ္လည္း ျဖစ္ေနေသးတဲ့ ေရတပ္ ဦးစီးခ်ဳပ္ေဟာင္း ဦးစိုးသိန္းက သူတုိ႔ပါတီ ၂၀၁၅တုန္းက ျပည္ေထာင္စု အဆင့္အတြက္ ၄၁ ေနရာပဲ ႏိုင္ခဲ့တယ္၊ အခုေရြးေကာက္ပြဲမွာေတာ့ ျပည္ေထာင္စု အဆင့္ အမတ္ေနရာ ၁၀၀ ေလာက္ အႏုိင္ရဖို႔ ရည္မွန္းထားတယ္လို႔ VOA ကို ေျပာထားပါတယ္။ အဓိပၸါယ္ကေတာ့ ျပည္ခုိင္ျဖိဳးဘက္က အမတ္ေနရာ ၁၀၀ ေလာက္ႏုိင္၊ လႊတ္ေတာ္ထဲ ေရာက္ေနတဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ ၁၆၆ ေယာက္နဲ႔ေပါင္း၊ သမၼတ ေရြးႏုိင္ဖို႔၊ အစိုးရ ဖြဲ႕ႏိုင္ဖို႔ လိုေနေသးတဲ့ ေနာက္ထပ္ ေနရာ ၆၀-၇၀ေလာက္အတြက္ တုိင္းရင္းပါတီ ေတြနဲ႔ မဟာမိတ္ဖြဲ႕ဖို႔ ေမွ်ာ္မွန္းထားတာ ေတြ႕ရပါတယ္။ ဒီရည္မွန္းခ်က္ ျပည့္မီပါ့မလား ဆက္ျပီး ေလ့လာၾကည့္ၾကရေအာင္ပါ။

ျပည္ခုိင္ျဖိဳးပါတီကို ျပည္သူေတြ မၾကိဳက္လို႔ မဲမေပးၾကတဲ့အထဲမွာ တပ္မေတာ္က ေပါက္ဖြားလာမွဳ၊ နီးစပ္မွဳနဲ႔ မဟာမိတ္ဖြဲ႕မွဳေတြေၾကာင့္ ျဖစ္ပါတယ္။ ဒီအခ်က္ကို လက္ရွိ ျပည္ခုိင္ျဖိဳးေခါင္းေဆာင္္ေတြေရာ၊ တပ္မေတာ္ ေခါင္းေဆာင္ေတြကပါ သိၾကပါတယ္။ ဒါေၾကာင့္ လက္ရွိ ေရြးေကာက္ပြဲ၀င္မယ့္ ျပည္ခုိင္ျဖိဳးကို တပ္မေတာ္နဲ႔ သိပ္ျပီး မဆက္စပ္တဲ့ ပါတီအျဖစ္ ပံုေဖာ္ဖို႔ ၾကိဳးစားတာ ေတြ႕ရပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက ျပည္ခိုင္ျဖိဳးပါတီကေန အမတ္ေလာင္းအျဖစ္ ၀င္ေရာက္ယွဥ္ျပိဳင္ဖို႔ တပ္မေတာ္သား အေယာက္ ၁၄၀ ရဲ႕ စာရင္း ေပးပုိ႔ခဲ့ေပမယ့္ ျပည္ခုိင္ျဖိဳးပါတီ ယာယီဥကၠဌ သူရဦးေရႊမန္းက ၅၉ ေယာက္ကိုပဲ လက္ခံ ယွဥ္ျပိဳင္ေစခဲ့တဲ့ သမိုင္းေၾကာင္းရွိခဲ့ပါတယ္။ အခု တစ္ေခါက္ေတာ့ အဲလို ေရြးေကာက္ပြဲနီးမွ တစ္ျပိဳင္နက္တည္း တပ္ဘက္ကေန အလံုးအရင္းနဲ႔ ၀င္လာေတာ့ မရွိဘူး၊ ဒါေပမယ့္ အျငိမ္းစားယူျပီး ၀င္လာသူေတြေတာ့ ရွိတယ္ ဆိုျပီး ျပည္ခုိင္ျဖိဳး ေျပာေရးဆုိခြင့္ ရွိသူေတြက ေျပာၾကပါတယ္။

ဒါေပမယ့္လည္း အခုေနာက္ဆံုး ျပည္ခိုင္ျဖိဳးက ထုတ္ျပန္လိုက္တဲ့ Brighter Future “ ပိုမို ေတာက္ပေသာ အနာဂတ္” ဆိုတဲ့ ပိုစတာမွာ ျပည္ခိုင္ျဖိဳးဥကၠဌ အျငိမ္းစား ဗိုလ္မွဴးခ်ဳပ္ ဦးသန္းေဌး၊ စီမံဘ႑ာ ျပည္ေထာင္စု ၀န္ၾကီး တာ၀န္ယူခဲ့သူ အျငိမ္းစား ဗိုလ္ခ်ဳပ္လွထြန္း၊ ဆက္သြယ္ေရး ျပည္ေထာင္စု ၀န္ၾကီး တာ၀န္ယူခဲ့သူ အျငိမ္းစား ေလတပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ၾကီး ျမတ္ဟိန္း၊ အျငိမ္းစား ရဲမွဴးခ်ဳပ္ ခင္ရီ၊ အျငိမ္းစား ဒုဗိုလ္ခ်ဳပ္ၾကီး သက္ႏုိင္၀င္း တိုရဲ႕ ပံုေတြ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ေရြးေကာက္ပြဲ ၀င္မယ့္ စာရင္းမွာလည္း စစ္ဗိုလ္ခ်ဳပ္ေဟာင္း အမ်ားၾကီးပါေနတာမို႔ ျပည္ခုိင္ျဖိဳးပါတီဟာ တပ္မေတာ္နဲ႔ သိပ္မပတ္သက္ပါဘူး ဆုိတဲ့ ပံုရိပ္ ရေအာင္ၾကိဳးစားမွဳ ေအာင္ျမင္မယ့္ အလားအလာ မေတြ႕ရပါဘူး။

ျပည္ခုိင္ျဖိဳးရဲ႕ မဲဆြယ္ စည္းရံုးေရး ကတိက၀တ္ (၁၀) ခ်က္ကို ၾကည့္ျပန္ေတာ့လည္း ျပည္နယ္နဲ႔ တုိင္း၀န္ၾကီးခ်ဳပ္ေတြကို သက္ဆုိင္ရာ ျပည္နယ္နဲ႔ တုိင္း လႊတ္ေတာ္ေတြကပဲ ေရြးခ်ယ္ႏုိင္ေအာင္ ပုဒ္မ ၂၆၁ ျပင္ေပးမယ္ဆိုတဲ့ တစ္ခ်က္ေလာက္ပဲ ထူးထူးျခားျခား ပါ၀င္တာ ေတြ႕ရပါတယ္။ ျပည္သူေတြ ေမွ်ာ္လင့္ေနတဲ့ အဂတိလိုက္စားမွဳ တိုက္ဖ်က္ေပးဖို႔ ကိစၥ၊ ႏုိင္ငံေရးမွာ တပ္မေတာ္က ပါ၀င္ေနမွဳ ေလ်ာ့ခ်ဖို႔ ဖြဲ႕စည္းပံု ျပင္ေပးမယ့္ ကိစၥမ်ိဳးေတြ ပါမလာတာေၾကာင့္ မဲဆႏၵရွင္ေတြကို သိပ္ျပီး ဆြဲေဆာင္ႏိုင္လိမ့္မယ္လို႔ မေမွ်ာ္လင့္ႏိုင္ပါဘူး။ ဒါ့အျပင္ တပ္တြင္းမဲရံုေတြကို အျပင္ထုတ္ျပီး မဲေပးေစမယ့္ ကိစၥ၊ ၾကိဳတင္မဲေတြကို စနစ္တက် လုပ္ေတာ့မယ့္ ကိစၥ၊ PNO လို ပအိုင္း ပါတီလိုမ်ိဳးက လက္တြဲျဖဳတ္သြားတဲ့ ကိစၥ၊ မဲေပးသူ လူ ၁၀၀၀ ေက်ာ္ေလာက္ပဲ ရွိတဲ့ ရန္ကုန္တိုင္းက ဆိပ္ကမ္းျမိဳ႕နယ္ မဲဆႏၵနယ္ကို ဖ်က္သိမ္းလိုက္တဲ့ ကိစၥ၊ ဗိုလ္ခ်ဳပ္ၾကီးေဟာင္း သူရဦးေရႊမန္းရဲ႕ ပါတီကလည္း နယ္ေျမ ၉၀၀ ေက်ာ္မွာ ေရြးေကာက္ပြဲ ၀င္တဲ့ ကိစၥ၊ စတာေတြကလည္း ျပည္ခိုင္ျဖိဳးပါတီ အတြက္ မဲရရွိမွဳ နည္းသြားေစမယ့္ အခ်က္ေတြ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ ျပည္ခိုင္ျဖိဳးပါတီ အေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲမွာ ၂၀၁၅ တုန္းက ရခဲ့တဲ့ ၄၁ ေနရာရဲ႕ ၂ဆခြဲ ျဖစ္တဲ့ ေနရာ ၁၀၀ ေလာက္ အႏုိင္ရေရး လြယ္ကူမွာ မဟုတ္သလို၊ ခက္ခက္ခဲခဲ ျပိဳင္ဆုိင္ ၾကိဳးစားဖုိ႔သာ ရွိေၾကာင္းပါ။

------------------------

Unicode


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီး အတွက် ကိုယ်စားလှယ်လောင်း စာရင်းတွေ ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်သွင်းခဲ့ပြီး ဖြစ်သလို၊ အများပြည်သူ သိရှိနိုင်အောင်လည်း ထုတ်ပြန်ကြေငြာခဲ့ပြီဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော် အတွက် နေရာ ၃၂၀၊ အမျိုးသားလွှတ်တော် အတွက် ၁၆၅ နေရာ၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေ အတွက် ကိုယ်စားလှယ်နဲ့ လူမျိုးစု ဝန်ကြီးအတွက် ၆၄၄ နေရာ စုစုပေါင်း ၁၁၂၉ နေရာမှာ ဝင်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ဒါဟာ မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၁၄၃ နေရာ ဝင်ပြိုင်မယ်လို့ ကြေငြာထားတဲ့ အင်န်အယ်လ်ဒီ ပါတီထက် အရည်အတွက် နည်းနည်း နည်းပေမယ့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုး ဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၁၂၂ နေရာထက်တော့ ပိုများပါတယ်။ ခုဆိုရင် ပြည်ခိုင်ဖြိုးဟာ အမတ်လောင်း စာရင်းတွေ ထုတ်ပြန်ထားရုံမက ပြည်သူတွေ အတွက် အာမခံ ချက်လို့ ဆိုတဲ့ အချက်(၁၀) ချက်ကိုလည်း ထုတ်ပြန်ကြေညာ ထားပြီးပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်အရ အင်န်အယ်လ်ဒီ ပါတီပြီးရင် အမတ်အရေအတွက် ဒုတိယ အများဆုံး အနိုင်ရခဲ့တဲ့၊ တပ်မတော်ကနေ ပေါက်ဖွားလာပြီး ပြည်ထောင်စု လွှတ်တော်ထဲ ရောက်သွားရင် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းမယ်လို့ ယူဆရတဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လောက် အနိုင်ရဖို့ ရှိမလဲ ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

အရင် စစ်အာဏာရှင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို စိတ်ကြိုက်ရေးဆွဲပြီး စစ်ဗိုလ်ချုပ်ကြီးတွေ တစ်ဆက်ပြီး တစ်ဆက် တိုင်းပြည်ကို အုပ်ချုပ်နိုင်အောင် စီမံပေးသွားခဲ့ပါတယ်။ စစ်အာဏာရှင်တွေ လက်ထက်က တပ်မတော်သားတွေရော၊ အစိုးရဝန်ထမ်းတွေပါ မဝင်မနေရ ဝင်ခဲ့ကြရတဲ့ ပြည်ခိုင်ဖြိုး အသင်းကြီးကို ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလမှာ ပြည်ခိုင်ဖြိုးပါတီ အဖြစ် ဖွဲ့စည်းပေးခဲ့ပြီး အဆောက်အဦ၊ ဘဏ္ဍာငွေနဲ့ ရင်းမြစ်တွေ အားလုံးပါ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။ အားလုံးသိကြီဖြစ်တဲ့အတိုင်း ပါတီကို ဦးဆောင်သူတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေပါ။ အင်န်အယ်လ်ဒီ အပါအဝင် စစ်အစိုးရကို အတိုက်အခံ လုပ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေ ဝင်ပြိုင်လို့ မရအောင် လုပ်ပြီးမှ ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ မဲဆန္ဒနယ် ၁၁၅၄ နေရာထဲမှာ ၈၈၂ နေရာနဲ့ အပြတ်အသတ် အနိုင်ရ၊ သမ္မတ တင်နိုင်၊ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ်မြေ စုစုပေါင်းရဲ့ ၇၆% အနိုင်ရခဲ့တာပါ။

အင်န်အယ်လ်ဒီ အပါအဝင် စစ်အစိုးရကို အတိုက်အခံ လုပ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေပါ ဝင်ပြိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အင်န်အယ်လ်ဒီက သောင်ပြိုကမ်းပြိုနိုင်၊ ပြည်ခိုင်ဖြိုးကတော့ အမတ်နေရာ ၁၁၇ နေရာနဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ အနိုင်ရပါတော့တယ်။ ဒီအခါ အရင် စစ်အာဏာရှင်တွေ စီမံပေးခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အမတ်တွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေပေါင်းပြီး သမ္မတရွေး၊ အစိုးရ ဖွဲ့နိုင်မယ့် ရည်မှန်းချက် ပျက်ပြယ်သွားပါတော့တယ်။ အဓိပ္ပါယ်ကတော့ စစ်အာဏာရှင်တွေ မျှော်မှန်းခဲ့တဲ့ စစ်ဘုရင်မင်းဆက် တည်ဆောက်ရေး စီမံကိန်းဟာ ၅ နှစ်လောက်ပဲ ခံပြီး ကျရှုံးသွားတဲ့ သဘောပါ။

ရွေးကောက်ပွဲပြီးနောက်ပိုင်း သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ဝန်ကြီးဟောင်း တစ်ချို့ရဲ့ ပြောပြချက်အရ သူတို့ ထင်ထားကြတာက ရွေးကောက်ပွဲမှာ သူတို့ အင်န်အယ်လ်ဒီ ကို ရှုံးမယ် ဆိုတာကိုတော့ သိတယ်၊ ဒါပေမယ့် အင်န်အယ်လ်ဒီ က အမတ်အရေအတွက် ၅၀% ကျော်ရပြီး သူတို့က သုံးပုံတစ်ပုံလောက်တော့ ရနိုင်တယ်။ ဒီအခါ လွှတ်တော်ထဲ ရောက်သွားရင် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်လိမ့်မယ် လို့ ယုံကြည်ထားခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ ထင်ထားသလို မဟုတ်ပဲ ဝက်ဝက်ကွဲအောင်ရှုံးပြီး အတိုက်အခံ ဘ၀ ရောက်သွားခဲ့ကြပါတယ်။

အခုရွေးကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေ အရင်လို မမျှော်မှန်းတော့ပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စီနီယာ ဝန်ကြီးလည်းဖြစ်၊ လက်ရှိ အမျိုးသားလွှတ်တော် အမတ်လည်း ဖြစ်နေသေးတဲ့ ရေတပ် ဦးစီးချုပ်ဟောင်း ဦးစိုးသိန်းက သူတို့ပါတီ ၂၀၁၅တုန်းက ပြည်ထောင်စု အဆင့်အတွက် ၄၁ နေရာပဲ နိုင်ခဲ့တယ်၊ အခုရွေးကောက်ပွဲမှာတော့ ပြည်ထောင်စု အဆင့် အမတ်နေရာ ၁၀၀ လောက် အနိုင်ရဖို့ ရည်မှန်းထားတယ်လို့ VOA ကို ပြောထားပါတယ်။ အဓိပ္ပါယ်ကတော့ ပြည်ခိုင်ဖြိုးဘက်က အမတ်နေရာ ၁၀၀ လောက်နိုင်၊ လွှတ်တော်ထဲ ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ယောက်နဲ့ပေါင်း၊ သမ္မတ ရွေးနိုင်ဖို့၊ အစိုးရ ဖွဲ့နိုင်ဖို့ လိုနေသေးတဲ့ နောက်ထပ် နေရာ ၆၀-၇၀လောက်အတွက် တိုင်းရင်းပါတီ တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ မျှော်မှန်းထားတာ တွေ့ရပါတယ်။ ဒီရည်မှန်းချက် ပြည့်မီပါ့မလား ဆက်ပြီး လေ့လာကြည့်ကြရအောင်ပါ။

ပြည်ခိုင်ဖြိုးပါတီကို ပြည်သူတွေ မကြိုက်လို့ မဲမပေးကြတဲ့အထဲမှာ တပ်မတော်က ပေါက်ဖွားလာမှု၊ နီးစပ်မှုနဲ့ မဟာမိတ်ဖွဲ့မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီအချက်ကို လက်ရှိ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေရော၊ တပ်မတော် ခေါင်းဆောင်တွေကပါ သိကြပါတယ်။ ဒါကြောင့် လက်ရှိ ရွေးကောက်ပွဲဝင်မယ့် ပြည်ခိုင်ဖြိုးကို တပ်မတော်နဲ့ သိပ်ပြီး မဆက်စပ်တဲ့ ပါတီအဖြစ် ပုံဖော်ဖို့ ကြိုးစားတာ တွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီကနေ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တပ်မတော်သား အယောက် ၁၄၀ ရဲ့ စာရင်း ပေးပို့ခဲ့ပေမယ့် ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဌ သူရဦးရွှေမန်းက ၅၉ ယောက်ကိုပဲ လက်ခံ ယှဉ်ပြိုင်စေခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်။ အခု တစ်ခေါက်တော့ အဲလို ရွေးကောက်ပွဲနီးမှ တစ်ပြိုင်နက်တည်း တပ်ဘက်ကနေ အလုံးအရင်းနဲ့ ဝင်လာတော့ မရှိဘူး၊ ဒါပေမယ့် အငြိမ်းစားယူပြီး ဝင်လာသူတွေတော့ ရှိတယ် ဆိုပြီး ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့် ရှိသူတွေက ပြောကြပါတယ်။

ဒါပေမယ့်လည်း အခုနောက်ဆုံး ပြည်ခိုင်ဖြိုးက ထုတ်ပြန်လိုက်တဲ့ Brighter Future “ ပိုမို တောက်ပသော အနာဂတ်” ဆိုတဲ့ ပိုစတာမှာ ပြည်ခိုင်ဖြိုးဥက္ကဌ အငြိမ်းစား ဗိုလ်မှူးချုပ် ဦးသန်းဌေး၊ စီမံဘဏ္ဍာ ပြည်ထောင်စု ဝန်ကြီး တာဝန်ယူခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်လှထွန်း၊ ဆက်သွယ်ရေး ပြည်ထောင်စု ဝန်ကြီး တာဝန်ယူခဲ့သူ အငြိမ်းစား လေတပ် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ အငြိမ်းစား ရဲမှူးချုပ် ခင်ရီ၊ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း တိုရဲ့ ပုံတွေ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ဝင်မယ့် စာရင်းမှာလည်း စစ်ဗိုလ်ချုပ်ဟောင်း အများကြီးပါနေတာမို့ ပြည်ခိုင်ဖြိုးပါတီဟာ တပ်မတော်နဲ့ သိပ်မပတ်သက်ပါဘူး ဆိုတဲ့ ပုံရိပ် ရအောင်ကြိုးစားမှု အောင်မြင်မယ့် အလားအလာ မတွေ့ရပါဘူး။

ပြည်ခိုင်ဖြိုးရဲ့ မဲဆွယ် စည်းရုံးရေး ကတိကဝတ် (၁၀) ချက်ကို ကြည့်ပြန်တော့လည်း ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေကပဲ ရွေးချယ်နိုင်အောင် ပုဒ်မ ၂၆၁ ပြင်ပေးမယ်ဆိုတဲ့ တစ်ချက်လောက်ပဲ ထူးထူးခြားခြား ပါဝင်တာ တွေ့ရပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ပေးဖို့ ကိစ္စ၊ နိုင်ငံရေးမှာ တပ်မတော်က ပါဝင်နေမှု လျော့ချဖို့ ဖွဲ့စည်းပုံ ပြင်ပေးမယ့် ကိစ္စမျိုးတွေ ပါမလာတာကြောင့် မဲဆန္ဒရှင်တွေကို သိပ်ပြီး ဆွဲဆောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ဒါ့အပြင် တပ်တွင်းမဲရုံတွေကို အပြင်ထုတ်ပြီး မဲပေးစေမယ့် ကိစ္စ၊ ကြိုတင်မဲတွေကို စနစ်တကျ လုပ်တော့မယ့် ကိစ္စ၊ PNO လို ပအိုင်း ပါတီလိုမျိုးက လက်တွဲဖြုတ်သွားတဲ့ ကိစ္စ၊ မဲပေးသူ လူ ၁၀၀၀ ကျော်လောက်ပဲ ရှိတဲ့ ရန်ကုန်တိုင်းက ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်ကို ဖျက်သိမ်းလိုက်တဲ့ ကိစ္စ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ပါတီကလည်း နယ်မြေ ၉၀၀ ကျော်မှာ ရွေးကောက်ပွဲ ဝင်တဲ့ ကိစ္စ၊ စတာတွေကလည်း ပြည်ခိုင်ဖြိုးပါတီ အတွက် မဲရရှိမှု နည်းသွားစေမယ့် အချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ တုန်းက ရခဲ့တဲ့ ၄၁ နေရာရဲ့ ၂ဆခွဲ ဖြစ်တဲ့ နေရာ ၁၀၀ လောက် အနိုင်ရရေး လွယ်ကူမှာ မဟုတ်သလို၊ ခက်ခက်ခဲခဲ ပြိုင်ဆိုင် ကြိုးစားဖို့သာ ရှိကြောင်းပါ။

စည်သူအောင်မြင့်။

XS
SM
MD
LG