သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါကာလ လြတ္လပ္စြာလုပ္ကုိင္ခြင့္ေပးဖုိ႔ မီဒီယာေကာင္စီ ေတာင္းဆုိ


ရန္ကုန္တျမိဳ႕လံုး ေနအိမ္ေန ကန္႔သတ္္ခ်က္ထုတ္ျပန္ျပီး၊ ပထမဆံုးေန႔ေတြ႕ရသည့္ ရန္ကုန္ျမိဳ႕ သတင္းဓါတ္ပံုမ်ားျဖစ္ပါသည္။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကပ္ေရာဂါကာလ ျပည္သူေတြေနအိမ္ေတြထဲမွာပဲေနဖို႔ ထုတ္ျပန္တဲ့ အမိန႔္ေၾကညာခ်က္ထဲ ျပည္သူၾကား သတင္းစီးဆင္းမႈျမန္ဆန္ႏိုင္ေရး အေရးပါတဲ့အခန္းက႑ကပါဝင္တဲ့ သတင္းမီဒီယာလုပ္ငန္းေတြကို အျပင္ထြက္အလု ပ္လုပ္ကိုင္ခြင့္ တရားဝင္ထည့္သြင္းေပးဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ သက္ဆိုင္ရာဝန္ႀကီးဌာနေတြကို သတင္းမီဒီယာေကာင္စီ က ေတာင္းဆိုတဲ့အေၾကာင္း တင္ျပေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးပါမယ္။

ကိုကိုးကြၽန္းကလြဲလို႔ ရန္ကုန္တိုင္းတတိုင္းလုံးအတိုင္းအတာနဲ႔ ျပည္သူေတြ ေနအိမ္ထဲမွာပဲေနဖို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ Stay At Home အမိန႔္ထုတ္ျပန္ခ်က္ထဲ ဘဏ္လုပ္ငန္း၊ အစားအေသာက္နဲ႔ ေဆးဝါး ေရသန႔္ သားငါးအေအးခန္း စတဲ့ စက္႐ုံလုပ္ငန္းခြင္ေတြက တာဝန္ထမ္းေဆာင္သူမ်ားမွ အပဆိုၿပီး ျပည္သူၾကား ကပ္ေရာဂါကာလ မရွိမျဖစ္ အေရးႀကီးက႑က ပါဝင္တဲ့ သတင္းမီဒီယာလုပ္ငန္းကို ထည့္သြင္းေဖာ္ျပျခင္းမရွိတဲ့အေပၚ သတင္းမီဒီယာေကာင္စီဘက္က ထည့္သြင္းေပးဖို႔ ေတာင္းဆိုတာျဖစ္ပါတယ္။

(COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ က်န္းမာေရးဝန္ႀကီးဌာန၊ ျပန္ၾကားေရးဝန္ႀကီးဌာနေတြဆီကို အမိန႔္ထုတ္ျပန္ခ်က္ထဲ သတင္းလုပ္ငန္းေတြ တရားဝင္ ထည့္သြင္းေပးဖို႔ေတာင္းဆိုတာျဖစ္တယ္လို႔ ျမန္မာသတင္းမီဒီယာေကာင္စီ တြဲဘက္အတြင္းေရးမႉး-၁ ကိုျမင့္ေက်ာ္က ဗြီအိုေအကိုေျပာျပပါတယ္။

“ ျမန္မာႏိုင္ငံမွာ ပို တင္းက်ပ္လိုက္တဲ့ Stay Home ေပါ့။ အဲ့ဒီ့အမိန႔္ထဲမွာ လုပ္ကိုင္လို႔ရတဲ့ လုပ္ငန္းေတြထဲ မီဒီယာမပါဘူးဆိုတာ မျဖစ္သင့္ဘူးေပါ့ေနာ္။ မီဒီယာေတြက တခ်ိန္လုံး အျပင္ထြက္စရာမလိုေပမဲ့ လိုအပ္တဲ့အခါမွာ ထြက္ရတဲ့သြားရတဲ့ လုပ္ငန္းေတြရွိတယ္။ သြားရမယ့္ အတည္ျပဳရမယ့္ ကိစၥမ်ိဳးေတြရွိတယ္။ အဲ့လိုမ်ိဳးအျပင္ထြက္ရမယ့္ကိစၥမ်ိဳးမွာ သတင္းသမားေတြ အတြက္ အခုလိုမပါထားဘူးဆိုရင္ အဲ့တာက တရားမဝင္လုပ္တဲ့သေဘာမ်ိဳး ဥပေဒခ်ိဳးေဖာက္တဲ့ သေဘာမ်ိဳး သက္ေရာက္တယ္။ အဲ့လိုအေျခအေနမ်ိဳးေတာ့ မျဖစ္သင့္ဘူး။ ဥပေဒနဲ႔မညီတဲ့ သတင္းရယူမႈမ်ိဳး ဆိုတာျဖစ္လာရင္ ဒါက အားလုံးအတြက္ မေကာင္းဘူး။ ဒါေၾကာင့္ ရွင္းရွင္းလင္းလင္းရွိသင့္တယ္။ ဒါကိုျပန္ထုတ္ျပန္ေပးသင့္တယ္လို႔ ေကာင္စီအေနနဲ႔ သတင္းသမားေတြ တည္ဆဲဥပေဒေဘာင္အတြင္းကေန တရားဝင္လုပ္လို႔ရေအာင္ စာပို႔တဲ့သေဘာပါ။”

ကပ္ေရာဂါကာလျဖစ္ေနတာေရာ ေ႐ြးေကာက္ပြဲနီးကပ္လာခ်ိန္ လူထုၾကား ေကာလဟာလ သတင္းတု သတင္းမွားေတြ ရည္႐ြယ္ခ်က္ရွိရွိ ျဖန႔္ျဖဴးေနတာေတြလည္းရွိေနတဲ့အခ်ိန္မွာ ျပည္သူလူထု ေလ့လာဖတ္ရႈ႕ဆင္ျခင္သုံးသပ္ႏိုင္ေရး သတင္းစီးဆင္းမႈျမန္ဆန္ေအာင္ သတင္းမီဒီယာေတြ တရားဝင္လူထုၾကား အျပင္ထြက္သတင္းရယူခြင့္ေပးပါလို႔ သတင္းစာဆရာ အယ္ဒီတာဦးဇင္လင္းကလည္း တိုက္တြန္းပါတယ္။

“ အစိုးရအျမင္ကေတာ့သူတို႔အစိုးရပိုင္ သတင္းမီဒီယာေတြ သတင္းစာေတြက ထုတ္ျပန္ေပးေနရင္ လုံေလာက္ၿပီလို႔ သူတို႔က ထင္ေကာင္းထင္မွာေပါ့ေလ။ သို႔ေသာ္ သူတို႔လက္လွမ္းမမွီတဲ့ေထာင့္ေတြ ျပည္သူလူထုဒုကၡ အစိုးရသတင္းစာမွာ မပါတဲ့ တျခားထူးျခား အေရးႀကီးတဲ့ ထူးျခားသတင္းေတြ ရဖို႔လည္းလိုတာေပါ့။ သို႔ေသာ္လည္းပဲ အခုအစိုးရ ထုတ္ျပန္ခ်က္ထဲမွာ သတင္းေထာက္ေတြ အေနနဲ႔ ဘယ္လိုသြားလာ လုပ္ေဆာင္ခြင့္ရွိတယ္ဆိုတာမ်ိဳးဒီဟာက မပါဘူးေပါ့ ေျပာရလို႔ရွိရင္။ဆိုေတာ့ ေလာေလာဆယ္ ထုတ္ျပန္ထားတဲ့ ေၾကညာခ်က္အရဆိုရင္ေတာ့ သတင္းေထာက္ေတြ အိမ္ျပင္မထြက္ အလုပ္မလုပ္ရပဲ ကိုယ့္အိမ္ကိုယ္ ထိုင္ေနရမယ့္ သေဘာျဖစ္ေနတာေပါ့။ အခုက ေ႐ြးေကာက္ပြဲကာလ အေရးႀကီးေနတဲ့ အခ်ိန္လည္းျဖစ္တယ္။ ေ႐ြးေကာက္ပြဲ သတင္းေတြကိုလည္း အခ်ိန္နဲ႔ တေျပးညီ ယူၾကရဖို႔ရွိတယ္။ သတင္းစီးဆင္းမႈျမန္ဆန္ေအာင္ရယ္ ျပည္သူလူထု သိသင့္သိထိုက္တဲ့ သတင္းေတြ မွန္မွန္ကန္ကန္ ရရွိဖို႔အတြက္ရယ္ သတင္းေထာက္ေတြကို ကြင္းထဲမွာ အလုပ္လုပ္ခြင့္ေပးဖို႔ ေဆာင္ရန္-ေရွာင္ရန္ ျပန္ၾကားေရးက ထပ္ၿပီး ျဖည့္ရင္ျဖည့္ေပါ့။ ေနာက္တခုက ဒီအခ်ိန္ ဒီကာလမ်ိဳးမွာ သတင္းေထာက္ေတြက လူ႔အဖြဲ႕အစည္းရဲ႕ လိုအပ္ခ်က္ကိုRisk ယူၿပီးေတာ့ အလုပ္လုပ္ေနၾကရတာပါပဲ။ ဒါေၾကာင့္ ဝိုင္းဝန္းၿပီး လိုအပ္ခ်က္ေတြကိုျဖည့္ဆည္း သတင္းေထာက္ေတြကို သတင္းအလုပ္လုပ္ခြင့္ေပးဖို႔လိုတယ္လို႔ ဆရာတို႔ကေတာ့ အဲ့လိုယူဆပါတယ္။”

သတင္းမီဒီယာဌာနေတြနဲ႔ သတင္းသမားေတြဘက္ကလည္းဒီကိုဗစ္ကာလ သတင္းဘယ္လိုယူၾကမလဲ၊ ကိုဗစ္၁၉ မကူးစက္ရေအာင္ မိမိကိုယ္မိမိ ေရာ သတင္းေပးမယ့္သူ အဖြဲ႕အစည္းေတြမွာ ဒီကပ္ေရာဂါ မကူးစက္ရေအာင္ ဘယ္လို ကာကြယ္ၾကမလဲ ဆိုတဲ့ သတင္းေထာက္လက္စြဲေတြကို သတင္းမီဒီယာေကာင္စီက ျဖန႔္ျဖဴးေပးထားတယ္လို႔ ကိုျမင့္ေက်ာ္က ေျပာျပပါတယ္။

“ ကူးစက္ေရာဂါနဲ ႔ပတ္သက္ၿပီးေတာ့ သတင္းသမားေတြ ေဘးကင္းေရးကိုလည္း ဦးစားေပးစဥ္းစားသင့္ပါတယ္။ သတင္းသမားေတြ ကူးစက္ေရာဂါ ကူးစက္မခံရေရးကေတာ့ အဓိက နံပတ္တစ္ အေရးႀကီးဆုံးပါပဲ။ တိုက္ေတြမွာလည္း တာဝန္ရွိသလို သတင္းသမားတဦးခ်င္းစီ ကိုယ္တိုင္မွာလည္း ကိုယ့္ရဲ႕ေဘးကင္းေရးကို က်င့္သံုးဖို႔ ကိုယ္ကတာဝန္ရွိတယ္ေပါ့ေနာ္။ ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ သတင္းသမားေတြ ေဘးကင္းေရးလမ္းၫႊန္ဆိုၿပီး ၿပီးခဲ့တဲ့မတ္လကတည္းက ထုတ္ျပန္ထားတာရွိပါတယ္။ သတင္းသမားကလည္း တကယ့္ကိုအျပင္ထြက္ဖို႔ လိုအပ္တဲ့အေနအထားမ်ိဳးမွာမွ သြားဖို႔ သြားမယ္ဆိုရင္လည္း ဥပမာ ကြာရမ္တင္းစင္တာေတြမွာ သတင္းအတြက္ ဗီဒီယိုအတြက္ ဓာတ္ပုံအတြက္ေသာ္လည္းေကာင္း သြားတယ္ဆိုရင္ လိုအပ္တဲ့အကာကြယ္ပစၥည္းေတြ ျပည့္ျပည့္စုံစုံလုပ္ဖို႔လိုတယ္။ အဲ့တာကို တိုက္က သတင္းဌာနေတြဘက္ကလည္း ျဖည့္စည္းေပးဖို႔လိုတာေပါ့ေနာ္။ ေနာက္တခုက အဖြဲ႕အစည္းေတြဘက္က သတင္းစာရွင္းလင္းပြဲေတြ လူစုနဲ႔ မလုပ္သင့္ဘူး သတင္းသမားေတြကလည္း သတင္းစာရွင္းလင္းပြဲလို လူစုတဲ့ေနရာမ်ိဳးေတြ အခုလိုအေျခအေနမ်ိဳးမွာ မသြားသင့္ဘူးလို႔ျမင္ပါတယ္။”

ကမာၻ႔ကပ္ေရာဂါ ကိုဗစ္-၁၉ ကူးစက္ေရာဂါ ျဖစ္ပြားေနခ်ိန္ ကာလ သတင္းအလုပ္ႏွင့္ ဆက္စပ္သြားလာလုပ္ကိုင္ေနခ်ိန္ ကူးစက္ခံရတဲ့ သတင္းသမားေတြ ေနာက္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ကိုဗစ္ကူးစက္ခံရသူနဲ႔ ဆက္စက္ ထိေတြ႕မႈရွိလို႔ Home Quarantine - Facility Quarantine center ေတြမွာ သီးျခားခြဲေနထိုင္ေစၿပီး အသြားအလာ ကန္႔သတ္ျခင္းခံထားရတဲ့ သတင္းမီဒီယာသမား (၈၇)ဦးကို သတင္းမီဒီယာေကာင္စီဘက္က ေထာက္ပံ့ကူညီမႈေတြ လုပ္ေပးခဲ့ေပမဲ့ သတင္းသမားေတြအတြက္ အကူအညီေထာက္ပံ့ေပးႏုိင္တဲ့ ရံပံုေငြနည္းပါးလာလို႔ အကူအညီေပးေနတာေတြ ေခတၱရပ္နားမယ္လို႔ စက္တင္ဘာလ ၂၁ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ကပ္ေရာဂါကာလ စီးပြားေရးလုပ္ငန္းထိခိုက္မႈေတြထဲပံုႏွိပ္မီဒီယာလုပ္ငန္းတခ်ိဳ႕ေခတၱရပ္နားလိုက္ရတာ ဝန္ထမ္းအင္အားေလွ်ာ့ခ် လိုက္တာေတြရွိေနတဲ့အတြက္ သတင္းသမားေတြၾကံဳေနရတဲ့အခက္အခဲကို ေကာင္စီအပါအဝင္ သတင္းသမားေတြဘက္က တတ္နုိင္သေလာက္ ဝိုင္းဝန္းကူညီေပးေနၾကပါတယ္လို႔ သတင္းမီဒီယာအေရးေဆာင္ရြက္ေပးေနသူေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ကပ်ရောဂါကာလ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးဖို့ မီဒီယာကောင်စီ တောင်းဆို

(Unicode)

ကပ်ရောဂါကာလ ပြည်သူတွေနေအိမ်တွေထဲမှာပဲနေဖို့ ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်ထဲ ပြည်သူကြား သတင်းစီးဆင်းမှုမြန်ဆန်နိုင်ရေး အရေးပါတဲ့အခန်းကဏ္ဍကပါဝင်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို အပြင်ထွက်အလု ပ်လုပ်ကိုင်ခွင့် တရားဝင်ထည့်သွင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သတင်းမီဒီယာကောင်စီ က တောင်းဆိုတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

ကိုကိုးကျွန်းကလွဲလို့ ရန်ကုန်တိုင်းတတိုင်းလုံးအတိုင်းအတာနဲ့ ပြည်သူတွေ နေအိမ်ထဲမှာပဲနေဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ Stay At Home အမိန့်ထုတ်ပြန်ချက်ထဲ ဘဏ်လုပ်ငန်း၊ အစားအသောက်နဲ့ ဆေးဝါး ရေသန့် သားငါးအအေးခန်း စတဲ့ စက်ရုံလုပ်ငန်းခွင်တွေက တာဝန်ထမ်းဆောင်သူများမှ အပဆိုပြီး ပြည်သူကြား ကပ်ရောဂါကာလ မရှိမဖြစ် အရေးကြီးကဏ္ဍက ပါဝင်တဲ့ သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်းဖော်ပြခြင်းမရှိတဲ့အပေါ် သတင်းမီဒီယာကောင်စီဘက်က ထည့်သွင်းပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတွေဆီကို အမိန့်ထုတ်ပြန်ချက်ထဲ သတင်းလုပ်ငန်းတွေ တရားဝင် ထည့်သွင်းပေးဖို့တောင်းဆိုတာဖြစ်တယ်လို့ မြန်မာသတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး-၁ ကိုမြင့်ကျော်က ဗွီအိုအေကိုပြောပြပါတယ်။

“ မြန်မာနိုင်ငံမှာ ပို တင်းကျပ်လိုက်တဲ့ Stay Home ပေါ့။ အဲ့ဒီ့အမိန့်ထဲမှာ လုပ်ကိုင်လို့ရတဲ့ လုပ်ငန်းတွေထဲ မီဒီယာမပါဘူးဆိုတာ မဖြစ်သင့်ဘူးပေါ့နော်။ မီဒီယာတွေက တချိန်လုံး အပြင်ထွက်စရာမလိုပေမဲ့ လိုအပ်တဲ့အခါမှာ ထွက်ရတဲ့သွားရတဲ့ လုပ်ငန်းတွေရှိတယ်။ သွားရမယ့် အတည်ပြုရမယ့် ကိစ္စမျိုးတွေရှိတယ်။ အဲ့လိုမျိုးအပြင်ထွက်ရမယ့်ကိစ္စမျိုးမှာ သတင်းသမားတွေ အတွက် အခုလိုမပါထားဘူးဆိုရင် အဲ့တာက တရားမဝင်လုပ်တဲ့သဘောမျိုး ဥပဒေချိုးဖောက်တဲ့ သဘောမျိုး သက်ရောက်တယ်။ အဲ့လိုအခြေအနေမျိုးတော့ မဖြစ်သင့်ဘူး။ ဥပဒေနဲ့မညီတဲ့ သတင်းရယူမှုမျိုး ဆိုတာဖြစ်လာရင် ဒါက အားလုံးအတွက် မကောင်းဘူး။ ဒါကြောင့် ရှင်းရှင်းလင်းလင်းရှိသင့်တယ်။ ဒါကိုပြန်ထုတ်ပြန်ပေးသင့်တယ်လို့ ကောင်စီအနေနဲ့ သတင်းသမားတွေ တည်ဆဲဥပဒေဘောင်အတွင်းကနေ တရားဝင်လုပ်လို့ရအောင် စာပို့တဲ့သဘောပါ။”

ကပ်ရောဂါကာလဖြစ်နေတာရော ရွေးကောက်ပွဲနီးကပ်လာချိန် လူထုကြား ကောလဟာလ သတင်းတု သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးနေတာတွေလည်းရှိနေတဲ့အချိန်မှာ ပြည်သူလူထု လေ့လာဖတ်ရှု့ဆင်ခြင်သုံးသပ်နိုင်ရေး သတင်းစီးဆင်းမှုမြန်ဆန်အောင် သတင်းမီဒီယာတွေ တရားဝင်လူထုကြား အပြင်ထွက်သတင်းရယူခွင့်ပေးပါလို့ သတင်းစာဆရာ အယ်ဒီတာဦးဇင်လင်းကလည်း တိုက်တွန်းပါတယ်။

“ အစိုးရအမြင်ကတော့သူတို့အစိုးရပိုင် သတင်းမီဒီယာတွေ သတင်းစာတွေက ထုတ်ပြန်ပေးနေရင် လုံလောက်ပြီလို့ သူတို့က ထင်ကောင်းထင်မှာပေါ့လေ။ သို့သော် သူတို့လက်လှမ်းမမှီတဲ့ထောင့်တွေ ပြည်သူလူထုဒုက္ခ အစိုးရသတင်းစာမှာ မပါတဲ့ တခြားထူးခြား အရေးကြီးတဲ့ ထူးခြားသတင်းတွေ ရဖို့လည်းလိုတာပေါ့။ သို့သော်လည်းပဲ အခုအစိုးရ ထုတ်ပြန်ချက်ထဲမှာ သတင်းထောက်တွေ အနေနဲ့ ဘယ်လိုသွားလာ လုပ်ဆောင်ခွင့်ရှိတယ်ဆိုတာမျိုးဒီဟာက မပါဘူးပေါ့ ပြောရလို့ရှိရင်။ဆိုတော့ လောလောဆယ် ထုတ်ပြန်ထားတဲ့ ကြေညာချက်အရဆိုရင်တော့ သတင်းထောက်တွေ အိမ်ပြင်မထွက် အလုပ်မလုပ်ရပဲ ကိုယ့်အိမ်ကိုယ် ထိုင်နေရမယ့် သဘောဖြစ်နေတာပေါ့။ အခုက ရွေးကောက်ပွဲကာလ အရေးကြီးနေတဲ့ အချိန်လည်းဖြစ်တယ်။ ရွေးကောက်ပွဲ သတင်းတွေကိုလည်း အချိန်နဲ့ တပြေးညီ ယူကြရဖို့ရှိတယ်။ သတင်းစီးဆင်းမှုမြန်ဆန်အောင်ရယ် ပြည်သူလူထု သိသင့်သိထိုက်တဲ့ သတင်းတွေ မှန်မှန်ကန်ကန် ရရှိဖို့အတွက်ရယ် သတင်းထောက်တွေကို ကွင်းထဲမှာ အလုပ်လုပ်ခွင့်ပေးဖို့ ဆောင်ရန်-ရှောင်ရန် ပြန်ကြားရေးက ထပ်ပြီး ဖြည့်ရင်ဖြည့်ပေါ့။ နောက်တခုက ဒီအချိန် ဒီကာလမျိုးမှာ သတင်းထောက်တွေက လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကိုRisk ယူပြီးတော့ အလုပ်လုပ်နေကြရတာပါပဲ။ ဒါကြောင့် ဝိုင်းဝန်းပြီး လိုအပ်ချက်တွေကိုဖြည့်ဆည်း သတင်းထောက်တွေကို သတင်းအလုပ်လုပ်ခွင့်ပေးဖို့လိုတယ်လို့ ဆရာတို့ကတော့ အဲ့လိုယူဆပါတယ်။”

သတင်းမီဒီယာဌာနတွေနဲ့ သတင်းသမားတွေဘက်ကလည်းဒီကိုဗစ်ကာလ သတင်းဘယ်လိုယူကြမလဲ၊ ကိုဗစ်၁၉ မကူးစက်ရအောင် မိမိကိုယ်မိမိ ရော သတင်းပေးမယ့်သူ အဖွဲ့အစည်းတွေမှာ ဒီကပ်ရောဂါ မကူးစက်ရအောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတဲ့ သတင်းထောက်လက်စွဲတွေကို သတင်းမီဒီယာကောင်စီက ဖြန့်ဖြူးပေးထားတယ်လို့ ကိုမြင့်ကျော်က ပြောပြပါတယ်။

“ ကူးစက်ရောဂါနဲ့ပတ်သက်ပြီးတော့ သတင်းသမားတွေ ဘေးကင်းရေးကိုလည်း ဦးစားပေးစဉ်းစားသင့်ပါတယ်။ သတင်းသမားတွေ ကူးစက်ရောဂါ ကူးစက်မခံရရေးကတော့ အဓိက နံပတ်တစ် အရေးကြီးဆုံးပါပဲ။ တိုက်တွေမှာလည်း တာဝန်ရှိသလို သတင်းသမားတဦးချင်းစီ ကိုယ်တိုင်မှာလည်း ကိုယ့်ရဲ့ဘေးကင်းရေးကို ကျင့်သုံးဖို့ ကိုယ်ကတာဝန်ရှိတယ်ပေါ့နော်။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ သတင်းသမားတွေ ဘေးကင်းရေးလမ်းညွှန်ဆိုပြီး ပြီးခဲ့တဲ့မတ်လကတည်းက ထုတ်ပြန်ထားတာရှိပါတယ်။ သတင်းသမားကလည်း တကယ့်ကိုအပြင်ထွက်ဖို့ လိုအပ်တဲ့အနေအထားမျိုးမှာမှ သွားဖို့ သွားမယ်ဆိုရင်လည်း ဥပမာ ကွာရမ်တင်းစင်တာတွေမှာ သတင်းအတွက် ဗီဒီယိုအတွက် ဓာတ်ပုံအတွက်သော်လည်းကောင်း သွားတယ်ဆိုရင် လိုအပ်တဲ့အကာကွယ်ပစ္စည်းတွေ ပြည့်ပြည့်စုံစုံလုပ်ဖို့လိုတယ်။ အဲ့တာကို တိုက်က သတင်းဌာနတွေဘက်ကလည်း ဖြည့်စည်းပေးဖို့လိုတာပေါ့နော်။ နောက်တခုက အဖွဲ့အစည်းတွေဘက်က သတင်းစာရှင်းလင်းပွဲတွေ လူစုနဲ့ မလုပ်သင့်ဘူး သတင်းသမားတွေကလည်း သတင်းစာရှင်းလင်းပွဲလို လူစုတဲ့နေရာမျိုးတွေ အခုလိုအခြေအနေမျိုးမှာ မသွားသင့်ဘူးလို့မြင်ပါတယ်။”

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန် ကာလ သတင်းအလုပ်နှင့် ဆက်စပ်သွားလာလုပ်ကိုင်နေချိန် ကူးစက်ခံရတဲ့ သတင်းသမားတွေ နောက် အကြောင်းအမျိုးမျိုးနဲ့ ကိုဗစ်ကူးစက်ခံရသူနဲ့ ဆက်စက် ထိတွေ့မှုရှိလို့ Home Quarantine - Facility Quarantine center တွေမှာ သီးခြားခွဲနေထိုင်စေပြီး အသွားအလာ ကန့်သတ်ခြင်းခံထားရတဲ့ သတင်းမီဒီယာသမား (၈၇)ဦးကို သတင်းမီဒီယာကောင်စီဘက်က ထောက်ပံ့ကူညီမှုတွေ လုပ်ပေးခဲ့ပေမဲ့ သတင်းသမားတွေအတွက် အကူအညီထောက်ပံ့ပေးနိုင်တဲ့ ရံပုံငွေနည်းပါးလာလို့ အကူအညီပေးနေတာတွေ ခေတ္တရပ်နားမယ်လို့ စက်တင်ဘာလ ၂၁ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကပ်ရောဂါကာလ စီးပွားရေးလုပ်ငန်းထိခိုက်မှုတွေထဲပုံနှိပ်မီဒီယာလုပ်ငန်းတချို့ခေတ္တရပ်နားလိုက်ရတာ ဝန်ထမ်းအင်အားလျှော့ချ လိုက်တာတွေရှိနေတဲ့အတွက် သတင်းသမားတွေကြုံနေရတဲ့အခက်အခဲကို ကောင်စီအပါအဝင် သတင်းသမားတွေဘက်က တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးနေကြပါတယ်လို့ သတင်းမီဒီယာအရေးဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။

XS
SM
MD
LG