သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ထိခုိက္ရတဲ့ မီဒီယာနဲ႔ အႏုပညာလုပ္ငန္းေတြပါ အေရးေပၚေငြေခ်းေပးဖုိ႔ ေတာင္းဆုိ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထိခိုက္ဆုံးရႈံးမႈေတြ ႀကဳံေနရတဲ့အထဲက သတင္းမီဒီယာနဲ႔ အႏုပညာလုပ္ငန္း ေတြကိုပါ အေရးေပၚ ေငြထုတ္ေခ်းဖို႔ အစိုးရက စီစဥ္ေနတဲ့အေၾကာင္း မေမခ ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ အလုပ္အကိုင္နဲ႔ စားဝတ္ေနေရး အခက္အခဲ ႀကဳံေနရသူေတြကို အစိုးရက အကူအညီေပးေနရာမွာ အခုအခါ မီဒီယာနဲ႔ အႏုပညာ အသိုင္းအဝန္းကိုပါ ထည့္သြင္းဖို႔ အစိုးရတာဝန္ရွိသူေတြ စီစဥ္ေနၾကတာပါ။ ထိခိုက္ ဆုံးရႈံးမႈေတြ ႀကဳံေနရတဲ့ မီဒီယာ အသိုင္းအဝန္း သာမက ႐ုပ္ရွင္၊ ဂီတ၊ သဘင္ စတဲ့ အႏုပညာအသိုင္းအဝန္း ကိုပါ အကူအညီေပးဖို႔ စီစဥ္ေနၿပီး၊ သတ္မွတ္ခ်က္ အေသးစိတ္ကိုလည္း ျပင္ဆင္ေနတယ္လို႔ ရန္ကုန္တိုင္းအစိုးရ စီမံဘ႑ာ ေရးဝန္ႀကီး ဦးရဲမင္းဦးက ဗြီအိုေအကို ေျပာပါတယ္.

“မီဒီယာ ကိုေတာ့ အၾကမ္းဖ်ဥ္းလိုင္စင္ရွိမယ္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္တယ္။ ကုမၸဏီ မွတ္ပံုတင္ ၊ ဒါမွမဟုတ္ရင္ မီဒီယာလိုင္စင္ တခုခု သူတုိ႔ရွိႏိုင္တယ္။ ဒါဆိုရင္ သူတို႔က အဲဒီပံုစံနဲ႔ ေခ်း ရင္ျဖစ္ႏိုင္တယ္ေပါ့။ အာမခံပါမွ ေခ်းမယ္ဆိုရင္ ပိုခက္ခဲကုန္မယ္။ အဲဒီေတာ့ အာမခံမဲ့ေခ်းဖို႔က်ေတာ့ က်ေနာ္တို႔မွာ ေနာက္ထပ္ Document လိုသြားတာေပါ့ေနာ္။ အဲဒီ Documentation ကို က်ေနာ္တို႔ အခု ဘဏ္ေတြၾကားမွာလည္း ညိွေနတယ္။ အၾကမ္းဖ်ဥ္း ဘဏ္ေတြ ေဆြးေႏြးၿပီးရင္ က်ေနာ္တို႔ေဆြးေႏြးခ်က္ကို ေကာ္မတီကို တင္ျပမယ္။ ဘယ္လိုပံု ေခ်းမယ္ဆိုတာကို ေတာ္ေတာ္လုပ္ေနရတယ္ ဒီဘက္မွာ က်ေတာ့ ။ က်ေန္ာတို႔က အကုန္လံုးကို ေခ်းမွာ ဒါေပမယ့္ လိုင္စင္ေတာ့ ရွိရမွာေပါေ့နာ္။ ကိုယ့္ဟာကိုယ္ Facebook page ေလးဖြင့္ၿပီး က်ေနာ္မီဒီယာပါလို႔ေျပာရင္ေတာ့ မရဘူးေပါ့ေနာ္ ။ ျပန္ၾကားေရးမွာ မွတ္ပံုတင္ထားတာျဖစ္ရမယ္၊ ေနာက္တခါ သူက တကယ့္ကို လုပ္ငန္းလည္ပတ္ေနရမယ္။ အဲဒါ က်ေနာ္တို႔ ပထမ ဦးစားေပးေခ်းရမွာေပါ့။ အဲလိုမွမဟုတ္ဘူး တခ်ိဳ႕က အြန္လိုင္းမွာ နာမည္ၾကီးတယ္၊ လုပ္ေနတာကေတာ့ တေယာက္တည္း၊ ၂ ေယာက္ေလာက္နဲ႔ လုပ္ေနတဲ့ မီဒီယာျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ က်ေနာ္တို႔ အဲလို ၁ ေယာက္ ၂ ေယာက္ကို ၾကည့္လိုက္ရင္ က်န္တဲ့တေယာက္ခ်င္း Page ေကာက္ေထာင္တဲ့လူေတြကို ဘယ္လိုစဥ္းစားမလဲဆိုတာျဖစ္သြားတယ္။ အမ်ားနဲ႔စဥး္စားေတာ့ ဒီ စည္းကမ္းနဲ႔ က်ေတာ့ အမ်ားနဲ႔ ကိုက္ညီေအာင္ စည္းကမ္းကို က်ေနာ္တို႔ လုပ္ရတာေပါ့။”

ေငြထုတ္ေခ်းဖို႔ အပါအဝင္ ကပ္ေရာဂါကာလ အေရးေပၚ အကူအညီေပးေရး အစီအစဥ္အတြက္ သတ္မွတ္ခ်က္ အေသးစိတ္ကိုေတာ့ အေစာဆုံး ေရွ႕သီတင္းပတ္ေလာက္မွာ ထုတ္ျပန္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း ဦးရဲမင္းဦးက ေျပာပါတယ္။ အစီအစဥ္သစ္မွာေတာ့ သတင္းမီဒီယာနဲ႔ အႏုပညာ အသိုင္းအဝန္းအျပင္ စီးပြားေရး လုပ္ငန္းေတြ အတြက္ ေခ်းေငြထုတ္ေပးဖို႔ေတြလည္း ပါဝင္မယ္လို႔ ေျပာပါတယ္။

“ ဒီ ႐ုပ္ရွင္၊ ဂီတ၊ သဘင္၊ ေနာက္တခါ မီဒီယာေပါ့ အဲဒါေတြကို ေငြေခ်းဖို႔ကိစၥ က်ေနာ္တို႔ စီစဥ္ေနပါတယ္။ criteria ကေတာ့ တေယာက္နဲ႔ တေယာက္ မတူၾကဘူးဗ်။ ႐ုပ္ရွင္ နဲ႔ မီဒီယာဆိုရင္ ကုမၸဏီေတြဆိုရင္ လိုင္စင္ရွိတယ္။ လုပ္ငန္းလိုင္စင္ျပ ဟိုဟာျပ ဒီဟာျပဆိုၿပီး က်ေနာ္တို႔က ေတာင္းလိုက္လို႔ရတယ္။ ဂီတလိုမ်ိဳးသဘင္လိုမ်ိဳးကေတာ့ ခက္တယ္။ အဲလိုဟာေတြက်ေတာ့ ေနာက္ထပ္ပံုစံသစ္တမ်ိဳးနဲ႔ ေခ်းဖို႔အတြက္ စည္းမ်ဥ္းစည္းကမ္းေတြ၊ လက္ေတြ႔ ေျမျပင္မွာ ျဖစ္တဲ့အေျခအေနနဲ႔ ေခ်းခ်င္တဲ့ sector နဲ႔ က်ေနာ္တို႔က အဆင္ေျပေအာင္လို႔ညိွေနတယ္။ စတူဒီယို သမားက သူ႔မွာ လိုင္စင္ရွိတယ္။ ဒါေပမယ့္ အဆိုေတာ္နဲ႔ တီးတဲ့လူမွာက လိုင္စင္မရွိဘူး ။ အဲဒါမ်ိဳး တဦးခ်င္းတေယာက္ခ်င္းကို ဘယ္လိုလုပ္မလဲ ဒါမွ မဟုတ္ရင္ သူတို႔ရဲ႕ အသင္းအဖြဲ႔ အစည္းအရံုးေတြက က်ေန္ာတို႔ကို ဘယ္လိုပူးေပါင္းပါ၀င္မလဲ အဲဒါေတြကို က်ေနာ္ညိွယူတယ္ဗ်။ လက္ရွိ COVID ပံုစံက ေျပာင္းသြားတယ္၊ ပိုၿပီးေတာ့ ၾကီးသြားတယ္ ပိုၿပီးေတာ့ မ်ားလာတယ္ ။ အဲဒီေတာ့ သက္ေရာက္မႈလည္း မ်ားႏိုင္တယ္ေပါ့။ အဲဒီအတြက္ ေဆာင္ရြက္မယ့္ပံုစံကို ပံုစံအသစ္ ျပန္လည္ေဆာင္ရြက္ဖို႔ ဆိုၿပီး က်ေနာ္တို႔ ေဆြးေႏြးတင္ျပထားတာရွိပါတယ္။”

COVID-19 ေၾကာင့္ စီးပြားေရးအေပၚ ထိခိုက္မႈေတြ သက္သာရာ ရေစေရး ရန္ပုံေငြအျဖစ္ ျမန္မာအစိုးရက ကနဦး က်ပ္ေငြ ဘီလီယံ ၁၀၀ ေက်ာ္လ်ာထားၿပီး အခုေနာက္ထပ္ ဘီလီယံ ၁၀၀ ျဖည့္ဆည္းထားပါတယ္။ အေရးေပၚ ရန္ပုံေငြကိုေတာ့ အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းနဲ႔ ေခ်းေငြသက္တမ္း ၁ ႏွစ္ သတ္မွတ္ထုတ္ေခ်းတာ၊ အေျခခံလူတန္းစားေတြကို စားနပ္ရိကၡာနဲ႔ေငြေၾကး အကူအညီေပးတာေတြ အပါအဝင္ အေထာက္အကူျပဳေရး အစီအစဥ္ေတြမွာ သုံးစြဲေနတာပါ။ အခုအစီအစဥ္သစ္မွာေတာ့ သတင္းမီဒီယာ လုပ္ငန္းေတြကိုပါ ေငြထုတ္ေခ်းမယ့္ အစီအစဥ္ေတြ ပါဝင္လာတာေၾကာင့္ ႀကိဳဆိုသူေတြ ရွိေပမဲ့လည္း တင္းက်ပ္တဲ့ သတ္မွတ္ခ်က္ေတြ မျဖစ္ေစခ်င္ဘူးလို႔ မႏၲေလးအေျခစိုက္ Voice of Myanmar သတင္းမီဒီယာ ထူေထာင္သူ ဦးေနလင္းက ေျပာပါတယ္။

“ဒီလို အစိုးရက ထုတ္ေခ်းမယ္ဆိုတာက ၀မ္းသာစရာပါဗ် ။ ဒါေပမယ့္ က်ေနာ္တို႔ မီဒီယာေတြက ျပန္စႏိုင္မယ့္အေနအထားေရာ ေတာ္ေတာ္ခဲယဥ္းလိမ့္မယ္။ အဲဒီေတာ့ ဒါက ႏွစ္ရွည္ဘယ္ေလာက္ေခ်းမလဲဆိုတာအေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ္တုိ႔ ဆံုးျဖတ္ရမွာေပါ့ဗ်ာ။ ဥပမာ ၁ ႏွစ္ေလာက္နဲ႔ကေတာ့ က်ေနာ္တို႔က ျပန္ဆက္ႏိုင္ဖို႔ မလြယ္ဘူး ။ ထည့္သေလာက္ ျမဳပ္ေနတဲ့ အေခ်အေနျဖစ္တဲ့အတြက္ အစိုးရအေနနဲ႔ အတိုးမဲ့ ေခ်းၿပီးေတာ့ ဘယ္နႏွစ္ဆိုတဲ့အတိုင္းအတာနဲ႔ ေခ်းရင္ က်ေနာ္တို႔အတြက္ အသက္ရႈေခ်ာင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

ပထမအႀကိမ္ ေခ်းေငြအစီအစဥ္မွာ လုပ္ငန္းေပါင္း ၄၃၀၀ ေလွ်ာက္ထားခဲ့ေပမဲ့ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီတဲ့လုပ္ငန္းေပါင္း ၃၄၀၀ ကိုသာ ေခ်းေငြက်ပ္ ၁၀၁ ဘီလ်ံေက်ာ္ကို ၇ ႀကိမ္ခြဲ ထုတ္ေခ်းခဲ့ေၾကာင္းလည္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေရတဲ့အထဲက သတင်းမီဒီယာနဲ့ အနုပညာလုပ်ငန်း တွေကိုပါ အရေးပေါ် ငွေထုတ်ချေးဖို့ အစိုးရက စီစဉ်နေတဲ့အကြောင်း မမေခ ပြောပြပါမယ်။

ကပ်ရောဂါကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေကို အစိုးရက အကူအညီပေးနေရာမှာ အခုအခါ မီဒီယာနဲ့ အနုပညာ အသိုင်းအဝန်းကိုပါ ထည့်သွင်းဖို့ အစိုးရတာဝန်ရှိသူတွေ စီစဉ်နေကြတာပါ။ ထိခိုက် ဆုံးရှုံးမှုတွေ ကြုံနေရတဲ့ မီဒီယာ အသိုင်းအဝန်း သာမက ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အနုပညာအသိုင်းအဝန်း ကိုပါ အကူအညီပေးဖို့ စီစဉ်နေပြီး၊ သတ်မှတ်ချက် အသေးစိတ်ကိုလည်း ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရ စီမံဘဏ္ဍာ ရေးဝန်ကြီး ဦးရဲမင်းဦးက ဗွီအိုအေကို ပြောပါတယ်.

“မီဒီယာ ကိုတော့ အကြမ်းဖျဉ်းလိုင်စင်ရှိမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ကုမ္ပဏီ မှတ်ပုံတင် ၊ ဒါမှမဟုတ်ရင် မီဒီယာလိုင်စင် တခုခု သူတို့ရှိနိုင်တယ်။ ဒါဆိုရင် သူတို့က အဲဒီပုံစံနဲ့ ချေး ရင်ဖြစ်နိုင်တယ်ပေါ့။ အာမခံပါမှ ချေးမယ်ဆိုရင် ပိုခက်ခဲကုန်မယ်။ အဲဒီတော့ အာမခံမဲ့ချေးဖို့ကျတော့ ကျနော်တို့မှာ နောက်ထပ် Document လိုသွားတာပေါ့နော်။ အဲဒီ Documentation ကို ကျနော်တို့ အခု ဘဏ်တွေကြားမှာလည်း ညှိနေတယ်။ အကြမ်းဖျဉ်း ဘဏ်တွေ ဆွေးနွေးပြီးရင် ကျနော်တို့ဆွေးနွေးချက်ကို ကော်မတီကို တင်ပြမယ်။ ဘယ်လိုပုံ ချေးမယ်ဆိုတာကို တော်တော်လုပ်နေရတယ် ဒီဘက်မှာ ကျတော့ ။ ကျနေ်ာတို့က အကုန်လုံးကို ချေးမှာ ဒါပေမယ့် လိုင်စင်တော့ ရှိရမှာပေါေ့နာ်။ ကိုယ့်ဟာကိုယ် Facebook page လေးဖွင့်ပြီး ကျနော်မီဒီယာပါလို့ပြောရင်တော့ မရဘူးပေါ့နော် ။ ပြန်ကြားရေးမှာ မှတ်ပုံတင်ထားတာဖြစ်ရမယ်၊ နောက်တခါ သူက တကယ့်ကို လုပ်ငန်းလည်ပတ်နေရမယ်။ အဲဒါ ကျနော်တို့ ပထမ ဦးစားပေးချေးရမှာပေါ့။ အဲလိုမှမဟုတ်ဘူး တချို့က အွန်လိုင်းမှာ နာမည်ကြီးတယ်၊ လုပ်နေတာကတော့ တယောက်တည်း၊ ၂ ယောက်လောက်နဲ့ လုပ်နေတဲ့ မီဒီယာဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျနော်တို့ အဲလို ၁ ယောက် ၂ ယောက်ကို ကြည့်လိုက်ရင် ကျန်တဲ့တယောက်ချင်း Page ကောက်ထောင်တဲ့လူတွေကို ဘယ်လိုစဉ်းစားမလဲဆိုတာဖြစ်သွားတယ်။ အများနဲ့စဥ်းစားတော့ ဒီ စည်းကမ်းနဲ့ ကျတော့ အများနဲ့ ကိုက်ညီအောင် စည်းကမ်းကို ကျနော်တို့ လုပ်ရတာပေါ့။”

ငွေထုတ်ချေးဖို့ အပါအဝင် ကပ်ရောဂါကာလ အရေးပေါ် အကူအညီပေးရေး အစီအစဉ်အတွက် သတ်မှတ်ချက် အသေးစိတ်ကိုတော့ အစောဆုံး ရှေ့သီတင်းပတ်လောက်မှာ ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ဦးရဲမင်းဦးက ပြောပါတယ်။ အစီအစဉ်သစ်မှာတော့ သတင်းမီဒီယာနဲ့ အနုပညာ အသိုင်းအဝန်းအပြင် စီးပွားရေး လုပ်ငန်းတွေ အတွက် ချေးငွေထုတ်ပေးဖို့တွေလည်း ပါဝင်မယ်လို့ ပြောပါတယ်။

“ ဒီ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ နောက်တခါ မီဒီယာပေါ့ အဲဒါတွေကို ငွေချေးဖို့ကိစ္စ ကျနော်တို့ စီစဉ်နေပါတယ်။ criteria ကတော့ တယောက်နဲ့ တယောက် မတူကြဘူးဗျ။ ရုပ်ရှင် နဲ့ မီဒီယာဆိုရင် ကုမ္ပဏီတွေဆိုရင် လိုင်စင်ရှိတယ်။ လုပ်ငန်းလိုင်စင်ပြ ဟိုဟာပြ ဒီဟာပြဆိုပြီး ကျနော်တို့က တောင်းလိုက်လို့ရတယ်။ ဂီတလိုမျိုးသဘင်လိုမျိုးကတော့ ခက်တယ်။ အဲလိုဟာတွေကျတော့ နောက်ထပ်ပုံစံသစ်တမျိုးနဲ့ ချေးဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ၊ လက်တွေ့ မြေပြင်မှာ ဖြစ်တဲ့အခြေအနေနဲ့ ချေးချင်တဲ့ sector နဲ့ ကျနော်တို့က အဆင်ပြေအောင်လို့ညှိနေတယ်။ စတူဒီယို သမားက သူ့မှာ လိုင်စင်ရှိတယ်။ ဒါပေမယ့် အဆိုတော်နဲ့ တီးတဲ့လူမှာက လိုင်စင်မရှိဘူး ။ အဲဒါမျိုး တဦးချင်းတယောက်ချင်းကို ဘယ်လိုလုပ်မလဲ ဒါမှ မဟုတ်ရင် သူတို့ရဲ့ အသင်းအဖွဲ့ အစည်းအရုံးတွေက ကျနေ်ာတို့ကို ဘယ်လိုပူးပေါင်းပါဝင်မလဲ အဲဒါတွေကို ကျနော်ညှိယူတယ်ဗျ။ လက်ရှိ COVID ပုံစံက ပြောင်းသွားတယ်၊ ပိုပြီးတော့ ကြီးသွားတယ် ပိုပြီးတော့ များလာတယ် ။ အဲဒီတော့ သက်ရောက်မှုလည်း များနိုင်တယ်ပေါ့။ အဲဒီအတွက် ဆောင်ရွက်မယ့်ပုံစံကို ပုံစံအသစ် ပြန်လည်ဆောင်ရွက်ဖို့ ဆိုပြီး ကျနော်တို့ ဆွေးနွေးတင်ပြထားတာရှိပါတယ်။”

COVID-19 ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုတွေ သက်သာရာ ရစေရေး ရန်ပုံငွေအဖြစ် မြန်မာအစိုးရက ကနဦး ကျပ်ငွေ ဘီလီယံ ၁၀၀ ကျော်လျာထားပြီး အခုနောက်ထပ် ဘီလီယံ ၁၀၀ ဖြည့်ဆည်းထားပါတယ်။ အရေးပေါ် ရန်ပုံငွေကိုတော့ အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေသက်တမ်း ၁ နှစ် သတ်မှတ်ထုတ်ချေးတာ၊ အခြေခံလူတန်းစားတွေကို စားနပ်ရိက္ခာနဲ့ငွေကြေး အကူအညီပေးတာတွေ အပါအဝင် အထောက်အကူပြုရေး အစီအစဉ်တွေမှာ သုံးစွဲနေတာပါ။ အခုအစီအစဉ်သစ်မှာတော့ သတင်းမီဒီယာ လုပ်ငန်းတွေကိုပါ ငွေထုတ်ချေးမယ့် အစီအစဉ်တွေ ပါဝင်လာတာကြောင့် ကြိုဆိုသူတွေ ရှိပေမဲ့လည်း တင်းကျပ်တဲ့ သတ်မှတ်ချက်တွေ မဖြစ်စေချင်ဘူးလို့ မန္တလေးအခြေစိုက် Voice of Myanmar သတင်းမီဒီယာ ထူထောင်သူ ဦးနေလင်းက ပြောပါတယ်။

“ဒီလို အစိုးရက ထုတ်ချေးမယ်ဆိုတာက ဝမ်းသာစရာပါဗျ ။ ဒါပေမယ့် ကျနော်တို့ မီဒီယာတွေက ပြန်စနိုင်မယ့်အနေအထားရော တော်တော်ခဲယဉ်းလိမ့်မယ်။ အဲဒီတော့ ဒါက နှစ်ရှည်ဘယ်လောက်ချေးမလဲဆိုတာအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဆုံးဖြတ်ရမှာပေါ့ဗျာ။ ဥပမာ ၁ နှစ်လောက်နဲ့ကတော့ ကျနော်တို့က ပြန်ဆက်နိုင်ဖို့ မလွယ်ဘူး ။ ထည့်သလောက် မြုပ်နေတဲ့ အချေအနေဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အတိုးမဲ့ ချေးပြီးတော့ ဘယ်နနှစ်ဆိုတဲ့အတိုင်းအတာနဲ့ ချေးရင် ကျနော်တို့အတွက် အသက်ရှုချောင်မယ်လို့ မျှော်လင့်ပါတယ်။”

ပထမအကြိမ် ချေးငွေအစီအစဉ်မှာ လုပ်ငန်းပေါင်း ၄၃၀၀ လျှောက်ထားခဲ့ပေမဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့လုပ်ငန်းပေါင်း ၃၄၀၀ ကိုသာ ချေးငွေကျပ် ၁၀၁ ဘီလျံကျော်ကို ၇ ကြိမ်ခွဲ ထုတ်ချေးခဲ့ကြောင်းလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG