သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ပိုးေတြ႕သူ ၃,၅၀၀ ေက်ာ္လာ


ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ တုိးေနတဲ့ ရန္ကုန္ၿမိဳ႕မွာ အဝင္အထြက္ ကန္႔သတ္ပိတ္ဆုိ႔ထားတဲ့ လမ္းတခု။ (စက္တင္ဘာ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စက္တင္ဘာလ ၁၅ ရက္ ည ၈ နာရီ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စာရင္းအရ COVID-19 အတည္ျပဳလူနာ ေနာက္ထပ္ ၂၀၃ ေယာက္ အတည္ျပဳလိုက္တဲ့အတြက္ စုစုေပါင္း ကူးစက္သူ ၃,၅၀၂ ေယာက္ရွိၿပီျဖစ္ပါတယ္။ စက္တင္ဘာ ၁၅ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာ ၂,၁၇၃ ခုစစ္ေဆးခဲ့တာမွာ အခုလို လူနာသစ္ ၂၀၀ ေက်ာ္ထပ္ေတြ႕ခဲ့တာပါ။

COVID-19 ကုသေရးဌာန (ေဖာင္ႀကီး) မွာ ေဆးကုသမႈခံယူေနတဲ့ အသက္ ၆၁ ႏွစ္အ႐ြယ္ လူနာအမွတ္ ၂,၃၅၄ အမ်ိဳးသားတဦး နဲ႔ အသက္ ၅၉ ႏွစ္အ႐ြယ္ လူနာအမွတ္ ၂,၈၇၆ အမ်ိဳးသားတဦး တို႔ဟာ COVID-19 ေရာဂါေၾကာင့္ ၁၄ ရက္ေန႔ညပိုင္းမွာ ႐ုတ္တရက္ အသက္ရႈလမ္းေၾကာင္းပ်က္စီးေသဆုံးခဲ့ၿပီး သကၤန္းကြၽန္းျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသခံေနတဲ့ အသက္ ၆၄ ႏွစ္အ႐ြယ္ လူနာအမွတ္ ၃,၁၈၆ အမ်ိဳးသားတဦးဟာလည္း ၁၅ ရက္ေန႔ မနက္ပိုင္းမွာ COVID-19 ေၾကာင့္ ေသဆုံးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ အခုထိ COVID-19 ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၁၉၀,၀၀၀ ေက်ာ္ျပဳလုပ္ခဲ့ၿပီး အတည္ျပဳလူနာေတြထဲ ေရာဂါပိုးကင္းစင္လာသူ ၈၃၂ ေယာက္နဲ႔ ေသဆုံးသူက ၃၅ ေယာက္ရွိပါတယ္။ ၁၅ ရက္ေန႔ ေန႔လယ္ပိုင္းအထိ ေစာင့္ၾကည့္လူနာ အသစ္ ၂၅၇ ေယာက္ရွိပါတယ္။

[Unicode Version]

မြန်မာ ကိုဗစ်ပိုးတွေ့သူ ၃,၅၀၀ ကျော်လာ

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ COVID-19 အတည်ပြုလူနာ နောက်ထပ် ၂၀၃ ယောက် အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက်သူ ၃,၅၀၂ ယောက်ရှိပြီဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂,၁၇၃ ခုစစ်ဆေးခဲ့တာမှာ အခုလို လူနာသစ် ၂၀၀ ကျော်ထပ်တွေ့ခဲ့တာပါ။

COVID-19 ကုသရေးဌာန (ဖောင်ကြီး) မှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၆၁ နှစ်အရွယ် လူနာအမှတ် ၂,၃၅၄ အမျိုးသားတဦး နဲ့ အသက် ၅၉ နှစ်အရွယ် လူနာအမှတ် ၂,၈၇၆ အမျိုးသားတဦး တို့ဟာ COVID-19 ရောဂါကြောင့် ၁၄ ရက်နေ့ညပိုင်းမှာ ရုတ်တရက် အသက်ရှုလမ်းကြောင်းပျက်စီးသေဆုံးခဲ့ပြီး သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေတဲ့ အသက် ၆၄ နှစ်အရွယ် လူနာအမှတ် ၃,၁၈၆ အမျိုးသားတဦးဟာလည်း ၁၅ ရက်နေ့ မနက်ပိုင်းမှာ COVID-19 ကြောင့် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခုထိ COVID-19 ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၉၀,၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူ ၈၃၂ ယောက်နဲ့ သေဆုံးသူက ၃၅ ယောက်ရှိပါတယ်။ ၁၅ ရက်နေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာ အသစ် ၂၅၇ ယောက်ရှိပါတယ်။

XS
SM
MD
LG