သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပဲြ ေဒသခံႏွစ္ရာေက်ာ္တိမ္းေရွာင္


ရွမ္းျပည္နယ္က စစ္ေရွာင္ ဒုကၡသည္မ်ားကို ယာယီဒုကၡသည္စခန္းတခုတြင္ေတြ႔ရ။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခရိုင္အတြင္းမွာ တပ္မေတာ္နဲ႔ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ KIA အၾကား တုိက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနၿပီး တိုက္ပဲြျဖစ္ရာအနီး ေက်းရြာက ေဒသခံ ၂၀၀ေက်ာ္ဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပပါမယ္။

မူဆယ္ခရိုင္ ၾကဴကုတ္(ပန္ဆုိင္း) ၿမိဳ႕နယ္ခဲြအတြင္းမွာ ဒီလ ၁၁ရက္ေန႔ကတည္းက အစိုးရတပ္မေတာ္နဲ႔ KIA ကခ်င္လက္နက္ကိုင္အဖဲြ႔အၾကား တုိက္ပဲြျဖစ္ပြားခဲ့ၿပီး ဒီလ ၁၄ရက္နဲ႔ ၁၅ရက္ေန႔ေတြမွာလည္း တုိက္ပဲြေတြ ထပ္မံ ျဖစ္ပြားေနပါတယ္။

လက္ရိွ တုိ္က္ပဲြျဖစ္ပြားတဲ့အေျခအေနကို KIA က ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မႈးၾကီးေနာ္ဘူက အခုလုိ ေျပာပါတယ္။

“ဒီမနက္လည္း တုိက္ပဲြျပန္ျဖစ္ပါတယ္။ က်ေနာ္တုိ႔ KIA ၃၆ တပ္ရင္းဌာနခ်ဳပ္ဘက္မွာ တပ္မေတာ္ဘက္က ထိုး၀င္လာလုိ႔ ခုခံတုိက္ပဲြျဖစ္ပါတယ္။ ဒီမနက္ကလည္း။ ဒါေပမဲ့ ခု ေလာေလာဆည္ကေတာ့ ျပန္ၿငိမ္သြားၿပီ။ ဒီမနက္ကေတာ့ ၈ နာရီ ၀န္းက်င္ေလာက္က ျဖစ္တယ္လို႔ ၾကားပါတယ္။ ဒါေပမဲ့ တိက် ဟို စစ္ေျမျပင္က သတင္းကေတာ့ ခုထိ မထြက္ေသးပါဘူး။ အရပ္ဘက္က သတင္းပဲ ၾကားရပါတယ္။ မေန႔က ၁၄ ရက္ေန႔ မွာလည္း ျဖစ္ပါတယ္။”

ဒီနယ္ေျမအတြင္းမွာ MNDAA ကိုးကန္႔နဲ႔ AA တပ္ဖဲြ႔ေတြလည္း လႈပ္ရွားေနၿပီး ဒီတပ္ဖဲြ႔ေတြနဲ႔ အစိုးရတပ္အၾကား တုိက္ပဲြျဖစ္တာေတြလည္းရိွေၾကာင္း ဗိုလ္မွဴးၾကီးေနာ္ဘူက ေျပာပါတယ္။

ဒီလ ၁၁ ရက္ေန႔တည္းက ေဒသတြင္းမွာ တိုက္ပဲြေတြ စတင္ခဲ့ရာမွာ တိုက္ပဲြျဖစ္ပြားရာ ရြာအနီးက မန္ေကာင္း ရြာသား ၂၀၀ေက်ာ္ဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရေၾကာင္း ေဒသခံ ဓမၼဆရာတစ္ဦးက အခုလုိ ေျပာပါတယ္။

“ဟုတ္တယ္။ သူတုိ႔ ၂ရက္၊ ၃ရက္ရိွၿပီ။ မန္ပိန္းရြာမွာ သူတုိ႔ လာၿပီး တည္းခုိေနတာေပါ့ေနာ္။ ဘုရားေက်ာင္း၀င္းထဲမွာ။ လူဦးေရကေတာ့ ၂၈၀ တဲ့။ ေလာေလာဆယ္ကေတာ့ က်ေနာ္တုိ႔ အသင္းေတာ္ကေန တတ္ႏိုင္သေလာက္ေပါ့။ ေနာက္ ေဘးပတ္၀န္းက်င္ကလည္း တတ္ႏိုင္သေလာက္ ဆန္၊ ဆီ၊ ဆားတို႔ နည္းနည္းပါးပါး အဲလုိမ်ိဳးေတြ ကူထားတာရိွတယ္။ စစ္ေၾကာင္းေတြလည္း ရြာထဲမွာ ရိွေသးတယ္ေျပာတယ္။ ဒါဆိုရင္ေတာ့ သူတို႔ အေျခအေနကေတာ့ ဆက္ျဖစ္မယ့္ သေဘာေတာ့ ရိွတယ္။”

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက အစိုးရတပ္နဲ႔ TNLA ေခၚ တအန္း(ပေလာင္) တပ္ဖဲြ႔အၾကားမွာ လားရိႈး၊ ကြတ္ခုိင္နဲ႔ တန္႔ယန္းၿမိဳ႕နယ္ေတြအတြင္းမွာ တိုက္ပဲြျဖစ္ပြားခဲ့ပါတယ္။

လက္ရိွျဖစ္ပြားေနတဲ့တုိက္ပဲြေတြဟာ အစိုးရတပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြက COVID 19 ကပ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ တဘက္သတ္ အပစ္ရပ္ ေၾကညာထားခ်ိန္မွာ ျဖစ္ပြားခဲ့တာလည္း ျဖစ္ပါတယ္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသမွာ ျဖစ္ပြားေနတဲ့တုိက္ပဲြေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္တာေတာ့ မရိွေသးပါဘူး။

ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသတြင္း တုိက္ပဲြ ျဖစ္ပြားတာနဲ႔ ပတ္သက္လို႔ အခုလို သံုးသပ္ထားပါတယ္။

“ရွမ္းဘက္မွာ ျဖစ္တာက မုံးေပၚ၊ ဟို၀ါးဘက္မွာ ျဖစ္တယ္လုိ႔ ေျပာတယ္။ ဆိုလုိတာက အဲဒီ ဟို၀ါးဘက္မွာ KIA ေနလာတာ ေတာ္ေတာ္ၾကာၿပီေပါ့။ ဒါေပမဲ့ ေနလာတာ ၾကာတယ္ဆုိေပမဲ့ ၀တုိ႔ ၊ မုိင္းလားတုိ႔လို၊ လိုင္ဇာတုိ႔လို လြတ္ေျမာက္ေဒသေတာ့ မဟုတ္ဘူး။ သူက ေျပာက္က်ားေဒသသေဘာမ်ိဳးေနတာကိုး။ ေျပာက္က်ားေဒသ သေဘာက အစိုးရစစ္တပ္၀င္လာရင္ တုိက္ပဲြျဖစ္တယ္။ ေနာက္ ေရွာင္ေပးတယ္။ အစိုးရတပ္ထြက္သြားရင္ ျပန္ေနတယ္ေပါ့ဗ်ာ။ အဲဒါမ်ိဳး တုိက္ပဲြျဖစ္တာပဲဗ်။ က်ေနာ့္အျမင္ကေတာ့ ထူးထူးျခားျခား ျဖစ္တဲ့ တုိက္ပဲြ မဟုတ္ပါဘူး။”

အစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔၀င္ေတြျဖစ္တဲ့ KIA ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔၊ AA ရခုိင္ လက္နက္ကုိင္အဖဲြ႔ေတြအၾကားမွာ Bilateral ေခၚ အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိေရးေဆြးေႏြးပဲြေတြဟာ ဒီႏွစ္ဆန္းတည္းက ရပ္ဆုိင္းခဲ့ရာက ျပန္လည္ စတင္ႏိုင္တာမရိွေသးပါဘူး။

ၿပီးခဲ့တဲ့ အပတ္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးၾကီးမင္းေအာင္လိႈင္နဲ႔ မိုင္းလားအဖဲြ႔ တာ၀န္ရိွသူေတြ ေတြ႔ဆံုစဥ္ကေတာ့ MNDAA ကိုးကန္႔အပါအ၀င္ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြအေနနဲ႔ လက္နက္ကိုင္လမ္းစဥ္ကို စြန္႔လႊတ္ၿပီး ႏိုင္ငံေရးအရ ေတြ႔ဆံုေဆြးေႏြးေစလုိေၾကာင္း ေျပာၾကားခဲ့တယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲ ဒေသခံနှစ်ရာကျော်တိမ်းရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ရာအနီး ကျေးရွာက ဒေသခံ ၂၀၀ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ်ခွဲအတွင်းမှာ ဒီလ ၁၁ရက်နေ့ကတည်းက အစိုးရတပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီလ ၁၄ရက်နဲ့ ၁၅ရက်နေ့တွေမှာလည်း တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားနေပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို KIA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ဒီမနက်လည်း တိုက်ပွဲပြန်ဖြစ်ပါတယ်။ ကျနော်တို့ KIA ၃၆ တပ်ရင်းဌာနချုပ်ဘက်မှာ တပ်မတော်ဘက်က ထိုးဝင်လာလို့ ခုခံတိုက်ပွဲဖြစ်ပါတယ်။ ဒီမနက်ကလည်း။ ဒါပေမဲ့ ခု လောလောဆည်ကတော့ ပြန်ငြိမ်သွားပြီ။ ဒီမနက်ကတော့ ၈ နာရီ ဝန်းကျင်လောက်က ဖြစ်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ တိကျ ဟို စစ်မြေပြင်က သတင်းကတော့ ခုထိ မထွက်သေးပါဘူး။ အရပ်ဘက်က သတင်းပဲ ကြားရပါတယ်။ မနေ့က ၁၄ ရက်နေ့ မှာလည်း ဖြစ်ပါတယ်။”

ဒီနယ်မြေအတွင်းမှာ MNDAA ကိုးကန့်နဲ့ AA တပ်ဖွဲ့တွေလည်း လှုပ်ရှားနေပြီး ဒီတပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်တာတွေလည်းရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီလ ၁၁ ရက်နေ့တည်းက ဒေသတွင်းမှာ တိုက်ပွဲတွေ စတင်ခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားရာ ရွာအနီးက မန်ကောင်း ရွာသား ၂၀၀ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း ဒေသခံ ဓမ္မဆရာတစ်ဦးက အခုလို ပြောပါတယ်။

“ဟုတ်တယ်။ သူတို့ ၂ရက်၊ ၃ရက်ရှိပြီ။ မန်ပိန်းရွာမှာ သူတို့ လာပြီး တည်းခိုနေတာပေါ့နော်။ ဘုရားကျောင်းဝင်းထဲမှာ။ လူဦးရေကတော့ ၂၈၀ တဲ့။ လောလောဆယ်ကတော့ ကျနော်တို့ အသင်းတော်ကနေ တတ်နိုင်သလောက်ပေါ့။ နောက် ဘေးပတ်ဝန်းကျင်ကလည်း တတ်နိုင်သလောက် ဆန်၊ ဆီ၊ ဆားတို့ နည်းနည်းပါးပါး အဲလိုမျိုးတွေ ကူထားတာရှိတယ်။ စစ်ကြောင်းတွေလည်း ရွာထဲမှာ ရှိသေးတယ်ပြောတယ်။ ဒါဆိုရင်တော့ သူတို့ အခြေအနေကတော့ ဆက်ဖြစ်မယ့် သဘောတော့ ရှိတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အစိုးရတပ်နဲ့ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့အကြားမှာ လားရှိုး၊ ကွတ်ခိုင်နဲ့ တန့်ယန်းမြို့နယ်တွေအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက COVID 19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တဘက်သတ် အပစ်ရပ် ကြေညာထားချိန်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တပ်မတော်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင်း တိုက်ပွဲ ဖြစ်ပွားတာနဲ့ ပတ်သက်လို့ အခုလို သုံးသပ်ထားပါတယ်။

“ရှမ်းဘက်မှာ ဖြစ်တာက မုံးပေါ်၊ ဟိုဝါးဘက်မှာ ဖြစ်တယ်လို့ ပြောတယ်။ ဆိုလိုတာက အဲဒီ ဟိုဝါးဘက်မှာ KIA နေလာတာ တော်တော်ကြာပြီပေါ့။ ဒါပေမဲ့ နေလာတာ ကြာတယ်ဆိုပေမဲ့ ဝတို့ ၊ မိုင်းလားတို့လို၊ လိုင်ဇာတို့လို လွတ်မြောက်ဒေသတော့ မဟုတ်ဘူး။ သူက ပြောက်ကျားဒေသသဘောမျိုးနေတာကိုး။ ပြောက်ကျားဒေသ သဘောက အစိုးရစစ်တပ်ဝင်လာရင် တိုက်ပွဲဖြစ်တယ်။ နောက် ရှောင်ပေးတယ်။ အစိုးရတပ်ထွက်သွားရင် ပြန်နေတယ်ပေါ့ဗျာ။ အဲဒါမျိုး တိုက်ပွဲဖြစ်တာပဲဗျ။ ကျနော့်အမြင်ကတော့ ထူးထူးခြားခြား ဖြစ်တဲ့ တိုက်ပွဲ မဟုတ်ပါဘူး။”

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင် လက်နက်ကိုင်အဖွဲ့တွေအကြားမှာ Bilateral ခေါ် အပစ်ရပ်စာချုပ် ချုပ်ဆိုရေးဆွေးနွေးပွဲတွေဟာ ဒီနှစ်ဆန်းတည်းက ရပ်ဆိုင်းခဲ့ရာက ပြန်လည် စတင်နိုင်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ အပတ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ မိုင်းလားအဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံစဉ်ကတော့ MNDAA ကိုးကန့်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့တယ်။

XS
SM
MD
LG