သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆယ္ေဒသခံ ၃ ဦး ေသဆံုးတဲ့ျဖစ္ရပ္ တပ္မေတာ္ စံုစမ္းေန


ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္က ေသဆံုးသြားတဲ့ရုပ္အေလာင္းကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္မွာ တပ္မေတာ္က ဖမ္းဆီးသြားတဲ့ ေဒသခံ ၃ ဦး ေနာက္ပုိင္းမွာ ေသဆံုးခဲ့တဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္လုိ႔ တပ္မေတာ္က စတင္စုံစမ္းေမးျမန္းေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပပါမယ္။

လြန္ခဲ့တဲ့ေမလ ၂၉ ရက္ေန႔က မူဆယ္ၿမိဳ႕နယ္အတြင္းမွာ အစိုးရတပ္မေတာ္နဲ႔ TNLA ေခၚ တအန္း(ပေလာင္) တပ္ဖဲြ႕အၾကား တိုက္ပဲြျဖစ္ပြားခဲ့ၿပီး အဲဒီေနာက္တိုက္ပဲြျဖစ္ပြားရာေနရာက လူ ၃ေယာက္ကို တပ္မ ၉၉ စစ္ေၾကာင္းက ဖမ္းဆီးသြားခဲ့တာပါ။

အဲဒီေနာက္ ၃ လအၾကာ ဒီလ ၂၁ ရက္ေန႔မွာေတာ့ ဒီလူ ၃ ေယာက္ရဲ႕ ႐ုပ္အေလာင္းကို မူဆယ္ၿမိဳ႕နယ္ မူလြန္ပန္ခါးအုပ္စု မိုင္းဆက္ရြာေဟာင္းက စာသင္ေက်ာင္းအနီးမွာ ျပန္လည္တူးေဖာ္ရခဲ့တာျဖစ္ပါတယ္။

လူ ၃ေယာက္ ေသဆံုးတာနဲ႔ ပတ္သက္လို႔ မူဆယ္ၿမိဳ႕နယ္ တအန္းစာေပနဲ႔ ယဥ္ေက်းမႈအဖဲြ႕က ျမန္မာ့ တပ္မေတာ္က အရပ္သားေတြကို အေၾကာင္းမဲ့ သတ္ျဖတ္တာကို ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ တဲ့ေနာက္မွာ ဒီကေန႔ တပ္မ ၉၉ က တာ၀န္ရွိသူေတြက တအန္းစာေပနဲ႔ ယဥ္ေက်းမႈအဖဲြ႕ကို ေတြ႕ဆံုၿပီး စံုစမ္းေမးျမန္းတာေတြ လုပ္ခဲ့တာျဖစ္ပါတယ္။

တပ္မ ၉၉ က တပ္မမွဴးနဲ႔ နမ့္ဖတ္ကာၿမိဳ႕မွာ သြားေရာက္ေတြ႕ဆံုခဲ့တဲ့ မူဆယ္ၿမိဳ႕နယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီစိန္က ေတြ႕ဆံုေဆြးေႏြးခဲ့တဲ့အေၾကာင္းကို အခုလို ေျပာပါတယ္။

“ပေလာင္စာေပယဥ္ေက်းမႈ ေကာ္မတီအေနနဲ႔ က်ေနာ္တို႔က တပ္မ၉၉ ရဲ႕ တပ္မမွဴးနဲ႔ လာေတြ႕တာပါ။ statement ထုတ္တဲ့အထဲမွာ ၉၉ ကေနၿပီးေတာ့ ပစ္သတ္လိုက္တယ္လို႔ ေျပာတဲ့အေနအထားမွာ သက္ေသ သာဓကအေနနဲ႔ ဘယ္လိုျမင္သလဲေပါ့ဗ်ာ။ ျမင္တဲ့သက္ေသ သာဓကေတြ က်ေနာ္တို႔ ေျပာျပတာေပါ့။ ျခံတဲရဲ႕ တဲပိုင္ရွင္နဲ႔ သူ႔ရဲ႕ ကေလးေတြေပါ့။ အဲဒီလူေတြ ေတြ႕ခဲ့တယ္။ သူတို႔ Badge တံဆိပ္မွာ ၉၉ ဆိုၿပီးေတာ့ ပါတယ္ဆိုၿပီးေတာ့ ေျပာျပတာေလ။ အဲလို ေျပာျပတဲ့အခါက်ေတာ့ တပ္မမႈးကေနၿပီးေတာ့ ျပန္လည္ စစ္ေဆးေပးမယ္လို႔ ေျပာပါတယ္။ တကယ္လို႔မ်ား သူတို႔လူကသာ ျပစ္မွားတယ္ဆိုရင္ေတာ့ အေရးယူမယ္ေပါ့။ အေရးယူမယ္ လုပ္သင့္လုပ္ထိုက္တာ လုပ္သြားမယ္ေပါ့။ အဲလိုပံုစံမ်ိဳးပါ။”

တအန္းစာေပနဲ႔ ယဥ္ေက်းမႈအဖဲြ႕က အေထြေထြအတြင္းေရးမႈး အိုက္သိန္း၀င္းက ေမလ ၂၈ ရက္ညက မိုင္းဆက္ရြာနဲ႔ ၂ မိုင္အကြာ ဦးညီခမ္းရဲ႕ မီးေသြးတဲမွာ TNLA အဖဲြ႕က လာေရာက္စတည္းခ်ေၾကာင္း၊ ၂၉ ရက္ေန႔ မနက္မွာ တပ္မေတာ္စစ္ေၾကာင္း ေရာက္ရွိလာၿပီး တိုက္ပဲြျဖစ္ပြားခဲ့တဲ့ေနာက္ TNLA အဖဲြ႕က ဆုတ္ခြာသြားခဲ့ေၾကာင္း၊ အဲဒီအခ်ိန္မွာ တဲမွာ ရွိသူ ၂ဦးနဲ႔ လမ္းမွာေတြ႕သူ ၁ ဦး စုစုေပါင္း လူ ၃ ဦး တပ္မေတာ္က ဖမ္းဆီးသြားခဲ့တာျဖစ္ေၾကာင္း ေျပာပါတယ္။

ဖမ္းဆီးခံရသူ ၃ ေယာက္နဲ႔ ပတ္သက္ၿပီးေတာ့လည္း အိုက္သိန္း၀င္းက အခုလို ေျပာပါတယ္။

“၂ ေယာက္ဖမ္းသြားတဲ့အထဲမွာက ညီေထာမ္းေခၚ ေမာင္ရီ၊ မွတ္ပံုတင္နံမည္က ေမာင္ရီ။ ေနာက္တစ္ေယာက္က လုမ္ေမာင္ညမ္။ လုမ္ေမာင္ညမ္က နမ့္ခမ္း လြယ္မြန္းေက်းရြာက။ သူကေတာ့ TNLA တပ္ဖဲြ႕နဲ႔ ညတုန္းက ပါလာတဲ့ တစ္ေယာက္ေပါ့ေနာ္။ လမ္းမွာ ဖမ္းသြားတာက ညီလိတ္။ ညတုန္းက TNLA နဲ႔ ပါလာတဲ့ တစ္ေယာက္ကေတာ့ က်ေနာ္တို႔ မသိဘူး။ တကယ္အရပ္သားဟုတ္လား၊ မဟုတ္လားက်ေနာ္တို႔ မသိဘူး။ နမ့္ခမ္းဘက္က ဆိုေတာ့။ လမ္းမွာဖမ္းတဲ့ မန္ကတ္ရြာသားရယ္။ အဲဒီတဲထဲမွာ ဖမ္းတဲ့ မန္ကန္ရြာသားေပါ့ သူကေတာ့ တကယ္ ဘယ္အဖဲြ႕အစည္းနဲ႔မွ ပတ္သက္မႈ မရွိဘူး။”

ဇြန္လ ၁၄ရက္ေန႔မွာ သူတို႔ ေပ်ာက္ဆံုးေနတာနဲ႔ပတ္သက္လို႔ ရဲနဲ႔ အုပ္ခ်ဳပ္ေရးရံုးကိုအေၾကာင္းၾကားခဲ့ၿပီး ၾသဂုတ္ ၂၀ ရက္ေန႔မွာ သတင္းရတာေၾကာင့္ ၂၁ ရက္ေန႔မွာ ရဲ၊အုပ္ခ်ဳပ္ေရးနဲ႔ အျခားတာ၀န္ရွိသူေတြနဲ႔အတူ သြားေရာက္ တူးေဖာ္ခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္က ဖမ္းဆီးခဲ့ၿပီးေနာက္ ေသဆံုးသြားတာနဲ႔ပတ္သက္ၿပီး မူဆယ္ၿမိဳ႕နယ္ တအန္း စာေပနဲ႔ ယဥ္ေက်းမႈအဖဲြ႕က ေသဆံုးသြားသူေတြအတြက္ အမွန္တရားနဲ႔ တရားမွ်တမႈေဖာ္ေဆာင္ေပးဖို႔နဲ႔ က်ဴးလြန္သူကို ထိထိေရာက္ေရာက္ အျပစ္ေပးအေရးယူဖို႔ ေတာင္းဆိုထားပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႕ကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံ ေျဖဆိုတာ မရွိခဲ့ပါဘူး။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ လက္နက္ကိုင္အဖဲြ႕မ်ိဳးစံုလႈပ္ရွားေနၿပီး ဒီလ ၁၄ရက္ေန႔က သီေပါၿမိဳ႕နယ္မွာ အမည္မသိေသနတ္သမားေတြက အရပ္သား ၃ ဦးကို သတ္ျဖတ္ခဲ့သလို ၾသဂုတ္လ ၂၅ ရက္ေန႔ကလည္း မူဆယ္ၿမိဳ႕မွာ အမ်ိဳးသမီးတစ္ဦးကို အမည္မသိေသနတ္သမားက ၂ ဦး သတ္ျဖတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လကုန္ပိုင္းကလည္း ေက်ာက္မဲၿမိဳ႕နယ္မွာ အရပ္သားတစ္ဦးေသဆံုးၿပီး တစ္ဦးထိခိုက္ဒဏ္ရာရတဲ့အေပၚ တပ္မေတာ္က က်ဴးလြန္တယ္ဆိုၿပီး လူေထာင္နဲ႔ ခ်ီဆႏၵျပတာေတြ ရွိခဲ့ၿပီးေနာက္ တပ္မေတာ္ဘက္က စံုစမ္းေမးျမန္းတာေတြလည္း ရွိခဲ့ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ လႈပ္ရွားေနတဲ့ အဖဲြ႕ေတြဟာ KIA ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔၊ RCSS-SSA ေတာင္ပိုင္းနဲ႔ SSPP-SSA ေျမာက္ပိုင္းအဖဲြ႕ေတြ ျဖစ္ၾကၿပီး တပ္မေတာ္နဲ႔ တိုက္ပဲြေတြ မၾကာခဏ ျဖစ္ပြားေနတာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မူဆယ်ဒေသခံ ၃ ဦး သေဆုံးတဲ့ဖြစ်ရပ် တပ်မတော် စုံစမ်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ တပ်မတော်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး နောက်ပိုင်းမှာ သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တပ်မတော်က စတင်စုံစမ်းမေးမြန်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

လွန်ခဲ့တဲ့မေလ ၂၉ ရက်နေ့က မူဆယ်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနောက်တိုက်ပွဲဖြစ်ပွားရာနေရာက လူ ၃ယောက်ကို တပ်မ ၉၉ စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် ၃လအကြာ ဒီလ ၂၁ ရက်နေ့မှာတော့ ဒီလူ ၃ ယောက်ရဲ့ ရုပ်အလောင်းကို မူဆယ်မြို့နယ် မူလွန်ပန်ခါးအုပ်စု မိုင်းဆက်ရွာဟောင်းက စာသင်ကျောင်းအနီးမှာ ပြန်လည်တူးဖော်ရခဲ့တာဖြစ်ပါတယ်။

လူ ၃ယောက် သေဆုံးတာနဲ့ ပတ်သက်လို့ မူဆယ်မြို့နယ် တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က မြန်မာ့ တပ်မတော်က အရပ်သားတွေကို အကြောင်းမဲ့ သတ်ဖြတ်တာကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ တဲ့နောက်မှာ ဒီကနေ့ တပ်မ ၉၉ က တာဝန်ရှိသူတွေက တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ကို တွေ့ဆုံပြီး စုံစမ်းမေးမြန်းတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

တပ်မ ၉၉က တပ်မမှူးနဲ့ နမ့်ဖတ်ကာမြို့မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ မူဆယ်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်က တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းကို အခုလို ပြောပါတယ်။

“ပလောင်စာပေယဉ်ကျေးမှု ကော်မတီအနေနဲ့ ကျနော်တို့က တပ်မ၉၉ ရဲ့ တပ်မမှူးနဲ့ လာတွေ့တာပါ။ statement ထုတ်တဲ့အထဲမှာ ၉၉ ကနေပြီးတော့ ပစ်သတ်လိုက်တယ်လို့ ပြောတဲ့အနေအထားမှာ သက်သေ သာဓကအနေနဲ့ ဘယ်လိုမြင်သလဲပေါ့ဗျာ။ မြင်တဲ့သက်သေ သာဓကတွေ ကျနော်တို့ ပြောပြတာပေါ့။ ခြံတဲရဲ့ တဲပိုင်ရှင်နဲ့ သူ့ရဲ့ ကလေးတွေပေါ့။ အဲဒီလူတွေ တွေ့ခဲ့တယ်။ သူတို့ Badge တံဆိပ်မှာ ၉၉ ဆိုပြီးတော့ ပါတယ်ဆိုပြီးတော့ ပြောပြတာလေ။ အဲလို ပြောပြတဲ့အခါကျတော့ တပ်မမှုးကနေပြီးတော့ ပြန်လည် စစ်ဆေးပေးမယ်လို့ ပြောပါတယ်။ တကယ်လို့များ သူတို့လူကသာ ပြစ်မှားတယ်ဆိုရင်တော့ အရေးယူမယ်ပေါ့။ အရေးယူမယ် လုပ်သင့်လုပ်ထိုက်တာ လုပ်သွားမယ်ပေါ့။ အဲလိုပုံစံမျိုးပါ။”

တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က အထွေထွေအတွင်းရေးမှုး အိုက်သိန်းဝင်းက မေလ ၂၈ ရက်ညက မိုင်းဆက်ရွာနဲ့ ၂ မိုင်အကွာ ဦးညီခမ်းရဲ့ မီးသွေးတဲမှာ TNLA အဖွဲ့က လာရောက်စတည်းချကြောင်း၊ ၂၉ ရက်နေ့ မနက်မှာ တပ်မတော်စစ်ကြောင်း ရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် TNLA အဖွဲ့က ဆုတ်ခွာသွားခဲ့ကြောင်း၊ အဲဒီအချိန်မှာ တဲမှာ ရှိသူ ၂ဦးနဲ့ လမ်းမှာတွေ့သူ ၁ ဦး စုစုပေါင်း လူ ၃ ဦး တပ်မတော်က ဖမ်းဆီးသွားခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ဖမ်းဆီးခံရသူ ၃ ယောက်နဲ့ ပတ်သက်ပြီးတော့လည်း အိုက်သိန်းဝင်းက အခုလို ပြောပါတယ်။

“၂ ယောက်ဖမ်းသွားတဲ့အထဲမှာက ညီထောမ်းခေါ် မောင်ရီ၊ မှတ်ပုံတင်နံမည်က မောင်ရီ။ နောက်တစ်ယောက်က လုမ်မောင်ညမ်။ လုမ်မောင်ညမ်က နမ့်ခမ်း လွယ်မွန်းကျေးရွာက။ သူကတော့ TNLA တပ်ဖွဲ့နဲ့ ညတုန်းက ပါလာတဲ့ တစ်ယောက်ပေါ့နော်။ လမ်းမှာ ဖမ်းသွားတာက ညီလိတ်။ ညတုန်းက TNLA နဲ့ ပါလာတဲ့ တစ်ယောက်ကတော့ ကျနော်တို့ မသိဘူး။ တကယ်အရပ်သားဟုတ်လားမဟုတ်လားကျနော်တို့ မသိဘူး။ နမ့်ခမ်းဘက်က ဆိုတော့။ လမ်းမှာဖမ်းတဲ့ မန်ကတ်ရွာသားရယ်။ အဲဒီတဲထဲမှာ ဖမ်းတဲ့ မန်ကန်ရွာသားပေါ့ သူကတော့ တကယ် ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှု မရှိဘူး။”

ဇွန်လ ၁၄ရက်နေ့မှာ သူတို့ ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ ရဲနဲ့ အုပ်ချုပ်ရေးရုံးကိုအကြောင်းကြားခဲ့ပြီး သြဂုတ် ၂၀ ရက်နေ့မှာ သတင်းရတာကြောင့် ၂၁ ရက်နေ့မှာ ရဲ၊အုပ်ချုပ်ရေးနဲ့ အခြားတာဝန်ရှိသူတွေနဲ့အတူ သွားရောက် တူးဖော်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် သေဆုံးသွားတာနဲ့ပတ်သက်ပြီး မူဆယ်မြို့နယ် တအန်း စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က သေဆုံးသွားသူတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုဖော်ဆောင်ပေးဖို့နဲ့ ကျူးလွန်သူကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူဖို့ တောင်းဆိုထားပါတယ်။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္က ေသဆံုးသြားတဲ့ရုပ္အေလာင္းကို တူးေဖာ္ေနတဲ့ ျမင္ကြင္း။
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္က ေသဆံုးသြားတဲ့ရုပ္အေလာင္းကို တူးေဖာ္ေနတဲ့ ျမင္ကြင္း။

ဒီသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်အဖွဲ့မျိုးစုံလှုပ်ရှားနေပြီး ဒီလ ၁၄ရက်နေ့က သီပေါမြို့နယ်မှာ အမည်မသိသေနတ်သမားတွေက အရပ်သား ၃ ဦးကို သတ်ဖြတ်ခဲ့သလို သြဂုတ်လ ၂၅ ရက်နေ့ကလည်း မူဆယ်မြို့မှာ အမျိုးသမီးတစ်ဦးကို အမည်မသိသေနတ်သမားက ၂ ဦး သတ်ဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း ကျောက်မဲမြို့နယ်မှာ အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရတဲ့အပေါ် တပ်မတော်က ကျူးလွန်တယ်ဆိုပြီး လူထောင်နဲ့ ချီဆန္ဒပြတာတွေ ရှိခဲ့ပြီးနောက် တပ်မတော်ဘက်က စုံစမ်းမေးမြန်းတာတွေလည်း ရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေဟာ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ RCSS-SSA တောင်ပိုင်းနဲ့ SSPP-SSA မြောက်ပိုင်းအဖွဲ့တွေ ဖြစ်ကြပြီး တပ်မတော်နဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG