သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆယ္ဘဏ္ခဲြတခ်ဳိ႕ ပိတ္ရတဲ့အေၾကာင္းရင္း TNLA နဲ႔ မဆုိင္ေၾကာင္းျငင္းဆန္


TNLA တအာင္းလက္နက္ကိုင္အဖဲြ႔ က တပ္ဖဲြ႔၀င္တခ်ိဳ႕။ (ဇန္န၀ါရီ ၁၅၊ ၂၀၁၄)

[Zawgyi/Unicode]

ရွမ္းျပည္နယ္မွာ ပုဂၢလိက ဘဏ္ခဲြ သံုးခု ပိတ္လုိက္ရတာဟာ တအာင္းလက္နက္ကိုင္အဖဲြ႔ TNLA က စီးပြားေရး လုပ္ငန္းေတြအေပၚ အခြန္ေကာက္ခံေနတာနဲ႔ ဆက္ႏြယ္ေနတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚေနတဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

မူဆယ္ၿမိဳ႕ေပၚက ဘဏ္ခြဲ သုံးခုကို ဩဂုတ္လ ၁၇ ရက္ကစၿပီး ေခတၱပိတ္မယ္လို႔ ကေမာၻဇဘဏ္က သတင္းထုတ္ျပန္ခဲ့တာဟာ တအာင္းလက္နက္ကိုင္ TNLA ရဲ႕ အခြန္ေကာက္ခံမႈနဲ႔ ပတ္သတ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ TNLA အဖဲြ႔ ေျပာခြင့္ရ ဗုိလ္မွဴးတာ့အုိက္ေက်ာ္ ကေတာ့ သူတုိ႔အေျခစုိက္ လႈပ္ရွားေနတဲ့ နယ္ေျမက စီးပြားေရးလုပ္ငန္းေတြအေပၚ ပုံမွန္အခြန္ေကာက္ေလ့ရွိေပမဲ့ ပိတ္လိုက္တဲ့ ဘဏ္ေတြကိုေတာ့ အခြန္ေဆာင္ဖို႔ အေၾကာင္းၾကားထားတယ္ဆုိၿပီး လူမႈကြန္ရက္ေတြေပၚမွာ ပ်ံ႕ေနတဲ့စာကေတာ့ သူတုိ႔အဖဲြ႔က ေပးပုိ႔တာ မဟုတ္ဘူးလုိ႔ ေျပာပါတယ္။

“အခုက စာေပးတာ၊ မေပးတာေတာ့ က်ေနာ္တို႔ မသိဘူး။ ပုံမွန္အားျဖင့္ေတာ့ က်ေနာ္တို႔ ဒီႏွစ္ထဲမွာ လုပ္ကိုင္ေနတဲ့ လုပ္ငန္းရွင္ အေပၚမွာ က်ေနာ္တို႔က အခြန္ေကာက္ခံမႈေတာ့ ရွိတယ္၊ သူတို႔က တႏွစ္ကို တႀကိမ္ (အခြန္) ေဆာင္ၿပီးရင္ေတာ့ တႏွစ္စာ ၿပီးသြားၿပီျဖစ္တယ္။ အထူသျဖင့္ က်ေနာ္တို႔ ရည္႐ြယ္ခ်က္ကေတာ့ ဒီလုပ္ငန္းရွင္ေပၚမွာ ဝန္ထုပ္ဝန္ပိုး မျဖစ္ေအာင္၊ လုပ္ငန္းအေပၚမွာ ပိမသြားေအာင္ အဲလိုၾကည့္ၿပီးမွ ေကာက္ခံတာ ျဖစ္တယ္။”

မူဆယ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ဦးေအာင္ေက်ာ္ဦးကေတာ့ မူဆယ္ ကေမာၻဇဘဏ္ခြဲ တစ္ခုကုိ အခြန္ေဆာင္ဖို႔ အေၾကာင္းၾကားစာ ေပးပုိ႔ထားတယ္လုိ႔ သိရေၾကာင္း ေျပာပါတယ္။

“ဘဏ္ေတြေတာ့ အကုန္လုံး မပါဘူးနဲ႔ တူတယ္။ က်ေနာ္သိတာကေတာ့ ကေမာၻဇဘဏ္ ၁ ကိုေတာ့ TNLA ကေနၿပီးေတာ့မွ၊ TNLA ဆိုတာ က်ေနာ္တို႔အေနနဲ႔ သိတာေပါ့ဗ်ာ၊ ဒီဥစၥာေတာ့ အဖြဲ႕အစည္း စိစစ္ဆဲေပါ့။ အဲဒီအဖြဲ႕ကေနၿပီးေတာ့မွ (အခြန္ေဆာင္ဖို႔) စာေပးတယ္လို႔ ေျပာတဲ့အတြက္ က်ေနာ္တို႔လည္း အဲမွာ လုံၿခဳံေရးဘာညာ ခ်တာေတာ့ ရွိတာေပါ့ေနာ္။”

က်န္တဲ့ကေမာၻဇဘဏ္ခြဲေတြကေတာ့ လုံၿခဳံေရးကင္မရာအျပင္၊ တျခား ျပင္ဆင္ေရးတခ်ိဳ႕အတြက္ လုပ္မွာမို႔ ပိတ္ရတာလို႔လည္း ေျပာပါတယ္။ ဘဏ္ခဲြေတြ ပိတ္ရတဲ့အေၾကာင္းနဲ႔ ပတ္သက္လုိ႔ ကေမာၻဇဘဏ္ကုိ ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားခဲ့ေပမဲ့ မရခဲ့ပါဘူး။ မူဆယ္ခ႐ိုင္ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းကေတာ့ ဒါနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို ျပည္နယ္အစိုးရအဖြဲ႕ကို တင္ျပထားတယ္လို႔ ေျပာပါတယ္။

“သတင္းတက္တာကေတာ့ ဘဏ္ခြဲ ၂၊ ၃၊ ၄ ပိတ္မယ္ေျပာထားတယ္၊ ကေမာၻဇဘဏ္ေလ။ ပိတ္မယ္ဆိုတာ က်ေနာ္တို႔လည္း ဒီေန႔မွ သိတာဗ်။ ဟိုရက္ေတြတုန္းကေတာ့ သတင္းၾကားတယ္ဆိုေတာ့ ရတဲ့သတင္းအေပၚ မူတည္ၿပီး က်ေနာ္တို႔က အစိုးရအဖြဲ႕ဘာညာ တင္ထားတာေတာ့ ရွိတာေပါ့။ ပုံမွန္လုံၿခဳံေရးအျပင္ အခုလုံၿခဳံေရး ပိုေဆာင္႐ြက္တာေပါ့။”

အစိုးရကေတာ့ ဘဏ္ေတြကို ေဒသလုံၿခဳံေရး စိတ္ခ်ရတယ္ဆိုမွသာ ဖြင့္ခြင့္ျပဳေပးခဲ့တာျဖစ္ေၾကာင္း ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးမင္းက ဗြီအိုေအကို ေျပာပါတယ္။

“ဘဏ္ေတြကေတာ့ သူတို႔လုံၿခဳံေရးအေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ္တို႔က၊ ဖြင့္ခြင့္ျပဳကတည္းက နယ္ေျမေဒသခံ လုံၿခဳံေရးအဖြဲ႕ေတြက ေနၿပီးေတာ့ ဒါဟာ လုံၿခဳံမႈရွိတယ္ ဆိုတဲ့ဟာမ်ိဳးနဲ႔ ဖြင့္ဖို႔ ခြင့္ျပဳခဲ့တာေပါ့။ ဆိုေတာ့ အေျခအေနေပၚမွာ မူတည္ၿပီးေတာ့ ဒါက လုံၿခဳံေရး အပိုင္းပဲျဖစ္တဲ့အတြက္ သူတို႔လုံၿခဳံေရး လိုအပ္တယ္ ဆိုရင္ေတာ့ သက္ဆိုင္ရာ ဌာနေတြကပဲ ေဆာင္႐ြက္ၾကဖို႔ပဲ ရွိပါတယ္။”

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕က ျမန္မာ- တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးမွာ အခ်က္အခ်ာက်သလို ျမန္မာ့စီးပြားေရးဘဏ္နဲ႔ ျမဝတီဘဏ္ အပါအဝင္ တျခားပုဂၢလိက ဘဏ္လုပ္ငန္း ၁၀ခုေက်ာ္ ရွိပါတယ္။ တပ္မေတာ္နဲ႔ လက္နက္ကိုင္အဖြဲ႕ေတြ နယ္ေျမစိုးမိုးထားတဲ့ ရွမ္းေျမာက္ေဒသတခ်ိဳ႕မွာ လုံၿခဳံေရးအရ မၾကာခဏဆိုသလို ဘဏ္ေတြပိတ္ရတာမ်ိဳး ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မူဆယ်ဘဏ်ခွဲတချို့ ပိတ်ရတဲ့အကြောင်းရင်း TNLA နဲ့ မဆိုင်ကြောင်းငြင်းဆန်

ရှမ်းပြည်နယ်မှာ ပုဂ္ဂလိက ဘဏ်ခွဲ သုံးခု ပိတ်လိုက်ရတာဟာ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က စီးပွားရေး လုပ်ငန်းတွေအပေါ် အခွန်ကောက်ခံနေတာနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မူဆယ်မြို့ပေါ်က ဘဏ်ခွဲ သုံးခုကို ဩဂုတ်လ ၁၇ ရက်ကစပြီး ခေတ္တပိတ်မယ်လို့ ကမ္ဘောဇဘဏ်က သတင်းထုတ်ပြန်ခဲ့တာဟာ တအာင်းလက်နက်ကိုင် TNLA ရဲ့ အခွန်ကောက်ခံမှုနဲ့ ပတ်သတ်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ TNLA အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးတာ့အိုက်ကျော် ကတော့ သူတို့အခြေစိုက် လှုပ်ရှားနေတဲ့ နယ်မြေက စီးပွားရေးလုပ်ငန်းတွေအပေါ် ပုံမှန်အခွန်ကောက်လေ့ရှိပေမဲ့ ပိတ်လိုက်တဲ့ ဘဏ်တွေကိုတော့ အခွန်ဆောင်ဖို့ အကြောင်းကြားထားတယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နေတဲ့စာကတော့ သူတို့အဖွဲ့က ပေးပို့တာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အခုက စာပေးတာ၊ မပေးတာတော့ ကျနော်တို့ မသိဘူး။ ပုံမှန်အားဖြင့်တော့ ကျနော်တို့ ဒီနှစ်ထဲမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင် အပေါ်မှာ ကျနော်တို့က အခွန်ကောက်ခံမှုတော့ ရှိတယ်၊ သူတို့က တနှစ်ကို တကြိမ် (အခွန်) ဆောင်ပြီးရင်တော့ တနှစ်စာ ပြီးသွားပြီဖြစ်တယ်။ အထူသဖြင့် ကျနော်တို့ ရည်ရွယ်ချက်ကတော့ ဒီလုပ်ငန်းရှင်ပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်၊ လုပ်ငန်းအပေါ်မှာ ပိမသွားအောင် အဲလိုကြည့်ပြီးမှ ကောက်ခံတာ ဖြစ်တယ်။”

မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦးကတော့ မူဆယ် ကမ္ဘောဇဘဏ်ခွဲ တစ်ခုကို အခွန်ဆောင်ဖို့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရကြောင်း ပြောပါတယ်။

“ဘဏ်တွေတော့ အကုန်လုံး မပါဘူးနဲ့ တူတယ်။ ကျနော်သိတာကတော့ ကမ္ဘောဇဘဏ် ၁ ကိုတော့ TNLA ကနေပြီးတော့မှ၊ TNLA ဆိုတာ ကျနော်တို့အနေနဲ့ သိတာပေါ့ဗျာ၊ ဒီဥစ္စာတော့ အဖွဲ့အစည်း စိစစ်ဆဲပေါ့။ အဲဒီအဖွဲ့ကနေပြီးတော့မှ (အခွန်ဆောင်ဖို့) စာပေးတယ်လို့ ပြောတဲ့အတွက် ကျနော်တို့လည်း အဲမှာ လုံခြုံရေးဘာညာ ချတာတော့ ရှိတာပေါ့နော်။”

ကျန်တဲ့ကမ္ဘောဇဘဏ်ခွဲတွေကတော့ လုံခြုံရေးကင်မရာအပြင်၊ တခြား ပြင်ဆင်ရေးတချို့အတွက် လုပ်မှာမို့ ပိတ်ရတာလို့လည်း ပြောပါတယ်။ ဘဏ်ခွဲတွေ ပိတ်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ကမ္ဘောဇဘဏ်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ မူဆယ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းကတော့ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ ပြောပါတယ်။

“သတင်းတက်တာကတော့ ဘဏ်ခွဲ ၂၊ ၃၊ ၄ ပိတ်မယ်ပြောထားတယ်၊ ကမ္ဘောဇဘဏ်လေ။ ပိတ်မယ်ဆိုတာ ကျနော်တို့လည်း ဒီနေ့မှ သိတာဗျ။ ဟိုရက်တွေတုန်းကတော့ သတင်းကြားတယ်ဆိုတော့ ရတဲ့သတင်းအပေါ် မူတည်ပြီး ကျနော်တို့က အစိုးရအဖွဲ့ဘာညာ တင်ထားတာတော့ ရှိတာပေါ့။ ပုံမှန်လုံခြုံရေးအပြင် အခုလုံခြုံရေး ပိုဆောင်ရွက်တာပေါ့။”

အစိုးရကတော့ ဘဏ်တွေကို ဒေသလုံခြုံရေး စိတ်ချရတယ်ဆိုမှသာ ဖွင့်ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

“ဘဏ်တွေကတော့ သူတို့လုံခြုံရေးအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က၊ ဖွင့်ခွင့်ပြုကတည်းက နယ်မြေဒေသခံ လုံခြုံရေးအဖွဲ့တွေက နေပြီးတော့ ဒါဟာ လုံခြုံမှုရှိတယ် ဆိုတဲ့ဟာမျိုးနဲ့ ဖွင့်ဖို့ ခွင့်ပြုခဲ့တာပေါ့။ ဆိုတော့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဒါက လုံခြုံရေး အပိုင်းပဲဖြစ်တဲ့အတွက် သူတို့လုံခြုံရေး လိုအပ်တယ် ဆိုရင်တော့ သက်ဆိုင်ရာ ဌာနတွေကပဲ ဆောင်ရွက်ကြဖို့ပဲ ရှိပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ အချက်အချာကျသလို မြန်မာ့စီးပွားရေးဘဏ်နဲ့ မြဝတီဘဏ် အပါအဝင် တခြားပုဂ္ဂလိက ဘဏ်လုပ်ငန်း ၁၀ခုကျော် ရှိပါတယ်။ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ နယ်မြေစိုးမိုးထားတဲ့ ရှမ်းမြောက်ဒေသတချို့မှာ လုံခြုံရေးအရ မကြာခဏဆိုသလို ဘဏ်တွေပိတ်ရတာမျိုး ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG