သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပဲြမ်ားျဖစ္ပြား


ရွမ္းျပည္ေျမာက္ပိုင္း စစ္ေရွာင္ဒုကၡသည္မ်ား။

[Zawgyi/Unicode]

ကပ္ေရာဂါႀကံဳေနရခ်ိန္မွာ တဘက္သတ္ အပစ္ရပ္ထားဖုိ႔ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ ေၾကညာထားေပမဲ့လည္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ တုိက္ပဲြေတြ ျပန္လည္ျဖစ္ပြားေနၿပီး၊ စစ္ေရး တင္းမာမႈေတြ ႀကီးထြားလာေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

ကာလအတန္ၾကာ တိုက္ပဲြေတြ ၿငိမ္သက္ေနခဲ့တဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသမွာ ဒီရက္ပိုင္းအတြင္းမွာ တုိက္ပဲြေတြ ျပန္လည္ျဖစ္ပြားေနတာပါ။

ဒီတုိက္ပဲြေတြဟာ အစိုးရတပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔၀င္ ကခ်င္ KIO၊ ကိုးကန္႔ MNDAA နဲ႔ တအန္း(ပေလာင္) TNLA တို႔အၾကားမွာ လားရိႈး၊ တာယန္းနဲ႔ မူဆယ္ခရိုင္က ၾကဴကုတ္(ပန္ဆိုင္း) ၿမိဳ႕နယ္ေတြအတြင္း ျဖစ္ပြားတာျဖစ္ပါတယ္။

ဒီရက္ပိုင္း တုိက္ပဲြျဖစ္ပြားတဲ့အေျခအေနကို TNLA ေခၚ တအန္း(ပေလာင္)တပ္ဖဲြ႔က ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴး တာ့အုိက္ေက်ာ္က VOA ကို အခုလို ေျပာပါတယ္။

“မေန႔က လားရိႈးၿမိဳ႕နယ္ထဲက မက္မန္းရြာရဲ့ အထက္ဘက္နားမွာ ညေန ၄ နာရီခဲြကေန ၄ နာရီ ၄၅ အထိေလာက္ အဲဒီမွာ တစ္ေနရာျဖစ္တယ္။ ေနာက္တစ္ေနရာကေတာ့ တာယန္းၿမိဳ႕နယ္အထဲမွာ ၀မ္ခိုင္ရြာရဲ့ အထက္နားမွာ ျဖစ္တယ္။ အဲဒါကေတာ့ ေန႔လယ္ ၁၂နာရီ ၄၅ေလာက္ကေန တစ္နာရီထိ တစ္ၾကိမ္ျဖစ္တယ္။ က်ေနာ္တုိ႔ တပ္ရိွတဲ့ဘက္ကို တပ္မေတာ္က တက္လာတဲ့အတြက္ ဒီ က်ေနာ္တုိ႔ ေရွ႔ေျပးကင္းနဲ႔ စၿပီးမွ ထိပ္တုိက္ေတြ႔ၿပီးမွ တိုက္ပဲြ စျဖစ္ပြားတာျဖစ္ပါတယ္။”

ဒီေန႔ ေန႔ခင္းပိုင္းအထိေတာ့ တို္က္ပဲြထပ္မံျဖစ္ပြားတဲ့ သတင္းမရရိွေသးပါဘူး။

ၿပီးခဲ့တဲ့ ၁၀ ရက္ေန႔နဲ႔ ၁၁ ရက္ေန႔ကလည္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းမွာ ၂ၾကိမ္ျဖစ္ပြားခဲ့ၿပီး ဒီလအတြင္း တိုက္ပဲြ ၄ၾကိမ္ျဖစ္ပြားခဲ့တယ္လို႔ ေျပာပါတယ္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ခရိုင္ ၾကဴကုတ္ (ပန္ဆုိင္း)ၿမိဳ႕နယ္ဘက္မွာ ၿပီးခဲ့တဲ့ အပတ္အတြင္း တိုက္ပဲြ ၂ၾကိမ္ျဖစ္ပြားခဲ့ၿပီး ေလာေလာဆည္ စစ္ေရးတင္းမာမႈေတြ ရိွေနေၾကာင္း KIA ကခ်င္အဖဲြ႔က ေျပာေရးဆုိခြင့္ရိွသူ ဗုိလ္မႈးၾကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“စက္တင္ဘာလ ၁၁ရက္ေန႔ရယ္၊ ၁၂ရက္ေန႔ရယ္ ဆက္တုိက္ျဖစ္ပါတယ္။ အခုေနာက္ဆံုးကေတာ့ ႏွစ္ဘက္က တပ္ေတြ အားလံုးကေတာ့ ကိုယ့္ေနရာမွာ ကိုယ္ေနၿပီးေတာ့ ျပန္ၿငိမ္သြားတဲ့အေနအထားေတာ့ ရိွပါတယ္။ ဒါေပမဲ့ တပ္မေတာ္ကလည္း သူ႔တပ္ေတြ ျပန္ဆုတ္သြားတာေတာ့ မရိွပါဘူး။ အဲဒါေၾကာင့္ စစ္ေရး အေျခအေနကေတာ့ တင္းမာတဲ့အေနအထားေတာ့ ရိွပါတယ္။ တုိက္ပဲြေတြ ျပန္ျဖစ္မလားေပါ့ေနာ္။ အဲဒါ အားလံုးကေတာ့ သတိအေနအထားနဲ႔ ေနတဲ့အေနအထားပဲ ျဖစ္ပါတယ္။ ေျပာမယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ ေျမာက္ပိုင္း မဟာမိတ္ေတြ ရိွတဲ့ဘက္မွာ တုိး၀င္လာလုိ႔ ျဖစ္တဲ့ တိုက္ပဲြျဖစ္ပါတယ္။ ”

TNLA က ဗုိလ္မွဴးတာ့အုိက္ေက်ာ္ကေတာ့ ၿပီးခဲ့တဲ့လေတြက စတင္ၿပီး ရွမ္းေျမာက္ေဒသမွာ တပ္မေတာ္ဘက္က အင္အားျဖည့္တင္းတာေတြ ရိွခဲ့ေၾကာင္း အခုလုိ ေျပာပါတယ္။

“ဒီ ၈လပိုင္းအကုန္ေပါ့။ ၾသဂုတ္လ ကုန္ခါနီးရယ္၊ အခု စက္တင္ဘာလဆန္းရယ္၊ ဒီ ရွမ္းေျမာက္ဘက္မွာေတာ့ လားရိႈးရယ္၊ ကြတ္ခုိင္ဘက္အျခမ္းရယ္၊ မူဆယ္၊ နမ့္ခမ္းေပါ့ေနာ္ စစ္အင္အားျပန္ၿပီး တိုးခ်ဲ႕လာတာေတာ့ ရိွတယ္။ စစ္အင္အားတုိးခ်ဲ႕ေတာ့ က်ေနာ္တုိ႔ေနတဲ့ ေတာတြင္းထိကို လုိက္လံၿပီးေတာ့ ထိုးစစ္ဆင္ေနေတာ့ တိုက္ပဲြက ျပန္လည္ျဖစ္ပြားတာျဖစ္တယ္။”

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားတဲ့ တုိက္ပဲြေတြနဲ႔ပတ္သက္ၿပီး အတည္ျပဳ ေမးျမန္းႏိုင္ဖို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔နဲ႔ အေရွ႕ေျမာက္စစ္တုိင္းဌာနခ်ဳပ္က ေျပာခြင့္ရသူေတြကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေခၚဆိုလို႔ မရခဲ့ပါဘူး။

ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြျဖစ္တဲ့ KIA ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔ နဲ႔ AA ရခိုင္အဖဲြ႔ေတြဟာ အစိုးရနဲ႔ Bilateralေခၚ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိေရးအတြက္ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ ေနာက္ဆံုးေဆြးေႏြးခဲ့ၾကၿပီး ဒီႏွစ္အတြင္းမွာေတာ့ COVID 19 ကပ္ေရာဂါေၾကာင့္ ေဆြးေႏြးပဲြေတြ ရပ္ဆုိင္းေနခဲ့ပါတယ္။

လတ္တေလာ ေဆြးေႏြးပဲြေတြ ျပန္စႏိုင္မယ့္ အလားအလားကို ႏွစ္ဘက္အၾကားမွာ ဆက္သြယ္ေဆာင္ရြက္ေပးေနတဲ့ PCG ေခၚ ကခ်င္ ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖဲြ႔က ဦးလမိုင္ဂြမ္ဂ်ာက အခုလို ေျပာပါတယ္။

“အခုေလာေလာဆယ္ ေနာက္ဆံုးအေျခအေနက ဘာမွ မထူးျခားဘူးဗ်။ ဟိုကလည္းပဲ ဘာမွ မေျပာဘူးဗ်။ ႏွစ္ဘက္စလံုးက ၿငိမ္ေနတယ္။ အခုေလာေလာဆယ္က COVID 19 ကိစၥေၾကာင့္ ထင္တယ္။ ဘာမွလည္း အေၾကာင္းျပန္လာတာ ဘာမွလည္း မရိွေသးဘူးဗ်။”

စက္တင္ဘာလ ၄ ရက္ေန႔ သတင္းစာရွင္းလင္းပဲြမွာေတာ့ သမၼတရံုး၀န္ၾကီးဌာန ေျပာေရးဆုိခြင့္ရိွသူ ဦးေဇာ္ေဌးက ေျမာက္ပိုင္းမဟာမိတ္ေတြဘက္က ေဆြးေႏြးပဲြေတြ ျပန္လည္စတင္ဖို့ အစိုးရထံကို အေၾကာင္းၾကားလာေၾကာင္းနဲ႔ အစိုးရဘက္က ေဆြးေႏြးပဲြေတြဟာ အက်ိဳး ရိွ၊ မရိွ ျပန္လည္သံုးသပ္ေနေၾကာင္း ေျပာဆိုထားပါတယ္။

ၾသဂုတ္လအတြင္း ျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါကူးစက္မႈ ျပန္လည္ျမင့္တက္လာတဲ့ေနာက္မွာ တပ္မေတာ္က အၾကမ္းဖက္အဖဲြ႔အစည္းေတြ ရိွတဲ့ေနရာမွ အပ က်န္နယ္ေျမေတြမွာ စစ္ေရးဆုိင္ရာ လႈပ္ရွားမႈကို စက္တင္ဘာလ ၁ရက္ကေန ၃၀ရက္ေန႔အထိ တုိးျမွင့္ခဲ့သလို အစိုးရနဲ႔ တုိက္ခုိက္ေနတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔၀င္ ညီေနာင္မဟာမိတ္ ၃ဖဲြ႔ကလည္း စက္တင္ဘာလ ၁ ရက္ေန႔ကေန ႏို၀င္ဘာလ ၉ ရက္ေန႔အထိ အပစ္ရပ္သက္တမ္း ထပ္မံ တိုးျမွင့္ခဲ့ၾကပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပဲြမ်ားျဖစ္ပြား
please wait

No media source currently available

0:00 0:04:50 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများဖြစ်ပွား

ကပ်ရောဂါကြုံနေရချိန်မှာ တဘက်သတ် အပစ်ရပ်ထားဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြေညာထားပေမဲ့လည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး၊ စစ်ရေး တင်းမာမှုတွေ ကြီးထွားလာနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ကာလအတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။

ဒီတိုက်ပွဲတွေဟာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကချင် KIO၊ ကိုးကန့် MNDAA နဲ့ တအန်း(ပလောင်) TNLA တို့အကြားမှာ လားရှိုး၊ တာယန်းနဲ့ မူဆယ်ခရိုင်က ကြူကုတ်(ပန်ဆိုင်း) မြို့နယ်တွေအတွင်း ဖြစ်ပွားတာဖြစ်ပါတယ်။

ဒီရက်ပိုင်း တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က VOA ကို အခုလို ပြောပါတယ်။

“မနေ့က လားရှိုးမြို့နယ်ထဲက မက်မန်းရွာရဲ့ အထက်ဘက်နားမှာ ညနေ ၄ နာရီခွဲကနေ ၄ နာရီ ၄၅ အထိလောက် အဲဒီမှာ တစ်နေရာဖြစ်တယ်။ နောက်တစ်နေရာကတော့ တာယန်းမြို့နယ်အထဲမှာ ဝမ်ခိုင်ရွာရဲ့ အထက်နားမှာ ဖြစ်တယ်။ အဲဒါကတော့ နေ့လယ် ၁၂နာရီ ၄၅လောက်ကနေ တစ်နာရီထိ တစ်ကြိမ်ဖြစ်တယ်။ ကျနော်တို့ တပ်ရှိတဲ့ဘက်ကို တပ်မတော်က တက်လာတဲ့အတွက် ဒီ ကျနော်တို့ ရှေ့ပြေးကင်းနဲ့ စပြီးမှ ထိပ်တိုက်တွေ့ပြီးမှ တိုက်ပွဲ စဖြစ်ပွားတာဖြစ်ပါတယ်။”

ဒီနေ့ နေ့ခင်းပိုင်းအထိတော့ တိုက်ပွဲထပ်မံဖြစ်ပွားတဲ့သတင်းမရရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၁၀ရက်နေ့နဲ့ ၁၁ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီလအတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ဘက်မှာ ပြီးခဲ့တဲ့ အပတ်အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး လောလောဆည် စစ်ရေးတင်းမာမှုတွေ ရှိနေကြောင်း KIA ကချင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“စက်တင်ဘာလ ၁၁ရက်နေ့ရယ်၊ ၁၂ရက်နေ့ရယ် ဆက်တိုက်ဖြစ်ပါတယ်။ အခုနောက်ဆုံးကတော့ နှစ်ဘက်က တပ်တွေ အားလုံးကတော့ ကိုယ့်နေရာမှာ ကိုယ်နေပြီးတော့ ပြန်ငြိမ်သွားတဲ့အနေအထားတော့ ရှိပါတယ်။ ဒါပေမဲ့ တပ်မတော်ကလည်း သူ့တပ်တွေ ပြန်ဆုတ်သွားတာတော့ မရှိပါဘူး။ အဲဒါကြောင့် စစ်ရေး အခြေအနေကတော့ တင်းမာတဲ့အနေအထားတော့ ရှိပါတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်မလားပေါ့နော်။ အဲဒါ အားလုံးကတော့ သတိအနေအထားနဲ့ နေတဲ့အနေအထားပဲ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်တွေ ရှိတဲ့ဘက်မှာ တိုးဝင်လာလို့ ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ”

TNLA က ဗိုလ်မှူးတာ့အိုက်ကျော်ကတော့ ပြီးခဲ့တဲ့လတွေက စတင်ပြီး ရှမ်းမြောက်ဒေသမှာ တပ်မတော်ဘက်က အင်အားဖြည့်တင်းတာတွေ ရှိခဲ့ကြောင်း အခုလို ပြောပါတယ်။

“ဒီ ၈လပိုင်းအကုန်ပေါ့။ သြဂုတ်လ ကုန်ခါနီးရယ်၊ အခု စက်တင်ဘာလဆန်းရယ်၊ ဒီ ရှမ်းမြောက်ဘက်မှာတော့ လားရှိုးရယ်၊ ကွတ်ခိုင်ဘက်အခြမ်းရယ်၊ မူဆယ်၊ နမ့်ခမ်းပေါ့နော် စစ်အင်အားပြန်ပြီး တိုးချဲ့လာတာတော့ ရှိတယ်။ စစ်အင်အားတိုးချဲ့တော့ ကျနော်တို့နေတဲ့ တောတွင်းထိကို လိုက်လံပြီးတော့ ထိုးစစ်ဆင်နေတော့ တိုက်ပွဲက ပြန်လည်ဖြစ်ပွားတာဖြစ်တယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အတည်ပြု မေးမြန်းနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အရှေ့မြောက်စစ်တိုင်းဌာနချုပ်က ပြောခွင့်ရသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့် နဲ့ AA ရခိုင်အဖွဲ့တွေဟာ အစိုးရနဲ့ Bilateralခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ နောက်ဆုံးဆွေးနွေးခဲ့ကြပြီး ဒီနှစ်အတွင်းမှာတော့ COVID 19 ကပ်ရောဂါကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေခဲ့ပါတယ်။

လတ်တလော ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ့် အလားအလားကို နှစ်ဘက်အကြားမှာ ဆက်သွယ်ဆောင်ရွက်ပေးနေတဲ့ PCG ခေါ် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက အခုလို ပြောပါတယ်။

“အခုလောလောဆယ် နောက်ဆုံးအခြေအနေက ဘာမှ မထူးခြားဘူးဗျ။ ဟိုကလည်းပဲ ဘာမှ မပြောဘူးဗျ။ နှစ်ဘက်စလုံးက ငြိမ်နေတယ်။ အခုလောလောဆယ်က COVID 19 ကိစ္စကြောင့် ထင်တယ်။ ဘာမှလည်း အကြောင်းပြန်လာတာ ဘာမှလည်း မရှိသေးဘူးဗျ။”

စက်တင်ဘာလ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြောက်ပိုင်းမဟာမိတ်တွေဘက်က ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အစိုးရထံကို အကြောင်းကြားလာကြောင်းနဲ့ အစိုးရဘက်က ဆွေးနွေးပွဲတွေဟာ အကျိုး ရှိ၊ မရှိ ပြန်လည်သုံးသပ်နေကြောင်း ပြောဆိုထားပါတယ်။

သြဂုတ်လအတွင်း မြန်မာနိုင်ငံမှာ COVID 19 ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာတဲ့နောက်မှာ တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိတဲ့နေရာမှ အပ ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုကို စက်တင်ဘာလ ၁ရက်ကနေ ၃၀ရက်နေ့အထိ တိုးမြှင့်ခဲ့သလို အစိုးရနဲ့ တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း စက်တင်ဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၉ ရက်နေ့အထိ အပစ်ရပ်သက်တမ်း ထပ်မံ တိုးမြှင့်ခဲ့ကြပါတယ်။

XS
SM
MD
LG