သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ က်န္းမာေရး စိုးရိမ္စရာ မရွိ


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - စက္တင္ဘာ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးမွာ ကိုဗစ္ေရာဂါ ကူးစက္သူတဦး စစ္ေဆးေတြ႕ရွိထားေပမဲ့ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရး အေျခအေနကေတာ့ ေကာင္းမြန္ေၾကာင္း အစိုးရေျပာခြင့္ရသူက ဒီကေန႔ပဲ အတည္ျပဳလိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းထာက္စုစုက တင္ဆက္ေပးမွာပါ။

ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ဝန္ထမ္းတဦး ကိုဗစ္ေရာဂါ ကူးစက္ခံထားရေၾကာင္း အတည္ျပဳခဲ့ၿပီး ေနာက္တေန႔ျဖစ္တဲ့ ဒီေန႔မွာပဲ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရး အေျခအေနနဲ႔ ပတ္သက္လို႔ သတင္းထုတ္ျပန္လိုက္တာပါ။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရးဟာ အထူးေကာင္းမြန္ေနၿပီး၊ လုပ္ငန္းတာဝန္ေတြကိုလည္း ပုံမွန္ထမ္းေဆာင္ေနေၾကာင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက Facebook လူမႈကြန္ရက္ကေန သတင္းထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဧည့္သည္အဝင္အထြက္ေတြကို အထူးတင္းၾကပ္ထားၿပီး အတည္ျပဳလူနာနဲ႔ တိုက္႐ိုက္ထိေတြ႕ခဲ့သူ အားလုံးကို ေဆးစစ္ရာမွာလည္း ေရာဂါပိုးကင္းရွင္းတာ ေတြ႕ရေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ တလအတြင္း ကိုဗစ္ေရာဂါေၾကာင့္ ေနာက္ထပ္ေသဆုံးသူ ၂၆ ေယာက္နဲ႔ ကူးစက္သူ ၃,၀၀၀ ေလာက္ တိုးလာရာမွာ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္က ဌာနဆိုင္ရာ ဝန္ထမ္းေတြၾကားမွာပါ ကူးစက္မႈေတြ ႀကဳံေနရတာပါ။

ေနျပည္ေတာ္မွာ ကူးစက္ခံရသူ ၄၀ ေက်ာ္အနက္ ထက္ဝက္ေက်ာ္ဟာ ဝန္ထမ္းေတြ ျဖစ္ေနတဲ့အတြက္ ဝန္ထမ္းဦးေရ ေလွ်ာ့ခ်ၿပီး လုပ္ငန္းေတြကို လည္ပတ္ဖို႔နဲ႔ ဓာတ္ခြဲနမူနာယူ စစ္ေဆးသြားဖို႔ စီစဥ္ေနတယ္လို႔ ေနျပည္ေတာ္ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Aung San Suu Kyi - ေမ ၁၄၊ ၂၀၂၀)
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Aung San Suu Kyi - ေမ ၁၄၊ ၂၀၂၀)

“ေနျပည္ေတာ္မွာ အခုပိုးေတြ႕လူနာက ၄၀ ေက်ာ္ရွိသြားၿပီ။ တဝက္ေက်ာ္ကေတာ့ ႏိုင္ငံ့ဝန္ထမ္းေတြျဖစ္ပါတယ္။ ဝန္ထမ္းေတြျဖစ္တဲ့အတြက္ ကူးစက္မႈကိုေလွ်ာ့ခ်ဖို႔ ႐ုံးေတြကို တဝက္တက္ တဝက္နား၊ ႏွစ္ပတ္နားဖို႔စနစ္နဲ႔ ေဆာင္႐ြက္ေနပါတယ္။ ေနာက္ၿပီးေတာ့ ဒီဌာနဆိုင္ရာအႀကီးအကဲေတြ၊ ၫႊန္မႉးနဲ႔ အထက္ေတြကိုလည္း Swab ယူစစ္ေဆးသြားဖို႔ အခုစတင္ၿပီးေတာ့ ေဆာင္႐ြက္ေနပါတယ္။ ဝန္ထမ္းေတြကိုလည္း မိမိတာဝန္က်ရာေနရာ မိမိေနအိမ္ထဲကေန သိပ္အျပင္မထြက္ဖို႔ အေၾကာင္းမရွိဘဲ အျပင္မသြားဖို႔ လုပ္ငန္းမ်ားကို က်ေနာ္တို႔ေဆာင္႐ြက္ေနပါတယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ အေစာပိုင္းအထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃၂ ေယာက္နဲ႔ ေရာဂါကူးစက္သူ ၃,၀၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေး စိုးရိမ်စရာ မရှိ

နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ကိုဗစ်ရောဂါ ကူးစက်သူတဦး စစ်ဆေးတွေ့ရှိထားပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်ကြောင်း အစိုးရပြောခွင့်ရသူက ဒီကနေ့ပဲ အတည်ပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထာက်စုစုက တင်ဆက်ပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ထမ်းတဦး ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ အထူးကောင်းမွန်နေပြီး၊ လုပ်ငန်းတာဝန်တွေကိုလည်း ပုံမှန်ထမ်းဆောင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Facebook လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဧည့်သည်အဝင်အထွက်တွေကို အထူးတင်းကြပ်ထားပြီး အတည်ပြုလူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူ အားလုံးကို ဆေးစစ်ရာမှာလည်း ရောဂါပိုးကင်းရှင်းတာ တွေ့ရကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ တလအတွင်း ကိုဗစ်ရောဂါကြောင့် နောက်ထပ်သေဆုံးသူ ၂၆ ယောက်နဲ့ ကူးစက်သူ ၃,၀၀၀ လောက် တိုးလာရာမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်က ဌာနဆိုင်ရာ ဝန်ထမ်းတွေကြားမှာပါ ကူးစက်မှုတွေ ကြုံနေရတာပါ။

နေပြည်တော်မှာ ကူးစက်ခံရသူ ၄၀ ကျော်အနက် ထက်ဝက်ကျော်ဟာ ဝန်ထမ်းတွေ ဖြစ်နေတဲ့အတွက် ဝန်ထမ်းဦးရေ လျှော့ချပြီး လုပ်ငန်းတွေကို လည်ပတ်ဖို့နဲ့ ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားဖို့ စီစဉ်နေတယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“နေပြည်တော်မှာ အခုပိုးတွေ့လူနာက ၄၀ ကျော်ရှိသွားပြီ။ တဝက်ကျော်ကတော့ နိုင်ငံ့ဝန်ထမ်းတွေဖြစ်ပါတယ်။ ဝန်ထမ်းတွေဖြစ်တဲ့အတွက် ကူးစက်မှုကိုလျှော့ချဖို့ ရုံးတွေကို တဝက်တက် တဝက်နား၊ နှစ်ပတ်နားဖို့စနစ်နဲ့ ဆောင်ရွက်နေပါတယ်။ နောက်ပြီးတော့ ဒီဌာနဆိုင်ရာအကြီးအကဲတွေ၊ ညွှန်မှူးနဲ့ အထက်တွေကိုလည်း Swab ယူစစ်ဆေးသွားဖို့ အခုစတင်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဝန်ထမ်းတွေကိုလည်း မိမိတာဝန်ကျရာနေရာ မိမိနေအိမ်ထဲကနေ သိပ်အပြင်မထွက်ဖို့ အကြောင်းမရှိဘဲ အပြင်မသွားဖို့ လုပ်ငန်းများကို ကျနော်တို့ဆောင်ရွက်နေပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ အစောပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၂ ယောက်နဲ့ ရောဂါကူးစက်သူ ၃,၀၀၀ ကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG