သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ ကိုဗစ္ အေျခအေန ကိုင္တြယ္ေရး အေရးေပၚတံု႔ျပန္ေရးအဖဲြ႕ ေစလႊတ္


ေမလ ၂၀ ရက္ေန႔တုန္းက ရန္ကုန္ရွိ ေစတနာ႔၀န္ထမ္း ဆရာ၀န္မ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ ကူးစက္မႈႏႈန္းျမင့္တက္ေနတဲ့ ရန္ကုန္အေျခအေနကို ထိထိေရာက္ေရာက္ ကိုင္တြယ္ဖို႔ ထိပ္တန္းက်န္းမာေရးတာ၀န္ရွိသူေတြ ဦးေဆာင္တဲ့ အေရးေပၚ တုံ႔ျပန္ေရးအဖဲြ႔ကို ေနျပည္ေတာ္ကေန ေစလႊတ္လိုက္ၿပီျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီး ေဒါက္တာျမင့္ေထြးက ဗီြအိုေအကိုေျပာပါတယ္။

ဗိုင္းရပ္စ္ပိုးကူးစက္မႈ ျမင့္တက္ေနတဲ့အခ်ိန္ကာလ စက္ရံု၊ အလုပ္ရံုေတြမွာ ကာကြယ္ေရးလုပ္ငန္းေတြ အထူးၾကပ္မတ္ဖို႔အလြန္အေရးႀကီးေနေၾကာင္းလည္း ေဒါက္တာျမင့္ေထြးက သတိေပးေျပာၾကားခဲ့ပါတယ္။

က်န္းမာေရး၀န္ႀကီး ေဒါက္တာျမင့္ေထြးကို ကို၀င္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ကို၀င္းမင္း။ ။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႕ႏႈန္းနဲ႔ ေသဆုံးမူႏႈန္းေတြ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း တျဖည္းျဖည္းတက္လာတာမို႔၊ အဓိက ျပည္သူေတြကို မွာခ်င္တာနဲ႔ လုပ္ေဆာင္ထားတာေတြ ဘာေတြရွိပါသလဲ။

ေဒါက္တာျမင့္ေထြး။။ အခု ဒါကေတာ့ ဒီ Epidemic ကပ္ေရာဂါဟာ Second Wave (ဒုတိယလႈိင္း) မွာေတာ့၊ အေပၚေထာင္တက္ေနတဲ့ Curve (ဂရပ္မ်ဥ္း) က ျပန္ခ်ဖို႔ လိုတာေပါ့ေလ။တစ္ခုအေရးႀကီးဆုံးကေတာ့ ျပည္သူအမ်ားပါပဲ။ျပည္သူပါဝင္လို႔ရွိရင္ ကြၽန္ေတာ္ သတၱိရွိရွိေျပာရဲ ပါတယ္၊ဒီတစ္လ တစ္လခြဲေလာက္မွာ ေတာ္ေတာ္ကို ေရာဂါက်ဆင္းသြားမယ္။

ကို၀င္းမင္း။ ။ အခုလို ေတာ္ေတာ္ကို ေရာဂါက်ဆင္းသြားဖို႔အတြက္၊ အဓိက အေရးႀကီးဆုံးအခ်က္ဆို ဆရာဘာကို ေထာက္ျပမလဲ။

ေဒါက္တာျမင့္ေထြး။ ။ ဒီအခ်ိန္မွာ ကြၽန္ေတာ္ပိုေၾကာက္တာကဘာလဲဆိုေတာ့ စက္႐ုံအလုပ္႐ုံ ေတြပါပဲ။ဘာလို႔လဲဆိုေတာ့ ဒီ စက္႐ုံတစ္႐ုံမွာ တစ္ေယာက္ Positive (ပိုးေတြ႕တာ) ျဖစ္ရင္၊ စက္႐ုံပါပိတ္လိုက္ရၿပီးေတာ့ တိုင္းျပည္စီပြားေရးေတြ ထိခိုက္သြားႏိုင္ပါတယ္။

ကို၀င္းမင္း။ ။ ဆရာအခုေျပာသလို စက္႐ုံတစ္႐ုံမွာ ပိုးေတြ႕ၿပီးေတာ့ ပိတ္လိုက္ရကာ၊ ဒီစီပြားေရး ထိခိုက္တဲ့အေနအထား မေရာက္ေအာင္ေပါ့၊ အဓိက ဘာစလုပ္သင့္လဲဆရာ။

ေဒါက္တာျမင့္ေထြး။ ။ စက္႐ုံကေတာ့ အေရးႀကီးဆုံးကေတာ့ မနက္ဝင္တဲ့အခါရယ္၊ ထမင္းမစားခင္ရယ္၊ အိမ္ျပန္တဲ့အခါမွာ၂ မိနစ္ေလာက္စီ ကြၽန္ေတာ္က အလုပ္သမားေတြကို ေျပာေစခ်င္ပါတယ္။ေျပာတဲ့အခါမွာလည္း စက္႐ုံမန္ေနဂ်ာမေျပာပဲနဲ႔၊ စက္႐ုံအလုပ္သမား တစ္ေယာက္က ေျပာဖို႔လိုပါတယ္။အမ်ားႀကီးမဟုတ္ပါဘူး၊အဓိကကေတာ့ စက္႐ုံထဲမွာ ကူးႏိုင္တယ္ဆိုတာကေတာ့၊ ထမင္းစားတဲ့အခ်ိန္မွာ အမ်ားဆုံးကူးႏိုင္ပါတယ္။ထမင္းစားတဲ့အခ်ိန္မွာ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) ကိုျဖဳတ္လိုက္ရတယ္ေလ။ စကားေျပာမယ္၊ စားမယ္၊ ဒါဟာအလြန္အႏၲရာယ္မ်ားပါတယ္။အဲ့ေတာ့ ဒီထမင္းစားခ်ိန္မွာ ၅ ေပ ၆ ေပ မခြာႏိုင္ရင္ေတာင္မွ၊ အခ်ိန္ေလးနဲ႔၊ နာရီဝက္ေလာက္ျခားၿပီးေတာ့ Group (အစုခြဲ) ေလးနဲ႔ စားမယ္ဆိုရင္၊ Social Distancing (ခပ္ခြာခြာေနတာ) ကို လုပ္ႏိုင္ဖို႔ရွိပါတယ္။ေနာက္စက္႐ုံလုပ္သားေတြကို အိမ္မျပန္ခင္ေျပာဖို႔က၊ ဒီေရာဂါကူးခံရမယ္ဆိုရင္၊ မိသားစုေတြကို ကူးမယ့္ဟာတစ္ခ်က္၊ ေနာက္တစ္ခ်က္က အဓိကေျပာရမွာက ျမန္မာျပည္ရဲ႕အေျခအေနက၊ အခု လူနာေပါင္း ၈၀၀ ေက်ာ္ကို ကြၽန္ေတာ္တို႔ ေလ့လာလိုက္တဲ့အခါမွာ ၇၀-၇၁ ရာခိုင္ႏႈန္းက ေရာဂါလကၡဏာ မျပဘဲ ပိုးေတြ႕ေနတယ္။အဲ့ဒီေတာ့ မိမိပတ္ဝန္းက်င္မွာ ပိုးရွိေနႏိုင္တယ္ဆိုတဲ့ အသိစိတ္ဓာတ္ေလးနဲ႔ လုပ္ဖို႔လိုပါတယ္။အဲ့ဒီစက္႐ုံေတြကိုလည္း Monitor (ေစာင့္ၾကပ္ၾကည့္႐ူတာ) လုပ္ဖို႔၊ ကြၽန္ေတာ္တို႔ အဖြဲ႕ေတြရွိပါတယ္။ကြၽန္ေတာ္တို႔ က်န္းမာေရးနဲ႔ အလုပ္သမားဝန္ႀကီးဌာနေတြ သြားၿပီးေတာ့၊ စက္႐ုံေတြကို Randomly (ေရွာင္တခင္) ဝင္ၾကည့္မယ္။ဒါအေရးႀကီးပါတယ္။

ကို၀င္းမင္း။ ။ေနာက္ထပ္အေရးႀကီးတာဆိုရင္ေရာ။

ေဒါက္တာျမင့္ေထြး။။ ဒီေဈးေတြကို ဂ႐ုစိုက္ပါတယ္။လူသြားမ်ားတဲ့ေဈးေတြမွာ ခုနကေျပာတဲ့ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) မပါရင္၊ မဝင္ရဘူးကအစ။အဲ့တာမ်ိဳးကို နည္းနည္း တင္းၾကပ္ဖို႔။ဆိုေတာ့ တစ္လ၊ တစ္လခြဲေလာက္ ေတာ္ေတာ္တင္းၾကပ္လိုက္ရင္၊ ကြၽန္ေတာ္တို႔ ဒီကိုဗစ္ ေရာဂါႀကီးကိုေကာင္းေကာင္း ထိန္းႏိုင္မယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္။

ကို၀င္းမင္း။ ။ေနျပည္ေတာ္႐ုံးေတြမွာ ပိုးစေတြ႕တဲ့အေနအထားေရာ၊ အတိုင္ပင္ခံပုဂၢိဳလ္႐ုံး အပါအဝင္ေပါ့။

ေဒါက္တာျမင့္ေထြး။။ တကယ့္တကယ္ေတာ့ ေျပာရမယ္ဆိုရင္၊ ဒါႀကီးက ဘယ္လိုျဖစ္လာလဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ အဲ့ဒီ စစ္ေတြက ၁၀ ရက္ေလာက္ ပတ္ဝန္းက်င္ေပါ့ေလ၊ၾသဂုတ္လ ၁၆ ရက္ကေနစၿပီးေတာ့၊ တစ္ပတ္၊ ၁၀ ရက္ေလာက္ ဝင္လာတဲ့သူေတြက ေတာ္ေတာ္ပ်ံ.သြားတယ္။အဲ့ဒီၾကားထဲမွာပဲ ဒီပိုးက ကူးစက္မူျမန္တဲ့ အမ်ိဳးအစား ျဖစ္သြားတယ္။အဲ့ဒါလည္း ပိုးဘက္က တပမ္းသာသြားတာေပါ့။အဲ့ဒါေၾကာင့္ ဒီလို ပ်ံ.ႏွံ႔သြားတာေပါ့။အဲ့ဒီေတာ့ ဘယ္သူမဆိုျဖစ္ႏိုင္တယ္၊အတိုင္ပင္ခံ႐ုံးလည္း ျဖစ္ႏိုင္တယ္၊ သမၼတ႐ုံးလဲျဖစ္ႏိုင္တယ္၊ ဝန္ႀကီးအဖြဲ႕႐ုံးလဲ၊ ဒါဘယ္သူမဆိုျဖစ္ႏိုင္တာပဲေလ။အဲ့ဒီေတာ့ ႀကိဳသိေလ၊ ေကာင္းေလပဲ၊ႀကိဳသိေတာ့ အနီးနာက လူေတြအကုန္စစ္တယ္၊ လိုတာ အကုန္လုပ္တာေပါ့ေလ။

ကို၀င္းမင္း။ ။ ပိုးဘက္ကေတာ့ ဆရာ ေျပာသလို၊ ကူးစက္မူ ျမန္တာအျပင္ေပါ့ေနာ္၊ရခိုင္မွာတုန္း ကေတာ့ ေသဆုံးမူႏႈန္း သိပ္တက္တာ မေတြ႕ရေသးေပမဲ့၊ အခုေတာ့ ၿပီးခဲ့တဲ့ ၂ ပတ္အတြင္းမွာပဲ၊ ရန္ကုန္မွာကေတာ့ အထူးသျဖင့္၊ ေသဆုံးမူႏႈန္းေတြပါ တက္လာတာေတြ႕ရပါတယ္ ဆရာ၊ အဲ့ဒီအတြက္ေရာ။

ေဒါက္တာျမင့္ေထြး။။ မွန္ပါတယ္။ေနာက္ပိုင္းမွာ ဒီအသက္ႀကီးသူေတြက ပိုး ပိုေတြ႕ လာတယ္။အရင္နဲ႔ေတာင္မတူဘူး။ေတာ္ေတာ္မ်ားတယ္၊ အသက္ႀကီးတဲ့သူေတြနဲ႔ Comorbid သူ႔နဂိုေရာဂါအခံ ရွိသူေတြ ေတာ္ေတာ္မ်ားလာတယ္၊အခုမွာ။အဲ့ဒါေၾကာင့္ ေသႏႈန္းက နည္းနည္းျမင့္သြားတာေပါ့။က်န္တဲ့ အငယ္ေတြမေသဘူးလို႔ ကြၽန္ေတာ္မေျပာပါဘူး။ဒါေပမဲ့ သူတို႔သက္ႀကီးနဲ႔ ေရာဂါအခံေတြက ပိုေသတာျဖစ္သြားတာေပါ့။အခုလည္း ကြၽန္ေတာ္မွတ္မိသလာက္ စာရင္းအရဆို ၂၀၀ ေလာက္ရွိပါတယ္၊ နဂိုေရာဂါအခံရွိသူေပါ့။တခ်ိဳ႕ကလည္း ႏွလုံးေရာဂါ။အခုဆိုရင္ ကိုဗစ္က အဆုပ္ကိုထိတာတင္ မကဘူးေနာ္၊ ႏွလုံးကိုထိတဲ့အျပင္၊ ဒီ ႏွလုံးထိျခင္းသည္၊ ေရရွည္ထိတယ္ဆိုတာ၊ ေတာ္ေတာ္ထူးဆန္းတာေပါ့ေလ။

ကို၀င္းမင္း။ ။ အခုလို ပိုးကလည္း ထူးဆန္းေထြျပားလာတဲ့အခ်ိန္မွာ၊ ကြၽန္ေတာ္တို႔ ေရာဂါအခံရွိသူကလည္း ၂၀၀ ေလာက္ရွိေနေတာ့၊ ဒီထူးဆန္းတဲ့ပိုးကို လူ႔ဘက္က ျပန္ႏိုင္ေအာင္ေပါ့ ဆရာ၊ ဒီ ICU (အထူးၾကပ္မတ္ကုသေဆာင္) ေတြအေနအထားေရာ။

ေဒါက္တာျမင့္ေထြး။။ ICU ေတြကေတာ့ အလ်ံပယ္ေတာ့မဟုတ္ဘူး။ဒါေပမဲ့ အခုအခ်ိန္မွာ လုံေလာက္တဲ့ အဆင့္ေတာ့ရွိတယ္။ဒါေပမဲ့ ေရာဂါလူနာေတြမ်ားလာမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ တစ္ခုခုေတာ့ စဥ္းစားရမွာေပါ့။ေနာက္ အခု Ventilator (အသက္ရႈစက္) ေတြမွာတဲ့ပစၥည္းေတြက အမ်ားႀကီးေရာက္လာပါၿပီ။ Latest Method (ေနာက္ဆုံးေပၚနည္း) ေတြနဲ႔လည္း ကုသမူ ေပးေနပါတယ္။

ကို၀င္းမင္း။ ။ အခု လက္ရွိ ရန္ကုန္မွာျဖစ္ေနတဲ့ အေနအထားကို ထိန္းႏိုင္ဖို႔ေရာ။

ေဒါက္တာျမင့္ေထြး။။ ကြၽန္ေတာ္တို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး႐ုံး ၫႊန္ခ်ဳပ္ဦးေဆာင္ၿပီးေတာ့၊ အဖြဲ႕တစ္ခုဖြဲ႕ထားတယ္။ရန္ကုန္အေျခအေနကို ကိုင္တြယ္ဖို႔၊ေနာက္တစ္ခ်က္က Rapid Response Team (အေရးေပၚတုံ႔ျပန္ေရးအဖြဲ႕) ၃ ဖြဲ႕ကို ဖြဲ႕လိုက္ၿပီး၊ ဒီေန႔ပဲ မနက္ ၅ နာရီထြက္သြားပါမယ္။ရန္ကုန္မွာရွိတဲ့ Quarantine Site (သြားလာကန႔္သတ္စခန္း) ေတြကို Management (စီမံခန႔္ခြဲတာ) လုပ္ဖို႔၊ ျပည္သူ႔က်န္းမာေရး (Public Health) ကိစၥေတြလုပ္ဖို႔၊ ေနာက္ ေတာ္႐ုံတန္႐ုံကုသေရးမွာ သူတို႔က အႀကံဉာဏ္ေပးဖို႔ေပါ့ေလ၊ ကြၽန္ေတာ္ လႊတ္လိုက္ပါၿပီ။ကြၽန္ေတာ္လည္း အဲ့ဒါကို ေတာ္ေတာ္အားရပါတယ္။

ကို၀င္းမင္း။ ။ ဒီဝန္ထမ္းေတြၾကားမွာ၊ ဒီေဆးဝန္ထမ္းအျပင္ေပါ့၊ ဆရာ ဒီ႐ုံးဝန္ထမ္းေတြအတြက္လည္း ကိုဗစ္ကာကြယ္ေရး စည္းကမ္းေတြ အေသးစိတ္ခ်မွတ္တာကို ကြၽန္ေတာ္ေတြ႕ရ ပါတယ္ဆရာ။အဲ့ဒီေတာ့ အခုေနျပည္ေတာ္မွာလည္း ပိုးေတြစေတြ႕လာေတာ့။

ေဒါက္တာျမင့္ေထြး။။ ဟုတ္တယ္၊ အခု႐ုံးဝန္ထမ္းဆိုရင္၊ ေနျပည္ေတာ္မွာဆိုလို႔ရွိရင္၊ ၅၀ ရာခိုင္ႏႈန္းက ၂ ပတ္တက္မယ္၊ ေနာက္ ၂ ပတ္က မတက္ဘူး၊ အိမ္ကေနအလုပ္လုပ္မယ္ေပါ့၊ အလွည့္န ဲ႔ခြဲတက္တာ၊ အဲ့ဒါကို ကြၽန္ေတာ္တို႔ စပါၿပီ။

က်န္းမာေရးနဲ႔ အားကစား၀န္ႀကီး ေဒါက္တာျမင့္ေထြးကို ကို၀င္းမင္းက ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


.................

ရန်ကုန် ကိုဗစ် အခြေအနေ ကိုင်တွယ်ရေး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ စေလွှတ်

(Unicode)

COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ရန်ကုန်အခြေအနေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ထိပ်တန်းကျန်းမာရေးတာဝန်ရှိသူတွေ ဦးဆောင်တဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ကို နေပြည်တော်ကနေ စေလွှတ်လိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဗွီအိုအေကိုပြောပါတယ်။

ဗိုင်းရပ်စ်ပိုးကူးစက်မှု မြင့်တက်နေတဲ့အချိန်ကာလ စက်ရုံ၊ အလုပ်ရုံတွေမှာ ကာကွယ်ရေးလုပ်ငန်းတွေ အထူးကြပ်မတ်ဖို့အလွန်အရေးကြီးနေကြောင်းလည်း ဒေါက်တာမြင့်ထွေးက သတိပေးပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့နှုန်းနဲ့ သေဆုံးမူနှုန်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တဖြည်းဖြည်းတက်လာတာမို့၊ အဓိက ပြည်သူတွေကို မှာချင်တာနဲ့ လုပ်ဆောင်ထားတာတွေ ဘာတွေရှိပါသလဲ။

ဒေါက်တာမြင့်ထွေး။။ အခု ဒါကတော့ ဒီ Epidemic ကပ်ရောဂါဟာ Second Wave (ဒုတိယလှိုင်း) မှာတော့၊ အပေါ်ထောင်တက်နေတဲ့ Curve (ဂရပ်မျဉ်း) က ပြန်ချဖို့ လိုတာပေါ့လေ။တစ်ခုအရေးကြီးဆုံးကတော့ ပြည်သူအများပါပဲ။ပြည်သူပါဝင်လို့ရှိရင် ကျွန်တော် သတ္တိရှိရှိပြောရဲ ပါတယ်၊ဒီတစ်လ တစ်လခွဲလောက်မှာ တော်တော်ကို ရောဂါကျဆင်းသွားမယ်။

ကိုဝင်းမင်း။ ။ အခုလို တော်တော်ကို ရောဂါကျဆင်းသွားဖို့အတွက်၊ အဓိက အရေးကြီးဆုံးအချက်ဆို ဆရာဘာကို ထောက်ပြမလဲ။

ဒေါက်တာမြင့်ထွေး။ ။ ဒီအချိန်မှာ ကျွန်တော်ပိုကြောက်တာကဘာလဲဆိုတော့ စက်ရုံအလုပ်ရုံ တွေပါပဲ။ဘာလို့လဲဆိုတော့ ဒီ စက်ရုံတစ်ရုံမှာ တစ်ယောက် Positive (ပိုးတွေ့တာ) ဖြစ်ရင်၊ စက်ရုံပါပိတ်လိုက်ရပြီးတော့ တိုင်းပြည်စီပွားရေးတွေ ထိခိုက်သွားနိုင်ပါတယ်။

ကိုဝင်းမင်း။ ။ ဆရာအခုပြောသလို စက်ရုံတစ်ရုံမှာ ပိုးတွေ့ပြီးတော့ ပိတ်လိုက်ရကာ၊ ဒီစီပွားရေး ထိခိုက်တဲ့အနေအထား မရောက်အောင်ပေါ့၊ အဓိက ဘာစလုပ်သင့်လဲဆရာ။

ဒေါက်တာမြင့်ထွေး။ ။ စက်ရုံကတော့ အရေးကြီးဆုံးကတော့ မနက်ဝင်တဲ့အခါရယ်၊ ထမင်းမစားခင်ရယ်၊ အိမ်ပြန်တဲ့အခါမှာ၂ မိနစ်လောက်စီ ကျွန်တော်က အလုပ်သမားတွေကို ပြောစေချင်ပါတယ်။ပြောတဲ့အခါမှာလည်း စက်ရုံမန်နေဂျာမပြောပဲနဲ့၊ စက်ရုံအလုပ်သမား တစ်ယောက်က ပြောဖို့လိုပါတယ်။အများကြီးမဟုတ်ပါဘူး၊အဓိကကတော့ စက်ရုံထဲမှာ ကူးနိုင်တယ်ဆိုတာကတော့၊ ထမင်းစားတဲ့အချိန်မှာ အများဆုံးကူးနိုင်ပါတယ်။ထမင်းစားတဲ့အချိန်မှာ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) ကိုဖြုတ်လိုက်ရတယ်လေ။ စကားပြောမယ်၊ စားမယ်၊ ဒါဟာအလွန်အန္တရာယ်များပါတယ်။အဲ့တော့ ဒီထမင်းစားချိန်မှာ ၅ ပေ ၆ ပေ မခွာနိုင်ရင်တောင်မှ၊ အချိန်လေးနဲ့၊ နာရီဝက်လောက်ခြားပြီးတော့ Group (အစုခွဲ) လေးနဲ့ စားမယ်ဆိုရင်၊ Social Distancing (ခပ်ခွာခွာနေတာ) ကို လုပ်နိုင်ဖို့ရှိပါတယ်။နောက်စက်ရုံလုပ်သားတွေကို အိမ်မပြန်ခင်ပြောဖို့က၊ ဒီရောဂါကူးခံရမယ်ဆိုရင်၊ မိသားစုတွေကို ကူးမယ့်ဟာတစ်ချက်၊ နောက်တစ်ချက်က အဓိကပြောရမှာက မြန်မာပြည်ရဲ့အခြေအနေက၊ အခု လူနာပေါင်း ၈၀၀ ကျော်ကို ကျွန်တော်တို့ လေ့လာလိုက်တဲ့အခါမှာ ၇၀-၇၁ ရာခိုင်နှုန်းက ရောဂါလက္ခဏာ မပြဘဲ ပိုးတွေ့နေတယ်။အဲ့ဒီတော့ မိမိပတ်ဝန်းကျင်မှာ ပိုးရှိနေနိုင်တယ်ဆိုတဲ့ အသိစိတ်ဓာတ်လေးနဲ့ လုပ်ဖို့လိုပါတယ်။အဲ့ဒီစက်ရုံတွေကိုလည်း Monitor (စောင့်ကြပ်ကြည့်ရူတာ) လုပ်ဖို့၊ ကျွန်တော်တို့ အဖွဲ့တွေရှိပါတယ်။ကျွန်တော်တို့ ကျန်းမာရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေ သွားပြီးတော့၊ စက်ရုံတွေကို Randomly (ရှောင်တခင်) ဝင်ကြည့်မယ်။ဒါအရေးကြီးပါတယ်။

ကိုဝင်းမင်း။ ။နောက်ထပ်အရေးကြီးတာဆိုရင်ရော။

ဒေါက်တာမြင့်ထွေး။။ ဒီဈေးတွေကို ဂရုစိုက်ပါတယ်။လူသွားများတဲ့ဈေးတွေမှာ ခုနကပြောတဲ့ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) မပါရင်၊ မဝင်ရဘူးကအစ။အဲ့တာမျိုးကို နည်းနည်း တင်းကြပ်ဖို့။ဆိုတော့ တစ်လ၊ တစ်လခွဲလောက် တော်တော်တင်းကြပ်လိုက်ရင်၊ ကျွန်တော်တို့ ဒီကိုဗစ် ရောဂါကြီးကိုကောင်းကောင်း ထိန်းနိုင်မယ်လို့ ကျွန်တော် မြင်ပါတယ်။

ကိုဝင်းမင်း။ ။နေပြည်တော်ရုံးတွေမှာ ပိုးစတွေ့တဲ့အနေအထားရော၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး အပါအဝင်ပေါ့။

ဒေါက်တာမြင့်ထွေး။။ တကယ့်တကယ်တော့ ပြောရမယ်ဆိုရင်၊ ဒါကြီးက ဘယ်လိုဖြစ်လာလဲဆိုတော့ ကျွန်တော်တို့မှာ အဲ့ဒီ စစ်တွေက ၁၀ ရက်လောက် ပတ်ဝန်းကျင်ပေါ့လေ၊သြဂုတ်လ ၁၆ ရက်ကနေစပြီးတော့၊ တစ်ပတ်၊ ၁၀ ရက်လောက် ဝင်လာတဲ့သူတွေက တော်တော်ပျံ.သွားတယ်။အဲ့ဒီကြားထဲမှာပဲ ဒီပိုးက ကူးစက်မူမြန်တဲ့ အမျိုးအစား ဖြစ်သွားတယ်။အဲ့ဒါလည်း ပိုးဘက်က တပမ်းသာသွားတာပေါ့။အဲ့ဒါကြောင့် ဒီလို ပျံ.နှံ့သွားတာပေါ့။အဲ့ဒီတော့ ဘယ်သူမဆိုဖြစ်နိုင်တယ်၊အတိုင်ပင်ခံရုံးလည်း ဖြစ်နိုင်တယ်၊ သမ္မတရုံးလဲဖြစ်နိုင်တယ်၊ ဝန်ကြီးအဖွဲ့ရုံးလဲ၊ ဒါဘယ်သူမဆိုဖြစ်နိုင်တာပဲလေ။အဲ့ဒီတော့ ကြိုသိလေ၊ ကောင်းလေပဲ၊ကြိုသိတော့ အနီးနာက လူတွေအကုန်စစ်တယ်၊ လိုတာ အကုန်လုပ်တာပေါ့လေ။

ကိုဝင်းမင်း။ ။ ပိုးဘက်ကတော့ ဆရာ ပြောသလို၊ ကူးစက်မူ မြန်တာအပြင်ပေါ့နော်၊ရခိုင်မှာတုန်း ကတော့ သေဆုံးမူနှုန်း သိပ်တက်တာ မတွေ့ရသေးပေမဲ့၊ အခုတော့ ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာပဲ၊ ရန်ကုန်မှာကတော့ အထူးသဖြင့်၊ သေဆုံးမူနှုန်းတွေပါ တက်လာတာတွေ့ရပါတယ် ဆရာ၊ အဲ့ဒီအတွက်ရော။

ဒေါက်တာမြင့်ထွေး။။ မှန်ပါတယ်။နောက်ပိုင်းမှာ ဒီအသက်ကြီးသူတွေက ပိုး ပိုတွေ့ လာတယ်။အရင်နဲ့တောင်မတူဘူး။တော်တော်များတယ်၊ အသက်ကြီးတဲ့သူတွေနဲ့ Comorbid သူ့နဂိုရောဂါအခံ ရှိသူတွေ တော်တော်များလာတယ်၊အခုမှာ။အဲ့ဒါကြောင့် သေနှုန်းက နည်းနည်းမြင့်သွားတာပေါ့။ကျန်တဲ့ အငယ်တွေမသေဘူးလို့ ကျွန်တော်မပြောပါဘူး။ဒါပေမဲ့ သူတို့သက်ကြီးနဲ့ ရောဂါအခံတွေက ပိုသေတာဖြစ်သွားတာပေါ့။အခုလည်း ကျွန်တော်မှတ်မိသလာက် စာရင်းအရဆို ၂၀၀ လောက်ရှိပါတယ်၊ နဂိုရောဂါအခံရှိသူပေါ့။တချို့ကလည်း နှလုံးရောဂါ။အခုဆိုရင် ကိုဗစ်က အဆုပ်ကိုထိတာတင် မကဘူးနော်၊ နှလုံးကိုထိတဲ့အပြင်၊ ဒီ နှလုံးထိခြင်းသည်၊ ရေရှည်ထိတယ်ဆိုတာ၊ တော်တော်ထူးဆန်းတာပေါ့လေ။

ကိုဝင်းမင်း။ ။ အခုလို ပိုးကလည်း ထူးဆန်းထွေပြားလာတဲ့အချိန်မှာ၊ ကျွန်တော်တို့ ရောဂါအခံရှိသူကလည်း ၂၀၀ လောက်ရှိနေတော့၊ ဒီထူးဆန်းတဲ့ပိုးကို လူ့ဘက်က ပြန်နိုင်အောင်ပေါ့ ဆရာ၊ ဒီ ICU (အထူးကြပ်မတ်ကုသဆောင်) တွေအနေအထားရော။

ဒေါက်တာမြင့်ထွေး။။ ICU တွေကတော့ အလျံပယ်တော့မဟုတ်ဘူး။ဒါပေမဲ့ အခုအချိန်မှာ လုံလောက်တဲ့ အဆင့်တော့ရှိတယ်။ဒါပေမဲ့ ရောဂါလူနာတွေများလာမယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်ခုခုတော့ စဉ်းစားရမှာပေါ့။နောက် အခု Ventilator (အသက်ရှုစက်) တွေမှာတဲ့ပစ္စည်းတွေက အများကြီးရောက်လာပါပြီ။ Latest Method (နောက်ဆုံးပေါ်နည်း) တွေနဲ့လည်း ကုသမူ ပေးနေပါတယ်။

ကိုဝင်းမင်း။ ။ အခု လက်ရှိ ရန်ကုန်မှာဖြစ်နေတဲ့ အနေအထားကို ထိန်းနိုင်ဖို့ရော။

ဒေါက်တာမြင့်ထွေး။။ ကျွန်တော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးရုံး ညွှန်ချုပ်ဦးဆောင်ပြီးတော့၊ အဖွဲ့တစ်ခုဖွဲ့ထားတယ်။ရန်ကုန်အခြေအနေကို ကိုင်တွယ်ဖို့၊နောက်တစ်ချက်က Rapid Response Team (အရေးပေါ်တုံ့ပြန်ရေးအဖွဲ့) ၃ ဖွဲ့ကို ဖွဲ့လိုက်ပြီး၊ ဒီနေ့ပဲ မနက် ၅ နာရီထွက်သွားပါမယ်။ရန်ကုန်မှာရှိတဲ့ Quarantine Site (သွားလာကန့်သတ်စခန်း) တွေကို Management (စီမံခန့်ခွဲတာ) လုပ်ဖို့၊ ပြည်သူ့ကျန်းမာရေး (Public Health) ကိစ္စတွေလုပ်ဖို့၊ နောက် တော်ရုံတန်ရုံကုသရေးမှာ သူတို့က အကြံဉာဏ်ပေးဖို့ပေါ့လေ၊ ကျွန်တော် လွှတ်လိုက်ပါပြီ။ကျွန်တော်လည်း အဲ့ဒါကို တော်တော်အားရပါတယ်။

ကိုဝင်းမင်း။ ။ ဒီဝန်ထမ်းတွေကြားမှာ၊ ဒီဆေးဝန်ထမ်းအပြင်ပေါ့၊ ဆရာ ဒီရုံးဝန်ထမ်းတွေအတွက်လည်း ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေ အသေးစိတ်ချမှတ်တာကို ကျွန်တော်တွေ့ရ ပါတယ်ဆရာ။အဲ့ဒီတော့ အခုနေပြည်တော်မှာလည်း ပိုးတွေစတွေ့လာတော့။

ဒေါက်တာမြင့်ထွေး။။ ဟုတ်တယ်၊ အခုရုံးဝန်ထမ်းဆိုရင်၊ နေပြည်တော်မှာဆိုလို့ရှိရင်၊ ၅၀ ရာခိုင်နှုန်းက ၂ ပတ်တက်မယ်၊ နောက် ၂ ပတ်က မတက်ဘူး၊ အိမ်ကနေအလုပ်လုပ်မယ်ပေါ့၊ အလှည့်န ဲ့ခွဲတက်တာ၊ အဲ့ဒါကို ကျွန်တော်တို့ စပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG