သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါပိုး ေတြ႔ရွိခဲ့တဲ့ ေရႊလီမွာ စက္ရံုအလုပ္ရံုတခ်ဳိ႕စတင္ပိတ္ပင္


ေရႊလီ ၿမိဳ႕တြင္းမွာ က်န္းမာေရးစစ္ေဆးမႈျပဳလုပ္

(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသား ၂ ေယာက္မွာ ကိုဗစ္ေရာဂါပိုးေတြ႔ရွိေၾကာင္း တ႐ုတ္က်န္းမာေရးဌာနက အတည္ျပဳလုိက္ၿပီးေနာက္ ၿမိဳ႕တြင္းမွာ က်န္းမာေရးစစ္ေဆးမႈေတြ စတင္ေနတဲ့အေၾကာင္း ကိုေဇာ္ထက္ ေျပာျပပါမယ္။

ဒီရက္ပိုင္းမွာပဲ မႏၲေလးတိုင္းကေန တ႐ုတ္ႏိုင္ငံေ႐ႊလီၿမိဳ႕ကို ေရာက္သြားတဲ့ ျမန္မာအမ်ိဳးသမီး ႏွစ္ေယာက္မွာ ကိုဗစ္ေရာဂါပိုး စစ္ေဆးေတြ႔ရွိေၾကာင္း တ႐ုတ္က်န္းမာေရးဌာနက WeChat လူမႈကြန္ရက္ကေန ဒီကေန႔ အတည္ျပဳ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ေရာဂါပုိး ေတြ႔ရွိေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္မွာေတာ့ ျမန္မာႏိုင္ငံသားအမ်ားအျပား အလုပ္လုပ္ေနၾကတဲ့ ေ႐ႊလီၿမိဳ႕ျပင္က စက္႐ုံေတြမွာ ဗုိင္းရပ္စ္ပုိး ရွိ၊မရွိ စတင္စစ္ေဆးေနသလုိ တခ်ိဳ႕လုပ္ငန္းေတြလည္း ပိတ္ေနၾကၿပီလုိ႔ ေ႐ႊလီၿမိဳ႕က ျမန္မာအလုပ္သမား ကိုေနမင္းၿဖိဳးက ေျပာပါတယ္။

“ အေျခအေနကေတာ့ ( ေနထိုင္ခြင့္) စာအုပ္မရွိတဲ့သူဆိုရင္ေတာ့ ေတာ္ေတာ္မ်ားမ်ား လိုက္ဖမ္းေနတာေပါ့။ အလုပ္႐ုံေတြလည္း ေတာ္ေတာ္မ်ားမ်ား ပိတ္ကုန္ၿပီေလ။ ဒီေန႔ လာၿပီးေတာ့မွ စစ္တာကေတာ့ ၃လပိုင္း မတိုင္ခင္တုန္းက ဒီဘက္ကို ဝင္ထားတဲ့သူေတြဆိုရင္ ရတယ္။ အဲဒါရဲ႕ေနာက္မွာ ခိုးၿပီးဝင္ထားတဲ့ သူေတြဆိုရင္ အကုန္လုံးဖမ္းမယ္လို႔ ေျပာတာပဲ။”

ကိုဗစ္အတည္ျပဳလူနာ အမ်ိဳးသမီးႏွစ္ဦးစလုံးက ျမန္မာဘက္ျခမ္း ေနာင္ေတာင္း ဘက္ကေန တ႐ုတ္ျပည္ထဲ ဝင္ခဲ့တာလို႔ ေ႐ႊလီၿမိဳ႕ ျမန္မာအသိုင္းအဝန္းက ေျပာပါတယ္။ အမ်ဳိးသမီး ၂ ဦးစလုံးဟာ ဖ်ားနာေနတာေၾကာင့္ စစ္ေဆးၾကည့္ရာမွာ ကိုဗစ္ေရာဂါပိုး ေတြ႔ရွိခဲ့ရၿပီး ေ႐ႊလီၿမိဳ႕ေဆး႐ုံကို ပုိ႔ေဆာင္ထားေၾကာင္းလည္း က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေရႊလီၿမိဳ႕မွာ ေရာဂါကူးစက္သူ ျမန္မာႏုိင္ငံက အမ်ဳိးသမီး ၂ ေယာက္ ေတြ႔ရွိေၾကာင္း သတင္းနဲ႔ ပတ္သက္လုိ႔ ေမးျမန္းဖို႔ ကူမင္းၿမိဳ႕က ျမန္မာေကာင္စစ္ဝန္႐ုံးကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

ျမန္မာႏုိင္ငံသားေတြၾကား ေရာဂါကူးစက္မႈ အတည္ျပဳတဲ့သတင္း ထြက္လာၿပီးေနာက္မွာေတာ့ နယ္စပ္ေဒသနဲ႔ နီးစပ္တဲ့ ရပ္ကြက္တခ်ိဳ႕မွာ အသြားအလာေတြ ကန္႔သတ္စစ္ေဆးေနတယ္လုိ႔လည္း ေ႐ႊလီ- က်ယ္ေဂါင္ ပရဟိတအသင္းက ဦးသန္းထြန္းႏိုင္ ေျပာပါတယ္။

“ ရွမ္းရပ္ကြက္ေတြ ဘာေတြထဲ သြားမယ္ဆိုရင္ သူတို႔စစ္ေဆးတယ္၊ စစ္ေဆးၿပီးေတာ့ သူ႔ရပ္ကြက္က မဟုတ္ရင္ သိပ္ၿပီးအဝင္မခံဘူး အဲဒီလိုမ်ိဳး။ သူတို႔အခု ပိုးေတြ႕တဲ့ ေနရာေတြက် ပိတ္ထားတာေလ အဲဒါေတြ သြားလို႔မရဘူး။”

ျမန္မာနဲ႔ တ႐ုတ္ႏုိင္ငံသားေတြ ေက်ာက္အေရာင္းအဝယ္ အမ်ားဆုံး လုပ္ၾကတဲ့ေနရာေတြမွာလည္း ဒီကေန႔ က်န္းမာေရးစစ္ေဆးတာေတြ ရွိခဲ့ေၾကာင္း ေ႐ႊလီၿမိဳ႕လယ္ ေက်ာက္ေစ်းတန္းအနီးမွာ ေနထုိင္ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမား ကိုမိုးထြန္းက ေျပာပါတယ္။

“ Live လႊင့္ၿပီးေရာင္းတဲ့ ေက်ာက္ေရာင္းတဲ့ စင္တာမွာ က်န္းမာေရးစစ္ေဆးခ်က္ေအာင္ျမင္မွ အထဲကိုေပးဝင္တယ္၊ ဒါေၾကာင့္မို႔ တ႐ုတ္လူမ်ိဳးေတြ အမ်ားစုစစ္တယ္၊ ဒီမနက္စတာေပါ့။ အခုေလာေလာဆယ္ ထုတ္ျပန္ထားတာ အတည္ျပဳထားတာ ၂ေယာက္ေပါ့ ျမန္မာျပည္သား တ႐ုတ္၊ ျမန္မာျပည္က တ႐ုတ္ေပါ့ေနာ္။”

တ႐ုတ္သတင္းဌာန People’s Daily Online သတင္းဌာနရဲ႕ ဒီကေန႔ ေဆာင္းပါး တခုမွာလည္း ျပည္ပကေန ကူးစက္မႈအျဖစ္ ျမန္မာႏိုင္ငံသား ၂ ေယာက္ကို ထည့္သြင္း ေဖာ္ျပထားၿပီး လူစုလူေ၀းေရွာင္ဖုိ႔ နယ္စပ္လုံၿခံဳေရးတုိးျမွင့္ဖုိ႔႔၊ လက္ဝတ္ရတနာနဲ႔ ေက်ာက္စိမ္းအေရာင္းလုပ္ငန္းေတြ လုပ္ငန္းခဏရပ္ထားၿပီး ေရာဂါပုိး ရွိမရွိ စစ္ေဆးဖုိ႔ ညႊန္ၾကားထားေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ ႀကီးထြားလာေနတာေၾကာင့္ တ႐ုတ္ႏုိင္ငံက နယ္စပ္ေဒသမွာ လုံၿခံဳေရးအတြက္ တုိးျမွင့္ေစာင့္ၾကည့္ေနတာေတြ ရွိေပမဲ့ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္သူေတြ ရွိေနဆဲ ျဖစ္ေၾကာင္းလည္း ရွမ္းျပည္ေျမာက္ပိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမႉး ေဒါက္တာတင္ေမာင္ၫြန႔္က ေျပာပါတယ္။

“ အစကတည္းက နယ္စပ္ဝင္ေပါက္က သူတို႔သူတို႔က ထိန္းခ်ဳပ္ထားတာပဲေလ။ တ႐ုတ္ျပည္ဘက္ကို မူဆယ္ဘက္က ဝင္မယ္ဆိုရင္ သူတို႔ဆီမွာ hotel quarantine ၁၄ရက္ ဝင္ရမယ္၊ ၿပီးရင္ SWAT ယူရမယ္၊ အဲဒီအတြက္ကို ကုန္က်တဲ့ေငြ စုစုေပါင္းကို ကာယကံရွင္က က်ခံရမယ္ဆိုၿပီး တ႐ုတ္က ေၾကညာထားတာပဲ။ အနည္းဆုံး ျမန္မာေငြနဲ႔ဆို သိန္း ၂၀ ေလာက္ ကုန္မွာဆိုေတာ့ ဒီကလူေတြက တရားဝင္လမ္းေၾကာင္းကေတာ့ ဘယ္သူမွ သြားမွာမဟုတ္ဘူးေလေနာ္။”

ျမန္မာျပည္တြင္း COVID-19 တေက်ာ့ျပန္ကူးစက္မႈကေန ေရာဂါအတည္ျပဳလူနာ ၃၀၀၀ ေက်ာ္လာၿပီး ေသဆုံးသူက စက္တင္ဘာ ၁၄ရက္ မနက္ပိုင္းအထိ ၂၆ ေယာက္ရွိလာၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

(Unicode)

တရုတ်နိုင်ငံ ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား ၂ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း တရုတ်ကျန်းမာရေးဌာနက အတည်ပြုလိုက်ပြီးနောက် မြို့တွင်းမှာ ကျန်းမာရေးစစ်ဆေးမှုတွေ စတင်နေတဲ့အကြောင်း ကိုဇော်ထက် ပြောပြပါမယ်။

ဒီရက်ပိုင်းမှာပဲ မန္တလေးတိုင်းကနေ တရုတ်နိုင်ငံရွှေလီမြို့ကို ရောက်သွားတဲ့ မြန်မာအမျိုးသမီး နှစ်ယောက်မှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း တရုတ်ကျန်းမာရေးဌာနက WeChat လူမှုကွန်ရက်ကနေ ဒီကနေ့ အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြုခဲ့ပြီးနောက်မှာတော့ မြန်မာနိုင်ငံသားအများအပြား အလုပ်လုပ်နေကြတဲ့ ရွှေလီမြို့ပြင်က စက်ရုံတွေမှာ ဗိုင်းရပ်စ်ပိုး ရှိ၊မရှိ စတင်စစ်ဆေးနေသလို တချို့လုပ်ငန်းတွေလည်း ပိတ်နေကြပြီလို့ ရွှေလီမြို့က မြန်မာအလုပ်သမား ကိုနေမင်းဖြိုးက ပြောပါတယ်။

“ အခြေအနေကတော့ ( နေထိုင်ခွင့်) စာအုပ်မရှိတဲ့သူဆိုရင်တော့ တော်တော်များများ လိုက်ဖမ်းနေတာပေါ့။ အလုပ်ရုံတွေလည်း တော်တော်များများ ပိတ်ကုန်ပြီလေ။ ဒီနေ့ လာပြီးတော့မှ စစ်တာကတော့ ၃လပိုင်း မတိုင်ခင်တုန်းက ဒီဘက်ကို ဝင်ထားတဲ့သူတွေဆိုရင် ရတယ်။ အဲဒါရဲ့နောက်မှာ ခိုးပြီးဝင်ထားတဲ့ သူတွေဆိုရင် အကုန်လုံးဖမ်းမယ်လို့ ပြောတာပဲ။”

ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးနှစ်ဦးစလုံးက မြန်မာဘက်ခြမ်း နောင်တောင်း ဘက်ကနေ တရုတ်ပြည်ထဲ ဝင်ခဲ့တာလို့ ရွှေလီမြို့ မြန်မာအသိုင်းအဝန်းက ပြောပါတယ်။ အမျိုးသမီး ၂ ဦးစလုံးဟာ ဖျားနာနေတာကြောင့် စစ်ဆေးကြည့်ရာမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရပြီး ရွှေလီမြို့ဆေးရုံကို ပို့ဆောင်ထားကြောင်းလည်း ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရွှေလီမြို့မှာ ရောဂါကူးစက်သူ မြန်မာနိုင်ငံက အမျိုးသမီး ၂ ယောက် တွေ့ရှိကြောင်း သတင်းနဲ့ ပတ်သက်လို့ မေးမြန်းဖို့ ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ရုံးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

မြန်မာနိုင်ငံသားတွေကြား ရောဂါကူးစက်မှု အတည်ပြုတဲ့သတင်း ထွက်လာပြီးနောက်မှာတော့ နယ်စပ်ဒေသနဲ့ နီးစပ်တဲ့ ရပ်ကွက်တချို့မှာ အသွားအလာတွေ ကန့်သတ်စစ်ဆေးနေတယ်လို့လည်း ရွှေလီ- ကျယ်ဂေါင် ပရဟိတအသင်းက ဦးသန်းထွန်းနိုင် ပြောပါတယ်။

“ ရှမ်းရပ်ကွက်တွေ ဘာတွေထဲ သွားမယ်ဆိုရင် သူတို့စစ်ဆေးတယ်၊ စစ်ဆေးပြီးတော့ သူ့ရပ်ကွက်က မဟုတ်ရင် သိပ်ပြီးအဝင်မခံဘူး အဲဒီလိုမျိုး။ သူတို့အခု ပိုးတွေ့တဲ့ နေရာတွေကျ ပိတ်ထားတာလေ အဲဒါတွေ သွားလို့မရဘူး။”

မြန်မာနဲ့ တရုတ်နိုင်ငံသားတွေ ကျောက်အရောင်းအဝယ် အများဆုံး လုပ်ကြတဲ့နေရာတွေမှာလည်း ဒီကနေ့ ကျန်းမာရေးစစ်ဆေးတာတွေ ရှိခဲ့ကြောင်း ရွှေလီမြို့လယ် ကျောက်ဈေးတန်းအနီးမှာ နေထိုင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုမိုးထွန်းက ပြောပါတယ်။

“ Live လွှင့်ပြီးရောင်းတဲ့ ကျောက်ရောင်းတဲ့ စင်တာမှာ ကျန်းမာရေးစစ်ဆေးချက်အောင်မြင်မှ အထဲကိုပေးဝင်တယ်၊ ဒါကြောင့်မို့ တရုတ်လူမျိုးတွေ အများစုစစ်တယ်၊ ဒီမနက်စတာပေါ့။ အခုလောလောဆယ် ထုတ်ပြန်ထားတာ အတည်ပြုထားတာ ၂ယောက်ပေါ့ မြန်မာပြည်သား တရုတ်၊ မြန်မာပြည်က တရုတ်ပေါ့နော်။”

တရုတ်သတင်းဌာန People’s Daily Online သတင်းဌာနရဲ့ ဒီကနေ့ ဆောင်းပါး တခုမှာလည်း ပြည်ပကနေ ကူးစက်မှုအဖြစ် မြန်မာနိုင်ငံသား ၂ ယောက်ကို ထည့်သွင်း ဖော်ပြထားပြီး လူစုလူဝေးရှောင်ဖို့ နယ်စပ်လုံခြုံရေးတိုးမြှင့်ဖို့၊ လက်ဝတ်ရတနာနဲ့ ကျောက်စိမ်းအရောင်းလုပ်ငန်းတွေ လုပ်ငန်းခဏရပ်ထားပြီး ရောဂါပိုး ရှိမရှိ စစ်ဆေးဖို့ ညွှန်ကြားထားကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် ကြီးထွားလာနေတာကြောင့် တရုတ်နိုင်ငံက နယ်စပ်ဒေသမှာ လုံခြုံရေးအတွက် တိုးမြှင့်စောင့်ကြည့်နေတာတွေ ရှိပေမဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေ ရှိနေဆဲ ဖြစ်ကြောင်းလည်း ရှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ပြောပါတယ်။

“ အစကတည်းက နယ်စပ်ဝင်ပေါက်က သူတို့သူတို့က ထိန်းချုပ်ထားတာပဲလေ။ တရုတ်ပြည်ဘက်ကို မူဆယ်ဘက်က ဝင်မယ်ဆိုရင် သူတို့ဆီမှာ hotel quarantine ၁၄ရက် ဝင်ရမယ်၊ ပြီးရင် SWAT ယူရမယ်၊ အဲဒီအတွက်ကို ကုန်ကျတဲ့ငွေ စုစုပေါင်းကို ကာယကံရှင်က ကျခံရမယ်ဆိုပြီး တရုတ်က ကြေညာထားတာပဲ။ အနည်းဆုံး မြန်မာငွေနဲ့ဆို သိန်း ၂၀ လောက် ကုန်မှာဆိုတော့ ဒီကလူတွေက တရားဝင်လမ်းကြောင်းကတော့ ဘယ်သူမှ သွားမှာမဟုတ်ဘူးလေနော်။”

မြန်မာပြည်တွင်း COVID-19 တကျော့ပြန်ကူးစက်မှုကနေ ရောဂါအတည်ပြုလူနာ ၃၀၀၀ ကျော်လာပြီး သေဆုံးသူက စက်တင်ဘာ ၁၄ရက် မနက်ပိုင်းအထိ ၂၆ ယောက်ရှိလာပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG