သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္ေၾကာင့္ တိုင္းရင္းေဒသေတြ လူမႈအခက္အခဲၾကံဳ


COVID-19 ကာလ ကခ်င္လူမႈအဖြဲ႔အစည္း ထြယ္ဂ်န္ဒါက လိုက္လံ ကူညီေထာက္ပံ့ေပးေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Htoi Gender and Development Foundation - စက္တင္ဘာ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာနုိင္ငံမွာ COVID 19 ေရာဂါပိုး လူရာနဲ႔ခ်ီ ေတြ႔ရွိလာခ်ိန္ ကူးစက္မႈကာကြယ္နိုင္ေရး အသြားအလာကန္႔သတ္မႈ အမိန္႔စည္းမ်ဥ္းေတြၾကား ေန႔စဥ္လူေနမႈ ဘဝစားဝတ္ေနေရး အခက္ေတြ႔လာၾကတဲ့ တိုင္းရင္းေဒသက လူထုရဲ႕အခက္အခဲနဲ႔ လူမႈအဖြဲ႔ေတြ လုိက္လံကူညီေပးေနၾကတဲ့ အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးပါမယ္။

ကမာၻ႔ကပ္ေရာဂါ COVID 19 ကူးစက္သူေပါင္း ျမန္မာနုိင္ငံတဝွမ္းမွာ ၃,၀၀၀ ေက်ာ္အထိ စစ္ေဆးေတြ ႔ရွိလာတဲ့အတြက္ ရန္ကုန္၊ ရခုိင္စတဲ့ တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျမန္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္နိုင္ေရး အစီအမံေတြနဲ႔ ေနအိမ္ေတြထဲမွာပဲ ျပည္သူေတြ ေနၾကဖို႔ အမိန္႔ထုတ္ျပန္တာအပါအဝင္ ေဒသတခုနဲ႔တခုၾကား လမ္းပန္းဆက္သြယ္ေရးခရီးသြားလာေရးေတြ စည္းမ်ဥ္းတင္းၾကပ္မႈေတြ ရွိလာပါတယ္။

ဒီလိုေဒသတြင္း ကုန္စည္စီးဆင္းမႈေတြ ရပ္တန္႔ စီးပြားေရးလုပ္ငန္းေတြ ေခတၱရပ္နားလိုက္ရတာေတြရွိလာလို႔ လုပ္ငန္းခြင္နဲ႔ စီးပြားေရးလုပ္ငန္းေတြ ထိခိုက္လာရၿပီး ျပည္သူလူထုရဲ႕ေန႔စဥ္စားဝတ္ေနေရး အခက္အခဲျဖစ္လာၾကတဲ့ အေျခအေနကို လူမႈအဖြဲ႔အစည္းေတြနဲ႔ ေစတနာရွင္အလွဴရွင္ေတြက လိုအပ္တဲ့ေထာက္ပံ့မႈေတြကို ဝိုင္းဝန္းကူညီေပးေနၾကပါတယ္။

ျပည္တြင္းကူးစက္မႈေတြ မ်ားလာလို႔ ညမထြက္ရအမိန္႔အပါအဝင္ ၿမိဳ႕တြင္း ၿမိဳ႕ျပင္ အသြားအလာ အဝင္အထြက္ ကန္႔သတ္ထိန္းခ်ဳပ္မႈေတြ တင္းၾကပ္ထားဆဲ ရခုိင္ျပည္နယ္က ျပည္သူလူထုရဲ႕ စားဝတ္ေနေရးအခက္အခဲနဲ႔ လူမႈအဖြဲ႔အစည္းေတြဘက္က လုိက္လံကူညီေပးေနရတဲ့အေနအထားကို အေနာက္တံခါးေဒသ ကူညီေစာင့္ေရွာက္ေရး အဖြဲ႔ေခါင္းေဆာင္ဦးေအာင္ေဌးက အေျခအေနေျပာျပပါတယ္။

"ေလာေလာဆယ္က ရခုိင္မွာက ၁၇ ၿမိဳ႕နယ္စလံုးက Lock-down အေျခအေနေရာက္သြားၿပီဆိုေတာ့ ေတာ္ေတာ့္ကို အခက္အခဲ ၾကံဳေနၾကရတာေပါ့ေနာ္။ အဓိက လမ္းပန္းဆက္သြယ္ေရးနဲ႔ ကုန္စည္စီးဆင္းမႈ ျပတ္ေတာက္သြားတာက ေတာ္ေတာ္ကိုဆိုးပါတယ္ ခင္ဗ်ာ။ ၿမိဳ႕နယ္အလိုက္ လူမႈကူညီအဖြဲ႔ေတြနဲ႔ နီးစပ္ရာေတာ့ ကူညီေပးေနၾကတယ္။ အဓိကကေတာ့-စားဝတ္ေနေရး အခက္အခဲရွိတယ္။ ေနာက္ ညေရး ညတာေပါ့ေနာ္ ... တခုခုအေရးဟယ္ အေၾကာင္းဟယ္ဆိုရင္လည္း သြားရလာရတာ အေတာ္ေလး အခက္အခဲရွိတယ္။ အခုဆို ေျမပံုကေန လက္နက္ၾကီးက်ည္က်လို႔ အခုထိသတိမရေသးတဲ့ ကေလးမေလးတေယာက္ရွိတယ္ က်ေနာ္တို႔စစ္ေတြမွာ။ သူဆိုအခုအရမ္း အခက္အခဲျဖစ္တယ္ သူ႔ကို ရန္ကုန္လိုေခတ္မီတဲ့ ေဆးဝါးကိရိယာစံုတဲ့ ေဆး႐ံုလိုေနရာကို ပို႔ရမွာေလ။ အဲ့တာအသြားအလာ ခက္ခဲမႈရွိေတာ့ မပို႔ရဘူးဆိုေတာ့ ဒီေန႔ဆို ၅ ရက္ေျမာက္ေန႔ျဖစ္ၿပီ။ ၿပီးေတာ့တခ်ိဳ႕ေနရာေတြဆို ညဘက္ မီးဖြားဖို႔လို ေဆး႐ံုပို႔ရမယ့္ကိစၥေတြက်ေတာ့လည္း လူမႈအဖြဲ႔ေတြက လိုက္လံကူညီေပးေနရတဲ့အေနအထား ရွိပါတယ္။"

ကခ်င္ျပည္နယ္တြင္းမွာလည္း အဓိက ကိုဗစ္၁၉ ကာလ လမ္းပန္းဆက္သြယ္ေရးအခက္အခဲနဲ႔ ေန႔စဥ္ပံုမွန္စားဝတ္ေနေရးနဲ႔ ေရရွည္ မိသားစုရပ္တည္ဖို႔ ခက္ခဲလာေနတဲ့ အမ်ိဳးသမီးဦးေဆာင္တဲ့ မိသားစုေတြ မသန္စြမ္းျပည္သူေတြအတြက္ ကခ်င္လူမႈအဖြဲ႔အစည္းေတြက လိုက္လံ ကူညီေထာက္ပံ့ေပးေနၾကတယ္လို႔ Htoi Gender and Development Foundation ရဲ႕ ဒါရိုက္တာေဒၚနန္ပူက ေျပာျပပါတယ္။

"လူေတြက အရမ္းကို ခက္ခဲလာၾကတယ္ေလ အထူးသျဖင့္ COVID အခ်ိန္မွာ အလုပ္ေတြကမရွိ ဝင္ေငြေတြမရွိ အရမ္းကိုခက္ခဲေတာ့ က်မတို႔က က်မတို႔ကို လွဴေပးတဲ့အလွဴရွင္အဖြဲ႔အစည္းေတြနဲ႔ အကူအညီေတာင္းၿပီးမွ က်မတို႔ အလွဴေပးၾကတယ္။ အခုက ဒုကၡသည္စခန္းေတြကိုလည္း အကုန္လံုး ေပးခဲ့ၿပီးၿပီ။ ဒါေပမဲ့ ဘယ္လံုေလာက္ပါ့မလဲ။ အခုျမစ္ၾကီးနားၿမိဳ႕နဲ႔ ဝိုင္းေမာ္ၿမိဳ႕နား ဝန္းက်င္က ရြာေတြမွာ က်မတို႔ကူညီေနတာပါလို႔ ဆီ၊ ကုလားပဲ၊ ဆန္ ၄အိတ္ဆီေပါ့ေနာ္။ ဒီရြာေတြမွာ ဆင္းရဲၿပီး မသန္စြမ္းတဲ့သူေတြ၊ ဆင္းရဲတဲ့အမ်ိဳးသမီးေတြ ဦးေဆာင္တဲ့အိမ္တို႔ေပါ့။ အဲ့သလို ကိုဗစ္ေၾကာင့္ ခရီးလည္းထြက္လို႔မရ အိမ္ျပင္လည္း ထြက္လို႔မရ ထြက္လို႔ရျပန္ေတာ့ အလုပ္ေတြက မရွိ ... ဆိုေတာ့ ဝင္ေငြေတြ မရတဲ့အခါမွာ အရမ္းကိုပဲ စားဝတ္ေနေရးအရမ္းကို ခက္ခဲတယ္။ အိမ္ေတြထဲမွာပဲ ေနၾကရတဲ့အခါ အိမ္တြင္းအၾကမ္းဖက္မႈေတြလည္း ျဖစ္တယ္။ ကိုဗစ္ကာလမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြရဲ႕ အၾကမ္းဖက္ခံရမႈေတြက မ်ားလာတာေပါ့ေနာ္။"

ကိုဗစ္၁၉ ကပ္ေရာဂါကာလ လူေတြအိမ္ထဲမွာပဲေနၾကဖို႔ဆိုထားခ်ိန္ အဓိက အေျခခံလူတန္းစားနဲ႔ လက္လုပ္လက္စားမိသားစုေတြမွာ ေန႔စဥ္လူေနမႈ စားဝတ္ေနေရး အေတာ္ေလးအခက္ေတြ႔ေနၾကရတာမို႔ သက္ဆိုင္တဲ့ အစိုးရအဖြဲ႔တာဝန္ရွိသူေတြဘက္က ရပ္ကြက္ၿမိဳ႕နယ္ေက်းရြာ အဆင့္ဆင့္ ထိေရာက္တဲ့ အကူညီေတြ အေရးေပၚကူညီေပးပါလို႔ ရခိုင္လူထုကို လိုက္လံကူညီေပးေနတဲ့ ဦးေအာင္ေဌးကလည္း ေမတၱာရပ္ခံပါတယ္။

COVID-19 ကာလ ကခ်င္လူမႈအဖြဲ႔အစည္း ထြယ္ဂ်န္ဒါက လိုက္လံ ကူညီေထာက္ပံ့ေပးေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Htoi Gender and Development Foundation - စက္တင္ဘာ ၀၄၊ ၂၀၂၀)
COVID-19 ကာလ ကခ်င္လူမႈအဖြဲ႔အစည္း ထြယ္ဂ်န္ဒါက လိုက္လံ ကူညီေထာက္ပံ့ေပးေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Htoi Gender and Development Foundation - စက္တင္ဘာ ၀၄၊ ၂၀၂၀)

"က်ေနာ္တို႔ အဓိက ေျပာခ်င္တာကေတာ့ အေျခခံလက္လုပ္လက္စားေတြကို အစိုးရက ထိထိေရာက္ေရာက္ စည္းစနစ္တက် အကူအညီေတြ ေပးေစခ်င္ပါတယ္။ တေန႔ရွာမွ တေန႔စားရတဲ့သူေတြအတြက္က အျပင္မထြက္ရဆိုလို႔လည္း အဆင္မေျပဘူးေလ။ သူတို႔ကိုလုိအပ္တာေတြ ေထာက္ပံ့ေပးနိုင္မႈအားကလည္း နည္းတာကို က်ေနာ္တို႔ေတြ႔တယ္ဗ်။ အေျခခံလက္လုပ္လက္စား ေခါင္းရြက္ဗ်က္ထိုးေစ်းသည္ေတြက ေနာက္ အဓိက ဆိုက္ကားနင္းစားတဲ့သူမ်ိဳးေပါ့ အေႏွးယာဥ္သမားေတြဆို ေတာ္ေတာ့္ကို ဒုကၡေရာက္သြားတာရွိတယ္။ လူေတြအျပင္ကို မထြက္ၾကေတာ့ ဝင္ေငြက ေတာ့္ေတာ့္ကိုနည္းသြားတာေပါ့ေနာ္။ အဲ့တာမ်ိဳးေတြဆို ရပ္ကြက္အပိုင္အုပ္ခ်ဳပ္ေရးအာဏာပိုင္ကေန အဓိကထားၿပီး အကူအညီေတြေပးသင့္ပါတယ္။"

အေျခခံလက္လုပ္လက္စားေတြအတြက္ ဦးေအာင္ေဌး အၾကံျပဳသလိုပါပဲ ကခ်င္လူထုကို အကူအညီေပးေနတဲ့ ေဒၚနန္ပူကလည္း ကိုဗစ္ကာလ ေနအိမ္ေတြထဲမွာ ေနၿပီး ဝင္ေငြရႏိုင္မယ့္ အသက္ေမြး ဝမ္းေက်ာင္းလုပ္ငန္းေတြနဲ႔ လူထု ေန႔စဥ္လူမႈဘဝေတြ အဆင္ေျပေအာင္ အစိုးရဘက္က စီစဥ္ေဆာင္ရြက္ေပးဖို႔ကိုလည္း တိုက္တြန္းပါတယ္။

"က်မကေတာ့ အစိုးရကေနၿပီးေတာ့မွ ဒီလိုဆင္းရဲၿပီး ခက္ခဲတဲ့ အမ်ိဳးသမိီးေတြ အမ်ိဳးသမီးအိမ္ေထာင္ဦးစီးေတြ မသန္စြမ္းေတြအတြက္ကို အေလးဂရုျပဳၿပီးေတာ့မွ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြ အထူးသျဖင့္ COVID အခ်ိန္မွာ ၾကံဳေနရတဲ့ စားဝတ္ေနေရးအခက္အခဲၾကံဳေနရတဲ့မိသားစုေတြ ကိုဗစ္အခ်ိန္မွာ ဘာလုပ္ႏုိင္မလဲဆိုတဲ့အေပၚ မူတည္ၿပီးေတာ့ ပံုမွန္ဝင္ေငြရမယ့္ လုပ္ငန္းေလးေတြ စီစဥ္ေပးဖို႔ရန္ လိုအပ္ပါတယ္လို႔ အစိုးရေတြကိုေျပာခ်င္ပါတယ္။ အစိုးရေတြကလည္း ကိုဗစ္ေၾကာင့္ စားဝတ္ေနေရး ခက္ခဲတဲ့ ဝင္ေငြထိခိုက္တဲ့သူေတြကို လုပ္ငန္းေတြစီစဥ္ေပးမယ္ဆိုၿပီး စီမံကိန္းေတြေတာ့လုပ္တယ္။ စိုက္ပ်ိဳးေရးေတြ အမ်ားၾကီးပဲ စီစဥ္တာေတြ႔တယ္။ ဒါေပမဲ့ မေရာက္ဘူးေနာ္ ဘာမွကိုမၾကားဘူး က်မတို႔ ျပည္နယ္ေတြဘက္မွာ အဲ့လိုမ်ိဳးေတြျဖစ္တယ္။"

လနဲ႔ခ်ီၾကာျမင့္လာၿပီျဖစ္တဲ့ COVID 19 ကမာၻ႔ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္မွာ ျမန္မာအပါအဝင္ ကမာၻတဝွမ္း ပိုးကူးစက္မႈကာကြယ္ေရး ကန္႔သတ္မႈေတြေၾကာင့္ ခရီးသြားလုပ္ငန္းေတြ ကုန္စည္စီးဆင္းမႈေတြ စီးပြားေရးလုပ္ငန္းေတြ ရပ္တန္႔ၿပီး လူမႈစီးပြားဘဝ အခက္အခဲေတြၾကံဳလာရခ်ိန္မွာေတာ့ ဒီအေျခအေနကို က်ားကန္နုိင္ေရး အစိုးရတာဝန္ရွိသူေတြဘက္ကေခ်းေငြခ်ေပးတာမ်ိဳး ေထာက္ပံ့ေၾကးေပးတာမ်ိဳး စတဲ့စီမံခ်က္ေတြနဲ႔ စီစဥ္ေနေပမဲ့ အေျခခံလူတန္းစားျပည္သူလူထုမွာ အခက္အခဲအၾကပ္အတည္းေတြ အေတာ္ေလးျဖစ္ေနၾကတာမို႔ ေရရွည္အစီအမံေတြနဲ႔ လူထုဘဝ ေျပလည္ေအာင္ စနစ္တက်ေျဖရွင္းေပးဖို႔ကို ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အကန့်အသတ်ကြောင့် တိုင်းရင်းဒေသတွေ လူမှုအခက်အခဲကြုံ

မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုး လူရာနဲ့ချီ တွေ့ရှိလာချိန် ကူးစက်မှုကာကွယ်နိုင်ရေး အသွားအလာကန့်သတ်မှု အမိန့်စည်းမျဉ်းတွေကြား နေ့စဉ်လူနေမှု ဘဝစားဝတ်နေရေး အခက်တွေ့လာကြတဲ့ တိုင်းရင်းဒေသက လူထုရဲ့အခက်အခဲနဲ့ လူမှုအဖွဲ့တွေ လိုက်လံကူညီပေးနေကြတဲ့ အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

ကမ္ဘာ့ကပ်ရောဂါ COVID 19 ကူးစက်သူပေါင်း မြန်မာနိုင်ငံတဝှမ်းမှာ ၃,၀၀၀ ကျော်အထိ စစ်ဆေးတွေ့ရှိလာတဲ့အတွက် ရန်ကုန်၊ ရခိုင်စတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အစီအမံတွေနဲ့ နေအိမ်တွေထဲမှာပဲ ပြည်သူတွေ နေကြဖို့ အမိန့်ထုတ်ပြန်တာအပါအဝင် ဒေသတခုနဲ့တခုကြား လမ်းပန်းဆက်သွယ်ရေးခရီးသွားလာရေးတွေ စည်းမျဉ်းတင်းကြပ်မှုတွေ ရှိလာပါတယ်။

ဒီလိုဒေသတွင်း ကုန်စည်စီးဆင်းမှုတွေ ရပ်တန့် စီးပွားရေးလုပ်ငန်းတွေ ခေတ္တရပ်နားလိုက်ရတာတွေရှိလာလို့ လုပ်ငန်းခွင်နဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာရပြီး ပြည်သူလူထုရဲ့နေ့စဉ်စားဝတ်နေရေး အခက်အခဲဖြစ်လာကြတဲ့ အခြေအနေကို လူမှုအဖွဲ့အစည်းတွေနဲ့ စေတနာရှင်အလှူရှင်တွေက လိုအပ်တဲ့ထောက်ပံ့မှုတွေကို ဝိုင်းဝန်းကူညီပေးနေကြပါတယ်။

ပြည်တွင်းကူးစက်မှုတွေ များလာလို့ ညမထွက်ရအမိန့်အပါအဝင် မြို့တွင်း မြို့ပြင် အသွားအလာ အဝင်အထွက် ကန့်သတ်ထိန်းချုပ်မှုတွေ တင်းကြပ်ထားဆဲ ရခိုင်ပြည်နယ်က ပြည်သူလူထုရဲ့ စားဝတ်နေရေးအခက်အခဲနဲ့ လူမှုအဖွဲ့အစည်းတွေဘက်က လိုက်လံကူညီပေးနေရတဲ့အနေအထားကို အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင်ဦးအောင်ဌေးက အခြေအနေပြောပြပါတယ်။

"လောလောဆယ်က ရခိုင်မှာက ၁၇ မြို့နယ်စလုံးက Lock-down အခြေအနေရောက်သွားပြီဆိုတော့ တော်တော့်ကို အခက်အခဲ ကြုံနေကြရတာပေါ့နော်။ အဓိက လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားတာက တော်တော်ကိုဆိုးပါတယ် ခင်ဗျာ။ မြို့နယ်အလိုက် လူမှုကူညီအဖွဲ့တွေနဲ့ နီးစပ်ရာတော့ ကူညီပေးနေကြတယ်။ အဓိကကတော့-စားဝတ်နေရေးအခက်အခဲရှိတယ်။ နောက် ညရေး ညတာပေါ့နော် ... တခုခုအရေးဟယ် အကြောင်းဟယ်ဆိုရင်လည်း သွားရလာရတာ အတော်လေး အခက်အခဲရှိတယ်။ အခုဆို မြေပုံကနေ လက်နက်ကြီးကျည်ကျလို့ အခုထိသတိမရသေးတဲ့ ကလေးမလေးတယောက်ရှိတယ် ကျနော်တို့စစ်တွေမှာ။ သူဆိုအခုအရမ်း အခက်အခဲဖြစ်တယ် သူ့ကို ရန်ကုန်လိုခေတ်မီတဲ့ ဆေးဝါးကိရိယာစုံတဲ့ ဆေးရုံလိုနေရာကို ပို့ရမှာလေ။ အဲ့တာအသွားအလာ ခက်ခဲမှုရှိတော့ မပို့ရဘူးဆိုတော့ ဒီနေ့ဆို ၅ ရက်မြောက်နေ့ဖြစ်ပြီ။ ပြီးတော့တချို့နေရာတွေဆို ညဘက် မီးဖွားဖို့လို ဆေးရုံပို့ရမယ့်ကိစ္စတွေကျတော့လည်း လူမှုအဖွဲ့တွေက လိုက်လံကူညီပေးနေရတဲ့အနေအထား ရှိပါတယ်။"

ကချင်ပြည်နယ်တွင်းမှာလည်း အဓိက ကိုဗစ်၁၉ ကာလ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ နေ့စဉ်ပုံမှန်စားဝတ်နေရေးနဲ့ ရေရှည် မိသားစုရပ်တည်ဖို့ ခက်ခဲလာနေတဲ့ အမျိုးသမီးဦးဆောင်တဲ့ မိသားစုတွေ မသန်စွမ်းပြည်သူတွေအတွက် ကချင်လူမှုအဖွဲ့အစည်းတွေက လိုက်လံ ကူညီထောက်ပံ့ပေးနေကြတယ်လို့ Htoi Gender and Development Foundation ရဲ့ ဒါရိုက်တာဒေါ်နန်ပူက ပြောပြပါတယ်။

"လူတွေက အရမ်းကို ခက်ခဲလာကြတယ်လေ အထူးသဖြင့် COVID အချိန်မှာ အလုပ်တွေကမရှိ ဝင်ငွေတွေမရှိ အရမ်းကိုခက်ခဲတော့ ကျမတို့က ကျမတို့ကို လှူပေးတဲ့အလှူရှင်အဖွဲ့အစည်းတွေနဲ့ အကူအညီတောင်းပြီးမှ ကျမတို့ အလှူပေးကြတယ်။ အခုက ဒုက္ခသည်စခန်းတွေကိုလည်း အကုန်လုံး ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ဘယ်လုံလောက်ပါ့မလဲ။ အခုမြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နား ဝန်းကျင်က ရွာတွေမှာ ကျမတို့ကူညီနေတာပါလို့ ဆီ၊ ကုလားပဲ၊ ဆန် ၄အိတ်ဆီပေါ့နော်။ ဒီရွာတွေမှာ ဆင်းရဲပြီး မသန်စွမ်းတဲ့သူတွေ၊ ဆင်းရဲတဲ့အမျိုးသမီးတွေ ဦးဆောင်တဲ့အိမ်တို့ပေါ့။ အဲ့သလို ကိုဗစ်ကြောင့် ခရီးလည်းထွက်လို့မရ အိမ်ပြင်လည်း ထွက်လို့မရ ထွက်လို့ရပြန်တော့ အလုပ်တွေက မရှိ ... ဆိုတော့ ဝင်ငွေတွေ မရတဲ့အခါမှာ အရမ်းကိုပဲ စားဝတ်နေရေးအရမ်းကို ခက်ခဲတယ်။ အိမ်တွေထဲမှာပဲ နေကြရတဲ့အခါ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ဖြစ်တယ်။ ကိုဗစ်ကာလမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အကြမ်းဖက်ခံရမှုတွေက များလာတာပေါ့နော်။"

ကိုဗစ်၁၉ ကပ်ရောဂါကာလ လူတွေအိမ်ထဲမှာပဲနေကြဖို့ဆိုထားချိန် အဓိက အခြေခံလူတန်းစားနဲ့ လက်လုပ်လက်စားမိသားစုတွေမှာ နေ့စဉ်လူနေမှု စားဝတ်နေရေး အတော်လေးအခက်တွေ့နေကြရတာမို့ သက်ဆိုင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေဘက်က ရပ်ကွက်မြို့နယ်ကျေးရွာ အဆင့်ဆင့် ထိရောက်တဲ့ အကူညီတွေ အရေးပေါ်ကူညီပေးပါလို့ ရခိုင်လူထုကို လိုက်လံကူညီပေးနေတဲ့ ဦးအောင်ဌေးကလည်း မေတ္တာရပ်ခံပါတယ်။

"ကျနော်တို့ အဓိက ပြောချင်တာကတော့ အခြေခံလက်လုပ်လက်စားတွေကို အစိုးရက ထိထိရောက်ရောက် စည်းစနစ်တကျ အကူအညီတွေ ပေးစေချင်ပါတယ်။ တနေ့ရှာမှ တနေ့စားရတဲ့သူတွေအတွက်က အပြင်မထွက်ရဆိုလို့လည်း အဆင်မပြေဘူးလေ။ သူတို့ကိုလိုအပ်တာတွေ ထောက်ပံ့ပေးနိုင်မှုအားကလည်း နည်းတာကို ကျနော်တို့တွေ့တယ်ဗျ။ အခြေခံလက်လုပ်လက်စား ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေက နောက် အဓိက ဆိုက်ကားနင်းစားတဲ့သူမျိုးပေါ့ အနှေးယာဉ်သမားတွေဆို တော်တော့်ကို ဒုက္ခရောက်သွားတာရှိတယ်။ လူတွေအပြင်ကို မထွက်ကြတော့ ဝင်ငွေက တော့်တော့်ကိုနည်းသွားတာပေါ့နော်။ အဲ့တာမျိုးတွေဆို ရပ်ကွက်အပိုင်အုပ်ချုပ်ရေးအာဏာပိုင်ကနေ အဓိကထားပြီး အကူအညီတွေပေးသင့်ပါတယ်။"

အခြေခံလက်လုပ်လက်စားတွေအတွက် ဦးအောင်ဌေး အကြံပြုသလိုပါပဲ ကချင်လူထုကို အကူအညီပေးနေတဲ့ ဒေါ်နန်ပူကလည်း ကိုဗစ်ကာလ နေအိမ်တွေထဲမှာ နေပြီး ဝင်ငွေရနိုင်မယ့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေနဲ့လူထု နေ့စဉ်လူမှုဘဝတွေ အဆင်ပြေအောင် အစိုးရဘက်က စီစဉ်ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းပါတယ်။

"ကျမကတော့ အစိုးရကနေပြီးတော့မှ ဒီလိုဆင်းရဲပြီး ခက်ခဲတဲ့ အမျိုးသမီးတွေ အမျိုးသမီးအိမ်ထောင်ဦးစီးတွေ မသန်စွမ်းတွေအတွက်ကို အလေးဂရုပြုပြီးတော့မှ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ အထူးသဖြင့် COVID အချိန်မှာ ကြုံနေရတဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့မိသားစုတွေ ကိုဗစ်အချိန်မှာ ဘာလုပ်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ပုံမှန်ဝင်ငွေရမယ့် လုပ်ငန်းလေးတွေ စီစဉ်ပေးဖို့ရန် လိုအပ်ပါတယ်လို့ အစိုးရတွေကိုပြောချင်ပါတယ်။ အစိုးရတွေကလည်း ကိုဗစ်ကြောင့် စားဝတ်နေရေး ခက်ခဲတဲ့ ဝင်ငွေထိခိုက်တဲ့သူတွေကို လုပ်ငန်းတွေစီစဉ်ပေးမယ်ဆိုပြီး စီမံကိန်းတွေတော့လုပ်တယ်။ စိုက်ပျိုးရေးတွေ အများကြီးပဲ စီစဉ်တာတွေ့တယ်။ ဒါပေမဲ့ မရောက်ဘူးနော် ဘာမှကိုမကြားဘူး ကျမတို့ ပြည်နယ်တွေဘက်မှာ အဲ့လိုမျိုးတွေဖြစ်တယ်။"

လနဲ့ချီကြာမြင့်လာပြီဖြစ်တဲ့ COVID 19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ မြန်မာအပါအဝင် ကမ္ဘာတဝှမ်း ပိုးကူးစက်မှုကာကွယ်ရေး ကန့်သတ်မှုတွေကြောင့် ခရီးသွားလုပ်ငန်းတွေ ကုန်စည်စီးဆင်းမှုတွေ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်ပြီး လူမှုစီးပွားဘဝ အခက်အခဲတွေကြုံလာရချိန်မှာတော့ ဒီအခြေအနေကို ကျားကန်နိုင်ရေး အစိုးရတာဝန်ရှိသူတွေဘက်ကချေးငွေချပေးတာမျိုး ထောက်ပံ့ကြေးပေးတာမျိုး စတဲ့စီမံချက်တွေနဲ့ စီစဉ်နေပေမဲ့ အခြေခံလူတန်းစားပြည်သူလူထုမှာ အခက်အခဲအကြပ်အတည်းတွေ အတော်လေးဖြစ်နေကြတာမို့ ရေရှည်အစီအမံတွေနဲ့ လူထုဘဝ ပြေလည်အောင် စနစ်တကျဖြေရှင်းပေးဖို့ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG