သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာစခန္းတြင္း ဖ်ားနာမႈမ်ားလို႔ ကိုဗစ္ေရာဂါစိုးရိမ္


ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကုတုပေလာင္ဒုကၡသည္စခန္းရွိ ရိုဟင္ဂ်ာ ဒုကၡသည္မ်ား။ (ဧၿပီ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

COVID 19 ကမာၻ႔ကပ္ေရာဂါ ကူးစက္မႈေတြ ရွိေနခ်ိန္ ႐ိုဟင္ဂ်ာစခန္းေတြထဲ ဖ်ားနာ မက်န္းမာသူေတြ မ်ားလာတဲ့အတြက္ ဒုကၡသည္ေတြ စိုးရိမ္ေနၾကတဲ့အေၾကာင္းေျပာျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ဆက္ေပးထားပါတယ္။

ျမန္မာႏုိင္ငံကေန တိမ္းေရွာင္လာၾကတဲ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ခိုလံႈေနထိုင္ရာ ႐ိုဟင္ဂ်ာ ဒုကၡသည္ကမ့္ေတြထဲမွာ ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ေသဆံုးသူေတြရွိေနလို႔ ဘဂၤလားေဒ့ရွ္နုိင္ငံထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္း ၃၀ေက်ာ္ရဲ႕ အဝင္အထြက္ အသြားအလာေတြကို ကန္႔သတ္ထားသလို လူစုလူေဝးစုစည္းမႈေတြကို တားျမစ္ထားၿပီး မျဖစ္မေန သြားလာရသူေတြကိုလည္း တင္းတင္းၾကပ္ၾကပ္ က်န္းမာေရး စစ္ေဆးေနပါတယ္။

ဒါေပမဲ့လည္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြထဲ အခုရက္ပိုင္း ကမ့္ေတြထဲမွာ နာမက်န္းဖ်ားနာသူေတြ မ်ားလာေနတာေၾကာင့္ ဒုကၡသည္ေတြ အေတာ္ေလး စိုးရိမ္ေနၾကတယ္လို႔ ကုတုပေလာင္ဒုကၡသည္စခန္းက ေစတနာ့ဝန္ထမ္း ရိုဟင္ဂ်ာ ဒုကၡသည္တဦးျဖစ္တဲ့ ဦးေအာင္ၿမိဳင္ကေျပာပါတယ္။

"COVID 19 ျဖစ္မွာ က်ေနာ္တို႔ ဒုကၡသည္စခန္းတခုလံုး အရမ္းစိုးရိမ္ေနၾကပါတယ္ခင္ဗ်ာ။ အခုကေတာ့ COVID နဲ႔ ပတ္သက္ၿပီးေတာ့ အစိုးရကေရာ NGO ေတြကေရာ၊ UNအဖြဲ႔ေတြဘက္က တိုးၿပီးေတာ့ ပညာေပးေနပါတယ္။ အခု အိမ္တိုင္း အိမ္တိုင္းကို ဝင္ၿပီးေတာ့ COVID နဲ႔ ပတ္သက္တဲ့ ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေရာ ၿပီးေတာ့ က်န္းမာေရး ပညာေပးတာေရာ အျပင္သြားတဲ့အခ်ိန္ ဘယ္လို လက္ေဆးရမယ္ Mask တပ္ရမယ္ ဒါေတြကို သူတို႔ အိမ္တိုင္း အိမ္တုိင္းသြားၿပီး ပညာေပးေနတယ္။ အတတ္ႏိုင္ဆံုးေတာ့ ပညာေပးေနတာ ရွိပါတယ္။ ဒါေပမဲ့ စခန္းရဲ႕အေနအထားအရ တဲတခုနဲ႔တခုက ကပ္ကပ္ေလးပဲေနေနၾကရတာ။ ၁၀ေပ ပတ္လည္အခန္းေလးထဲမွာ မိသားစုက ၅ဦးကေန ၁၅ဦးအထိေနၾကတာ။ ဒါေပမဲ့ ကိုဗစ္ကို ျဖတ္ေက်ာ္ဖို႔က အေတာ္ေလးအားနည္းေနတဲ့ပံုစံမ်ိဳးပဲ။ ဘယ္လိုမွ မကာကြယ္ႏုိင္တဲ့အေျခအေနေတြမွာရွိေနပါတယ္။ ပိုဆိုးတာက ဒီဒုကၡသည္စခန္းထဲမွာ သန္႔ရွင္းေရးစနစ္က ေတာ္ေတာ္ေလး ညစ္ပတ္တယ္။"

စတနာ့၀န္ထမ္း ဦးေအာင္ၿမိဳင္အဆိုအရေတာ့ ႐ိုဟင္ဂ်ာစခန္းေတြအတြင္းေရာဂါကူးစက္မႈဟာ ၁၈၀ ရွိတယ္လို႔ေျပာဆိုေပမဲ့ ဒါကို သီးျခားေတာ့ အတည္ျပဳလို႔ မရေသးပါဘူး။ အာဏာပိုင္ေတြဘက္ကလည္း တရား၀င္ ထုတ္ျပန္တာမ်ိဳး မလုပ္ပါဘူး။ ႐ိုဟင္ဂ်ာ စခန္းေတြအတြင္း ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူဟာလည္း ၆ ဦးထက္ မနည္းရွိတယ္လို႔ သိရပါတယ္။

ကုတုပေလာင္ဒုကၡသည္စခန္း ၁ က ရိုဟင္ဂ်ာဒုကၡသည္ ကိုအီလီယပ္စ္ကလည္း အခုရက္ပိုင္းအတြင္း ဒုကၡသည္စခန္းတြင္း ေရာဂါျဖစ္လာမွာကို စိုးရိမ္ေနၾကတဲ့အေျခအေန ေျပာျပပါတယ္။

"အခုက ဒုကၡသည္စခန္းေတြထဲမွာ ေရာဂါျဖစ္တာေတြ ေသဆံုးတာေတြ ျဖစ္လာေနတယ္။ က်ေနာ္တိို႔ၾကားသေလာက္က လူေတြက ေတာ္ေတာ္မ်ားမ်ား ဖ်ားေနၾကတယ္ ဒီမွာက။ ကမ့္တုိင္း ကမ့္တိုင္း ဘေလာက္တိုင္းမွာ ျဖစ္ေနတာ။ က်ေနာ္တို႔ Civil Society ေတြကေတာ့ အခုကမ့္တိုင္းမွာ လူေတြက ဘယ္လိုကာကြယ္ရမယ္။ Mask ေတြ တပ္ဆင္ေအာင္ သန္႔ရွင္းမႈေတြကို အရင္ထက္ပိုၿပီးေတာ့ လုပ္ေလ့ လုပ္ထ ရွိေအာင္ ေနာက္ က်ေနာ္တို႔က ဗလီတုိင္းရယ္ လူေတြစုတဲ့ေနရာမွာရယ္ ဘေလာက္တိုင္း ကမ့္တိုင္းမွာ အဲ့လို ေဆာင္ရြက္မႈေတြျပဳ လုပ္ေနပါတယ္ ခင္ဗ်။ လူမစုဖို႔ေပါ့ ေစ်းတန္းေတြထဲေရာ။လူေတြက ဖ်ားနာေနတယ္ ေခ်ာင္းဆုိးတယ္ ဒါေတြ လူေတြမွာျဖစ္ေနတယ္။"

ဘာလုခါလီစခန္း အမွတ္ ၁၀ မွာ ေနထိုင္တဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ ဦးစိုးျမင့္ကေတာ့- အခုဆိုရင္ ကမ့္ေတြထဲ အသြားအလာ အဝင္အထြက္ေတြ ပိတ္ဆို႔ကန္႔သတ္ထားတာ ဒုကၡသည္စခန္းတြင္း ဗလီအပါအဝင္ လူစုလူေဝးလုပ္တာေတြကို တားျမစ္ထားတာေတြ ရွိတဲ့အျပင္ၾကိဳတင္ကာကြယ္မႈေတြလုပ္ေနတဲ့အတြက္ ဒုကၡသည္ေတြအေနနဲ႔ ေဆာင္ရန္ေရွာင္ရန္ေတြကို စနစ္တက် လိုက္နာၾကရင္ ပိုးကူးစက္မႈအႏၱရာယ္ကို ဝိုင္းဝန္းကာကြယ္ႏိုင္မယ္လို႔ေျပာပါတယ္။

"က်ေနာ္တို႔ အစကထင္ခဲ့တာက Outbreak အေနနဲ႔ေတာင္ျဖစ္မယ္ထင္ခဲ့တာ။ ထိန္းမရသိမ္းမရျဖစ္သြားႏုိင္တယ္လို႔ ၾကိဳၿပီးတြက္ခဲ့တာ။ ကြာရမ္တင္းေတြ ရွိတယ္။ Isolation Center ေတြ ရွိတယ္။ ဒုကၡသည္ေတြက အတတ္ႏိုင္ဆံုး Mask ေလးေတြ တပ္ၾကတယ္။ လက္ေဆးဆိုလည္း သူတို႔က အသိပညာေပးထားေတာ့ အားလံုးကေတာ့ ဝိုင္းလုပ္ၾကပါတယ္ ဒုကၡသည္ေတြလည္း အဲ့ဒီမွာပါဝင္ၾကတယ္။ အခုက ကိုဗစ္၁၉ အတြက္ Emergency ရယ္၊ အေရးေပၚအေျခအေနတရပ္ဆိုၿပီး ကာလသတ္မွတ္ၿပီးေတာ့ သက္ဆိုင္ရာအာဏာပိုင္ေတြေရာ ဒီမွာလုပ္ေနၾကတဲ့ အဖြဲ႔အစည္းေတြေရာ ေလာ္စပီကာေတြနဲ႔လည္း လိုက္ေအာ္ၾကတာရွိတယ္။ စခန္းတာဝန္ခံေတြကေရာ ယူအန္အဖြဲ႔ေတြကေရာ ေကာ္မတီဖြဲ႔ၿပီး လုပ္ေနၾကတာ။ အားလံုးက သတိအေနအထားနဲ႔ ရွိၾကပါတယ္။ ပညာေပးတဲ့အေပၚအေျခခံၿပီးေတာ့လည္း လူထုက လုိက္နာေနၾကတယ္။"

လတ္တေလာမွာေတာ့ ဒီသိန္းခ်ီ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ ကပ္ေရာဂါ မကူးစက္ေရး အေျခခံက်န္းမာေရး သူတို႔ရဲ႕ လံုျခံဳေရး စားနပ္ရိကၡာ ပညာေရးစတဲ့ အေရးကိစၥေတြကို ကုလသမဂၢအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းၿပီး ဘဂၤလားေဒ့ရွ္အစိုးရဘက္ကေတာ့ စနစ္တက် စီမံခ်က္ေတြနဲ႔ေဆာင္ရြက္ေနခ်ိန္မွာပဲ ႐ိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္မခံထားတဲ့ ျမန္မာအစိုးရဘက္က ကမာၻ႔ကပ္ေရာဂါ ကိုဗစ္၁၉ ျဖစ္ပြားေနခ်ိန္ကာလျဖစ္တာမို႔ ဒီဒုကၡသည္ေတြျပန္လည္လက္ခံေရးအစီအစဥ္က ေႏွာင့္ေႏွးေနခ်ိန္ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာစခန်းတွင်း ဖျားနာမှုများလို့ ကိုဗစ်ရောဂါစိုးရိမ်

COVID 19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုတွေ ရှိနေချိန် ရိုဟင်ဂျာစခန်းတွေထဲ ဖျားနာ မကျန်းမာသူတွေ များလာတဲ့အတွက် ဒုက္ခသည်တွေ စိုးရိမ်နေကြတဲ့အကြောင်းပြောပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံကနေ တိမ်းရှောင်လာကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ရိုဟင်ဂျာ ဒုက္ခသည်ကမ့်တွေထဲမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ သေဆုံးသူတွေရှိနေလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ကျော်ရဲ့ အဝင်အထွက် အသွားအလာတွေကို ကန့်သတ်ထားသလို လူစုလူဝေးစုစည်းမှုတွေကို တားမြစ်ထားပြီး မဖြစ်မနေ သွားလာရသူတွေကိုလည်း တင်းတင်းကြပ်ကြပ် ကျန်းမာရေး စစ်ဆေးနေပါတယ်။

ဒါပေမဲ့လည်း ရိုဟင်ဂျာဒုက္ခသည်တွေထဲ အခုရက်ပိုင်း ကမ့်တွေထဲမှာ နာမကျန်းဖျားနာသူတွေ များလာနေတာကြောင့် ဒုက္ခသည်တွေ အတော်လေး စိုးရိမ်နေကြတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းက စေတနာ့ဝန်ထမ်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအောင်မြိုင်ကပြောပါတယ်။

"COVID 19 ဖြစ်မှာ ကျနော်တို့ ဒုက္ခသည်စခန်းတခုလုံး အရမ်းစိုးရိမ်နေကြပါတယ်ခင်ဗျာ။ အခုကတော့ COVID နဲ့ ပတ်သက်ပြီးတော့ အစိုးရကရော NGO တွေကရော၊ UNအဖွဲ့တွေဘက်က တိုးပြီးတော့ ပညာပေးနေပါတယ်။ အခု အိမ်တိုင်း အိမ်တိုင်းကို ဝင်ပြီးတော့ COVID နဲ့ ပတ်သက်တဲ့ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းရော ပြီးတော့ ကျန်းမာရေး ပညာပေးတာရော အပြင်သွားတဲ့အချိန် ဘယ်လို လက်ဆေးရမယ် Mask တပ်ရမယ် ဒါတွေကို သူတို့ အိမ်တိုင်း အိမ်တိုင်းသွားပြီး ပညာပေးနေတယ်။ အတတ်နိုင်ဆုံးတော့ ပညာပေးနေတာ ရှိပါတယ်။ ဒါပေမဲ့ စခန်းရဲ့အနေအထားအရ တဲတခုနဲ့တခုက ကပ်ကပ်လေးပဲနေနေကြရတာ။ ၁၀ပေ ပတ်လည်အခန်းလေးထဲမှာ မိသားစုက ၅ဦးကနေ ၁၅ဦးအထိနေကြတာ။ ဒါပေမဲ့ ကိုဗစ်ကို ဖြတ်ကျော်ဖို့က အတော်လေးအားနည်းနေတဲ့ပုံစံမျိုးပဲ။ ဘယ်လိုမှ မကာကွယ်နိုင်တဲ့အခြေအနေတွေမှာရှိနေပါတယ်။ ပိုဆိုးတာက ဒီဒုက္ခသည်စခန်းထဲမှာ သန့်ရှင်းရေးစနစ်က တော်တော်လေး ညစ်ပတ်တယ်။"

စေတနာ့ဝန်ထမ်း ဦးအောင်မြိုင်အဆိုအရတော့ ရိုဟင်ဂျာစခန်းတွေအတွင်းရောဂါကူးစက်မှုဟာ ၁၈၀ ရှိတယ်လို့ပြောဆိုပေမဲ့ ဒါကို သီးခြားတော့ အတည်ပြုလို့ မရသေးပါဘူး။ အာဏာပိုင်တွေဘက်ကလည်း တရားဝင် ထုတ်ပြန်တာမျိုး မလုပ်ပါဘူး။ ရိုဟင်ဂျာ စခန်းတွေအတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူဟာလည်း ၆ ဦးထက် မနည်းရှိတယ်လို့ သိရပါတယ်။

ကုတုပလောင်ဒုက္ခသည်စခန်း ၁ က ရိုဟင်ဂျာဒုက္ခသည် ကိုအီလီယပ်စ်ကလည်း အခုရက်ပိုင်းအတွင်း ဒုက္ခသည်စခန်းတွင်း ရောဂါဖြစ်လာမှာကို စိုးရိမ်နေကြတဲ့အခြေအနေ ပြောပြပါတယ်။

"အခုက ဒုက္ခသည်စခန်းတွေထဲမှာ ရောဂါဖြစ်တာတွေ သေဆုံးတာတွေ ဖြစ်လာနေတယ်။ ကျနော်တို့ကြားသလောက်က လူတွေက တော်တော်များများ ဖျားနေကြတယ် ဒီမှာက။ ကမ့်တိုင်း ကမ့်တိုင်း ဘလောက်တိုင်းမှာ ဖြစ်နေတာ။ ကျနော်တို့ Civil Society တွေကတော့ အခုကမ့်တိုင်းမှာ လူတွေက ဘယ်လိုကာကွယ်ရမယ်။ Mask တွေ တပ်ဆင်အောင် သန့်ရှင်းမှုတွေကို အရင်ထက်ပိုပြီးတော့ လုပ်လေ့ လုပ်ထ ရှိအောင် နောက် ကျနော်တို့က ဗလီတိုင်းရယ် လူတွေစုတဲ့နေရာမှာရယ် ဘလောက်တိုင်း ကမ့်တိုင်းမှာ အဲ့လို ဆောင်ရွက်မှုတွေပြု လုပ်နေပါတယ် ခင်ဗျ။ လူမစုဖို့ပေါ့ ဈေးတန်းတွေထဲရော။လူတွေက ဖျားနာနေတယ် ချောင်းဆိုးတယ် ဒါတွေ လူတွေမှာဖြစ်နေတယ်။"

ဘာလုခါလီစခန်း အမှတ် ၁၀ မှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဦးစိုးမြင့်ကတော့- အခုဆိုရင် ကမ့်တွေထဲ အသွားအလာ အဝင်အထွက်တွေ ပိတ်ဆို့ကန့်သတ်ထားတာ ဒုက္ခသည်စခန်းတွင်း ဗလီအပါအဝင် လူစုလူဝေးလုပ်တာတွေကို တားမြစ်ထားတာတွေ ရှိတဲ့အပြင်ကြိုတင်ကာကွယ်မှုတွေလုပ်နေတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို စနစ်တကျ လိုက်နာကြရင် ပိုးကူးစက်မှုအန္တရာယ်ကို ဝိုင်းဝန်းကာကွယ်နိုင်မယ်လို့ပြောပါတယ်။

"ကျနော်တို့ အစကထင်ခဲ့တာက Outbreak အနေနဲ့တောင်ဖြစ်မယ်ထင်ခဲ့တာ။ ထိန်းမရသိမ်းမရဖြစ်သွားနိုင်တယ်လို့ ကြိုပြီးတွက်ခဲ့တာ။ ကွာရမ်တင်းတွေ ရှိတယ်။ Isolation Center တွေ ရှိတယ်။ ဒုက္ခသည်တွေက အတတ်နိုင်ဆုံး Mask လေးတွေ တပ်ကြတယ်။ လက်ဆေးဆိုလည်း သူတို့က အသိပညာပေးထားတော့ အားလုံးကတော့ ဝိုင်းလုပ်ကြပါတယ် ဒုက္ခသည်တွေလည်း အဲ့ဒီမှာပါဝင်ကြတယ်။ အခုက ကိုဗစ်၁၉ အတွက် Emergency ရယ်၊ အရေးပေါ်အခြေအနေတရပ်ဆိုပြီး ကာလသတ်မှတ်ပြီးတော့ သက်ဆိုင်ရာအာဏာပိုင်တွေရော ဒီမှာလုပ်နေကြတဲ့ အဖွဲ့အစည်းတွေရော လော်စပီကာတွေနဲ့လည်း လိုက်အော်ကြတာရှိတယ်။ စခန်းတာဝန်ခံတွေကရော ယူအန်အဖွဲ့တွေကရော ကော်မတီဖွဲ့ပြီး လုပ်နေကြတာ။ အားလုံးက သတိအနေအထားနဲ့ ရှိကြပါတယ်။ ပညာပေးတဲ့အပေါ်အခြေခံပြီးတော့လည်း လူထုက လိုက်နာနေကြတယ်။"

လတ်တလောမှာတော့ ဒီသိန်းချီရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကပ်ရောဂါ မကူးစက်ရေး အခြေခံကျန်းမာရေး သူတို့ရဲ့ လုံခြုံရေး စားနပ်ရိက္ခာ ပညာရေးစတဲ့ အရေးကိစ္စတွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ စနစ်တကျ စီမံချက်တွေနဲ့ဆောင်ရွက်နေချိန်မှာပဲ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံထားတဲ့ မြန်မာအစိုးရဘက်က ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်၁၉ ဖြစ်ပွားနေချိန်ကာလဖြစ်တာမို့ ဒီဒုက္ခသည်တွေပြန်လည်လက်ခံရေးအစီအစဉ်က နှောင့်နှေးနေချိန်ဖြစ်ပါတယ်။

XS
SM
MD
LG