[Zawgyi/Unicode]
ဘဂၤလားေဒ့ရွ္ႏိုင္ငံ Bhashan Char ကြ်န္းေပၚ ေရာက္ႏွင့္ၿပီးသား ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြဟာ ေနထိုင္ေရး အခက္အခဲရွိၿပီး ကြ်န္းေပၚမွာ မေနလိုၾကဘူးလို႔ အဲဒီကြ်န္းကို ကိုယ္တိုင္သြားေရာက္ေလ့လာခြင့္ရခဲ့တဲ့ ႐ိုဟင္ဂ်ာေခါင္းေဆာင္ေတြက ဗြီအိုေအကို ေျပာပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စံုစမ္းေမးျမန္းထားတာ တင္ဆက္ေပးပါမယ္။
ျမန္မာႏုိင္ငံကေန တိမ္းေရွာင္ေျပးလာၾကတဲ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက အခုဆို ဘဂၤလားေဒ့ရွ္ စခန္းေတြထဲ လူဦးေရထူထပ္ မ်ားျပားလြန္းလာတာေၾကာင့္ ေနထိုင္ေရး အဆင္ေျပေအာင္ ဒုကၡသည္တခ်ိဳ႕ကို ေနရာခြဲၿပီး ေရႊ႕ေျပာင္းေနရာခ်ထားဖို႔ စီစဥ္ထားတဲ့ ပင္လယ္ထဲက ကၽြန္း- ဒီ Bhashan Char ကၽြန္းဆီကို ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအသီးသီးက ဘာသာေရးေခါင္းေဆာင္ေတြ၊ စခန္းတာဝန္ခံေတြ သြားေလ့လာေနၾကတာ ဒီေန႔ဆို သံုးရက္ေျမာက္ေန႔ျဖစ္ပါၿပီ။ ဒီကေန႔မွာေတာ့ စိုက္ပ်ိဳးခင္းေတြ၊ စာသင္ေက်ာင္းေတြကို အဓိကေလ့လာခဲ့ၾကပါတယ္လို႔ ခရီးစဥ္မွာလိုက္ပါခဲ့တဲ့ ဘာသာေရးေခါင္းေဆာင္ကတဦးက ေျပာျပပါတယ္။
"က်ေနာ္တို႔ မနက္ေစာၾကီးက မနက္စာစားၿပီးေတာ့ ဟိုမွာ စိုက္ထားတဲ့ စိုက္ခင္းေတြဆီ သြားပါတယ္။ ေနာက္ စာသင္ေက်ာင္းေဆာက္ ထားတယ္ေျပာတယ္။ မူၾကိဳ မူလတန္းေက်ာင္း အလယ္တန္းေက်ာင္း ေက်ာင္းေတြကိုကိုလိုက္ျပတယ္။ ျပန္ဖို႔ကေတာ့ မနက္ျဖန္ မနက္ေစာေစာ ငါးနာရီခြဲေလာက္မွာ ျပန္ၾကမယ္လို႔သတင္းရပါတယ္။"
မဆုမြန္။ ။ ဟုတ္ကဲ့။ အခုက ဘာသာေရးေခါင္းေဆာင္ေတြေရာ ကမ့္မွာရွိတဲ့ေခါင္းေဆာင္ေတြေရာ လာေလ့လာၾကတာ စေနကစေရာက္တယ္ တနဂၤေႏြေန႔မွာ ေလ့လာတယ္။ ဒီေန႔ တနလၤာေန႔ဆိုလည္း စာသင္ေက်ာင္းေတြ သြားေလ့လာတယ္။ ေနာက္ၿပီး ေတာ့ ဒီမွာေနတဲ့သူေတြနဲ႔လည္း ေတြ႔ရတယ္ဆိုေတာ့။ အဲ့ဒီကၽြန္းရဲ႕အေျခအေနကို ဘယ္လိုျမင္မိလဲရွင့္။ လူေတြေနဖို႔သင့္ေတာ္တယ္လို႔ ထင္လား။ သူတို႔အတြက္ တျခား ဘာေတြလုပ္ေပးဖို႔ ေရာ လိုအပ္မယ္လို႔ထင္ပါသလဲ။
"အခုက က်ေနာ္တို႔ ေလာေလာဆယ္ ေျပာလို႔မရေသးဘူး။ တခုကေတာ့ မသင့္ေတာ္ဘူးဆိုတာေတာ့ က်ေနာ္ ေျပာႏုိင္တယ္။ ဟိုေန႔ကလည္းေျပာၿပီးသားပဲ တိုတိုေျပာရရင္ေတာ့ မသင့္ေတာ္ဘူးလို႔ပဲ က်ေနာ္ျမင္ပါတယ္။"
ကၽြန္းကို သူတို႔သြားေလ့လာခ်ိန္ အဲ့ဒီကၽြန္းထဲမွာပဲ ဘဂၤလားေဒ့ရွ္အစိုးရ ပို႔ေဆာင္ထားတဲ့ ျမန္မာႏုိင္ငံက ထြက္ေျပးလာၾကတဲ့ ေလွစီးေျပးဒုကၡသည္ ၃၀၀ ေက်ာ္နဲ႔ေတြ႔ဆံုခြင့္ရခဲ့ခ်ိန္မွာေတာ့-ဒုကၡသည္ေတြက ရိုဟင္ဂ်ာေခါင္းေဆာင္ေတြကို သူတို႔ကို ဒီကၽြန္းမွာ မထားခဲ့ပဲ စခန္းေတြဆီကိုပဲေခၚေဆာင္သြားဖို႔ ဝိုင္းဝန္းေတာင္းဆိုခဲ့ၾကပါတယ္။ Bhashan Char ခရီးစဥ္မွာ လုိက္ပါသြားတဲ့ ေမာ္လဝီဘာသာေရးေခါင္းေဆာင္တဦးက- ေလွစီးေျပးဒုကၡသည္ေတြရဲ႕ေတာင္းဆိုခ်က္ေျပာျပပါတယ္။
"သူတို႔ကို ငိုၾကၿပီးေတာ့ သူတို႔ကိုပါ တခါတည္းေခၚသြားပါ။ က်ေနာ္တို႔ ဒီမွာ မေနခ်င္ဘူး။က်ေနာ္တို႔ ဟိုမွာပဲေနခ်င္တယ္။ က်ေနာ္တို႔ ညီအကိုေမာင္ႏွမေတြ ရွိေသးတယ္။ ဒီမွာ မိန္းကေလးေတြေရာ၊ ေယာက္က်ားေလးေတြေရာ ဒီမွာ လံုးဝမေနခ်င္ဘူး။ တခါတည္း က်ေနာ္တို႔ကို ယူသြားပါလို႔ ငိုၿပီးေျပာၾကတယ္။ က်ေနာ္တို႔ကေတာ့ ခဏ သည္းခံလုိက္ပါ။က်ေနာ္တို႔ ခင္ဗ်ားတို႔အတြက္ အစီအစဥ္ေတြကို အစိုးရနဲ႔ တိုင္ပင္ၿပီးေတာ့ ေဆြးေႏြးမယ္။ သူတို႔အစီအစဥ္ေတြ ဘယ္လိုရွိတယ္ဆိုတာ က်ေနာ္တို႔ၾကည့္လိုက္မယ္။ အဲ့တာေၾကာင့္ ခဏေလး သည္းခံၿပီးေနၾကပါလို႔ သူတို႔ကို မွာထားပါတယ္။"
ကၽြန္းထဲမွာ ေခတၱခိုလံႈေနရတဲ့ ဒုကၡသည္ေတြအေရးက လက္ရွိမွာ COVID -19 ကပ္ေရာဂါကာလၾကီးလည္း ျဖစ္တာေၾကာင့္ စီစဥ္ဖို႔ အခက္အခဲေတြ ရွိေနတဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ေရတပ္နဲ႔ ကၽြန္းတာဝန္ရွိသူေတြ ကရွင္းျပတယ္လို႔ ခရီးစဥ္မွာ လုိက္ပါသြားတဲ့ ဘာလုခါလီစခန္းရဲ႕ေခါင္းေဆာင္ -အရင္ ေမာင္ေတာၿမိဳ႕နယ္ ေတာင္ၿပိဳလက္ဝဲက အထက္တန္းျပဆရာ ဆရာႏုရ္မာမတ္ကေျပာျပပါတယ္။
"သူတို႔က ဒီမွာ ေထာင္က်တဲ့ ပံုစံနဲ႔ေနေနရတယ္လို႔ေျပာပါတယ္။ အဲ့တာေၾကာင့္ က်ေနာ္တို႔က ဘဂၤလားေဒ့ရွ္အစိုးရ တာဝန္ရွိသူေတြနဲ႔ ပြင့္ပြင့္လင္းလင္းပဲေျပာခဲ့တယ္။ ေျပာေတာ့ သူတို႔ကေျပာတာက အထက္က အဖြဲ႔အစည္းေတြကို ေျပာတယ္ သူတို႔ဒီမွာ ေနႏိုင္မွာမဟုတ္ဘူးဆိုတာ။ သူတို႔မွာ မိဘေတြရွိေသးတယ္၊ ညီအကိုေမာင္ႏွမေတြ ရွိေသးတယ္။ သူတို႔တေယာက္တည္းဒီမွာ မေနခ်င္ၾကဘူး သူတို႔မိသားစုဆီ ပို႔ေပးမယ္။ မၾကာခင္ပို႔ေပးမယ္။ အခုကို ကို႐ိုနာဗိုင္းရပ္စ္ေတြျဖစ္ေနလို႔ နည္းနည္းေလးပဲၾကာမယ္ ေျပာပါတယ္။"
အဲ့ဒီကၽြန္းကိုေရာက္ေနတဲ့ ရိုဟင္ဂ်ာ ၃၀၆ ေယာက္ဟာ ၿပီးခဲ့တဲ့ ဧၿပီလက မေလး႐ွားႏိုင္ငံကို ေမွာင္ခိုစက္ေလွ ၂ စင္းနဲ႔ သြားဖုိ႔ႀကိဳးစားရင္း ပင္လယ္ထဲမွာ သီတင္းပတ္နဲ႔ခ်ီ ေမ်ာပါၿပီး ဒုကၡေရာက္ေနၾကရတဲ့ ေလွစီးေျပးေတြ ျဖစ္ပါတယ္။ သူတို႔ကို COVID-19 ေရာဂါ ကူးစက္ ပ်ံ ႔ႏွံ႔မွာ စုိးတဲ့အတြက္ သူတို႔ကို အဲဒီကၽြန္းေပၚမွာ ထားထားတယ္။ ျမန္မာျပည္ကိုျပန္မယ္လို႔ သေဘာမတူရင္ ဒီကၽြန္းက ထြက္ခြင့္မျပဳဘူးလိုိ႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြကေျပာဆိုထားတာပါ။ ဒါေပမဲ့ ဒီကၽြန္းမွာေနရင္ အႏၱရာယ္ရွိတာေၾကာင့္ ဘာဆန္ခ်ာကၽြန္းမွာ ရွိေနတဲ့ ႐ုိဟင္ဂ်ာ အေယာက္ ၃၀၀ ေက်ာ္ကို အဲဒီကၽြန္းကေန အျမန္ဆုံးေရႊ႕ေပးဖို႔ကိုလည္း လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ (HRW)က ေတာင္းဆိုထားပါတယ္။ ျမန္မာအစိုးရဘက္က ရိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြကို စိစစ္လက္ခံ သြားမယ္လို႔ေတာ့ ေျပာထားပါတယ္။
[Unicode Version]
Bhashan Char ကျွန်းရောက် ရိုဟင်ဂျာများနေထိုင်ရေးခက်ခဲ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhashan Char ကျွန်းပေါ် ရောက်နှင့်ပြီးသား ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ နေထိုင်ရေး အခက်အခဲရှိပြီး ကျွန်းပေါ်မှာ မနေလိုကြဘူးလို့ အဲဒီကျွန်းကို ကိုယ်တိုင်သွားရောက်လေ့လာခွင့်ရခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုံစမ်းမေးမြန်းထားတာ တင်ဆက်ပေးပါမယ်။
မြန်မာနိုင်ငံကနေ တိမ်းရှောင်ပြေးလာကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက အခုဆို ဘင်္ဂလားဒေ့ရှ် စခန်းတွေထဲ လူဦးရေထူထပ် များပြားလွန်းလာတာကြောင့် နေထိုင်ရေး အဆင်ပြေအောင် ဒုက္ခသည်တချို့ကို နေရာခွဲပြီး ရွှေ့ပြောင်းနေရာချထားဖို့ စီစဉ်ထားတဲ့ ပင်လယ်ထဲက ကျွန်း- ဒီ Bhashan Char ကျွန်းဆီကို ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးက ဘာသာရေးခေါင်းဆောင်တွေ၊ စခန်းတာဝန်ခံတွေ သွားလေ့လာနေကြတာ ဒီနေ့ဆို သုံးရက်မြောက်နေ့ဖြစ်ပါပြီ။ ဒီကနေ့မှာတော့ စိုက်ပျိုးခင်းတွေ၊ စာသင်ကျောင်းတွေကို အဓိကလေ့လာခဲ့ကြပါတယ်လို့ ခရီးစဉ်မှာလိုက်ပါခဲ့တဲ့ ဘာသာရေးခေါင်းဆောင်ကတဦးက ပြောပြပါတယ်။
"ကျနော်တို့ မနက်စောကြီးက မနက်စာစားပြီးတော့ ဟိုမှာ စိုက်ထားတဲ့ စိုက်ခင်းတွေဆီ သွားပါတယ်။ နောက် စာသင်ကျောင်းဆောက် ထားတယ်ပြောတယ်။ မူကြို မူလတန်းကျောင်း အလယ်တန်းကျောင်း ကျောင်းတွေကိုကိုလိုက်ပြတယ်။ ပြန်ဖို့ကတော့ မနက်ဖြန် မနက်စောစော ငါးနာရီခွဲလောက်မှာ ပြန်ကြမယ်လို့သတင်းရပါတယ်။"
မဆုမွန်။ ။ ဟုတ်ကဲ့။ အခုက ဘာသာရေးခေါင်းဆောင်တွေရော ကမ့်မှာရှိတဲ့ခေါင်းဆောင်တွေရော လာလေ့လာကြတာ စနေကစရောက်တယ် တနင်္ဂနွေနေ့မှာ လေ့လာတယ်။ ဒီနေ့ တနင်္လာနေ့ဆိုလည်း စာသင်ကျောင်းတွေ သွားလေ့လာတယ်။ နောက်ပြီး တော့ ဒီမှာနေတဲ့သူတွေနဲ့လည်း တွေ့ရတယ်ဆိုတော့။ အဲ့ဒီ့ကျွန်းရဲ့အခြေအနေကို ဘယ်လိုမြင်မိလဲရှင့်။ လူတွေနေဖို့သင့်တော်တယ်လို့ ထင်လား။ သူတို့အတွက် တခြား ဘာတွေလုပ်ပေးဖို့ ရော လိုအပ်မယ်လို့ထင်ပါသလဲ။
"အခုက ကျနော်တို့ လောလောဆယ် ပြောလို့မရသေးဘူး။ တခုကတော့ မသင့်တော်ဘူးဆိုတာတော့ ကျနော် ပြောနိုင်တယ်။ ဟိုနေ့ကလည်းပြောပြီးသားပဲ တိုတိုပြောရရင်တော့ မသင့်တော်ဘူးလို့ပဲ ကျနော်မြင်ပါတယ်။"
ကျွန်းကို သူတို့သွားလေ့လာချိန် အဲ့ဒီကျွန်းထဲမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရ ပို့ဆောင်ထားတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ လှေစီးပြေးဒုက္ခသည် ၃၀၀ ကျော်နဲ့တွေ့ဆုံခွင့်ရခဲ့ချိန်မှာတော့-ဒုက္ခသည်တွေက ရိုဟင်ဂျာခေါင်းဆောင်တွေကို သူတို့ကို ဒီကျွန်းမှာ မထားခဲ့ပဲ စခန်းတွေဆီကိုပဲခေါ်ဆောင်သွားဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်။ Bhashan Char ခရီးစဉ်မှာ လိုက်ပါသွားတဲ့ မော်လဝီဘာသာရေးခေါင်းေဆောင်တဦးက- လှေစီးပြေးဒုက္ခသည်တွေရဲ့တောင်းဆိုချက်ပြောပြပါတယ်။
"သူတို့ကို ငိုကြပြီးတော့ သူတို့ကိုပါ တခါတည်းခေါ်သွားပါ။ ကျနော်တို့ ဒီမှာ မနေချင်ဘူး။ကျနော်တို့ ဟိုမှာပဲနေချင်တယ်။ ကျနော်တို့ ညီအကိုမောင်နှမတွေ ရှိသေးတယ်။ ဒီမှာ မိန်းကလေးတွေရော၊ ယောက်ကျားလေးတွေရော ဒီမှာ လုံးဝမနေချင်ဘူး။ တခါတည်း ကျနော်တို့ကို ယူသွားပါလို့ ငိုပြီးပြောကြတယ်။ ကျနော်တို့ကတော့ ခဏ သည်းခံလိုက်ပါ။ကျနော်တို့ ခင်ဗျားတို့အတွက် အစီအစဉ်တွေကို အစိုးရနဲ့ တိုင်ပင်ပြီးတော့ ဆွေးနွေးမယ်။ သူတို့အစီအစဉ်တွေ ဘယ်လိုရှိတယ်ဆိုတာ ကျနော်တို့ကြည့်လိုက်မယ်။ အဲ့တာကြောင့် ခဏလေး သည်းခံပြီးနေကြပါလို့ သူတို့ကို မှာထားပါတယ်။"
ကျွန်းကို သူတို့သွားလေ့လာချိန် အဲ့ဒီကျွန်းထဲမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရ ပို့ဆောင်ထားတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ လှေစီးပြေးဒုက္ခသည် ၃၀၀ ကျော်နဲ့တွေ့ဆုံခွင့်ရခဲ့ချိန်မှာတော့-ဒုက္ခသည်တွေက ရိုဟင်ဂျာခေါင်းဆောင်တွေကို သူတို့ကို ဒီကျွန်းမှာ မထားခဲ့ပဲ စခန်းတွေဆီကိုပဲခေါ်ဆောင်သွားဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်။ Bhashan Char ခရီးစဉ်မှာ လိုက်ပါသွားတဲ့ မော်လဝီဘာသာရေးခေါင်းဆောင်တဦးက- လှေစီးပြေးဒုက္ခသည်တွေရဲ့တောင်းဆိုချက်ပြောပြပါတယ်။
"သူတို့က ဒီမှာ ထောင်ကျတဲ့ ပုံစံနဲ့နေနေရတယ်လို့ပြောပါတယ်။ အဲ့တာကြောင့် ကျနော်တို့က ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ ပွင့်ပွင့်လင်းလင်းပဲပြောခဲ့တယ်။ ပြောတော့ သူတို့ကပြောတာက အထက်က အဖွဲ့အစည်းတွေကို ပြောတယ် သူတို့ဒီမှာ နေနိုင်မှာမဟုတ်ဘူးဆိုတာ။ သူတို့မှာ မိဘတွေရှိသေးတယ်၊ ညီအကိုမောင်နှမတွေ ရှိသေးတယ်။ သူတို့တယောက်တည်းဒီမှာ မနေချင်ကြဘူး။ သူတို့မိသားစုဆီ ပို့ပေးမယ်။ မကြာခင်ပို့ပေးမယ်။ အခုကို ကိုရိုနာဗိုင်းရပ်စ်တွေဖြစ်နေလို့ နည်းနည်းလေးပဲကြာမယ် ပြောပါတယ်။"
အဲ့ဒီကျွန်းကိုရောက်နေတဲ့ ရိုဟင်ဂျာ ၃၀၆ ယောက်ဟာ ပြီးခဲ့တဲ့ ဧပြီလက မလေးရှားနိုင်ငံကို မှောင်ခိုစက်လှေ ၂ စင်းနဲ့ သွားဖို့ကြိုးစားရင်း ပင်လယ်ထဲမှာ သီတင်းပတ်နဲ့ချီ မျောပါပြီး ဒုက္ခရောက်နေကြရတဲ့ လှေစီးပြေးတွေ ဖြစ်ပါတယ်။ သူတို့ကို COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှာ စိုးတဲ့အတွက် သူတို့ကို အဲဒီကျွန်းပေါ်မှာ ထားထားတယ်။ မြန်မာပြည်ကိုပြန်မယ်လို့ သဘောမတူရင် ဒီကျွန်းက ထွက်ခွင့်မပြုဘူးလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကပြောဆိုထားတာပါ။ ဒါပေမဲ့ ဒီကျွန်းမှာနေရင် အန္တရာယ်ရှိတာကြောင့် ဘာဆန်ချာကျွန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ အယောက် ၃၀၀ ကျော်ကို အဲဒီကျွန်းကနေ အမြန်ဆုံးရွှေ့ပေးဖို့ကိုလည်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က တောင်းဆိုထားပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံ သွားမယ်လို့တော့ ပြောထားပါတယ်။