(Zawgyi / Unicode)
႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေျပာင္းေရႊ႕ပို႔ဖို႔ ဘဂၤလားေဒ့ရ္ွအစိုးရက စီစဥ္ထားတဲ့ Bhashan Char ကၽြန္းဆီကို ႐ုိဟင္ဂ်ာေခါင္းေဆာင္ေတြ သြားေရာက္ေလ့လာၾကပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္း တင္ျပထားပါတယ္။
Bhashan Char ကၽြန္း ဆိုတာကေတာ့ ဘဂၤလားေဒ့ရွ္အစိုးရကေန ဘဂၤလားေဒ့ရွ္ႏုိင္ငံေရာက္ ျမန္မာႏုိင္ငံက တိမ္းေရွာင္ ထြက္ေျပးလာၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ သိန္းနဲ႔ခ်ီ ခိုလံႈေနထိုင္တဲ့ လူဦးေရ ထူထပ္ မ်ားျပားလြန္းလွတဲ့ ဒုကၡသည္စခန္းေတြထဲက ဒုကၡသည္တခ်ိဳ႕ကို ေရႊ႕ေျပာင္းေနရာခ်ထားဖို႔ စီစဥ္ထားတဲ့ ပင္လယ္ထဲက ကၽြန္းတကၽြန္းျဖစ္ပါတယ္။ ဒီကၽြန္းမွာေတာ့ မုန္တုိင္းဒဏ္ ရာသီဥတု ဆိုးဝါးတဲ့ဒဏ္နဲ႔ ဒုကၡသည္ေတြအတြက္ ဆက္သြယ္ေရး ေနထုိင္ေရး လံုၿခံဳေရး အခက္အခဲ အႏၱရာယ္ေတြနဲ႔ ရင္ဆိုင္ရႏုိင္တာေၾကာင့္ ဒုကၡသည္ေတြကလည္း မသြားလိုၾကသလိုပဲ စိုးရိမ္ေနၾကတဲ့ ေဒသတခုလည္း ျဖစ္ပါတယ္။
ဒီ Bhashan Char ကၽြန္းမွာ သူတို႔စီမံေဆာင္ရြက္ထားတဲ့ အေျခအေနကို ကိုယ္တုိင္သြားေရာက္ ေလ့လာႏုိင္ဖို႔ ဘဂၤလားေဒ့ရွ္ အစိုးရရဲ႕ အစီအစဥ္ျဖစ္တဲ့ “Go and See Visit” ခရီးစဥ္မွာ ႐ိုဟင္ဂ်ာဒုကၡသည္စခန္း အသီးသီးက ဘာသာေရးေခါင္းေဆာင္ေတြ၊ စခန္းတာဝန္ခံ ေခါင္းေဆာင္ေတြျဖစ္တဲ့ အမ်ိဳးသား ၃၈ ဦးနဲ႔ အမ်ိဳးသမီး ၂ ဦး၊ ေပါင္း ၄၀ ဦး လိုက္ပါသြားခဲ့ၾကတာပါ။ ဒီကၽြန္းခရီးစဥ္ မတိုင္ခင္မွာေတာ့ COVID-19 ကပ္ေရာဂါျဖစ္ပြားေနခ်ိန္မို႔ ဒီကၽြန္းကို လိုက္ပါမယ့္သူေတြကို အရင္ဆံုး ကို႐ိုနာဗိုင္းရပ္စ္ရွိမရွိ စစ္ေဆးၿပီးမွ ေခၚေဆာင္သြားတာ ျဖစ္ပါတယ္။
ဒီကေန႔ တနဂၤေႏြေန႔မွာေတာ့ ႐ိုဟင္ဂ်ာကိုယ္စားလွယ္ေတြဟာ ကြ်န္းေပၚမွာ ေဆာက္လုပ္ထားတဲ့ လူေနအေဆာက္အဦေတြ၊ ဗလီအပါအဝင္ ဘာသာေရးေက်ာင္းေတြ၊ ေဆး႐ုံေတြ စိုက္ပ်ိဳးခင္းေတြကို ေလ့လာခဲ့ၾကသလို ကြ်န္းေပၚက လက္ရွိစခန္းမွာ ခိုလံႈေနၾကရတဲ့ ေလွစီးေျပးဒုကၡသည္ ၃၀၀ ေက်ာ္နဲ႔လည္း ေတြ႔ဆံုခြင့္ရခဲ့တယ္လို႔ လုိက္ပါသြားသူေတြက ေျပာပါတယ္။
ခရီးစဥ္မွာ လုိက္ပါသြားတဲ့ ဘာလုခါလီစခန္းရဲ႕ ေခါင္းေဆာင္၊ အရင္ ေမာင္ေတာၿမိဳ႕နယ္ ေတာင္ၿပိဳလက္ဝဲက အထက္တန္းျပဆရာ ဆရာႏုရ္မာမတ္က ဘဂၤလားေဒ့ရွ္ေရတပ္နဲ႔ ကၽြန္းတာဝန္ရွိသူေတြ လုိက္လံျပသခဲ့တဲ့ ကၽြန္းေလ့လာေရး ခရီးစဥ္အေၾကာင္း ဗီြအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။
“ဒီေန႔မနက္ ၉ နာရီခြဲကေန စၿပီးေတာ့ က်ေနာ္တို႔ကို ေခၚထားတယ္၊ ေရတပ္အရာရွိကေနၿပီးေတာ့။ ေနာက္ ဒီမွာရွိေနတဲ့ အေဆာက္အဦေတြ ေလ့လာၾကည့္ၾကတယ္။ ဆုိင္ကလုန္းစင္တာ ၁၂၀ ေတြ႔တယ္။ ဗလီႀကီးက ၃ ခုရွိတယ္။ ေဆး႐ံုႀကီး ၂ ခုရွိတယ္။ ေနာက္ မိသားစုေနအိမ္ေတြက ၁,၀၀၀ ေက်ာ္ေလာက္ရွိတယ္။ အဲဒီမွာ တဝက္ေလာက္ က်ေနာ္တို႔ ေလ့လာၾကည့္ၾကပါတယ္။ ဒီမွာ လူေတြေနႏိုင္မလား မေနႏုိင္ဘူးလား၊ မိသားစုေတြ ေခၚလာမွာဆိုရင္ အဆင္ေျပမလား မေျပဘူးလား အဲ့ဒါကို ေလ့လာခိုင္းတာပါ။
“အစိုးရကေတာ့ အတင္းေခၚမယ္မထင္ဘူး။ သူတို႔ ေျပာတာက မိသားစုေတြ လာခ်င္ လာေနႏုိင္တယ္၊ မလာခ်င္ရင္ သူတို႔က အတင္းဆြဲေခၚလာမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ ေနာက္ အဲ့ကၽြန္းမွာရွိတဲ့သူေတြနဲ႔ ေတြ႔ပါတယ္။ အစိုးရထားထားတဲ့ ၃၀၆ ေယာက္ပါ၊ ကေလးေတြလည္းပါတယ္။ ေယာက္က်ားေလးေတြ ရွိတဲ့ေနရာကို သြားေတြ႔ၿပီး ေဆြးေႏြးခုိင္းတယ္။ သူတို႔နဲ႔ အျပန္အလွန္ ေျပာလို႔ရခဲ့ပါတယ္။ ေနာက္ အမ်ိဳးသမီးေတြကို အမ်ိဳးသမီးရွိတဲ့ေနရာ သြားခုိင္းတယ္။ သူတို႔လည္း က်ေနာ္တို႔လို အျပန္အလွန္ ေျပာလို႔ရပါတယ္။”
Bhashan Char ခရီးစဥ္မွာ လုိက္ပါသြားသူ ေနာက္တဦးျဖစ္တဲ့ ေမာ္လဝီ ဘာသာေရးေခါင္းေဆာင္တဦးကလည္း သူျမင္ေတြ႔ခဲ့သမွ် ဗီြအိုေအကို ေျပာျပပါတယ္။
“မနက္စာစားၿပီးေတာ့ က်ေနာ္တို႔ကို ကားေတြနဲ႔ တင္ေခၚၿပီး ဒီမွာေဆာက္ထားတဲ့ ေနအိမ္ေတြကို လုိက္ျပ ရွင္းျပတယ္။ ခင္ဗ်ားတို႔ ဒီမွာေနရမယ္၊ ဒီမွာ ထမင္းခ်က္တဲ့အခန္း၊ ဒီမွာ ေရခ်ိဳးခန္း၊ ဒီလို စသျဖင့္ အဲ့ဒါေတြကို က်ေနာ္တို႔ကို ရွင္းျပတယ္။ ေနာက္ ေဆး႐ုံကိုလည္း က်ေနာ္တို႔ကို သြားၾကည့္ခုိင္းတယ္။ ေဆး႐ုံကို ေလ့လာၿပီးေတာ့ ငါးကန္၊ ပုဇြန္ကန္ကို သြားေလ့လာတယ္။ ေနာက္ ဝတ္ျပဳဆုေတာင္းတဲ့ ဗလီကို ေသခ်ာသြားၾကည့္ပါတယ္။ ေနာက္ ကမ့္ပ္ထဲမွာ လူ ၃၀၆ ေယာက္ကိုေတြ႔ေတာ့ သူတို႔အေျခအေန ဘယ္လိုလဲ၊ ဘယ္လိုစားေသာက္ေနရလဲ ဆိုတာေတြ သူတို႔ အျပန္အလွန္ေဆြးေႏြးၿပီး စကားေတြေျပာၿပီးေတာ့မွ အခု က်ေနာ္တို႔ ျပန္လာတယ္။”
မဆုမြန္ - ဟုတ္ကဲ့၊ အခု ဒီေန႔စၿပီးေတာ့ ကၽြန္းကိုသြားေလ့လာၾကတယ္ေပါ့ေနာ္။ ဒီကၽြန္းမွာ ဒုကၡသည္ေတြေနဖို႔ သင့္ေတာ္တဲ့ေနရာတခုလို႔ ျမင္လား။ ဒါမွမဟုတ္ တကယ္လို႔ သူတို႔ေနဖို႔ သူတို႔အတြက္ ဘယ္လိုအခက္အခဲေတြ ရွိေနမယ္လို႔ ျမင္ပါလဲရွင့္။
ေမာ္လဝီ ဘာသာေရးေခါင္းေဆာင္ - “က်ေနာ္တို႔က ေျပာဖို႔ကေတာ့ ခက္တယ္။ ေျပာဖို႔ခက္တယ္ဆိုတာက အခု ကၽြန္းမွာျမင္ခဲ့ရသေလာက္ကေတာ့ အခုေဆာက္ထားတဲ့ အေဆာက္အဦေတြ က်ေနာ္တို႔ လူေနဖို႔ကေတာ့ မျပည့္စံုေသးဘူးလို႔ပဲ အဲ့လိုပဲ က်ေနာ္ေျပာခ်င္တယ္။”
အခုလို ဘဂၤလားေဒ့ရွ္အစိုးရက စီစဥ္တဲ့ ဒီကၽြန္းခရီးစဥ္အတြင္း ေလ့လာေတြ႔႔ရွိခဲ့တာေတြ၊ သူတို႔ရဲ႕ သံုးသပ္ခ်က္ အျမင္ေတြကို သူတို႔ခိုလံႈေနထိုင္တဲ့ ဒုကၡသည္စခန္း ျပန္ေရာက္ခ်ိန္မွာမွ စခန္းက ဒုကၡသည္ေတြကို ျပန္လည္ရွင္းျပ ေဆြးေႏြးမွာပါလို႔ လိုက္ပါသြားသူ ေခါင္းေဆာင္ေတြက ေျပာပါတယ္။
ဒါေပမယ့္လည္း လက္ရွိ COVID-19 ကပ္ေရာဂါႀကီး ျဖစ္ပြားေနခ်ိန္မွာပဲ ဒုကၡသည္စခန္းေတြထဲ စခန္းတြင္းမွာေတာင္ လူစုလူေဝးနဲ႔ အျပင္ထြက္သြားလာခြင့္ ပိတ္ပင္ခံထားရတဲ့ ဒုကၡသည္ေတြက သူတို႔ကို လူသူမနီးတဲ့ ဒီ Bhashan Char ကၽြန္းဆီကို ေျပာင္းေရႊ႕ခိုင္းမွာကို အေတာ္ေလး စိုးရိမ္ေနၾကတာပါ။ ကုတုပေလာင္ ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေအာင္ၿမိဳင္က သူ႔စိုးရိမ္ခ်က္ကုိ ေျပာျပပါတယ္။
“ဒီခရီးစဥ္က အစိုးရရဲ႕ အစီအစဥ္ပါပဲ။ အဲဒီကၽြန္းမွာ တုိက္တို႔ ဆိုင္ကလုန္းစင္တာတို႔ ေဆာက္ထားတာရွိတယ္ေလ။ သူတို႔အစီအစဥ္ကို ေအာင္ျမင္ေစခ်င္လို႔ေပါ့ေနာ္။ ဆုိင္ကလုန္းစင္တာေတြ ေဆာက္ေပးထားတာ အကုန္လံုးက သိၿပီးသားပါ။ ဒါေပမယ့္ ဒီကၽြန္းရဲ႕ ေလးဖက္စလံုးက ပင္လယ္ေပါ့ေနာ္ ေရေတြခ်ည္းပဲ။ ေနာက္ ကုန္းေျမရဲ႕ ခုိင္ၿမဲမႈ တည္ၿငိမ္မႈက သြားေလ့လာတဲ့လူေတြက ဆံုးျဖတ္လို႔မရဘူးေလ။ ဒါက တကယ့္ပညာရွင္ေတြ ႏုိင္ငံတကာ ပညာရွင္ေတြရဲ႕ အဆံုးအျဖတ္လိုတယ္။ ေနာက္ၿပီး ဒီမွာရွိတဲ့ လူအမ်ားက အဲ့ကၽြန္းကို သြားမယ့္ဟာကို လက္မခံပါဘူး။ သူတို႔က သေဘာမက်ပါဘူး။ လူအနည္းငယ္ေတာ့ ရွိေကာင္းရွိႏုိင္တယ္။ ဒါလည္း ေသေသခ်ာခ်ာ ေျပာလို႔မရပါဘူး။ အမ်ားစုက မသြားခ်င္ၾကဘူး၊ ျမန္မာႏုိင္ငံကိုပဲ ျပန္လိုခ်င္ၾကတယ္ အကုန္လံုးက။”
ဦးေအာင္ၿမိဳင္ေျပာသလိုပဲ ဘာလုခါလီ ဒုကၡသည္စခန္းက ႐ုိဟင္ဂ်ာဒုကၡသည္ ဦးအီစလံကလည္း ကၽြန္းကိုသြားမယ့္အစား ေနရပ္ရင္းကိုပဲ ျပန္လိုတာပါ။
“ဒီမွာရွိတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ခိုလံႈေနထိုင္ၾကတဲ့ ဒုကၡသည္ေတြက မိမိတို႔ရဲ႕ ေနရပ္ရင္းကိုပဲ ျပန္ခ်င္ေနၾကတာပါ။ က်ေနာ္တို႔ရဲ႕ မူလ ႏုိင္ငံသားအခြင့္အေရး ရတာနဲ႔ ေနရပ္ကိုပဲျပန္ဖို႔ အစီအစဥ္ ခ်ထားပါတယ္ခင္ဗ်။ တကယ္ေတာ့ ဒီ Bhashan Char ကၽြန္းဆိုတာ ပင္လယ္ရဲ႕အလယ္မွာ ရွိေနတာ။ ေနာက္ ကမာၻႀကီးနဲ႔ ဆက္သြယ္တာေရာ၊ ေနာက္ ေဆြမ်ိဳးအသိုင္းအဝိုင္းနဲ႔ ဆက္သြယ္တာေရာ က်ေနာ္တို႔ အားလံုးနဲ႔ အဆက္အသြယ္ ျပတ္ေတာက္သြားႏုိင္ပါတယ္။ ေနာက္ ပိုဆိုးတာ အဲ့မွာ ဆုိင္ကလုန္းမုန္တုိင္း၊ ေနာက္ ဆူနာမီတို႔ အဲ့လိုမ်ိဳးေတြျဖစ္လာရင္ လူေတြရဲ႕အသက္ ဆုံး႐ႈံးႏုိင္တာ ရွိတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က အရမ္းကို အင္မတန္မွ စိုးရိမ္ေနၾကတာပါခင္ဗ်ာ။”
ဒုကၡသည္ေတြကုိ Bhasan Char ကၽြန္းမွာ ေျပာင္းေရႊ႕ဖုိ႔ အရင္တုန္းကလည္း ဘဂၤလားေဒ့ရွ္ အစုိးရက စီစဥ္ခဲ့ဖူးေပမယ့္ ဝိုင္းဝန္းကန္႔ကြက္မႈေတြနဲ႔ ေအာင္ျမင္မႈ မရခဲ့တဲ့ေနာက္ အခုတႀကိမ္ကေတာ့ ပထမဆံုးအႀကိမ္ ႐ုိဟင္ဂ်ာေခါင္းေဆာင္ေတြကို ကၽြန္းကိုေလ့လာဖို႔ အာဏာပိုင္ေတြက စီစဥ္ေပးခဲ့တာ ျဖစ္ပါတယ္။
ဒုကၡသည္ေတြဘက္က ေနရပ္ရင္း ျမန္မာႏိုင္ငံကို ျပန္လိုတယ္လို႔ ဆိုေပမယ့္ ႏွစ္ႏုိင္ငံ သေဘာတူညီထားတဲ့ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး အစီအစဥ္ေတြကေတာ့ ေနွာင့္ေႏွးေနဆဲ ရိွပါတယ္။ ျမန္မာအစိုးရဘက္က ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြကို စိစစ္လက္ခံသြားမယ္လို႔ေတာ့ ေျပာထားၿပီးသား ျဖစ္ပါတယ္။
--------------------------
(Unicode)
ရိုဟင်ဂျာခေါင်းဆောင်တချို့ Bhashan Char ကျွန်းကို သွားရောက်လေ့လာ
ရိုဟင်ဂျာဒုက္ခသည်တွေကို ပြောင်းရွှေ့ပို့ဖို့ ဘင်္ဂလားဒေ့ရ်ှအစိုးရက စီစဉ်ထားတဲ့ Bhashan Char ကျွန်းဆီကို ရိုဟင်ဂျာခေါင်းဆောင်တွေ သွားရောက်လေ့လာကြပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်း တင်ပြထားပါတယ်။
Bhashan Char ကျွန်း ဆိုတာကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံက တိမ်းရှောင် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေ ထူထပ် များပြားလွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ရွှေ့ပြောင်းနေရာချထားဖို့ စီစဉ်ထားတဲ့ ပင်လယ်ထဲက ကျွန်းတကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာတော့ မုန်တိုင်းဒဏ် ရာသီဥတု ဆိုးဝါးတဲ့ဒဏ်နဲ့ ဒုက္ခသည်တွေအတွက် ဆက်သွယ်ရေး နေထိုင်ရေး လုံခြုံရေး အခက်အခဲ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် ဒုက္ခသည်တွေကလည်း စိုးရိမ်နေကြတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။
ဒီ Bhashan Char ကျွန်းမှာ သူတို့စီမံဆောင်ရွက်ထားတဲ့ အခြေအနေကို ကိုယ်တိုင်သွားရောက် လေ့လာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အစီအစဉ်ဖြစ်တဲ့ “Go and See Visit” ခရီးစဉ်မှာ ရိုဟင်ဂျာဒုက္ခသည်စခန်း အသီးသီးက ဘာသာရေးခေါင်းဆောင်တွေ၊ စခန်းတာဝန်ခံ ခေါင်းဆောင်တွေဖြစ်တဲ့ အမျိုးသား ၃၈ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ ပေါင်း ၄၀ ဦး လိုက်ပါသွားခဲ့ကြတာပါ။ ဒီကျွန်းခရီးစဉ် မတိုင်ခင်မှာတော့ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်မို့ ဒီကျွန်းကို လိုက်ပါမယ့်သူတွေကို အရင်ဆုံး ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးပြီးမှ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ရိုဟင်ဂျာကိုယ်စားလှယ်တွေဟာ ကျွန်းပေါ်မှာ ဆောက်လုပ်ထားတဲ့ လူနေအဆောက်အဦတွေ၊ ဗလီအပါအဝင် ဘာသာရေးကျောင်းတွေ၊ ဆေးရုံတွေ စိုက်ပျိုးခင်းတွေကို လေ့လာခဲ့ကြသလို ကျွန်းပေါ်က လက်ရှိစခန်းမှာ ခိုလှုံနေကြရတဲ့ လှေစီးပြေးဒုက္ခသည် ၃၀၀ ကျော်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့တယ်လို့ လိုက်ပါသွားသူတွေက ပြောပါတယ်။
ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ဘာလုခါလီစခန်းရဲ့ ခေါင်းဆောင်၊ အရင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲက အထက်တန်းပြဆရာ ဆရာနုရ်မာမတ်က ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ ကျွန်းတာဝန်ရှိသူတွေ လိုက်လံပြသခဲ့တဲ့ ကျွန်းလေ့လာရေး ခရီးစဉ်အကြောင်း ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။
“ဒီနေ့မနက် ၉ နာရီခွဲကနေ စပြီးတော့ ကျနော်တို့ကို ခေါ်ထားတယ်၊ ရေတပ်အရာရှိကနေပြီးတော့။ နောက် ဒီမှာရှိနေတဲ့ အဆောက်အဦတွေ လေ့လာကြည့်ကြတယ်။ ဆိုင်ကလုန်းစင်တာ ၁၂၀ တွေ့တယ်။ ဗလီကြီးက ၃ ခုရှိတယ်။ ဆေးရုံကြီး ၂ ခုရှိတယ်။ နောက် မိသားစုနေအိမ်တွေက ၁,၀၀၀ ကျော်လောက်ရှိတယ်။ အဲဒီမှာ တဝက်လောက် ကျနော်တို့ လေ့လာကြည့်ကြပါတယ်။ ဒီမှာ လူတွေနေနိုင်မလား မနေနိုင်ဘူးလား၊ မိသားစုတွေ ခေါ်လာမှာဆိုရင် အဆင်ပြေမလား မပြေဘူးလား အဲ့ဒါကို လေ့လာခိုင်းတာပါ။
“အစိုးရကတော့ အတင်းခေါ်မယ်မထင်ဘူး။ သူတို့ ပြောတာက မိသားစုတွေ လာချင် လာနေနိုင်တယ်၊ မလာချင်ရင် သူတို့က အတင်းဆွဲခေါ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ နောက် အဲ့ကျွန်းမှာရှိတဲ့သူတွေနဲ့ တွေ့ပါတယ်။ အစိုးရထားထားတဲ့ ၃၀၆ ယောက်ပါ၊ ကလေးတွေလည်းပါတယ်။ ယောက်ကျားလေးတွေ ရှိတဲ့နေရာကို သွားတွေ့ပြီး ဆွေးနွေးခိုင်းတယ်။ သူတို့နဲ့ အပြန်အလှန် ပြောလို့ရခဲ့ပါတယ်။ နောက် အမျိုးသမီးတွေကို အမျိုးသမီးရှိတဲ့နေရာ သွားခိုင်းတယ်။ သူတို့လည်း ကျနော်တို့လို အပြန်အလှန် ပြောလို့ရပါတယ်။”
Bhashan Char ခရီးစဉ်မှာ လိုက်ပါသွားသူ နောက်တဦးဖြစ်တဲ့ မော်လဝီ ဘာသာရေးခေါင်းဆောင်တဦးကလည်း သူမြင်တွေ့ခဲ့သမျှ ဗွီအိုအေကို ပြောပြပါတယ်။
“မနက်စာစားပြီးတော့ ကျနော်တို့ကို ကားတွေနဲ့ တင်ခေါ်ပြီး ဒီမှာဆောက်ထားတဲ့ နေအိမ်တွေကို လိုက်ပြ ရှင်းပြတယ်။ ခင်ဗျားတို့ ဒီမှာနေရမယ်၊ ဒီမှာ ထမင်းချက်တဲ့အခန်း၊ ဒီမှာ ရေချိုးခန်း၊ ဒီလို စသဖြင့် အဲ့ဒါတွေကို ကျနော်တို့ကို ရှင်းပြတယ်။ နောက် ဆေးရုံကိုလည်း ကျနော်တို့ကို သွားကြည့်ခိုင်းတယ်။ ဆေးရုံကို လေ့လာပြီးတော့ ငါးကန်၊ ပုဇွန်ကန်ကို သွားလေ့လာတယ်။ နောက် ဝတ်ပြုဆုတောင်းတဲ့ ဗလီကို သေချာသွားကြည့်ပါတယ်။ နောက် ကမ့်ပ်ထဲမှာ လူ ၃၀၆ ယောက်ကိုတွေ့တော့ သူတို့အခြေအနေ ဘယ်လိုလဲ၊ ဘယ်လိုစားသောက်နေရလဲ ဆိုတာတွေ သူတို့ အပြန်အလှန်ဆွေးနွေးပြီး စကားတွေပြောပြီးတော့မှ အခု ကျနော်တို့ ပြန်လာတယ်။”
မဆုမွန် - ဟုတ်ကဲ့၊ အခု ဒီနေ့စပြီးတော့ ကျွန်းကိုသွားလေ့လာကြတယ်ပေါ့နော်။ ဒီကျွန်းမှာ ဒုက္ခသည်တွေနေဖို့ သင့်တော်တဲ့နေရာတခုလို့ မြင်လား။ ဒါမှမဟုတ် တကယ်လို့ သူတို့နေဖို့ သူတို့အတွက် ဘယ်လိုအခက်အခဲတွေ ရှိနေမယ်လို့ မြင်ပါလဲရှင့်။
မော်လဝီ ဘာသာရေးခေါင်းဆောင် - “ကျနော်တို့က ပြောဖို့ကတော့ ခက်တယ်။ ပြောဖို့ခက်တယ်ဆိုတာက အခု ကျွန်းမှာမြင်ခဲ့ရသလောက်ကတော့ အခုဆောက်ထားတဲ့ အဆောက်အဦတွေ ကျနော်တို့ လူနေဖို့ကတော့ မပြည့်စုံသေးဘူးလို့ပဲ အဲ့လိုပဲ ကျနော်ပြောချင်တယ်။”
အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်တဲ့ ဒီကျွန်းခရီးစဉ်အတွင်း လေ့လာတွေ့ရှိခဲ့တာတွေ၊ သူတို့ရဲ့ သုံးသပ်ချက် အမြင်တွေကို သူတို့ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်း ပြန်ရောက်ချိန်မှာမှ စခန်းက ဒုက္ခသည်တွေကို ပြန်လည်ရှင်းပြ ဆွေးနွေးမှာပါလို့ လိုက်ပါသွားသူ ခေါင်းဆောင်တွေက ပြောပါတယ်။
ဒါပေမယ့်လည်း လက်ရှိ COVID-19 ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်မှာပဲ ဒုက္ခသည်စခန်းတွေထဲ စခန်းတွင်းမှာတောင် လူစုလူဝေးနဲ့ အပြင်ထွက်သွားလာခွင့် ပိတ်ပင်ခံထားရတဲ့ ဒုက္ခသည်တွေက သူတို့ကို လူသူမနီးတဲ့ ဒီ Bhashan Char ကျွန်းဆီကို ပြောင်းရွှေ့ခိုင်းမှာကို အတော်လေး စိုးရိမ်နေကြတာပါ။ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်က သူ့စိုးရိမ်ချက်ကို ပြောပြပါတယ်။
“ဒီခရီးစဉ်က အစိုးရရဲ့ အစီအစဉ်ပါပဲ။ အဲဒီကျွန်းမှာ တိုက်တို့ ဆိုင်ကလုန်းစင်တာတို့ ဆောက်ထားတာရှိတယ်လေ။ သူတို့အစီအစဉ်ကို အောင်မြင်စေချင်လို့ပေါ့နော်။ ဆိုင်ကလုန်းစင်တာတွေ ဆောက်ပေးထားတာ အကုန်လုံးက သိပြီးသားပါ။ ဒါပေမယ့် ဒီကျွန်းရဲ့ လေးဖက်စလုံးက ပင်လယ်ပေါ့နော် ရေတွေချည်းပဲ။ နောက် ကုန်းမြေရဲ့ ခိုင်မြဲမှု တည်ငြိမ်မှုက သွားလေ့လာတဲ့လူတွေက ဆုံးဖြတ်လို့မရဘူးလေ။ ဒါက တကယ့်ပညာရှင်တွေ နိုင်ငံတကာ ပညာရှင်တွေရဲ့ အဆုံးအဖြတ်လိုတယ်။ နောက်ပြီး ဒီမှာရှိတဲ့ လူအများက အဲ့ကျွန်းကို သွားမယ့်ဟာကို လက်မခံပါဘူး။ သူတို့က သဘောမကျပါဘူး။ လူအနည်းငယ်တော့ ရှိကောင်းရှိနိုင်တယ်။ ဒါလည်း သေသေချာချာ ပြောလို့မရပါဘူး။ အများစုက မသွားချင်ကြဘူး၊ မြန်မာနိုင်ငံကိုပဲ ပြန်လိုချင်ကြတယ် အကုန်လုံးက။”
ဦးအောင်မြိုင်ပြောသလိုပဲ ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကလည်း ကျွန်းကိုသွားမယ့်အစား နေရပ်ရင်းကိုပဲ ပြန်လိုတာပါ။
“ဒီမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်တွေက မိမိတို့ရဲ့ နေရပ်ရင်းကိုပဲ ပြန်ချင်နေကြတာပါ။ ကျနော်တို့ရဲ့ မူလ နိုင်ငံသားအခွင့်အရေး ရတာနဲ့ နေရပ်ကိုပဲပြန်ဖို့ အစီအစဉ် ချထားပါတယ်ခင်ဗျ။ တကယ်တော့ ဒီ Bhashan Char ကျွန်းဆိုတာ ပင်လယ်ရဲ့အလယ်မှာ ရှိနေတာ။ နောက် ကမ္ဘာကြီးနဲ့ ဆက်သွယ်တာရော၊ နောက် ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ဆက်သွယ်တာရော ကျနော်တို့ အားလုံးနဲ့ အဆက်အသွယ် ပြတ်တောက်သွားနိုင်ပါတယ်။ နောက် ပိုဆိုးတာ အဲ့မှာ ဆိုင်ကလုန်းမုန်တိုင်း၊ နောက် ဆူနာမီတို့ အဲ့လိုမျိုးတွေဖြစ်လာရင် လူတွေရဲ့အသက် ဆုံးရှုံးနိုင်တာ ရှိတဲ့အတွက်ကြောင့် ကျနော်တို့က အရမ်းကို အင်မတန်မှ စိုးရိမ်နေကြတာပါခင်ဗျာ။”
ဒုက္ခသည်တွေကို Bhasan Char ကျွန်းမှာ ပြောင်းရွှေ့ဖို့ အရင်တုန်းကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ခဲ့ဖူးပေမယ့် ဝိုင်းဝန်းကန့်ကွက်မှုတွေနဲ့ အောင်မြင်မှု မရခဲ့တဲ့နောက် အခုတကြိမ်ကတော့ ပထမဆုံးအကြိမ် ရိုဟင်ဂျာခေါင်းဆောင်တွေကို ကျွန်းကိုလေ့လာဖို့ အာဏာပိုင်တွေက စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေဘက်က နေရပ်ရင်း မြန်မာနိုင်ငံကို ပြန်လိုတယ်လို့ ဆိုပေမယ့် နှစ်နိုင်ငံ သဘောတူညီထားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေကတော့ နှောင့်နှေးနေဆဲ ရှိပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ်လက်ခံသွားမယ်လို့တော့ ပြောထားပြီးသား ဖြစ်ပါတယ်။