သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ ႐ိုဟင္ဂ်ာစခန္း အင္တာနက္ျပန္ဖြင့္


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ခရိုင္ရွိ ရိုဟင္ဂ်ာဒုကၡသည္စခန္း ျမင္ကြင္း။ (ဒီဇင္ဘာ ၁၀၊ ၂၀၁၇)

[Zawgyi/Unicode]

လံုျခံဳေရးအေၾကာင္းျပခ်က္နဲ႔ တႏွစ္နီးပါးၾကာ အင္တာနက္ ဆက္သြယ္မႈျဖတ္ေတာက္ခံထားရတဲ့ ဘဂၤလားေဒ့ရွ္ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြမွာ ဘဂၤလားေဒ့ရွ္အစိုးရက အင္တာနက္ဆက္သြယ္မႈလိုင္းေတြ ျပန္ဖြင့္ေပးလိုက္တဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးပါမယ္။

ရခုိင္ျပည္နယ္က တိမ္းေရွာင္လာတဲ့ ဒုကၡသည္သိန္းခ်ီ ခိုလံႈေနထိုင္ေနတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ႐ိုဟင္ဂ်ာဒုကၡသည္စခန္း ၃၀ ေက်ာ္မွာ တယ္လီဖုန္းလိုင္းနဲ႔ ဆက္သြယ္အသံုးျပဳႏိုင္တဲ့ အင္တာနက္ 3G၊ 4G ဆက္သြယ္မႈကို ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လကုန္ပိုင္းကေနစလို႔ ျဖတ္ေတာက္ခဲ့တာ ျဖစ္ပါတယ္။

ဒုကၡသည္စခန္းေတြထဲ မူးယစ္ေဆးဝါးနဲ႔ လူေမွာင္ခိုကူးမႈေတြစတဲ့ ရာဇဝတ္မႈေတြေၾကာင့္ ဘဂၤလားေဒ့ရွ္အစိုးရဘက္က လံုျခံဳေရး အေၾကာင္းျပ ျဖတ္ေတာက္တာျဖစ္ေပမဲ့လို႔ စခန္းေတြထဲမွာပဲ ေနထိုင္ေနရတဲ့ ဒုကၡသည္ေတြအတြက္ သတင္း အေမွာင္ခ်သလို ျဖစ္သြားၿပီး သတင္းအခ်က္အလက္ ရယူႏိုင္ဖို႔ ဒုကၡသည္ေတြအတြက္ အေရးေပၚဆက္သြယ္ေရး အတြက္ အေတာ္ေလးကို အခက္ခဲၾကံဳခဲ့ရတာပါ။

ဒီသီတင္းပတ္ထဲ ၾသဂုတ္လကုန္ပိုင္းကစလို႔ စက္တင္ဘာလ ၁ ရက္ေန႔မွာေတာ့ အင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးလုိက္လို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ အေတာ္ေလးကို ဆက္သြယ္ေရးအဆင္ေျပလာၾကတဲ့အတြက္ ဝမ္းသာေနၾကတယ္လို႔ ဒုကၡသည္ေတြက ဗီြအိုေအကိုေျပာပါတယ္။

အထူးသျဖင့္ကေတာ့ ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ ျဖစ္ပြားေနခ်ိန္ စခန္းေတြထဲမွာပဲ အဝင္အထြက္ ကန္႔သတ္ပိတ္ေလွာင္ခံထားရခ်ိန္ သူတို႔အတြက္ အေရးၾကီးတဲ့ သတင္းအခ်က္အလက္နဲ႔ က်န္းမာေရးဆိုင္ရာေလ့လာႏိုင္တဲ့အခြင့္အေရး ရလာတယ္လို႔ Cox's Bazar ခ႐ုိင္၊ ဘာလုခါလီဒုကၡသည္ စခန္းမွာေနတဲ့ ဦးအီစလံက ေျပာပါတယ္။

"ၾသဂုတ္လ ၂၈ ရက္ေန႔ကစၿပီးေတာ့ ဒီေကာ့ဇ္ဘာဇာခ႐ိုင္မွာ ရွိတဲ့ ဒုကၡသည္စခန္းအသီးသီးကို ျပန္ၿပီးေတာ့ ဘဂၤလားေဒ့ရွ္ အစိုးရက အင္တာနက္ အင္တာနက္ 3G 4G ကိုျပန္ဖြင့္ေပးလုိက္ပါတယ္ ခင္ဗ်ာ။ အင္တာနက္ျပန္ဖြင့္လိုက္ေတာ့ အဓိက က ကိုဗစ္ကာလလည္းျဖစ္ေနတယ္ ဒုကၡသည္စခန္းေတြထဲ လံုျခံဳေရးအစီအမံေတြနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရဘက္က ျပန္သံုးသပ္ၿပီးေတာ့ ျပန္ဖြင့္ေပးလုိက္တယ္လို႔ က်ေနာ္တို႔က သံုးသပ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လ ၂၂ ရက္ေန႔ ေနာက္ပိုင္းမွာ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာရွိတဲ့ ဒုကၡသည္စခန္း အကုန္လံုးမွာ အင္တာနက္လိုင္းကို ျဖတ္ပစ္ခဲ့တာပါခင္ဗ်။ အခုလိုအင္တာနက္လိုင္း ျပန္ဖြင့္ေပးလိုက္တဲ့အေပၚ ဘဂၤလားေဒ့ရွ္အစိုးရကိုေသာ္လည္းေကာင္း ကုလအဖြဲ႔အစည္းကိုေသာ္လည္းေကာင္း က်ေနာ္တို႔ေတြ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ ဆက္သြယ္တဲ့အခါမွာလည္း ေတာ္ေတာ္ေလး လြယ္ကူေစခဲ့ပါတယ္။"

သာမာန္အေျခအေနမွာလည္း သူတို႔ေတြ ကမ့္ေတြထဲ အဝင္အထြက္အသြားအလာကန္႔သတ္မႈေတြနဲ႔ ေနရတာပါ။ အခုလို ကိုဗစ္ကာလမွာ အျပင္ထြက္ခြင့္မရွိပဲ ေနအိမ္ေတြထဲမွာပဲေနဖို႔ ညႊန္ၾကားထားခ်ိန္ အခုလိုအင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးလုိက္တဲ့အတြက္ ျပင္ပကမာၻနဲ႔ အဆက္အသြယ္ျပန္ရသလို ခံစားရပါတယ္လို႔ ကုတုပေလာင္ဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္ ကိုကာေမလ္ကေျပာပါတယ္။

"တႏွစ္လံုး အင္တာနက္ပိတ္ထားေတာ့ ေတာ္ေတာ္ေလး အဆင္မေျပျဖစ္ခဲ့တဲ့ၾကားကေန အခုလိုအင္တာနက္ျပန္ရေတာ့ ကမ့္ထဲမွာ ရွိတဲ့လူေတြက ေတာ္ေတာ္ေလး ေပ်ာ္ေနၾကၿပီ။အဲ့ဒီ့တုန္းက လံုျခံဳေရးအေၾကာင္းျပၿပီးေတာ့ ပိတ္ခဲ့တယ္ဆိုေတာ့ အစိုးရက ဥပေဒေဘာင္အတြင္းက လုပ္တယ္ဆိုေတာ့ က်ေနာ္တို႔ ဘာတခုမွ မေျပာခ်င္ပါဘူး။ ဒါေပမဲ့ အခုက တႏွစ္ေက်ာ္သြားတဲ့ အခ်ိန္မွာ အင္တာနက္ျပန္ဖြင့္ေပးတဲ့အတြက္လည္း ဘဂၤလားေဒ့ရွ္အစိုးရကို ေက်းဇူးတင္ပါတယ္။"

ကေလးငယ္ေတြ ေက်ာင္းေတြ ပိတ္ထားတာ လူေတြလည္း အိမ္ထဲမွာပဲ ေနေနရတဲ့အခ်ိန္မွာ အင္တာနက္လိုင္း ျပန္ဖြင့္ေပးလုိက္တဲ့ေတာ့ အထူးသျဖင့္ လူငယ္ေတြအတြက္ အြန္လိုင္းကေန သတင္းအခ်က္အလက္ေတြနဲ႔ ပညာရပ္ပိုင္း ဆိုင္ရာေလ့လာနိုင္တဲ့ အေျခအေနျဖစ္ သြားတယ္လို႔ Rohingya Youth Association ႐ိုဟင္ဂ်ာလူငယ္အသင္း (RYA) ရဲ႕ လူငယ္တာဝန္ခံ ဘာလုခါလီ ဒုကၡသည္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္ ကို Ali JinnH Hussin က ေျပာပါတယ္။

"နက္ဝပ္ကို ျပန္ဖြင့္ေပးခဲ့တဲ့အတြက္ က်ေနာ္တို႔ ဒီမွာရွိတဲ့လူငယ္အမ်ားစုက အရမ္း ေပ်ာ္ရႊင္ေနၾကတာေတြ႔ရပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ က်ေနာ္တို႔ လူငယ္ေတြဟာ တျခားၿမိဳ႕ေတြ တျခားႏုိင္ငံေတြကိုသြားၿပီးေတာ့ ပညာသင္ခြင့္မရရွိေသာေၾကာင့္ က်ေနာ္တို႔ လူငယ္အမ်ားစုဟာ အြန္လိုင္းေပၚကပဲ ပညာသင္ယူေနၾကရတာပဲ ေတြ႔ရပါတယ္။အခုကိုဗစ္ကာလမွာလည္း ႐ိုဟင္ဂ်ာ လူငယ္ေတြ ကိုဗစ္၁၉ နဲ႔ ပတ္သက္တဲ့ပံုမွန္Update ေတြကိုလည္း ရႏုိင္ပါၿပီ။"

ႏိုင္ငံတကာနဲ႔ေရာ မိသားစုနဲ႔ပါ ကန္႔သတ္ခ်က္ေတြနဲ႔ ျပတ္ေတာက္ေနတဲ့ အဆက္အသြယ္ေတြျပန္ရနိုင္တဲ့ အခြင့္အေရးရွိလာတယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ ARNU Arakan Rohngya National Union အတြင္းေရးမွဴး ကိုအီလီယာပ္စ္က ေျပာပါတယ္။

"က်ေနာ္တို႔က ဘဂၤလားေဒ့ရွ္မွာ ဒုကၡသည္စခန္းထဲမွာပဲ ေနရတယ္။ က်ေနာ္တို႔က ဒီႏုိင္ငံသားလည္း မဟုတ္ဘူး။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္အစိုးရက က်ေနာ္တို႔ကို အင္တာနက္ဖြင့္ေပးတာ ဖုန္းကိုင္လို႔ရတာ သူတို႔ဆီက ႏုိင္ငံသားအခြင့္အေရးေပးထားတာ က်ေနာ္တို႔ျမန္မာႏုိင္ငံမွာ မရေပမဲ့လည္း အခုလိုသံုးစြဲခြင့္ရတာ ဒီလိုအခြင့္အေရးေပးတာကို က်ေနာ္တို႔က အထူးေက်းဇူးတင္ပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရကို။ အခုအင္တာနက္ျပန္ရတာနဲ႔ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ က်န္ရွိေနတဲ့ မိသားစုေတြနဲ႔ လည္း အဆက္အသြယ္ လုပ္လို႔ရပါတယ္။"

ကိုအီလီယာစ္လိုပဲ ရိုဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ေဆြက အခုလိုလိုင္းျပန္ေကာင္းလာတဲ့အတြက္ အေဝးေရာက္မိသားစုေတြနဲ႔ ဆက္သြယ္ႏုိင္လာတယ္လို႔ဆိုပါတယ္။

"အခုက 4G ျပန္ေပးတယ္ဆိုေတာ့ ဘာေတြ ေကာင္းလာလဲဆိုရင္ က်န္းမာေရးအေျခအေနေတြ သိႏုိင္တယ္။ က်ေနာ္တို႔ရဲ႕ အေဝးေရာက္ေနတဲ့ မိသားစုေတြ တျခားႏုိင္ငံမွာရွိေနတဲ့ ေဆြမ်ိဳးနဲ႔ေျပာလို႔ရတယ္။ ျမန္မာမွာက်န္္ေနတဲ့ ေဆြမ်ိဳးေတြလည္း ေျပာလို႔ရတယ္။ ဒါက ဝမ္းသာစရာေပါ့ အမေရ။"

ဘဂၤလားေဒ့ရွ္အစိုးရဘက္က ဒုကၡသည္စခန္းေတြထဲ အၾကမ္းဖက္မႈအႏၱရာယ္ ေနာက္ မူးယစ္ေဆးဝါးနဲ႔ လူေမွာင္ခိုကူးမႈေတြစတဲ့ ရာဇဝတ္မႈေတြ မျဖစ္ပြားႏုိင္ေအာင္ ထိန္းခ်ဳပ္ခဲ့တာျဖစ္ၿပီးစခန္းေတြမွာ မုိဘုိင္းဖုန္း ပံုမွန္ အသံုးျပဳတဲ့သူေတြ မည္သူမည္ဝါျဖစ္ေၾကာင္းနဲ႔ မို မိုဘိုင္းလ္နဲ႔ အင္တာနက္ ဝန္ေဆာင္မႈေပးေနတဲ့ ကုမၸဏီေတြကို အစိုးရထံကို အစီရင္ခံခိုင္းတာလည္းျဖစ္ပါတယ္။ ရိုဟင္ဂ်ာဆိုတဲ့ အသံုးကို အစိုးရက လက္ခံမထားတဲ့ ျမန္မာႏုိင္ငံဘက္မွာ အထူးသျဖင့္ ရခုိင္ျပည္နယ္ဘက္မွာေတာ့ အင္တာနက္လိုင္းေတြကို လံုျခံဳေရး အေၾကာင္းျပခ်က္နဲ႔ ကန္႔သတ္ထားဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်း အင်တာနက်ပြန်ဖွင့်

လုံခြုံရေးအကြောင်းပြချက်နဲ့ တနှစ်နီးပါးကြာ အင်တာနက် ဆက်သွယ်မှုဖြတ်တောက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အင်တာနက်ဆက်သွယ်မှုလိုင်းတွေ ပြန်ဖွင့်ပေးလိုက်တဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်က တိမ်းရှောင်လာတဲ့ ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ ကျော်မှာ တယ်လီဖုန်းလိုင်းနဲ့ ဆက်သွယ်အသုံးပြုနိုင်တဲ့ အင်တာနက် 3G၊ 4G ဆက်သွယ်မှုကို ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ် သြဂုတ်လကုန်ပိုင်းကနေစလို့ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေထဲ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးမှုတွေစတဲ့ ရာဇဝတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က လုံခြုံရေး အကြောင်းပြ ဖြတ်တောက်တာဖြစ်ပေမဲ့လို့ စခန်းတွေထဲမှာပဲ နေထိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် သတင်း အမှောင်ချသလို ဖြစ်သွားပြီး သတင်းအချက်အလက် ရယူနိုင်ဖို့ ဒုက္ခသည်တွေအတွက် အရေးပေါ်ဆက်သွယ်ရေး အတွက် အတော်လေးကို အခက်ခဲကြုံခဲ့ရတာပါ။

ဒီသီတင်းပတ်ထဲ သြဂုတ်လကုန်ပိုင်းကစလို့ စက်တင်ဘာလ ၁ ရက်နေ့မှာတော့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အတော်လေးကို ဆက်သွယ်ရေးအဆင်ပြေလာကြတဲ့အတွက် ဝမ်းသာနေကြတယ်လို့ ဒုက္ခသည်တွေက ဗွီအိုအေကိုပြောပါတယ်။

အထူးသဖြင့်ကတော့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားနေချိန် စခန်းတွေထဲမှာပဲ အဝင်အထွက် ကန့်သတ်ပိတ်လှောင်ခံထားရချိန် သူတို့အတွက် အရေးကြီးတဲ့ သတင်းအချက်အလက်နဲ့ ကျန်းမာရေးဆိုင်ရာလေ့လာနိုင်တဲ့အခွင့်အရေး ရလာတယ်လို့ Cox's Bazar ခရိုင်၊ ဘာလုခါလီဒုက္ခသည် စခန်းမှာနေတဲ့ ဦးအီစလံက ပြောပါတယ်။

"သြဂုတ်လ ၂၈ ရက်နေ့ကစပြီးတော့ ဒီကော့ဇ်ဘာဇာခရိုင်မှာ ရှိတဲ့ ဒုက္ခသည်စခန်းအသီးသီးကို ပြန်ပြီးတော့ ဘင်္ဂလားဒေ့ရှ် အစိုးရက အင်တာနက် အင်တာနက် 3G 4G ကိုပြန်ဖွင့်ပေးလိုက်ပါတယ် ခင်ဗျာ။ အင်တာနက်ပြန်ဖွင့်လိုက်တော့ အဓိက က ကိုဗစ်ကာလလည်းဖြစ်နေတယ် ဒုက္ခသည်စခန်းတွေထဲ လုံခြုံရေးအစီအမံတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြန်သုံးသပ်ပြီးတော့ ပြန်ဖွင့်ပေးလိုက်တယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၂ ရက်နေ့ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်း အကုန်လုံးမှာ အင်တာနက်လိုင်းကို ဖြတ်ပစ်ခဲ့တာပါခင်ဗျ။ အခုလိုအင်တာနက်လိုင်း ပြန်ဖွင့်ပေးလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရကိုသော်လည်းကောင်း ကုလအဖွဲ့အစည်းကိုသော်လည်းကောင်း ကျနော်တို့တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့အခါမှာလည်း တော်တော်လေး လွယ်ကူစေခဲ့ပါတယ်။"

သာမာန်အခြေအနေမှာလည်း သူတို့တွေ ကမ့်တွေထဲ အဝင်အထွက်အသွားအလာကန့်သတ်မှုတွေနဲ့ နေရတာပါ။ အခုလို ကိုဗစ်ကာလမှာ အပြင်ထွက်ခွင့်မရှိပဲ နေအိမ်တွေထဲမှာပဲနေဖို့ ညွှန်ကြားထားချိန် အခုလိုအင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်တဲ့အတွက် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြန်ရသလို ခံစားရပါတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ကိုကာမေလ်ကပြောပါတယ်။

"တနှစ်လုံး အင်တာနက်ပိတ်ထားတော့ တော်တော်လေး အဆင်မပြေဖြစ်ခဲ့တဲ့ကြားကနေ အခုလိုအင်တာနက်ပြန်ရတော့ ကမ့်ထဲမှာ ရှိတဲ့လူတွေက တော်တော်လေး ပျော်နေကြပြီ။အဲ့ဒီ့တုန်းက လုံခြုံရေးအကြောင်းပြပြီးတော့ ပိတ်ခဲ့တယ်ဆိုတော့ အစိုးရက ဥပဒေဘောင်အတွင်းက လုပ်တယ်ဆိုတော့ ကျနော်တို့ ဘာတခုမှ မပြောချင်ပါဘူး။ ဒါပေမဲ့ အခုက တနှစ်ကျော်သွားတဲ့ အချိန်မှာ အင်တာနက်ပြန်ဖွင့်ပေးတဲ့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ပါတယ်။"

ကလေးငယ်တွေ ကျောင်းတွေ ပိတ်ထားတာ လူတွေလည်း အိမ်ထဲမှာပဲ နေနေရတဲ့အချိန်မှာ အင်တာနက်လိုင်း ပြန်ဖွင့်ပေးလိုက်တဲ့တော့ အထူးသဖြင့် လူငယ်တွေအတွက် အွန်လိုင်းကနေ သတင်းအချက်အလက်တွေနဲ့ ပညာရပ်ပိုင်း ဆိုင်ရာလေ့လာနိုင်တဲ့ အခြေအနေဖြစ် သွားတယ်လို့ Rohingya Youth Association ရိုဟင်ဂျာလူငယ်အသင်း (RYA) ရဲ့ လူငယ်တာဝန်ခံ ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ကို Ali JinnH Hussin က ပြောပါတယ်။

"နက်ဝပ်ကို ပြန်ဖွင့်ပေးခဲ့တဲ့အတွက် ကျနော်တို့ ဒီမှာရှိတဲ့လူငယ်အများစုက အရမ်း ပျော်ရွှင်နေကြတာတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ လူငယ်တွေဟာ တခြားမြို့တွေ တခြားနိုင်ငံတွေကိုသွားပြီးတော့ ပညာသင်ခွင့်မရရှိသောကြောင့် ကျနော်တို့ လူငယ်အများစုဟာ အွန်လိုင်းပေါ်ကပဲ ပညာသင်ယူနေကြရတာပဲ တွေ့ရပါတယ်။အခုကိုဗစ်ကာလမှာလည်း ရိုဟင်ဂျာ လူငယ်တွေ ကိုဗစ်၁၉ နဲ့ပတ်သက်တဲ့ပုံမှန်Update တွေကိုလည်း ရနိုင်ပါပြီ။"

နိုင်ငံတကာနဲ့ရော မိသားစုနဲ့ပါ ကန့်သတ်ချက်တွေနဲ့ ပြတ်တောက်နေတဲ့ အဆက်အသွယ်တွေပြန်ရနိုင်တဲ့ အခွင့်အရေးရှိလာတယ်လို့ ရိုဟင်ဂျာဒုက္ခသည် ARNU Arakan Rohngya National Union အတွင်းရေးမှူး ကိုအီလီယာပ်စ်က ပြောပါတယ်။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ခရိုင္ရွိ ရိုဟင္ဂ်ာဒုကၡသည္စခန္း ျမင္ကြင္း။ (ဒီဇင္ဘာ ၁၀၊ ၂၀၁၈)
ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ခရိုင္ရွိ ရိုဟင္ဂ်ာဒုကၡသည္စခန္း ျမင္ကြင္း။ (ဒီဇင္ဘာ ၁၀၊ ၂၀၁၈)

"ကျနော်တို့က ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်စခန်းထဲမှာပဲ နေရတယ်။ ကျနော်တို့က ဒီနိုင်ငံသားလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကျနော်တို့ကို အင်တာနက်ဖွင့်ပေးတာ ဖုန်းကိုင်လို့ရတာ သူတို့ဆီက နိုင်ငံသားအခွင့်အရေးပေးထားတာ ကျနော်တို့မြန်မာနိုင်ငံမှာ မရပေမဲ့လည်း အခုလိုသုံးစွဲခွင့်ရတာ ဒီလိုအခွင့်အရေးပေးတာကို ကျနော်တို့က အထူးကျေးဇူးတင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကို။ အခုအင်တာနက်ပြန်ရတာနဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ မိသားစုတွေနဲ့ လည်း အဆက်အသွယ် လုပ်လို့ရပါတယ်။"

ကိုအီလီယာစ်လိုပဲ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်ဆွေက အခုလိုလိုင်းပြန်ကောင်းလာတဲ့အတွက် အဝေးရောက်မိသားစုတွေနဲ့ ဆက်သွယ်နိုင်လာတယ်လို့ဆိုပါတယ်။

"အခုက 4G ပြန်ပေးတယ်ဆိုတော့ ဘာတွေ ကောင်းလာလဲဆိုရင် ကျန်းမာရေးအခြေအနေတွေ သိနိုင်တယ်။ ကျနော်တို့ရဲ့ အဝေးရောက်နေတဲ့မိသားစုတွေ တခြားနိုင်ငံမှာရှိနေတဲ့ ဆွေမျိုးနဲ့ပြောလို့ရတယ်။ မြန်မာမှာကျန်နေတဲ့ ဆွေမျိုးတွေလည်း ပြောလို့ရတယ်။ဒါက ဝမ်းသာစရာပေါ့ အမရေ။"

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒုက္ခသည်စခန်းတွေထဲ အကြမ်းဖက်မှုအန္တရာယ် နောက် မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးမှုတွေစတဲ့ ရာဇဝတ်မှုတွေ မဖြစ်ပွားနိုင်အောင် ထိန်းချုပ်ခဲ့တာဖြစ်ပြီးစခန်းတွေမှာ မိုဘိုင်းဖုန်း ပုံမှန် အသုံးပြုတဲ့သူတွေမည်သူမည်ဝါဖြစ်ကြောင်းနဲ့ မို မိုဘိုင်းလ်နဲ့ အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကို အစိုးရထံကို အစီရင်ခံခိုင်းတာလည်းဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးကို အစိုးရက လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်မှာ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်မှာတော့ အင်တာနက်လိုင်းတွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ကန့်သတ်ထားဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG