သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပ်ာက္ဆံုးေနဆဲ ႐ိုဟင္ဂ်ာေတြအေရးေျဖရွင္းဖို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြ တိုက္တြန္း


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox’s Bazar ေဒသရွိ Kutupalong ဒုကၡသည္စခန္းက ရိုဟင္ဂ်ာ ဒုကၡသည္မ်ား။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္မွာ ျမန္မာလုံၿခဳံေရးတပ္ေတြ နယ္ေျမ ရွင္းလင္းေရး စတင္လုပ္ေဆာင္ခ်ိန္ကတည္းက ေပ်ာက္ဆုံးေနခဲ့တဲ့ ႐ိုဟင္ဂ်ာေတြ ဘယ္ေရာက္ေနသလဲဆိုတာကို ျမန္မာ အစိုးရအေနနဲ႔ ေျဖရွင္းေပးဖို႔ လိုတယ္လို႔ ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕ အေျခစိုက္ ႏုိင္ငံတကာ လူ႔အခြင့္အေရး ဖက္ဒေရးရွင္း FIDH နဲ႔ တျခားအဖြဲ႔ဝင္အဖြဲ႔အစည္းေတြျဖစ္ၾကတဲ့ Odhikar နဲ႔ ALTSEAN Burma အဖြဲ႔ေတြက ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။

အဲဒီအခ်ိန္က အဓမၼ ဖမ္းဆီးေခၚေဆာင္ခံရၿပီး ေပ်ာက္ဆုံးသြားတဲ့လူေတြနဲ႔ ပတ္သက္တဲ့ အမႈေပါင္း ၁၄ မႈကို အဓမၼ ဖမ္းဆီးေခၚေဆာင္ခံရၿပီး ေပ်ာက္ဆုံးေနသူမ်ားဆိုင္ရာ ကုလသမဂၢလုပ္ငန္းအဖြဲ႕ (WGEID) ကို တင္သြင္းၿပီးတဲ့ေနာက္မွာ အခုလို ေတာင္းဆိုရတာျဖစ္တယ္လို႔လည္း ဩဂုတ္လ ၂၇ ရက္ေန႔ ရက္စြဲနဲ႔ FIDH Odhikar နဲ႔ ALTSEAN Burma အဖြဲ႕ေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဩဂုတ္လ ၃၀ ရက္ေန႔မွာ က်ေရာက္မယ့္ အဓမၼ ဖမ္းဆီးေခၚေဆာင္ခံရၿပီး ေပ်ာက္ဆုံးသြားသူမ်ား ဆိုင္ရာ အျပည္ျပည္ဆိုင္ရာေန႔ အႀကိဳမွာ အဲဒီ အမႈေတြကို ကုလသမဂၢကို တင္သြင္းခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox’s Bazar ေရာက္ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလကေန ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ေတြ႕ဆုံေမးျမန္းခဲ့တာက ေနရရွိခဲ့တဲ့ အခ်က္အလက္ေတြအရ အဓမၼ ေခၚ ေဆာင္ ေပ်ာက္ကြယ္သြားတဲ့ အမႈေပါင္း ၁၄ ခုကို ဘဂၤလားေဒ့ရွ္အေျခစိုက္ လူ႔အခြင့္အေရးအဖြဲ႕ Odhikar က မွတ္တမ္းတင္ ထားႏိုင္ခဲ့ေၾကာင္းလည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။

ဒီ အမႈေတြနဲ႔ ပတ္သက္လို႔ WGEID ကို တင္သြင္းခဲ့ၿပီးျဖစ္ေၾကာင္းနဲ႔ အမႈေတြကို စစ္ေဆး၊ ျဖန္႔ေဝၿပီး သက္ဆိုင္ရာ အစိုးရေတြဆီကို ဒီအမႈေတြနဲ႔ပတ္သက္တဲ့ ရလဒ္ေတြကို ေတာင္းခံမွာ ျဖစ္ေၾကာင္းလည္း FIDH အဖြဲ႕က ေျပာပါတယ္။ FIDH အဖြဲ႕နဲ႔ Odhikar တို႔ တင္သြင္းတဲ့ အခ်က္အလက္ေတြက ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး (ICC) က စစ္ေဆးေနတဲ့ အမႈေတြအေပၚမွာလည္း အေထာက္အကူ ျပဳႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရက ဒီလို စြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားၿပီး၊ ေနရပ္စြန္႔ခြာ ဒုကၡသည္ေတြကို ျပန္စိစစ္လက္ခံသြားမယ္လို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပျောက်ဆုံးနေဆဲ ရိုဟင်ဂျာတွေအရေးဖြေရှင်းဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေးတပ်တွေ နယ်မြေ ရှင်းလင်းရေး စတင်လုပ်ဆောင်ချိန်ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ ရိုဟင်ဂျာတွေ ဘယ်ရောက်နေသလဲဆိုတာကို မြန်မာ အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ လိုတယ်လို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်း FIDH နဲ့ တခြားအဖွဲ့ဝင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ Odhikar နဲ့ ALTSEAN Burma အဖွဲ့တွေက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

အဲဒီအချိန်က အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးသွားတဲ့လူတွေနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၁၄ မှုကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသူများဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့ (WGEID) ကို တင်သွင်းပြီးတဲ့နောက်မှာ အခုလို တောင်းဆိုရတာဖြစ်တယ်လို့လည်း ဩဂုတ်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ FIDH Odhikar နဲ့ ALTSEAN Burma အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ ကျရောက်မယ့် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးသွားသူများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာနေ့ အကြိုမှာ အဲဒီ အမှုတွေကို ကုလသမဂ္ဂကို တင်သွင်းခဲ့တယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း တွေ့ဆုံမေးမြန်းခဲ့တာက နေရရှိခဲ့တဲ့ အချက်အလက်တွေအရ အဓမ္မ ခေါ် ဆောင် ပျောက်ကွယ်သွားတဲ့ အမှုပေါင်း ၁၄ ခုကို ဘင်္ဂလားဒေ့ရှ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Odhikar က မှတ်တမ်းတင် ထားနိုင်ခဲ့ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒီ အမှုတွေနဲ့ ပတ်သက်လို့ WGEID ကို တင်သွင်းခဲ့ပြီးဖြစ်ကြောင်းနဲ့ အမှုတွေကို စစ်ဆေး၊ ဖြန့်ဝေပြီး သက်ဆိုင်ရာ အစိုးရတွေဆီကို ဒီအမှုတွေနဲ့ပတ်သက်တဲ့ ရလဒ်တွေကို တောင်းခံမှာ ဖြစ်ကြောင်းလည်း FIDH အဖွဲ့က ပြောပါတယ်။ FIDH အဖွဲ့နဲ့ Odhikar တို့ တင်သွင်းတဲ့ အချက်အလက်တွေက နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စစ်ဆေးနေတဲ့ အမှုတွေအပေါ်မှာလည်း အထောက်အကူ ပြုနိုင်တယ်လို့ ယုံကြည်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဒီလို စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး၊ နေရပ်စွန့်ခွာ ဒုက္ခသည်တွေကို ပြန်စိစစ်လက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG