(Zawgyi / Unicode)
ျမန္မာႏိုင္ငံထဲက ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ေနာက္ထပ္ အကူအညီေတြ ေပးဖို႔နဲ႔ ေရရွည္ခံမယ့္ အေျဖရဖို႔ UNHCR ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ ေအဂ်င္စီက ေတာင္းဆိုလိုက္ပါတယ္။
ျမန္မာႏိုင္ငံတြင္းနဲ႔ ျမန္မာႏိုင္ငံျပင္ပမွာ တိုင္းျပည္မဲ့ျဖစ္ေနရတဲ့ ဒီ ႐ုိဟင္ဂ်ာ အသိုင္းအဝိုင္းအေနနဲ႔ လြန္ခဲ့တဲ့ ၃ ႏွစ္ကစၿပီး ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးခဲ့ရၿပီး ခုခ်ိန္ထိ ဆက္ေရာက္ေနၾကသလို COVID-19 ေၾကာင့္ ဒုကၡေတြ ပိုတိုးသြားတယ္လို႔ UNHCR ေျပာခြင့္ရက ေသာၾကာေန႔မွာ ေျပာပါတယ္။
ဒါေၾကာင့္မို႔ ႏိုင္ငံတကာ အသိုင္းအဝိုင္း အေနနဲ႔ ႐ုိဟင္ဂ်ာဒုကၡသည္ေတြနဲ႔ ဘဂၤလားေဒ့ရွ္အတြက္ အကူအညီ အရင္အတိုင္း ေပးေနတာအျပင္ ေျပာင္းလဲဆိုးဝါးလာတဲ့ အေျခအေနနဲ႔ ကိုက္ညီေအာင္ ပုိကူညီဖို႔နဲ႔ အေျဖရွာဖို႔ တိုးလုပ္သင့္ၿပီလို႔ UNHCR ေျပာခြင့္ရ Andrej Mahecic က ေျပာပါတယ္။
႐ုိဟင္ဂ်ာ အသိုင္းအဝိုင္းဘက္ကေတာ့ ဒီေန႔မွာ ျမန္မာႏိုင္ငံ အျပင္ဘက္ကို ေရာက္ေနတဲ့ ႐ုိဟင္ဂ်ာပမာဏက ျမန္မာႏိုင္ငံထဲ က်န္ေနခဲ့သူ အေရအတြက္ထက္ မ်ားသြားၿပီး စုစုေပါင္းရဲ႕ ေလးပံုသံုးပံုအထိ ျမင့္တက္သြားၿပီလို႔ ေျပာပါတယ္။
UNHCR နဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရတို႔ကလည္း ဘဂၤလားေဒ့ရွ္ ျမန္မာနယ္စပ္ Cox’s Bazar က ဒုကၡသည္စခန္းေတြထဲ တရားဝင္ စာရင္းသြင္းထားတဲ့ ႐ုိဟင္ဂ်ာ အေရအတြက္က ၈၀၆,၀၀၀ အထိ ရွိေနၿပီလို႔ ဆိုပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနနဲ႔ ႐ုိဟင္ဂ်ာဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈ သႏၷိ႒ာန္အျပည့္နဲ႔ ဒုကၡသည္ေတြ အသက္ဆက္ႏုိင္ေရးနဲ႔ လံုၿခံဳေရးအတြက္ ကူညီေနတာမို႔ ႏိုင္ငံတကာ အသိုင္းအဝိုင္း အေနနဲ႔လည္း သူတို႔ကို ျပန္ကူညီေပးသင့္တယ္လို႔ UNHCR ေျပာခြင့္ရက တိုက္တြန္းထားပါတယ္။
႐ုိဟင္ဂ်ာဒုကၡသည္ေတြကို တရားဝင္ ျပန္လက္ခံမယ္လို႔ ေျပာထားတဲ့ ျမန္မာအစိုးရ အေနနဲ႔ေတာ့ ဒီ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို တရားဝင္လက္ခံထားျခင္း မရွိပါဘူး။
--------------------------
(Unicode)
ရိုဟင်ဂျာဒုက္ခသည်အရေး ရေရှည်ခံ အဖြေရှာဖို့ UNHCR တောင်းဆို
မြန်မာနိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နောက်ထပ် အကူအညီတွေ ပေးဖို့နဲ့ ရေရှည်ခံမယ့် အဖြေရဖို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းနဲ့ မြန်မာနိုင်ငံပြင်ပမှာ တိုင်းပြည်မဲ့ဖြစ်နေရတဲ့ ဒီ ရိုဟင်ဂျာ အသိုင်းအဝိုင်းအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပြီး ခုချိန်ထိ ဆက်ရောက်နေကြသလို COVID-19 ကြောင့် ဒုက္ခတွေ ပိုတိုးသွားတယ်လို့ UNHCR ပြောခွင့်ရက သောကြာနေ့မှာ ပြောပါတယ်။
ဒါကြောင့်မို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် အကူအညီ အရင်အတိုင်း ပေးနေတာအပြင် ပြောင်းလဲဆိုးဝါးလာတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် ပိုကူညီဖို့နဲ့ အဖြေရှာဖို့ တိုးလုပ်သင့်ပြီလို့ UNHCR ပြောခွင့်ရ Andrej Mahecic က ပြောပါတယ်။
ရိုဟင်ဂျာ အသိုင်းအဝိုင်းဘက်ကတော့ ဒီနေ့မှာ မြန်မာနိုင်ငံ အပြင်ဘက်ကို ရောက်နေတဲ့ ရိုဟင်ဂျာပမာဏက မြန်မာနိုင်ငံထဲ ကျန်နေခဲ့သူ အရေအတွက်ထက် များသွားပြီး စုစုပေါင်းရဲ့ လေးပုံသုံးပုံအထိ မြင့်တက်သွားပြီလို့ ပြောပါတယ်။
UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကလည်း ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် Cox’s Bazar က ဒုက္ခသည်စခန်းတွေထဲ တရားဝင် စာရင်းသွင်းထားတဲ့ ရိုဟင်ဂျာ အရေအတွက်က ၈၀၆,၀၀၀ အထိ ရှိနေပြီလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု သန္နိဋ္ဌာန်အပြည့်နဲ့ ဒုက္ခသည်တွေ အသက်ဆက်နိုင်ရေးနဲ့ လုံခြုံရေးအတွက် ကူညီနေတာမို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း သူတို့ကို ပြန်ကူညီပေးသင့်တယ်လို့ UNHCR ပြောခွင့်ရက တိုက်တွန်းထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို တရားဝင် ပြန်လက်ခံမယ်လို့ ပြောထားတဲ့ မြန်မာအစိုးရ အနေနဲ့တော့ ဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံထားခြင်း မရှိပါဘူး။