သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး အိန္ဒိယကူညီဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း


မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ နိုဝင်ဘာတုန်းက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ နိုဝင်ဘာတုန်းက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးကိစ္စမှာ အိန္ဒိယနိုင်ငံကလည်း ပူးပေါင်း ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြား ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Masud Bin Momen က ပြောပါတယ်။ ဒါကာမြို့ကို ကြိုတင်စီစဉ်မထားဘဲ ရောက်လာတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Shringla နဲ့ တွေ့ဆုံအပြီး ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Masud Bin Momen က သတင်းထောက်တွေကို အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့အခါ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ အိန္ဒိယနိုင်ငံက အာမခံ ကြောင်းလည်း သူက ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ မကြာသေးမှီကပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း မဟုတ်တဲ့ အဖွဲ့ဝင် နိုင်ငံ အဖြစ် ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA လက်နက်ကိုင်တပ်တွေကို မြန်မာ စစ်တပ်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်ချိန်မှာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်သင့် မခံပေမဲ့ မြန်မာ အစိုးရက ဒုက္ခသည်တွေကို စိစစ်လက်ခံသွားမယ်လို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Unicode)




XS
SM
MD
LG