သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၃ ႏွစ္ျပည့္ခဲ့ေပမယ့္ ရုိဟင္ဂ်ာေတြ ေနရပ္ျပန္ခြင့္ မရၾကေသး


၂၀၁၇ ႏို၀င္ဘာတုန္းက ရုိဟင္ဂ်ာ ဒုကၡသည္မ်ား Teknaf ျမစ္တဖက္ကမ္း ဘဂၤလားေဒ့ရွ္ဘက္ကို ကူးေနစဥ္

(Zawgyi/Unicode)

ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာမူဆလင္ေတြ ဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္သြားၾကရတာ သံုးႏွစ္ျပည့္ခ်ိန္ သူတို႔ ေနရပ္ျပန္ေရး- ေရွ႕အနာဂတ္နဲ႔သူတို႔အတြက္ တရားမွ်တမႈ ေမွ်ာ္လင့္ခ်က္ အေျခအေန အလားအလာေတြ ဘယ္လိုရွိပါသလဲ။ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လကုန္ပိုင္းတုန္းက ရခိုင္ျပည္နယ္ေျမာက္ပိုင္းဘက္မွာ ျဖစ္ပြားခဲ့တဲ့ ARSA အစြန္းေရာက္အဖြဲ႔ရဲ႕ နယ္ျခားေစာင့္တပ္နဲ႔ အစိုးရစစ္တပ္ အေျခစိုက္စခန္းေတြကို အၾကမ္းဖက္တိုက္ခုိက္မႈေတြ ေနာက္ပိုင္း စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြ အတြင္းမွာ စိုးရိမ္မႈေတြနဲ႔ ေဒသတြင္းမူဆလင္ေတြ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ျခမ္းကို သိန္းနဲ႔ခ်ီ ထြက္ေျပးခိုလံႈခဲ့ၾကတာပါ။ အဲ့ဒီ့နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြအတြင္း ရိုဟင္ဂ်ာမူဆလင္ေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အၾကီးအက်ယ္ ရွိခဲ့တယ္ဆိုၿပီး ကုလသမဂၢနဲ႔ ႏို္င္ငံတကာအသိုင္းအဝိုင္းက စိုးရိမ္မႈေတြရွိခဲ့သလို လက္ရွိလည္း ႏုိင္ငံတကာတရားခံု႐ံုးမွာ တရားရင္ဆိုင္ေနရဆဲပါ။

ဒီႏွစ္ ၂၀၂၀ျပည့္ႏွစ္ ၾသဂုတ္လ သံုးႏွစ္တင္းတင္းျပည့္ခ်ိန္မွာေတာ့ ေကာ့ဇ္ဘဇားခ႐ိုင္တြင္းက ႐ိုဟင္ဂ်ာသိန္းခ်ီခိုလံႈေနတဲ့ ဒုကၡသည္စခန္းအသီးသီးမွာ ဝတ္ျပဳဆုေတာင္းေအာက္ေ့မဖြယ္အ ထိမ္းအမွတ္ေတြကို ကမာၻ႔ကပ္ေရာဂါကိုဗစ္ျဖစ္ပြားေနခ်ိန္မို႔ လူစုလူေဝးနဲ႔မက်င္းပဲ ေနအိမ္ေတြထဲကေနပဲ ဝတ္ျပဳဆုေတာင္းၾကမယ္လို႔ ARSPH ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ရခိုင္ျပည္နယ္က ႐ုိဟင္ဂ်ာအဖဲြ႔အစည္းရဲ႕ ဥကၠ႒ ဦး Mohib Ullah ကေျပာပါတယ္။

“ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ခ်ိန္Lock Down ခ်ထားေတာ့ အျပင္ထြက္ၿပီးေတာ့ စုေဝးတာ လုပ္လို႔မရေတာ့ က်ေနာ္တို႔ကSilence protest အေနနဲ႔အိမ္ထဲကေန Stay Home ဆိုတာကုိ ေရြးခ်ယ္ထားတယ္။ က်ေနာ္တို႔ရဲ႕ ေတာင္းဆိုခ်က္ကေတာ့ သံုးႏွစ္ျပည့္ၿပီGenocide ကို ကမၻာတဝွမ္းကေျပာေနတာကို အသိအမွတ္ျပဳေပးဖို႔ ေတာင္းဆိုတယ္။ ေနာက္တခုကICC ၊ ICJ မွာ သူတို႔အမႈတင္ထားတာရွိတယ္ အဲ့တာျမန္ျမန္ေလးၿပီးစီးဖို႔ေတာင္းဆိုတယ္။ ေနာက္တခုကေတာ့ ျမန္မာအစိုးရဘက္က Repatriation လုပ္မယ္ေျပာတယ္။ ဒါေပမဲ့ က်ေနာ္တို႔အတြက္Security လံုျခံဳေရးက ဘာမွထူးမလာဘူးဆိုေတာ့ ဒီကေနၿပီး ႏိုင္ငံတကာလံုျခံဳေရးနဲ႔ က်ေနာ္တို႔ကို ျမန္ျမန္ေလးေခၚေပးပါလို႔။ ေခၚျဖစ္ေအာင္လည္း ႏုိင္ငံတကာက ျမန္မာကို ဖိအားေပးေပးပါလို႔ေတာင္းဆိုထားတယ္။”

အခု ဘဂၤလားေဒ့ရွ္က ဒုကၡသည္စခန္း ဘာလုခါလီအမွတ္(၂) စခန္း ၁၀မွာ ခိုလံႈေနထိုင္တဲ့ အရင္ ရေသ့ေတာင္ၿမိဳ႕ခံ ဦးစိုးျမင့္ ကေတာ့ အခုသံုးႏွစ္ျပည့္ခ်ိန္ ေသဆံုးသြားသူေတြ ဆံုး႐ံႈးနစ္နာသူေတြအတြက္ ဝတ္ျပဳဆုေတာင္းေပးသလို တရားမွ်တမႈကိုလည္း အျမန္ဆံုး ရခ်င္ပါတယ္။

“ က်ေနာ္တို႔ အိမ္ထဲမွာပဲေနၿပီး ဆုေတာင္းပြဲေတြကို ကိုယ့္မိသားစုနဲ႔ကိုယ္ လုပ္ၾကမွာပဲ။ ေသဆံုးသြားသူေတြအတြက္က က်ေနာ္တို႔မွာ ဆုေတာင္းေပးဖို႔ပဲရွိေတာ့တာပါပဲ သူတို႔အတြက္ တရားမွ်တမႈကို လိုခ်င္တယ္။ အခုထက္ထိ သံုးႏွစ္တိတိCamp ေတြထဲမွာပဲ ေနေနၾကရတယ္။ တခါ ကိုယ့္ေနရပ္ေဒသကိုျပန္ဖို႔အတြက္က ဘာမွ ေမွ်ာ္လင့္ခ်က္မရွိဘူး။ ျမန္မာႏုိင္ငံတြင္းက အေျခအေနကိုျပန္ၾကည့္မယ္ ဆိုလည္း ရခိုင္အေျခအေနက ဘာမွတိုးတက္ေျပာင္းလဲမႈမရွိေသးဘူး။ ဆက္ၿပီးဆိုးဝါးေနတာပဲရွိတယ္ ဘာမွ ေကာင္းလာတာမရွိဘူး။ က်ေနာ္တို႔ျဖစ္ေစခ်င္တဲ့ဆႏၵက ျမန္မာႏုိင္ငံအစိုးရအေနနဲ႔ က်ေနာ္တို႔အားလံုး ေအးေအးေဆးေဆး လံုလံုျခံဳျခံဳနဲ႔ ဂုဏ္သိကၡာရွိရွိ ျမန္မာႏုိင္ငံဘက္ကိုျပန္သြားႏုိင္ေအာင္ ကိုယ့္ေနရပ္ေဒသေတြကိုျပန္အေျခခ်ႏိုင္ေအာင္ စီစဥ္ေပးႏိုင္ဖို႔ စဥ္းစားေပးၾကပါ ဦးတည္ၿပီးလုပ္ၾကပါလို႔ပဲ တိုက္တြန္းခ်င္ပါတယ္။”

ဘာလုခါလီဒုကၡသည္စခန္း အမွတ္(၉)မွာေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ကိုေက်ာ္ျမင့္ေခၚ ကိုအီစၥလာမ္ကလည္း ေနအိမ္ေတြထဲကေန -အသက္ဆံုးသူေတြကို ရည္စူး ဆုေတာင္းေပးၾကဖုိ႔ျပင္ဆင္ထားၾကတဲ့အေၾကာင္း ခုလိုေျပာျပပါတယ္။

“ ၾသဂုတ္လ ၂၅ရက္ေန႔ သံုးႏွစ္ျပည့္ကို ဒုကၡသည္စခန္းတဝိုက္လံုးမွာ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ၾကမွာျဖစ္ပါတယ္ခင္ဗ်။ တဦးတေယာက္မွ အျပင္ကိုမထြက္ၾကပဲနဲ႔ ေစ်းဆိိုင္ေတြကိုလည္း အကုန္လံုးပိတ္မွာပါ။ အဓိကဆုေတာင္းေပးမွာကေတာ့ ၂၀၁၆ ၊၂၀၁၇မွာ အျပစ္မဲ့အသတ္ျဖတ္ခံခဲ့ရတဲ့ ေသဆံုးသြားတဲ့ ကေလးသူငယ္လူၾကီး အမ်ိဳးသမီးေတြအပါအဝင္ သူတို႔အတြက္ ရည္စူးၿပီးေတာ့ က်ေနာ္တို႔ ရည္စူးၿပီးေတာ့ ဆုေတာင္းၾကမွာျဖစ္ပါတယ္ခင္ဗ်။ ဆုေတာင္းတဲ့အခါမွာလည္း ဗလီေတြမွာလည္း လူအမ်ားၾကီးမစုပဲနဲ႔ဆုေတာင္းပြဲလုပ္မွာျဖစ္ပါတယ္။ လူစုလူေဝးမလုပ္ပဲနဲ႔ ၿငိမ္းခ်မ္းစြာနဲ႔ က်ေနာ္တို႔ရဲ႕ဆႏၵေတြကို ထုတ္ေဖာ္ၾကမွာျဖစ္ပါတယ္ခင္ဗ်။”

သံုးႏွစ္ျပည့္တဲ့ခ်ိန္မွာေတာ့ သူတို႔အတြက္ တရားမွ်တမႈရေစခ်င္သလို ရိုဟင္ဂ်ာေတြအေရး ေဆာင္ရြက္ေပးႏုိင္မယ့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ၂၀၂၀ ေရြးေကာက္ပြဲမွာ ပါဝင္ခြင့္ရေစခ်င္ပါတယ္လို ကုတုပေလာင္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေမာင္ေမာင္က ႔ေျပာပါတယ္။

“ဒီမွာ ကိုဗစ္၁၉လည္းျဖစ္ေတာ့ က်ေနာ္တို႔ အျပင္ထြက္လို႔မရဘူး ဘဂၤလားအစိုးရကလည္း ညႊန္ၾကားထားတာရွိတယ္။ အဲ့တာေၾကာင့္ က်ေနာ္တို႔ေတြ အျပင္မထြက္ပဲ Salience Protestလုပ္ဖို႔စီစဥ္ထားပါတယ္။ေသဆံုးသြားတဲ့သူေတြအတြက္ တရားမွ်တမႈရဖို႔အတြက္လည္းICC ၊ ICJ ကို ရီပို႔ေတြတင္ထားတာရွိတယ္။ အေထာက္အထားေတြ ပို႔တာလည္းရွိတယ္ အဲ့ဒီ့အတြက္အဓိက ျမန္မာအစိုးရကို ေတာင္းဆိုခ်င္တာက ၂၀၁၀ တုန္းက က်ေနာ္ကိုယ္တိုင္ မဲ႐ံုမွဴးတာဝန္ထမ္းေဆာင္ခဲ့တာရွိပါတယ္ က်ေနာ္က ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာပါ။ အခုလႊတ္ေတာ္ကုိယ္စားလွယ္ ေမာင္ေတာခရိုင္မွာ အပယ္ခ်ခံရတယ္ဆိုေတာ့ က်ေနာ္တို႔ အင္မတန္မွ စိုးရိမ္တယ္။ အဓိက ျမန္မာအစိုးရကို ေတာင္းဆိုခ်င္တာက အဲ့ဒီ့ကိုယ္စားလွယ္ေတြလည္း ေရြးေကာက္ပြဲမွာ ဝင္ေရာက္ေရြးခ်ယ္ႏုိင္ေအာင္ အဲ့ဒီ့ဘက္မွာ က်န္ခဲ့တဲ့သူေတြလည္း မဲေပးႏုိင္ေအာင္ ျမန္မာအစိုးရဘက္က စီစဥ္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္ခင္ဗ်ာ။”

အခုလို ေတာင္းဆိုေနေပမဲ့ ေနရပ္ျပန္ႏိုင္ဖုိ႔ ေမွ်ာ္လင့္ခ်က္မရွိ သေလာက္ျဖစ္ေနၾကတယ္လို႔ ဒုကၡသည္အမ်ားစုက ေျပာၾကပါတယ္။ ရိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ေနရပ္ကိုစြန္႔ခြာသြားသူေတြ ျပန္လာႏိုင္ေရး ကုလသမဂၢ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ သေဘာတူညီမႈေတြနဲ႔ ျပန္လည္လက္ခံေရး စနစ္တက် အစီအမံေတြ ေဆာင္ရြက္ေနတယ္ လို႔ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

(Unicode)

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားကြရတာ သုံးနှစ်ပြည့်ချိန် သူတို့ နေရပ်ပြန်ရေး- ရှေ့အနာဂတ်နဲ့သူတို့အတွက် တရားမျှတမှု မျှော်လင့်ချက် အခြေအနေ အလားအလာတွေ ဘယ်လိုရှိပါသလဲ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာ ဖြစ်ပွားခဲ့တဲ့ ARSA အစွန်းရောက်အဖွဲ့ရဲ့ နယ်ခြားစောင့်တပ်နဲ့ အစိုးရစစ်တပ် အခြေစိုက်စခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်းမှာ စိုးရိမ်မှုတွေနဲ့ ဒေသတွင်းမူဆလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို သိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ အဲ့ဒီ့နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိခဲ့သလို လက်ရှိလည်း နိုင်ငံတကာတရားခုံရုံးမှာ တရားရင်ဆိုင်နေရဆဲပါ။

ဒီနှစ် ၂၀၂၀ပြည့်နှစ် သြဂုတ်လ သုံးနှစ်တင်းတင်းပြည့်ချိန်မှာတော့ ကော့ဇ်ဘဇားခရိုင်တွင်းက ရိုဟင်ဂျာသိန်းချီခိုလှုံနေတဲ့ ဒုက္ခသည်စခန်းအသီးသီးမှာ ဝတ်ပြုဆုတောင်းအောက်ေ့မဖွယ်အ ထိမ်းအမှတ်တွေကို ကမ္ဘာ့ကပ်ရောဂါကိုဗစ်ဖြစ်ပွားနေချိန်မို့ လူစုလူဝေးနဲ့မကျင်းပဲ နေအိမ်တွေထဲကနေပဲ ဝတ်ပြုဆုတောင်းကြမယ်လို့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦး Mohib Ullah ကပြောပါတယ်။

“ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ချိန်Lock Down ချထားတော့ အပြင်ထွက်ပြီးတော့ စုဝေးတာ လုပ်လို့မရတော့ ကျနော်တို့ကSilence protest အနေနဲ့အိမ်ထဲကနေ Stay Home ဆိုတာကို ရွေးချယ်ထားတယ်။ ကျနော်တို့ရဲ့ တောင်းဆိုချက်ကတော့ သုံးနှစ်ပြည့်ပြီGenocide ကို ကမ္ဘာတဝှမ်းကပြောနေတာကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုတယ်။ နောက်တခုကICC ၊ ICJ မှာ သူတို့အမှုတင်ထားတာရှိတယ် အဲ့တာမြန်မြန်လေးပြီးစီးဖို့တောင်းဆိုတယ်။ နောက်တခုကတော့ မြန်မာအစိုးရဘက်က Repatriation လုပ်မယ်ပြောတယ်။ ဒါပေမဲ့ ကျနော်တို့အတွက်Security လုံခြုံရေးက ဘာမှထူးမလာဘူးဆိုတော့ ဒီကနေပြီး နိုင်ငံတကာလုံခြုံရေးနဲ့ ကျနော်တို့ကို မြန်မြန်လေးခေါ်ပေးပါလို့။ ခေါ်ဖြစ်အောင်လည်း နိုင်ငံတကာက မြန်မာကို ဖိအားပေးပေးပါလို့တောင်းဆိုထားတယ်။”

အခု ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်း ဘာလုခါလီအမှတ်(၂) စခန်း ၁၀မှာ ခိုလှုံနေထိုင်တဲ့ အရင် ရသေ့တောင်မြို့ခံ ဦးစိုးမြင့် ကတော့ အခုသုံးနှစ်ပြည့်ချိန် သေဆုံးသွားသူတွေ ဆုံးရှုံးနစ်နာသူတွေအတွက် ဝတ်ပြုဆုတောင်းပေးသလို တရားမျှတမှုကိုလည်း အမြန်ဆုံး ရချင်ပါတယ်။

“ ကျနော်တို့ အိမ်ထဲမှာပဲနေပြီး ဆုတောင်းပွဲတွေကို ကိုယ့်မိသားစုနဲ့ကိုယ် လုပ်ကြမှာပဲ။ သေဆုံးသွားသူတွေအတွက်က ကျနော်တို့မှာ ဆုတောင်းပေးဖို့ပဲရှိတော့တာပါပဲ သူတို့အတွက် တရားမျှတမှုကို လိုချင်တယ်။ အခုထက်ထိ သုံးနှစ်တိတိCamp တွေထဲမှာပဲ နေနေကြရတယ်။ တခါ ကိုယ့်နေရပ်ဒေသကိုပြန်ဖို့အတွက်က ဘာမှ မျှော်လင့်ချက်မရှိဘူး။ မြန်မာနိုင်ငံတွင်းက အခြေအနေကိုပြန်ကြည့်မယ် ဆိုလည်း ရခိုင်အခြေအနေက ဘာမှတိုးတက်ပြောင်းလဲမှုမရှိသေးဘူး။ ဆက်ပြီးဆိုးဝါးနေတာပဲရှိတယ် ဘာမှ ကောင်းလာတာမရှိဘူး။ ကျနော်တို့ဖြစ်စေချင်တဲ့ဆန္ဒက မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျနော်တို့အားလုံး အေးအေးဆေးဆေး လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိ မြန်မာနိုင်ငံဘက်ကိုပြန်သွားနိုင်အောင် ကိုယ့်နေရပ်ဒေသတွေကိုပြန်အခြေချနိုင်အောင် စီစဉ်ပေးနိုင်ဖို့ စဉ်းစားပေးကြပါ ဦးတည်ပြီးလုပ်ကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။”

ဘာလုခါလီဒုက္ခသည်စခန်း အမှတ်(၉)မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုကျော်မြင့်ခေါ် ကိုအီစ္စလာမ်ကလည်း နေအိမ်တွေထဲကနေ -အသက်ဆုံးသူတွေကို ရည်စူး ဆုတောင်းပေးကြဖို့ပြင်ဆင်ထားကြတဲ့အကြောင်း ခုလိုပြောပြပါတယ်။

“ သြဂုတ်လ ၂၅ရက်နေ့ သုံးနှစ်ပြည့်ကို ဒုက္ခသည်စခန်းတဝိုက်လုံးမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြမှာဖြစ်ပါတယ်ခင်ဗျ။ တဦးတယောက်မှ အပြင်ကိုမထွက်ကြပဲနဲ့ ဈေးဆိုင်တွေကိုလည်း အကုန်လုံးပိတ်မှာပါ။ အဓိကဆုတောင်းပေးမှာကတော့ ၂၀၁၆ ၊၂၀၁၇မှာ အပြစ်မဲ့အသတ်ဖြတ်ခံခဲ့ရတဲ့ သေဆုံးသွားတဲ့ ကလေးသူငယ်လူကြီး အမျိုးသမီးတွေအပါအဝင် သူတို့အတွက် ရည်စူးပြီးတော့ ကျနော်တို့ ရည်စူးပြီးတော့ ဆုတောင်းကြမှာဖြစ်ပါတယ်ခင်ဗျ။ ဆုတောင်းတဲ့အခါမှာလည်း ဗလီတွေမှာလည်း လူအများကြီးမစုပဲနဲ့ဆုတောင်းပွဲလုပ်မှာဖြစ်ပါတယ်။ လူစုလူဝေးမလုပ်ပဲနဲ့ ငြိမ်းချမ်းစွာနဲ့ ကျနော်တို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ကြမှာဖြစ်ပါတယ်ခင်ဗျ။”

သုံးနှစ်ပြည့်တဲ့ချိန်မှာတော့ သူတို့အတွက် တရားမျှတမှုရစေချင်သလို ရိုဟင်ဂျာတွေအရေး ဆောင်ရွက်ပေးနိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရစေချင်ပါတယ်လို ကုတုပလောင်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်က ့ပြောပါတယ်။

“ဒီမှာ ကိုဗစ်၁၉လည်းဖြစ်တော့ ကျနော်တို့ အပြင်ထွက်လို့မရဘူး ဘင်္ဂလားအစိုးရကလည်း ညွှန်ကြားထားတာရှိတယ်။ အဲ့တာကြောင့် ကျနော်တို့တွေ အပြင်မထွက်ပဲ Salience Protestလုပ်ဖို့စီစဉ်ထားပါတယ်။သေဆုံးသွားတဲ့သူတွေအတွက် တရားမျှတမှုရဖို့အတွက်လည်းICC ၊ ICJ ကို ရီပို့တွေတင်ထားတာရှိတယ်။ အထောက်အထားတွေ ပို့တာလည်းရှိတယ် အဲ့ဒီ့အတွက်အဓိက မြန်မာအစိုးရကို တောင်းဆိုချင်တာက ၂၀၁၀ တုန်းက ကျနော်ကိုယ်တိုင် မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့တာရှိပါတယ် ကျနော်က မောင်တောမြို့နယ်မြောက်ပိုင်းမှာပါ။ အခုလွှတ်တော်ကိုယ်စားလှယ် မောင်တောခရိုင်မှာ အပယ်ချခံရတယ်ဆိုတော့ ကျနော်တို့ အင်မတန်မှ စိုးရိမ်တယ်။ အဓိက မြန်မာအစိုးရကို တောင်းဆိုချင်တာက အဲ့ဒီ့ကိုယ်စားလှယ်တွေလည်း ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်နိုင်အောင် အဲ့ဒီ့ဘက်မှာ ကျန်ခဲ့တဲ့သူတွေလည်း မဲပေးနိုင်အောင် မြန်မာအစိုးရဘက်က စီစဉ်ပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။”

အခုလို တောင်းဆိုနေပေမဲ့ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်ချက်မရှိ သလောက်ဖြစ်နေကြတယ်လို့ ဒုက္ခသည်အများစုက ပြောကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ နေရပ်ကိုစွန့်ခွာသွားသူတွေ ပြန်လာနိုင်ရေး ကုလသမဂ္ဂ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူညီမှုတွေနဲ့ ပြန်လည်လက်ခံရေး စနစ်တကျ အစီအမံတွေ ဆောင်ရွက်နေတယ် လို့ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG