သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြ ဒုကၡသည္စခန္း တခုတြင္း မီးေလာင္မႈ လသားအရြယ္ တဦးေသဆံုး


စစ္ေတြၿမိဳ႕နယ္မွာရွိတဲ့ အုန္းေတာႀကီးေျမာက္ေက်းရြာ ဒုကၡသည္စခန္းမွာ မီးေလာင္မႈျမင္ကြင္း။ (ဓာတ္ပံု - Rakhine Fire Force - ၾသဂုတ္ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္က ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းမွာ မီးေလာင္မႈ ျဖစ္ပြားရာက ကေလးငယ္ တဦး ေသဆုံးၿပီး အိမ္အမ်ားအျပား မီးေလာင္ပ်က္စီးခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

စစ္ေတြၿမိဳ႕နယ္မွာရွိတဲ့ အုန္းေတာႀကီးေျမာက္ေက်းရြာ ဒုကၡသည္စခန္းမွာ မီးေလာင္မႈေၾကာင့္ လသားအရြယ္ ကေလးတဦး ေသဆုံးခဲ့သလုိ အိမ္ေထာင္စု ၈၈ ခု မီးေဘးသင့္ခဲ့တယ္လုိ႔ စခန္းတာ၀န္ရွိသူေတြက ေျပာပါတယ္။ မေန႔တုန္းက မီးေလာင္မႈအတြင္း ထိခုိက္ဒဏ္ရာရသူေတာ့ မရွိဘူးလုိ႔လည္း စခန္းတာ၀န္ခံတဦးျဖစ္တဲ့ ဦးေမာင္ေမာင္က ေျပာပါတယ္။

“ကေလးတစ္ေယာက္ပါေလ ၄၅ ရက္ပါ၊ ၄၅ ရက္ေမြးတာ အဲ့ဒီကေလး တစ္ေယာက္ဆံုးသြားတယ္။ က်န္တဲ့ ထိခိုက္ဒဏ္ရာေတာ့ မရွိဘူး။”

ထမင္းခ်က္ရာကေန ျဖစ္ပြားတဲ့ မီးေလာင္မႈေၾကာင့္ အိမ္ေျခအမ်ားအျပား ထိခုိက္ပ်က္စီးခဲ့တယ္လုိ႔လည္း ဒုကၡသည္စခန္း ေကာ္မတီ၀င္ ဦးခင္ေမာင္က ေျပာပါတယ္။

“ဒီမွာ အုန္းေတာေျမာက္အပိုင္း ၆ မွာ မီးေလာင္ခံရတယ္မလား။ အဲ့ဒီမွာ အေဆာင္ အဲ့ကေနၿပီး ၁၁ ေဆာင္ရွိပါတယ္၊ အဲ့ဒီ ၁၁ လံုးရဲ႕ မိသားစုဆုိ ၈၈ စု ရွိပါတယ္ လူဦးေရက ၄၀၀နဲ႔ ၇၁ ဦးပါေနာ္။ သူက ဘယ္လိုေျပာရမလဲ ထမင္းစားဖို႔အတြက္ ထမင္းခ်က္တာေပါ့ ထမင္းခ်က္ကေနၿပီး မီးေလာင္သြားတာ၊ သူတို႔ လာတာေနာက္က်သြားတယ္ ဒီမွာက ၁၀ မိနစ္ ၁၅ မိနစ္ထဲမွာ အကုန္လံုးပါသြားတယ္၊ သူတို႔လာတဲ့အခ်ိန္ဆို နာရီဝက္ ဟိုဟာ မီးသတ္ေပါ့ ေရနဲ႔ လာတယ္ မီးသတ္ေလ။ သူတို႔လာတာ ေနာက္က်သြားတယ္။ ဒီမွာ ၁၀ မိနစ္ ၁၅ မိနစ္ပဲ အကုန္လံုးပါသြားတယ္။”

စစ္ေတြၿမိဳ႕နယ္မွာရွိတဲ့ အုန္းေတာႀကီးေျမာက္ေက်းရြာ ဒုကၡသည္စခန္းမွာ မီးေလာင္မႈမွာ မီးၿငိွမ္းသတ္ေပးေနၾကတဲ့ အရန္မီးသတ္တပ္ဖဲြ႔၀င္မ်ား။ (ဓာတ္ပံု - Rakhine Fire Force - ၾသဂုတ္ ၂၀၊ ၂၀၂၀)
စစ္ေတြၿမိဳ႕နယ္မွာရွိတဲ့ အုန္းေတာႀကီးေျမာက္ေက်းရြာ ဒုကၡသည္စခန္းမွာ မီးေလာင္မႈမွာ မီးၿငိွမ္းသတ္ေပးေနၾကတဲ့ အရန္မီးသတ္တပ္ဖဲြ႔၀င္မ်ား။ (ဓာတ္ပံု - Rakhine Fire Force - ၾသဂုတ္ ၂၀၊ ၂၀၂၀)

လတ္တေလာ မီးေဘးသင့္သူေတြ အကူအညီ လုိအပ္ေနတယ္လုိ႔လည္း စခန္းတာ၀န္ရွိသူေတြက ေျပာပါတယ္။ အခုမီးေလာင္မႈ ျဖစ္ပြားခဲ့တဲ့ ဒုကၡသည္စခန္းမွာ ခန္႔မွန္းေျခ လူဦးေရ ၁၂,၀၀၀ ေလာက္ရွိေနၿပီး၊ ရခုိင္ျပည္နယ္မွာ လူမႈအသုိင္းအ၀န္းၾကား ပဋိပကၡျဖစ္ပြားရာက အုိးအိမ္စြန္႔ခြာခဲ့ရသူ ႐ုိဟင္ဂ်ာေတြ အမ်ားစု ေနထုိင္ေနၾကရတာပါ။ ၂၀၁၇ ခုုႏွစ္တုန္းကလည္း ရခုိင္ျပည္နယ္မွာ နယ္ျခားေစာင့္ ရဲကင္းစခန္းေတြကုိ တုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ ျမန္မာစစ္တပ္က လုိက္လံရွင္းလင္းတဲ့ စစ္ဆင္ေရးေတြ ေနာက္ဆက္တဲြအျဖစ္ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးခဲ့ရဘူးပါတယ္။ ႐ုိဟင္ဂ်ာဆုိတဲ့ အမည္ကုိ တရား၀င္ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ ဒုကၡသည္ေတြကုိ ျပန္လည္လက္ခံဖုိ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ေရာ ကုလသမဂၢနဲ႔ပါ သေဘာတူထားေပမဲ့ အခုအထိေတာ့ အစီအစဥ္ကုိ အေကာင္အထည္ မေဖာ္ႏုိင္ေသးပါဘူးရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တွေ ဒုက္ခသည်စခန်း တခုတွင်း မီးလောင်မှု လသားအရွယ် တဦးသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားရာက ကလေးငယ် တဦး သေဆုံးပြီး အိမ်အများအပြား မီးလောင်ပျက်စီးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

စစ်တွေမြို့နယ်မှာရှိတဲ့ အုန်းတောကြီးမြောက်ကျေးရွာ ဒုက္ခသည်စခန်းမှာ မီးလောင်မှုကြောင့် လသားအရွယ် ကလေးတဦး သေဆုံးခဲ့သလို အိမ်ထောင်စု ၈၈ ခု မီးဘေးသင့်ခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့တုန်းက မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့လည်း စခန်းတာဝန်ခံတဦးဖြစ်တဲ့ ဦးမောင်မောင်က ပြောပါတယ်။

“ကလေးတစ်ယောက်ပါလေ ၄၅ ရက်ပါ၊ ၄၅ ရက်မွေးတာ အဲ့ဒီကလေး တစ်ယောက်ဆုံးသွားတယ်။ ကျန်တဲ့ ထိခိုက်ဒဏ်ရာတော့ မရှိဘူး။”

ထမင်းချက်ရာကနေ ဖြစ်ပွားတဲ့ မီးလောင်မှုကြောင့် အိမ်ခြေအများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒုက္ခသည်စခန်း ကော်မတီဝင် ဦးခင်မောင်က ပြောပါတယ်။

“ဒီမှာ အုန်းတောမြောက်အပိုင်း ၆ မှာ မီးလောင်ခံရတယ်မလား။ အဲ့ဒီမှာ အဆောင် အဲ့ကနေပြီး ၁၁ ဆောင်ရှိပါတယ်၊ အဲ့ဒီ ၁၁ လုံးရဲ့ မိသားစုဆို ၈၈ စု ရှိပါတယ် လူဦးရေက ၄၀၀နဲ့ ၇၁ ဦးပါနော်။ သူက ဘယ်လိုပြောရမလဲ ထမင်းစားဖို့အတွက် ထမင်းချက်တာပေါ့ ထမင်းချက်ကနေပြီး မီးလောင်သွားတာ၊ သူတို့ လာတာနောက်ကျသွားတယ် ဒီမှာက ၁၀ မိနစ် ၁၅ မိနစ်ထဲမှာ အကုန်လုံးပါသွားတယ်၊ သူတို့လာတဲ့အချိန်ဆို နာရီဝက် ဟိုဟာ မီးသတ်ပေါ့ ရေနဲ့ လာတယ် မီးသတ်လေ။ သူတို့လာတာ နောက်ကျသွားတယ်။ ဒီမှာ ၁၀ မိနစ် ၁၅ မိနစ်ပဲ အကုန်လုံးပါသွားတယ်။”

လတ်တလော မီးဘေးသင့်သူတွေ အကူအညီ လိုအပ်နေတယ်လို့လည်း စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ အခုမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဒုက္ခသည်စခန်းမှာ ခန့်မှန်းခြေ လူဦးရေ ၁၂,၀၀၀ လောက်ရှိနေပြီး၊ ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝန်းကြား ပဋိပက္ခဖြစ်ပွားရာက အိုးအိမ်စွန့်ခွာခဲ့ရသူ ရိုဟင်ဂျာတွေ အများစု နေထိုင်နေကြရတာပါ။ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့် ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို မြန်မာစစ်တပ်က လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရဘူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သဘောတူထားပေမဲ့ အခုအထိတော့ အစီအစဉ်ကို အကောင်အထည် မဖော်နိုင်သေးပါဘူးရှင်။

XS
SM
MD
LG