သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္အၾကပ္အတည္း အေၾကာင္းရင္းေျဖရွင္းဖုိ႔ ကုလအတြင္းေရးမွဴးခ်ဳပ္တိုက္တြန္း


ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

[Zawgyi/Unicode]

ရိုဟင္ဂ်ာဒုကၡသည္အၾကပ္အတည္းနဲ႔ ရင္ဆုိင္ေနရတာ ၃ ႏွစ္ျပည့္ခဲ့ၿပီျဖစ္ၿပီး ဒီျပႆနာေပၚေပါက္လာရတဲ့ အေၾကာင္းရင္းကို အထူးအာ႐ုံစုိက္ေဆြးေႏြးၾကဖို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တုိက္တြန္းလိုက္ပါတယ္။ ဒီအၾကပ္အတည္းေၾကာင့္ ထိခိုက္နစ္နာခဲ့ရသူအားလုံးနဲ႔ ကုလသမဂၢက စည္းလုံးညီညႊတ္စြာ ရပ္တည္ေနပါတယ္လို႔လည္း Mr Guterres ရဲ ႔ ေျပာခြင့္ရသူက ၾသဂုတ္လ ၂၆ ရက္ေန႔က ထုတ္ျပန္တဲ့ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံရဲ ႔ ေရရွည္ခံတဲ့ဖြံ႔ၿဖိဳးတိုးတက္မႈ၊ လူ႔အခြင့္အေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ေဒသတြင္း ပါ၀င္ပတ္သက္ေနသူအားလုံးနဲ႔ အတူပူေးပါင္းေဆာင္ရြက္ဖို႔ ကတိျပဳပါတယ္လို႔လည္းေဖာ္ျပထားတာပါ။ ဒုကၡသည္အားလုံး သူတို႔သေဘာဆႏၵအတုိင္း ေဘးကင္းကင္း၊ သိကၡာရိွရွိနဲ႔ ေနရပ္ျပန္ႏုိင္ေအာင္ ဒီအၾကပ္အတည္းေပၚေပါက္ခဲ့တဲ့ အေၾကာင္းရင္းကို အေရးတႀကိီး အာရုံစိုက္ေျပာဆိုေဆြးေႏြးၾကဖို႔လည္း အတြင္းေရးမႈးခ်ဳပ္က တုိက္တြန္းထားတာပါ။ ႐ိုဟင္ဂ်ာဒုကၡသည္အၾကပ္အတည္း aပၚေပါက္ခဲ့တာ ၃ႏွစ္ျပည့္ခ်ိန္မွာပဲ အတြင္းေရးမွဴးခ်ဳပ္ရဲ ႔ေၾကျငာခ်က္ထြက္လာတာလည္းျဖစ္ပါတယ္။

အေမရိကန္၊ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္မႈေကာ္မရွင္ (USCIRF) ကလည္း ရိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံုးေအာင္လုပ္ၿပီး လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြအတြက္္ ျမန္မာစစ္တပ္က တာ၀န္ခံလာေအာင္ လုပ္ကိုင္ေပးဖို႔ အေမရိကန္ႏုိင္ငံျခားေရးဌာနကို ၾသဂုတ္လ ၂၅ ရက္ေန႔မွာ ေၾကျငာခ်က္ထုတ္ ေတာင္းဆိုခဲ့ပါတယ္။ ရိုဟင္ဂ်ာဒုကၡသည္အေရးေပၚေပါက္တာ ၃ႏွစ္ျပည့္ခဲ့ေပမယ့္ သူတို႔အေပၚ ျမန္မာစစ္တပ္ရဲ ႔ ရက္စက္တဲ့လုပ္ရပ္ေတြ ဆက္ၿပီးေပၚေပါက္ေနတုန္းပဲလို႔လည္း USCIRF ရဲ ႔ေၾကျငာခ်က္မွာေဖာ္ျပထားပါတယ္။ ရိုဟင္ဂ်ာဆိုတ့ဲအသုံးကို လက္မခံတဲ့ ျမန္မာအစိုးရကေတ့ာ နုိင္ငံတကာကစြပ္စြဲေနသေလာက္ လူ႔အခြင့္အေရးက်ဴးလြန္တာမရွိဘူးလို႔ ျငင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်း အကြောင်းရင်းဖြေရှင်းဖို့ ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာ ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဒီပြဿနာပေါ်ပေါက်လာရတဲ့ အကြောင်းရင်းကို အထူးအာရုံစိုက်ဆွေးနွေးကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။ ဒီအကြပ်အတည်းကြောင့် ထိခိုက်နစ်နာခဲ့ရသူအားလုံးနဲ့ ကုလသမဂ္ဂက စည်းလုံးညီညွှတ်စွာရပ်တည်နေပါတယ်လို့လည်း Mr Guterres ရဲ့ ပြောခွင့်ရသူက သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရေရှည်ခံတဲ့ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဒေသတွင်း ပါဝင်ပတ်သက်နေသူအားလုံးနဲ့ အတူပူေးပါင်းဆောင်ရွက်ဖို့ ကတိပြုပါတယ်လို့လည်းဖော်ပြထားတာပါ။ ဒုက္ခသည်အားလုံး သူတို့သဘောဆန္ဒအတိုင်း ဘေးကင်းကင်း၊ သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်အောင် ဒီအကြပ်အတည်းပေါ်ပေါက်ခဲ့တဲ့ အကြောင်းရင်းကို အရေးတကြီး အာရုံစိုက်ပြောဆိုဆွေးနွေးကြဖို့လည်း အတွင်းရေးမှုးချုပ်က တိုက်တွန်းထားတာပါ။ ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်း aပါ်ပေါက်ခဲ့တာ ၃နှစ်ပြည့်ချိန်မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ကြေငြာချက်ထွက်လာတာလည်းဖြစ်ပါတယ်။

အမေရိကန်၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုကော်မရှင် (USCIRF) ကလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးအောင်လုပ်ပြီး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်က တာဝန်ခံလာအောင် လုပ်ကိုင်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာနကို သြဂုတ်လ ၂၅ ရက်နေ့မှာ ကြေငြာချက်ထုတ် တောင်းဆိုခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေးပေါ်ပေါက်တာ ၃နှစ်ပြည့်ခဲ့ပေမယ့် သူတို့အပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေ ဆက်ပြီးပေါ်ပေါက်နေတုန်းပဲလို့လည်း USCIRF ရဲ့ကြေငြာချက်မှာဖော်ပြထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံတဲ့ မြန်မာအစိုးရကတေ့ာ နိုင်ငံတကာကစွပ်စွဲနေသလောက် လူ့အခွင့်အရေးကျူးလွန်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG