သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာ လူမ်ိဳးတံုးသတ္ျဖတ္မႈအျဖစ္ သတ္မွတ္ေပးဖို႔ အေမရိကန္ကို ေတာင္းဆို


နယ္စပ္ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးလာၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား (ႏို၀င္ဘာလ ၂၊ ၂၀၁၇)

(Zawgyi / Unicode)

႐ုိဟင္ဂ်ာေတြအေပၚ ရက္စက္ ဖိႏွိပ္မႈေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈအျဖစ္ အေမရိကန္ဘက္က သတ္မွတ္ေပးဖို႔ တက္ႂကြလႈပ္ရွားသူေတြက ေတာင္းဆိုေနၾကၿပီး အေမရိကန္ကသာ ဦးေဆာင္ရင္ တျခားႏုိင္ငံေတြလည္း ပါ၀င္လာမွာလို႔ ေျပာဆိုၾကပါတယ္။ Cindy Saine ရဲ႕ သတင္းေဆာင္းပါးကို မသိဂႌထိုက္ တင္ျပေပးထားပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ႐ုိဟင္ဂ်ာ ၇၄၀,၀၀၀ ေက်ာ္ ထြက္ေျပးခဲ့ရၿပီး အမ်ားစုက အရင္က ထြက္ေျပးခဲ့ၾကသူ သိန္းခ်ီရွိေနရာ ဘဂၤလားေဒ့ရွ္က ဒုကၡသည္ စခန္းေတြမွာ ေရာက္ရွိခဲ့ၾကပါတယ္။ ဒုကၡသည္ ၁ သန္းနီးပါး ဌာေနျပန္ႏုိင္ေရး အခု သံုးႏွစ္ျပည့္တဲ့အခ်ိန္ထိ ျမန္မာအစိုးရဘက္က ေဆာင္ရြက္မေပးႏုိင္ေသးပါဘူး။

ျမန္မာဘက္က လူမ်ိဳးစုအလုိက္ ရွင္းလင္းဖယ္ရွားမႈအျဖစ္ အေမရိကန္ အပါအ၀င္ တျခားႏုိင္ငံေတြကပါ သတ္မွတ္ထားတာပါ။ လူမ်ိဳးစုအလုိက္ ရွင္းလင္းဖယ္ရွားမႈဆိုတဲ့ အသံုးအႏႈန္းက လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုတဲ့ အသံုးအႏႈန္းလို ဥပေဒေၾကာင္းအရ ေလးနက္ျပင္းထန္မႈ မရွိဘူးလို႔ ႐ုိဟင္ဂ်ာအေရး လႈပ္ရွားသူေတြက ႏုိင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာ အေမရိကန္ ေကာ္မရွင္ (USCIRF) ရဲ႕ ေဆြးေႏြးပြဲတခုမွာ ေျပာဆိုခဲ့ၾကပါတယ္။ ႐ုိဟင္ဂ်ာ တက္ႂကြလႈပ္ရွားမႈ ေခါင္းေဆာင္ ေဒၚေ၀ေ၀ႏုက အခုလို ေျပာပါတယ္။

“အေမရိကန္ျပည္ေထာင္စု၊ ႏုိင္ငံတကာ အသိုင္းအ၀ိုင္း၊ ကမၻာႀကီး တခုလံုးရဲ႕ ပိုၿပီး ခိုင္မာတဲ့ အေရးယူလုပ္ေဆာင္မႈ လိုအပ္ပါတယ္။ က်ဴးလြန္ခဲ့တဲ့ ရာဇ၀တ္ျပစ္မႈကို အသံုးအႏႈန္းတခု သတ္မွတ္ၿပီး အဲဒီကေန ေရွ႕ဆက္ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ ေရွ႕မတိုး ေနာက္မဆုတ္ အေျခအေနမွာ ရပ္တန္႔ေနၿပီး ႐ုိဟင္ဂ်ာ အသိုင္းအ၀ိုင္းကို ဒီအေျခအေနအတိုင္း ဆက္မထားႏုိင္ေတာ့ပါဘူး။”

ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ျမန္မာအစုိးရ ေခါင္းေဆာင္ေတြကေတာ့ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈက အၾကမ္းဖက္သူေတြကို ႏွိမ္နင္းမႈအျဖစ္ ႏုိင္ငံတကာတရား႐ုံး (ICJ) မွာ ကာကြယ္ခဲ့တာပါ။ တရား႐ုံးဘက္ကေတာ့ ႐ုိဟင္ဂ်ာေတြ အစုလိုက္ အၿပံဳလုိက္ သတ္ျဖတ္ခံရမႈကို ျမန္မာအစိုးရဘက္က ကာကြယ္လုပ္ေဆာင္ဖို႔ အမိန္႔ခ်မွတ္ခဲ့ပါတယ္။ ႐ုိဟင္ဂ်ာေတြ ႏုိင္ငံသားျဖစ္ေရး အပါအ၀င္ အေျခခံအခြင့္အေရးေတြ ရရွိေရးအတြက္ ျမန္မာေခါင္းေဆာင္ေတြကို ဒီထက္ပိုၿပီး ဖိအားေပးဖို႔ လိုတယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

Naomi Kiloler ကတာ့ အေမရိကန္ျပည္ေထာင္စု Holocaust Memorial Museum က ျဖစ္ပါတယ္။

“ျမန္မာအစိုးရဟာ ဒီလိုျပစ္မႈေတြ မျဖစ္ခဲ့ဘူးလို႔ ျငင္းဆိုေနတာပါ။ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကိုေတာင္ မသံုးႏုိင္တဲ့ အစိုးရတရပ္ ျဖစ္ေနတာပါ။ အခုက ၂၀၂၀ ျပည့္ႏွစ္” ပါလို႔ ေျပာသြားတာပါ။

ျမန္မာအစိုးရဘက္က ထြက္ေျပးရသူေတြကို ျပန္စိစစ္လက္ခံမယ္လို႔ ကတိျပဳထားေပမယ့္ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံပါဘူး။

စခန္းတြင္းက ႐ုိဟင္ဂ်ာေတြရဲ႕ အေျခအေနဟာလည္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ အႏၱရာယ္၊ ေနာက္ လူေတြ ျပည့္သိပ္ေနတဲ့ အေျခအေနဆိုးနဲ႔ ရင္ဆိုင္ေနရသလို ျမန္မာျပည္တြင္းမွာကလည္း လူနည္းစုေတြအေပၚ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြ ဆက္ရွိေနတယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။ ဦးထြန္းခင္ဟာ ႐ုိဟင္ဂ်ာအေရး တက္ႂကြလႈပ္ရွားသူ ေခါင္းေဆာင္တဦး ျဖစ္ပါတယ္။

“႐ုိဟင္ဂ်ာေတြကို ရွင္းလင္း ဖယ္ရွားပစ္ဖို႔ ျမန္မာေခါင္းေဆာင္ေတြ ရည္ရြယ္ထားဆဲ ျဖစ္ပါတယ္။ ႐ုိဟင္ဂ်ာေတြကို ဖ်က္ဆီးေနပါတယ္။ ျမန္မာႏုိင္ငံတြင္းမွာ က်န္ရွိေနတဲ့ ႐ုိဟင္ဂ်ာ ၆ သိန္းေလာက္ရဲ႕ ဘ၀ဟာဆိုရင္လည္း အက်ယ္ခ်ဳပ္ က်ခံေနရတာပါပဲ” လို႔ ဦးထြန္းခင္ ေျပာသြားတာပါ။

မ်ိဳးႏြယ္စုေရးရာ ရာဇ၀တ္မႈေတြအေရး ေျဖရွင္းတဲ့ေနရာမွာ အေမရိကန္ ျပည္ေထာင္စုဟာ အၿမဲတမ္း ဦးေဆာင္မႈ အခန္းက႑မွာ ရွိၿပီး အခု ႐ုိဟင္ဂ်ာေတြအတြက္ပါ အေမရိကန္ဘက္က ရပ္တည္ေပးမယ္ဆိုရင္ တျခားႏုိင္ငံေတြလည္း လိုက္ပါလာမွာ ျဖစ္တယ္လို႔လည္း ဦးထြန္းခင္က ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်ကို တောင်းဆို

ရိုဟင်ဂျာတွေအပေါ် ရက်စက် ဖိနှိပ်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်ဘက်က သတ်မှတ်ပေးဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပြီး အမေရိကန်ကသာ ဦးဆောင်ရင် တခြားနိုင်ငံတွေလည်း ပါဝင်လာမှာလို့ ပြောဆိုကြပါတယ်။ Cindy Saine ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် ထွက်ပြေးခဲ့ရပြီး အများစုက အရင်က ထွက်ပြေးခဲ့ကြသူ သိန်းချီရှိနေရာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ ရောက်ရှိခဲ့ကြပါတယ်။ ဒုက္ခသည် ၁ သန်းနီးပါး ဌာနေပြန်နိုင်ရေး အခု သုံးနှစ်ပြည့်တဲ့အချိန်ထိ မြန်မာအစိုးရဘက်က ဆောင်ရွက်မပေးနိုင်သေးပါဘူး။

မြန်မာဘက်က လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် အမေရိကန် အပါအဝင် တခြားနိုင်ငံတွေကပါ သတ်မှတ်ထားတာပါ။ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုဆိုတဲ့ အသုံးအနှုန်းက လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းလို ဥပဒေကြောင်းအရ လေးနက်ပြင်းထန်မှု မရှိဘူးလို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF) ရဲ့ ဆွေးနွေးပွဲတခုမှာ ပြောဆိုခဲ့ကြပါတယ်။ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်ဝေေ၀နုက အခုလို ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ ကမ္ဘာကြီး တခုလုံးရဲ့ ပိုပြီး ခိုင်မာတဲ့ အရေးယူလုပ်ဆောင်မှု လိုအပ်ပါတယ်။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုကို အသုံးအနှုန်းတခု သတ်မှတ်ပြီး အဲဒီကနေ ရှေ့ဆက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ရှေ့မတိုး နောက်မဆုတ် အခြေအနေမှာ ရပ်တန့်နေပြီး ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ဒီအခြေအနေအတိုင်း ဆက်မထားနိုင်တော့ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအစိုးရ ခေါင်းဆောင်တွေကတော့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုက အကြမ်းဖက်သူတွေကို နှိမ်နင်းမှုအဖြစ် နိုင်ငံတကာတရားရုံး (ICJ) မှာ ကာကွယ်ခဲ့တာပါ။ တရားရုံးဘက်ကတော့ ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုကို မြန်မာအစိုးရဘက်က ကာကွယ်လုပ်ဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ရေး အပါအဝင် အခြေခံအခွင့်အရေးတွေ ရရှိရေးအတွက် မြန်မာခေါင်းဆောင်တွေကို ဒီထက်ပိုပြီး ဖိအားပေးဖို့ လိုတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Naomi Kiloler ကတာ့ အမေရိကန်ပြည်ထောင်စု Holocaust Memorial Museum က ဖြစ်ပါတယ်။

“မြန်မာအစိုးရဟာ ဒီလိုပြစ်မှုတွေ မဖြစ်ခဲ့ဘူးလို့ ငြင်းဆိုနေတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် မသုံးနိုင်တဲ့ အစိုးရတရပ် ဖြစ်နေတာပါ။ အခုက ၂၀၂၀ ပြည့်နှစ်” ပါလို့ ပြောသွားတာပါ။

မြန်မာအစိုးရဘက်က ထွက်ပြေးရသူတွေကို ပြန်စိစစ်လက်ခံမယ်လို့ ကတိပြုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

စခန်းတွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်၊ နောက် လူတွေ ပြည့်သိပ်နေတဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရသလို မြန်မာပြည်တွင်းမှာကလည်း လူနည်းစုတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ ဆက်ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဦးထွန်းခင်ဟာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

“ရိုဟင်ဂျာတွေကို ရှင်းလင်း ဖယ်ရှားပစ်ဖို့ မြန်မာခေါင်းဆောင်တွေ ရည်ရွယ်ထားဆဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ဖျက်ဆီးနေပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ရဲ့ ဘဝဟာဆိုရင်လည်း အကျယ်ချုပ် ကျခံနေရတာပါပဲ” လို့ ဦးထွန်းခင် ပြောသွားတာပါ။

မျိုးနွယ်စုရေးရာ ရာဇဝတ်မှုတွေအရေး ဖြေရှင်းတဲ့နေရာမှာ အမေရိကန် ပြည်ထောင်စုဟာ အမြဲတမ်း ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိပြီး အခု ရိုဟင်ဂျာတွေအတွက်ပါ အမေရိကန်ဘက်က ရပ်တည်ပေးမယ်ဆိုရင် တခြားနိုင်ငံတွေလည်း လိုက်ပါလာမှာ ဖြစ်တယ်လို့လည်း ဦးထွန်းခင်က ပြောဆိုပါတယ်။

XS
SM
MD
LG