သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိုးအိမ္စြန္႔ ရခိုင္ေဒသခံေတြ ကိုဗစ္အေရးထက္ စစ္ေရးအေပၚ ပိုစိုးရိမ္ေနၾက


ရခိုင္ျပည္နယ္ ေရပိုက္ဆုံေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ေရာက္ရွိေနတဲ့ ေ႐ႊေလာင္းတင္ေက်း႐ြာသားမ်ား။ (စက္တင္ဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေဘး ႀကံဳေနရတဲ့ ရခိုင္ျပည္နယ္မွာ စစ္ေရးတင္းမာမႈေတြ ဆက္လက္ႀကီးထြားေနတာေၾကာင့္ ထိခုိက္ေသဆုံးမႈေတြ၊ ေနရပ္စြန္႔ခြာ ထြက္ေျပးရသူေတြ ဒီကေန႔အထိ တုိးလာေနဆဲျဖစ္ၿပီး၊ လုံၿခံဳေရးေရာ၊ ကပ္ေဘးအႏၱရာယ္ ၿခိမ္းေျခာက္မႈေတြနဲ႔ပါ ရင္ဆုိင္ေနရတဲ့ အေျခအေနေတြကုိ ကုိယ္တုိင္သြားေရာက္ သတင္းယူထားတဲ့အေၾကာင္း တင္ျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏုိင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္မွာ ဒီရက္ပုိင္းအတြင္း ရေသ့ေတာင္ၿမိဳ႕နယ္ မိုးစဲကြ်န္းေဒသဘက္မွာလည္း ပစ္ခတ္မႈေတြ ရွိခဲ့တာေၾကာင့့္ ေဒသခံရြာသားေတြ ေဘးလြတ္ရာ ထြက္ေျပးေနၾကရတာပါ။ ရေသ့ေတာင္ၿမိဳ႕နယ္ ကန္ျပင္ေက်းရြာမွာလည္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေတြေၾကာင့္ ေဒသခံေတြ အားလုံးနီးပါး ေဘးလြတ္ရာ ထြက္ေျပးကုန္ၾကရတယ္လုိ႔ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ထြန္းစိန္ ကေျပာပါတယ္။

“က်ေနာ္တို႔ရြာက ရြာသားေတြ ထြက္ေျပးရတာကေတာ့ တပ္မေတာ္သေဘၤာေတြ လာတဲ့အခါ ပစ္သံၾကားတယ္။ ရြာထဲေတြကိုလည္း လက္နက္ႀကီးက်ည္ေတြ က်တယ္။ အဲလို လက္နက္ႀကီးက်ည္က်တဲ့အခါ က်ေနာ္တို႔ရြာက ရြာသားေတြ အကုန္လံုး ေဘးလြတ္ရာကို ထြက္ေျပးၾကရတယ္။ လက္နက္ႀကီးက်ည္ က်မွာ စိုးတာေၾကာင့္ေလ။”

ရေသ့ေတာင္ၿမိဳ႕နယ္ မိုးစဲကြ်န္းေဒသ ေရြေလာင္းတင္ေက်းရြာဘက္မွာလည္း လြန္ခဲ့တဲ့ တစ္ပတ္ေလာက္ကစ ပစ္ခတ္မႈေတြ ဆက္တိုက္ ႀကံဳေနရတာပါ။ ဒီေန႔အေစာပုိင္း ပစ္ခတ္မႈအတြင္း အနည္းဆုံး ေဒသခံ တစ္ ဦး ေသဆုံးၿပီး ထိခုိက္ဒဏ္ရာရသူေတြ ရွိခဲ့ေၾကာင္းလည္း ေဒသခံေတြကေျပာပါတယ္။

ကပ္ေရာဂါကူးစက္မႈ အႏၱရာယ္က ကာကြယ္ဖုိ႔ ရခုိင္ျပည္နယ္မွာ တတ္ႏုိင္သေလာက္ အိမ္ျပင္မထြက္ၾကဖုိ႔ ညႊန္ၾကားထားတဲ့ အခ်ိန္မွာပဲ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ေဒသခံေတြ ေနရပ္စြန္႔ ထြက္ေျပးေနၾကရတာပါ။ ေရႊေလာင္းတင္ေက်းရြာက ထြက္ေျပးလာတဲ့ မ၀င္းရီကေတာ့ ကပ္ေဘးထက္ လတ္တေလာ ၿခိမ္းေျခာက္ေနတဲ့ စစ္ေဘးကုိ ပုိေၾကာက္ေနရတယ္လုိ႔ ေျပာပါတယ္။

“ဒီလိုပဲေနၾကရတယ္။ mask ေတြလည္း မရွိသူ မရွိဘူး၊ ရွိသူေတြမွာလည္း ရွိၾကပါတယ္။ တပ္တဲ့ သူေတြလည္း တပ္ၾကပါတယ္။ ေရာဂါကိုပဲ ေၾကာက္ရမလား၊ တိုက္ပြဲေတြကိုပဲ ေၾကာက္ရမလား ေသနတ္သံေတြက တဂ်ိန္းဂ်ိန္းနဲ႔ နားေထာင္မခံႏိုင္ဘူး။”

အေမရိကန္ ျပည္ေထာင္စု ႏုိင္ငံတကာ အကူအညီေပးေရး ေအဂ်င္စီ USAID ရဲ႕ ဒီလထဲ ထုတ္ျပန္ခ်က္အရ ရခုိင္လက္နက္ကုိင္အဖဲြ႔ AA နဲ႔ တပ္မေတာ္ၾကား ၂၀၁၈ ခုႏွစ္ေႏွာင္းပုိင္းကစ စစ္ေရးပဋိပကၡေတြေၾကာင့္ ရခုိင္ျပည္နယ္မွာ ေနရပ္စြန္႔ခြာ ထြက္ေျပးရသူေတြ တုိးလာေနၿပီး ဒီအထဲက ၇၇,၀၀၀ ေလာက္ကေတာ့ စစ္ေရွာင္ဒုကၡသည္စခန္းေတြမွာ ခုိလႈံေနထုိင္ေနတယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိုးအိမ်စွန့် ရခိုင်ဒေသခံတွေ ကိုဗစ်အရေးထက် စစ်ရေးအပေါ် ပိုစိုးရိမ်နေကြ

ကိုဗစ်ကပ်ဘေး ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ကြီးထွားနေတာကြောင့် ထိခိုက်သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဒီကနေ့အထိ တိုးလာနေဆဲဖြစ်ပြီး၊ လုံခြုံရေးရော၊ ကပ်ဘေးအန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့အကြောင်း တင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသဘက်မှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့တာကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတာပါ။ ရသေ့တောင်မြို့နယ် ကန်ပြင်ကျေးရွာမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ အားလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးကုန်ကြရတယ်လို့ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန် ကပြောပါတယ်။

“ကျနော်တို့ရွာက ရွာသားတွေ ထွက်ပြေးရတာကတော့ တပ်မတော်သင်္ဘောတွေ လာတဲ့အခါ ပစ်သံကြားတယ်။ ရွာထဲတွေကိုလည်း လက်နက်ကြီးကျည်တွေ ကျတယ်။ အဲလို လက်နက်ကြီးကျည်ကျတဲ့အခါ ကျနော်တို့ရွာက ရွာသားတွေ အကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်။ လက်နက်ကြီးကျည် ကျမှာ စိုးတာကြောင့်လေ။”

ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသ ရွေလောင်းတင်ကျေးရွာဘက်မှာလည်း လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစ ပစ်ခတ်မှုတွေ ဆက်တိုက် ကြုံနေရတာပါ။ ဒီနေ့အစောပိုင်း ပစ်ခတ်မှုအတွင်း အနည်းဆုံး ဒေသခံ တစ် ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

ကပ်ရောဂါကူးစက်မှု အန္တရာယ်က ကာကွယ်ဖို့ ရခိုင်ပြည်နယ်မှာ တတ်နိုင်သလောက် အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားထားတဲ့ အချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံတွေ နေရပ်စွန့် ထွက်ပြေးနေကြရတာပါ။ ရွှေလောင်းတင်ကျေးရွာက ထွက်ပြေးလာတဲ့ မဝင်းရီကတော့ ကပ်ဘေးထက် လတ်တလော ခြိမ်းခြောက်နေတဲ့ စစ်ဘေးကို ပိုကြောက်နေရတယ်လို့ ပြောပါတယ်။

“ဒီလိုပဲနေကြရတယ်။ mask တွေလည်း မရှိသူ မရှိဘူး၊ ရှိသူတွေမှာလည်း ရှိကြပါတယ်။ တပ်တဲ့ သူတွေလည်း တပ်ကြပါတယ်။ ရောဂါကိုပဲ ကြောက်ရမလား၊ တိုက်ပွဲတွေကိုပဲ ကြောက်ရမလား သေနတ်သံတွေက တဂျိန်းဂျိန်းနဲ့ နားထောင်မခံနိုင်ဘူး။”

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ရဲ့ ဒီလထဲ ထုတ်ပြန်ချက်အရ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား ၂၀၁၈ ခုနှစ်နှောင်းပိုင်းကစ စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ တိုးလာနေပြီး ဒီအထဲက ၇၇,၀၀၀ လောက်ကတော့ စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG