သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္က Quarantine ဌာနေတြ ရိကၡာပုိ႔ေရး WFP နဲ႔ ျမန္မာအစုိးရ သေဘာတူ


ရခိုင္ စစ္ေတြေဆးရံုေရွ႕ အပူခ်ိန္တိုင္းေနစဥ္

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါ အျဖစ္မ်ားေနရတဲ့ ရခုိင္ျပည္နယ္မွာကြာရမ္တင္းစင္တာေတြကို WFP ကမၻာ့စားနပ္ရိကၡာအစီအစဥ္အဖဲြ႕က စားနပ္ရိကၡာ ေရတို ေထာက္ပံ့ေပးသြားဖို႔အတြက္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ရခုိင္ျပည္နယ္အစိုးရတို႔နဲ႔ စက္တင္ဘာ ပထမပတ္ထဲမွာ သေဘာတူလက္မွတ္ ေရးထုိးခဲ့ေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ Stephane Dujarric က နယူးေယာက္ၿမဳိ႕ ကုလသမဂၢ႐ုံးက ေန႔စဥ္ပုံမွန္ သတင္းစာရွင္းလင္းပဲြအတြင္း အဂၤါေန႔က ေျပာသ ြားပါတယ္။

“ဒီသေဘာတူညီခ်က္အရ ရခုိင္ျပည္နယ္တြင္း ၿမဳိ့နယ္(၈)ခုက က ြာရမ္တင္းစတင္တာေတြကို WFP က စားနပ္ရိကၡာ ေထာက္ပံ့သ ြားမွာပါ။ က ြာရမ္တင္း ဝင္ေနရတဲ့လူေတြကို အဟာရျပည့္ဝတဲ့ အစားအေသာက္ တေန႔ကို ၃ ႀကိမ္ WFP အဖဲြ႔က ကူညီေထာက္ပံ့ သြားမွာပါလို႔ Dujarric က ရွင္းျပသ ြားတာ ျဖစ္ပါတယ္။

ရခုိင္ျပည္နယ္မွာ ၂၀၂၀ ၾသဂုတ္လလယ္ကစလို႔ ကုိဗစ္ေရာဂါ ျပည္တြင္းကူးစက္မႈေတြ စစ္ေတြၿမဳိ႕နဲ႔ တဝုိက္မွာ အမ်ားအျပားေတြ႔လာရၿပီး စက္တင္ဘာ (၁၀)ရက္ေန႔ထိ စာရင္းအရ ျပည္သူ (၁၅၀၀)ေလာက္ဟာ ျပည္နယ္အစိုးရက စီမံခန္႔ခဲြတဲ့ စင္တာေတြမွာ ကြာရမ္တင္း ဝင္ေနရေၾကာင္း ၊ ဒါေၾကာင့္ အဲဒီ ရခိုင္ျပည္သူေတြအတြက္ေရာ ျမန္မာႏိုင္ငံတြင္း အျခားေဒသက လိုအပ္ေနတဲ့ ေနရာေတြအတြက္ပါ အစားအေသာက္နဲ႔ အဟာရျဖည့္စ ြက္စာေတြကုိ ျဖန္႔ေဝေပးသ ြားမွာ ျဖစ္တယ္လို႔ WFP အဖဲြ႔က ေျပာပါတယ္။

ျပည္ေထာင္စုဝန္ႀကီးျဖစ္တဲ့ ေဒါက္တာ ဝင္းျမတ္ေအးကလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းထဲ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေတြ မ်ားလာတဲ့အတြက္ သူတို႔ရဲ႕ လူကယ္ျပန္ဝန္ႀကီးဌာနအေနနဲ႔ ကပ္ေရာဂါေၾကာင့္ ဒုကၡေရာက္ေနသူေတြကို အကူညီေပးႏိုင္ဖို႔ WFP အဖဲြ႔နဲ႔ ေဆြးေႏြးတိုင္ပင္ ခဲ့ရေၾကာင္း ၊ အခုလို WFP က ကူညီေထာက္ပံ့တဲ့အတြက္ ေက်းဇူးတင္ အသိအမွတ္ျပဳေၾကာင္းလည္း ဝန္ႀကီးက ေျပာပါတယ္။

ဒီ စက္တာဘာလထဲမွာေတာ့ အမ္း၊ ေက်ာက္ျဖဴ၊ ေက်ာက္ေတာ္၊ မင္းျဗား၊ ေျမာက္ဦး ၊ ေျမပုံ၊ ေပါက္ေတာနဲ႔ စစ္ေတြ စတဲ့ (၈)ၿမဳိ႕နယ္ကို WFP အဖဲြ႔နဲ႔ ရခုိင္ျပည္နယ္အစိုးရ တာဝန္ရွိသူေတြ လက္တဲြၿပီး စားနပ္ရိကၡာ ေထာက္ပံ့ေရးကို ေဆာင္ရြက္ခဲ့ပါတယ္။ COVID-19 ကူးစက္မႈ အတက္အက် အေျခအေနကို ႏွစ္ဖက္ အဖဲြ႕႔အစည္းေတြ ေစာင့္ၾကည့္ေလ့လာေနၿပီး ၊ ေနာက္ထပ္ ဘယ္လို အကူအညီ ဆက္ေပးရမယ္ဆိုတာကို ဆုံးျဖတ္သ ြားမယ္လို႔ WFP အဖဲြ႔ ျမန္မာႏုိင္ငံဆုိင္ရာ ဌာေနကိုယ္စားလွယ္ Stephen Anderson က ေျပာပါတယ္။

WFP အဖဲြ႔ဟာ လူကယ္ျပန္ဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီး စစ္ေရးပဋိပကၡႀကဳံေနတဲ့ ရခုိင္ျပည္နယ္ထဲက ေဒသခံ (၂)သိန္းကို စားနပ္ရိကၡာ ျဖန္႔ေဝႏိုင္ခဲ့သလို၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသက အကူအညီလိုအပ္ေနတဲ့ ျပည္သူ(၁)သိန္းအတြက္လည္း လစဥ္ ရိကၡာ ေထာက္ပံ့ေနပါတယ္။ ရခုိင္ျပည္နယ္တြင္း လိုအပ္တဲ့ေနရာေတြမွာသုံးဖို႔ PPE ဝတ္စုံေတြ၊ လက္ပိုးသတ္ေဆးရည္နဲ႔ အဖ်ားတိုင္း စက္ေတြကုိလည္း လႉဒါန္းခဲ့တာပါ။

ဒါ့အျပင္ နယ္စပ္ေဒသကေန ျပန္ဝင္လာၾကၿပီး ကြာရမ္တင္းဝင္ေနရတဲ့ တိုင္းနဲ႔ျပည္နယ္ (၁၀)ခုထဲက ျပည္သူ (၆)ေသာင္းအတြက္လည္း စားနပ္ရိကၡာ ေပးေဝခဲ့တယ္လို႔ WFP က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ရခိုင်က Quarantine ဌာနတွေ ရိက္ခာပို့ရေး WFP နဲ့ မြန်မာအစိုးရ သဘောတူ

(Unicode)

ကိုဗစ်ကပ်ရောဂါ အဖြစ်များနေရတဲ့ ရခိုင်ပြည်နယ်မှာကွာရမ်တင်းစင်တာတွေကို WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့က စားနပ်ရိက္ခာ ရေတို ထောက်ပံ့ပေးသွားဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရတို့နဲ့ စက်တင်ဘာ ပထမပတ်ထဲမှာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က နယူးယောက်မြို့ ကုလသမဂ္ဂရုံးက နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အင်္ဂါနေ့က ပြောသ ွားပါတယ်။

“ဒီသဘောတူညီချက်အရ ရခိုင်ပြည်နယ်တွင်း မြို့နယ်(၈)ခုက က ွာရမ်တင်းစတင်တာတွေကို WFP က စားနပ်ရိက္ခာ ထောက်ပံ့သ ွားမှာပါ။ က ွာရမ်တင်း ဝင်နေရတဲ့လူတွေကို အဟာရပြည့်ဝတဲ့ အစားအသောက် တနေ့ကို ၃ ကြိမ် WFP အဖွဲ့က ကူညီထောက်ပံ့ သွားမှာပါလို့ Dujarric က ရှင်းပြသ ွားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၀ သြဂုတ်လလယ်ကစလို့ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုတွေ စစ်တွေမြို့နဲ့ တဝိုက်မှာ အများအပြားတွေ့လာရပြီး စက်တင်ဘာ (၁၀)ရက်နေ့ထိ စာရင်းအရ ပြည်သူ (၁၅၀၀)လောက်ဟာ ပြည်နယ်အစိုးရက စီမံခန့်ခွဲတဲ့ စင်တာတွေမှာ ကွာရမ်တင်း ဝင်နေရကြောင်း ၊ ဒါကြောင့် အဲဒီ ရခိုင်ပြည်သူတွေအတွက်ရော မြန်မာနိုင်ငံတွင်း အခြားဒေသက လိုအပ်နေတဲ့ နေရာတွေအတွက်ပါ အစားအသောက်နဲ့ အဟာရဖြည့်စ ွက်စာတွေကို ဖြန့်ဝေပေးသ ွားမှာ ဖြစ်တယ်လို့ WFP အဖွဲ့က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဒေါက်တာ ဝင်းမြတ်အေးကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းထဲ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ များလာတဲ့အတွက် သူတို့ရဲ့ လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ ကပ်ရောဂါကြောင့် ဒုက္ခရောက်နေသူတွေကို အကူညီပေးနိုင်ဖို့ WFP အဖွဲ့နဲ့ ဆွေးနွေးတိုင်ပင် ခဲ့ရကြောင်း ၊ အခုလို WFP က ကူညီထောက်ပံ့တဲ့အတွက် ကျေးဇူးတင် အသိအမှတ်ပြုကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

ဒီ စက်တာဘာလထဲမှာတော့ အမ်း၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းဗြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တောနဲ့ စစ်တွေ စတဲ့ (၈)မြို့နယ်ကို WFP အဖွဲ့နဲ့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ လက်တွဲပြီး စားနပ်ရိက္ခာ ထောက်ပံ့ရေးကို ဆောင်ရွက်ခဲ့ပါတယ်။ COVID-19 ကူးစက်မှု အတက်အကျ အခြေအနေကို နှစ်ဖက် အဖွဲ့အစည်းတွေ စောင့်ကြည့်လေ့လာနေပြီး ၊ နောက်ထပ် ဘယ်လို အကူအညီ ဆက်ပေးရမယ်ဆိုတာကို ဆုံးဖြတ်သ ွားမယ်လို့ WFP အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Stephen Anderson က ပြောပါတယ်။

WFP အဖွဲ့ဟာ လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး စစ်ရေးပဋိပက္ခကြုံနေတဲ့ ရခိုင်ပြည်နယ်ထဲက ဒေသခံ (၂)သိန်းကို စားနပ်ရိက္ခာ ဖြန့်ဝေနိုင်ခဲ့သလို၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက အကူအညီလိုအပ်နေတဲ့ ပြည်သူ(၁)သိန်းအတွက်လည်း လစဉ် ရိက္ခာ ထောက်ပံ့နေပါတယ်။ ရခိုင်ပြည်နယ်တွင်း လိုအပ်တဲ့နေရာတွေမှာသုံးဖို့ PPE ဝတ်စုံတွေ၊ လက်ပိုးသတ်ဆေးရည်နဲ့ အဖျားတိုင်း စက်တွေကိုလည်း လှူဒါန်းခဲ့တာပါ။

ဒါ့အပြင် နယ်စပ်ဒေသကနေ ပြန်ဝင်လာကြပြီး ကွာရမ်တင်းဝင်နေရတဲ့ တိုင်းနဲ့ပြည်နယ် (၁၀)ခုထဲက ပြည်သူ (၆)သောင်းအတွက်လည်း စားနပ်ရိက္ခာ ပေးဝေခဲ့တယ်လို့ WFP က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG