သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ ကိုဗစ္စစ္ကိရိယာ ၂၀,၀၀၀ ကုလသမဂၢ ကူညီ

UNHCR နဲ႔ WFP တို႔ပူးေပါင္းၿပီး ျမန္မာႏိုင္ငံအတြက္ ကူညီတဲ့ ဗိုင္းရပ္စ္စစ္ေဆးတဲ့ ကိရိယာေတြကို လဲႊေျပာင္းေပးအပ္တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - United Nations Myanmar - ဇူလိုင္ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

ဒုကၡသည္ဆိုင္ရာ ကုလသမဂၢ ေအဂ်င္စီ (UNHCR) နဲ႔ ကမာၻ႔စားႏွပ္ရိကၡာအဖဲြ႔ (WFP) တုိ႔ပူးေပါင္းၿပီးေတာ့ ျမန္မာႏုိင္ငံအတြက္ COVID-19 ေရာဂါပိုးရွိ၊ မရွိ စမ္းသပ္စစ္ေဆးတဲ့ ကိရိယာ ၂၀,၀၀၀ ေပးသြားမွာျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ကုလသမဂၢ႐ုံးက ဇူလိုင္လ ၃၀ ရက္ေန႔က ထုတ္ျပန္ပါတယ္။

အဲဒီ ဗုိင္းရပ္စ္ စစ္ေဆးတဲ့ကိရိယာ ၂၀,၀၀၀ ဟာ ရန္ကုန္ေလဆိပ္ကို မေန႔ကေရာက္ရွိလာခဲ့ၿပီး ဒါဟာ ကုလသမဂၢက ျမန္မာႏုိင္ငံရဲ႕ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနကို ေပးတဲ့ ဗုိင္းရပ္စ္စစ္ေဆးတဲ့ ကိရိယာ ၉၅,၀၀၀ ထဲက အစိတ္အပိုင္းတရပ္ ျဖစ္တယ္လို႔ ဆုိပါတယ္။

ကုလသမဂၢမိသားစုအေနနဲ႔ ျမန္မာအစိုးရရဲ႕ COVID-19 ေရာဂါတုိက္ဖ်က္ေရး တုံ႔ျပန္ေဆာင္ရြက္မႈေတြ နဲ႔ အတူ တသားတည္းအျပည့္အ၀ ရပ္တည္ေနၿပီး ဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္ၿပီး အသက္ေတြကယ္တင္ႏုိင္ဖို႔အတြက္ တႏုိင္ငံလုံးအတုိင္းအတာနဲ႔ ေဆာင္ရြက္ေနတာေတြကို တက္တက္ႂကြႂကြ ပံ့ပိုးကူညီသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

အဲဒီထဲမွာ ဗုိင္းရပ္စ္ရွိ၊ မရွိ စစ္ေဆးတဲ့ကိရိယာေတြအျပင္ တကိုယ္ေရသန္႔ရွင္းေရးအတြက္လိုအပ္တာေတြ၊ ေဆးပစၥည္းအေထာက္အပံ့ေတြနဲ႔ တျခားလိုအပ္ေနတဲ့အကူအညီေတြ ပါ၀င္တယ္လို႔ေျပာပါတယ္။

UNHCR နဲ႔ WFP တို႔ပူးေပါင္းၿပီး ျမန္မာႏိုင္ငံအတြက္ ကူညီတဲ့ ဗိုင္းရပ္စ္စစ္ေဆးတဲ့ ကိရိယာေတြကို လြဲွေျပာင္းေပးအပ္တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - United Nations Myanmar - ဇူလိုင္ ၃၀၊ ၂၀၂၀)
UNHCR နဲ႔ WFP တို႔ပူးေပါင္းၿပီး ျမန္မာႏိုင္ငံအတြက္ ကူညီတဲ့ ဗိုင္းရပ္စ္စစ္ေဆးတဲ့ ကိရိယာေတြကို လြဲွေျပာင္းေပးအပ္တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - United Nations Myanmar - ဇူလိုင္ ၃၀၊ ၂၀၂၀)

အခုေပးပို႔လိုက္တဲ့ ဗုိင္းရပ္စ္စစ္ေဆးတဲ့ ကိရိယာေတြဟာ ပဋိပကၡေတြအတြင္း အိုးအိမ္စြန္႔ခြာထြက္ေျပးေနသူေတြအပါအ၀င္ လူမႈအသိုင္းအ၀ုိင္းေတြအားလုံးကို ဗုိ္င္းရပ္စ္ကူးစက္မႈေတြ မျဖစ္ေအာင္ ကာကြယ္လုပ္ေဆာင္ေနတဲ့ ျမန္မာအစိုးရကို ကူညီဖို႔အတြက္ အေရးႀကီးတယ္လို႔ UNHCR ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ ယာယီကိုယ္စားလွယ္ Ms Cecile Fradot က ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီကေန႔ မနက္ပိုင္း ထုတ္ျပန္ခ်က္အရေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုးကူးစက္ခံရသူ ၃၅၃ ေယာက္ရွိၿပီး၊ ေသဆုံးသူ ေျခာက္ ဦး ရွိတယ္လို႔ အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအတွက် ကိုဗစ်စစ်ကိရိယာ ၂၀,၀၀၀ ကုလသမဂ္ဂ ကူညီ

ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNHCR) နဲ့ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) တို့ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံအတွက် COVID-19 ရောဂါပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးတဲ့ ကိရိယာ ၂၀,၀၀၀ ပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

UNHCR နဲ႔ WFP တို႔ပူးေပါင္းၿပီး ျမန္မာႏိုင္ငံအတြက္ ကူညီတဲ့ ဗိုင္းရပ္စ္စစ္ေဆးတဲ့ ကိရိယာေတြကို လဲႊေျပာင္းေပးအပ္တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - United Nations Myanmar - ဇူလိုင္ ၃၀၊ ၂၀၂၀)
UNHCR နဲ႔ WFP တို႔ပူးေပါင္းၿပီး ျမန္မာႏိုင္ငံအတြက္ ကူညီတဲ့ ဗိုင္းရပ္စ္စစ္ေဆးတဲ့ ကိရိယာေတြကို လဲႊေျပာင္းေပးအပ္တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - United Nations Myanmar - ဇူလိုင္ ၃၀၊ ၂၀၂၀)

အဲဒီ ဗိုင်းရပ်စ် စစ်ဆေးတဲ့ကိရိယာ ၂၀,၀၀၀ ဟာ ရန်ကုန်လေဆိပ်ကို မနေ့ကရောက်ရှိလာခဲ့ပြီး ဒါဟာ ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ပေးတဲ့ ဗိုင်းရပ်စ်စစ်ဆေးတဲ့ ကိရိယာ ၉၅,၀၀၀ ထဲက အစိတ်အပိုင်းတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂမိသားစုအနေနဲ့ မြန်မာအစိုးရရဲ့ COVID-19 ရောဂါတိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှုတွေ နဲ့ အတူ တသားတည်းအပြည့်အ၀ ရပ်တည်နေပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်ပြီး အသက်တွေကယ်တင်နိုင်ဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတာတွေကို တက်တက်ကြွကြွ ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီထဲမှာ ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးတဲ့ကိရိယာတွေအပြင် တကိုယ်ရေသန့်ရှင်းရေးအတွက်လိုအပ်တာတွေ၊ ဆေးပစ္စည်းအထောက်အပံ့တွေနဲ့ တခြားလိုအပ်နေတဲ့အကူအညီတွေ ပါဝင်တယ်လို့ပြောပါတယ်။

အခုပေးပို့လိုက်တဲ့ ဗိုင်းရပ်စ်စစ်ဆေးတဲ့ ကိရိယာတွေဟာ ပဋိပက္ခတွေအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေသူတွေအပါအဝင် လူမှုအသိုင်းအဝိုင်းတွေအားလုံးကို ဗိုင်းရပ်စ်ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်လုပ်ဆောင်နေတဲ့ မြန်မာအစိုးရကို ကူညီဖို့အတွက် အရေးကြီးတယ်လို့ UNHCR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီကိုယ်စားလှယ် Ms Cecile Fradot က ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၃၅၃ ယောက်ရှိပြီး၊ သေဆုံးသူ ခြောက် ဦး ရှိတယ်လို့ အတည်ပြုထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG