သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္၀ၿမိဳ႕အတြက္ WFP စားနပ္ရိကၡာ ၁၆၅ တန္ပုိ႔


ခ်င္းျပည္နယ္အတြင္း WFP က စားနပ္ရိကၡာမ်ားကို ေထာက္ပံ႔ေနစဥ္ ( ဓါတ္ပံု -WFP/SiljaLehtinen )

(Zawgyi/ Unicode)

ရခုိင္လက္နက္ကိုင္တပ္ AA နဲ႔ ျမန္မာ စစ္တပ္ၾကား တိုက္ပြဲေတြေၾကာင့္ ဒုကၡေရာက္ေနတဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ အတြက္ အေရးေပၚ စားနပ္ရိကၡာနဲ႔ ျဖည့္စြက္ အဟာရ ၁၆၅ တန္ ထပ္မံ ပို႔ေဆာင္ႏုိင္ခဲ႔ၿပီး ဒီသတင္းပတ္ အတြင္းမွာဘဲ ကုလသမဂၢ စားနပ္ရိကၡာ အဖြဲ႔ WFP က စတင္ ျဖန႔္ေ၀ေနပါၿပီ။

တုိက္ပြဲေတြ ျဖစ္ေနတဲ႔ ပလက္၀မွာ လနဲ႔ခ်ီ ကုန္စည္စီးဆင္းမႈ ျပတ္ေတာက္ေနတာပါ။ လမ္းေတြက မေကာင္းသလို လံုၿခံဳေရးလည္း မရွိတဲ႔ ၾကားကဘဲ ပလက္၀ၿမိဳ႕ကို အေရးေပၚ စားနပ္ရိကၡာေတြ ထပ္ၿပီး ပို႔ႏုိင္ခဲ႔တဲ႔ အတြက္ ပူးေပါင္းေဆာင္ရြက္ခဲ႔ၾကတဲ႔ ခ်င္းျပည္နယ္ အပါအ၀င္ တာ၀န္ရွိသူ အားလံုးကို ေက်းဇူးတင္ေၾကာင္း WFP ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ ညႊန္ၾကားေရးမွဴး Stephen Anderson က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

စား၀တ္ေနေရး အတြက္ အလုပ္လုပ္လို႔ မရတဲ႔ အေျခအေန၊ ၀ယ္ယူသံုးစြဲဖို႔ကလည္း အခက္ေတြ႔ေနတဲ႔ ပလက္၀ ေဒသခံေတြ အတြက္ လူသားခ်င္း စာနာေထာက္ကူမႈ အကူအညီေတြက အေရးႀကီးေနတယ္လို႔လည္း ေၾကညာခ်က္မွာ ထပ္ေလာင္း ေျပာပါတယ္။

ရခိုင္လက္နက္ကိုင္တပ္နဲ႔ ျမန္မာ စစ္တပ္ၾကား တိုက္ပြဲေတြေၾကာင့္ ခ်င္းျပည္နယ္ ပလက္၀ နဲ႔ ေဒသတ၀ိုက္မွာ စစ္ေရွာင္ ၇,၀၀၀ ေလာက္ ရွိေနပါတယ္။ ဒီလူေတြ အတြက္ ကုလသမဂၢ စားနပ္ရိကၡာ အဖြဲ႔ WFP က ရိကၡာ ဆက္တိုက္ ေထာက္ပံ႔ ပို႔ေဆာင္ေပးေနတာမွာ ၿပီးခဲ႔တဲ႔ ဧၿပီ ၂၉ ရက္ေန႔ကေတာ့ WFP ရဲ႕ ရိကၡာပို႔တဲ႔ ယာဥ္တန္း တိုက္ခုိက္ခံခဲ႔ရပါတယ္။

ရခုိင္လက္နက္ကိုင္ တပ္ဖြဲ႔က တိုက္ခုိက္တာလို႔ အာဏာပိုင္တို႔က ေျပာေပမယ့္ ရခုိင္လက္နက္ကိုင္တပ္ AA ကေတာ့ သူတို႔ တိုက္ခုိက္တာ မဟုတ္ဘူးလို႔ ျငင္းဆိုထားပါတယ္။

ပလက္၀ၿမိဳ႕အတြက္ WFP စားနပ္ရိကၡာ ၁၆၅ တန္ပုိ႔
please wait

No media source currently available

0:00 0:01:34 0:00
တိုက္႐ိုက္ လင့္ခ္


...............

ပလက်ဝမြို့အတွက် WFP စားနပ်ရိက္ခာ ၁၆၅ တန်ပို့

(Unicode)

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ဖြည့်စွက် အဟာရ ၁၆၅ တန် ထပ်မံ ပို့ဆောင်နိုင်ခဲ့ပြီး ဒီသတင်းပတ် အတွင်းမှာဘဲ ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ WFP က စတင် ဖြန့်ဝေနေပါပြီ။

တိုက်ပွဲတွေ ဖြစ်နေတဲ့ ပလက်ဝမှာ လနဲ့ချီ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေတာပါ။ လမ်းတွေက မကောင်းသလို လုံခြုံရေးလည်း မရှိတဲ့ ကြားကဘဲ ပလက်ဝမြို့ကို အရေးပေါ် စားနပ်ရိက္ခာတွေ ထပ်ပြီး ပို့နိုင်ခဲ့တဲ့ အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ ချင်းပြည်နယ် အပါအဝင် တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ကြောင်း WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Stephen Anderson က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

စားဝတ်နေရေး အတွက် အလုပ်လုပ်လို့ မရတဲ့ အခြေအနေ၊ ဝယ်ယူသုံးစွဲဖို့ကလည်း အခက်တွေ့နေတဲ့ ပလက်၀ ဒေသခံတွေ အတွက် လူသားချင်း စာနာထောက်ကူမှု အကူအညီတွေက အရေးကြီးနေတယ်လို့လည်း ကြေညာချက်မှာ ထပ်လောင်း ပြောပါတယ်။

ရခိုင်လက်နက်ကိုင်တပ်နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်၀ နဲ့ ဒေသတဝိုက်မှာ စစ်ရှောင် ၇,၀၀၀ လောက် ရှိနေပါတယ်။ ဒီလူတွေ အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ WFP က ရိက္ခာ ဆက်တိုက် ထောက်ပံ့ ပို့ဆောင်ပေးနေတာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကတော့ WFP ရဲ့ ရိက္ခာပို့တဲ့ ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့က တိုက်ခိုက်တာလို့ အာဏာပိုင်တို့က ပြောပေမယ့် ရခိုင်လက်နက်ကိုင်တပ် AA ကတော့ သူတို့ တိုက်ခိုက်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG