သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒးဗစ္လားနဲ႔ ဦးေဝထြန္း ေထာင္ဒဏ္ ၃ လစီ ခ်မွတ္ခံရ


ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရားရံုးမွာ စီရင္ခ်က္ခ်ၿပီး ကေနဒါႏိုင္ငံသား တရားေဟာဆရာေဒးဗစ္လားကို ရဲကားနဲ႔ ေခၚေဆာင္သြားတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါကာလ လူစုလူေဝးမလုပ္ဖုိ႔ တားျမစ္ထားခ်ိန္ ဘာသာေရးအခမ္းအနားပဲြကုိ ဦးေဆာင္က်င္းပခဲ့တဲ့အတြက္ အမႈရင္ဆုိင္ေနရတဲ့ ခရစ္ယာန္တရားေဟာဆရာ ေဒးဗစ္လားကို ဒီေန႔မွာ ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးကေန ေထာင္ဒဏ္ သံုး လ စီရင္ခ်က္ ခ်လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလ လူစုလူေဝးမလုပ္ဖို႔ တားျမစ္ခ်က္ကို ေဖာက္ဖ်က္ခဲ့မႈနဲ႔ ၂ လေလာက္ အမႈရင္ဆုိင္ေနရတဲ့ တရားေဟာဆရာ ေဒးဗစ္လားနဲ႔ ဦးေဝထြန္းတို႔ကုိ ဒီကေန႔ပဲ ရန္ကုန္ၿမိဳ႕ မရမ္းကုန္း ၿမိဳ႕နယ္တရား႐ုံးက ျပစ္ဒဏ္စီရင္ခ်က္ ခ်မွတ္လုိက္တာပါ။ သူတုိ႔ ႏွစ္ ဦးစလုံးကုိေတာ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၃၀ (က) အရ ေထာင္ဒဏ္ ၃ လ က်ခံဖို႔ တရား႐ုံးက အမိန႔္ခ်မွတ္လိုက္ေပမဲ့ ခ်ဳပ္ရက္ခြင့္စားခြင့္ ရရွိမွာျဖစ္တယ္လုိ႔လည္း မရမ္းကုန္းၿမိဳ႕နယ္တရားသူႀကီး ဦးမိုးေဆြက မီဒီယာေတြကို ေျပာပါတယ္။

"ေထာင္ဒဏ္ ၃ လ ေပးလိုက္တယ္။ ခ်ဳပ္ရက္ခံစားခြင့္ကေတာ့ အမႈတိုင္းထုံးစံပဲေလ။ ျပစ္ဒဏ္ေပးရင္ခ်ဳပ္ရက္ခံစား ခြင့္ရွိတာပဲ။ ေငြဒဏ္မပါဘူး။ ေနာက္ထပ္၂ ပတ္နီးပါးေနရမယ္။ ခ်ဳပ္ရက္က ခ်ဳပ္တဲ့ေန႔ကေနစၿပီး တရားဝင္တာေပါ့။ ၃လ ျပည့္ေအာင္ေနရမွာေပါ့။"

ကေနဒါႏိုင္ငံသား တရားေဟာဆရာေဒးဗစ္လားဟာ ကပ္ေရာဂါကာလ ကန္႔သတ္ခ်ဳပ္ေတြ ထုတ္ျပန္ထားခ်ိန္ ဧၿပီလ ၇ ရက္ေန႔တုန္းက ရန္ကုန္ၿမိဳ႕မွာ ဘာသာေရးပြဲတခုကုိ ဦးေဆာင္က်င္းပခဲ့တဲ့အတြက္ အေရးယူခံခဲ့ရတာျဖစ္ပါတယ္။ ေနာက္ပုိင္းမွာ သူအပါအ၀င္ အခမ္းအနား တက္ေရာက္သူေတြထဲက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၇ ဦးထိ ရွိခဲ့တယ္လို႔လည္း ျမန္မာက်န္းမာေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့တာပါ။ တရားလႊတ္ေတာ္ ေရွ႕ေနမ်ားေကာင္စီ၀င္ ဦးခင္ေမာင္ေဇာ္ကေတာ့ ကပ္ေရာဂါကာလမွာ ဥပေဒခ်ဳိးေဖာက္သူေတြ ရွိတယ္ဆုိရင္ ေက်ာသားရင္သား မခဲြျခားဖုိ႔လိုတယ္လုိ႔ မွတ္ခ်က္ေပးပါတယ္။

"ကိုဗစ္ကာလအတြင္းမွာ အဲလိုပဲ အတိအလင္း တာဝန္ရွိပုဂိၢဳလ္ေတြ ဥပေဒခ်ိဳးေဖာက္တာမ်ိဳးေတြ ေတြ႕ခဲ့ရတယ္။ အဲဒါေတြေတာ့ေက်ာ္သြားတယ္။ ဥပေဒေအာက္မွာ အားလုံးတန္းတူ ရွိရမယ္။ ဥပေဒေၾကာင္းအရ တမႈခ်င္းဆီကို အျပစ္ ေပးတာကိုေတာ့ ဘာမွေျပာစရာမရွိဘူး။ အျပစ္ရွိအျပစ္ေပးခံရမွာပဲ။ အဲလိုလုပ္တဲ့ ဟာေတြမွာ ဥပေဒဟာ Equal Under The Law ျဖစ္သလား။ က်ေနာ္ကေတာ့ မျဖစ္ဘူး ထင္တယ္ဗ်။"

ကိုဗစ္ ေရာဂါကူးစက္ခံေနရတဲ့ ၿပီးခဲ့တဲ့ ဧၿပီလနဲ႔ မတ္လ အတြင္းမွာ ထားဝယ္ခ႐ိုင္ ေရျဖဴၿမိဳ႕နယ္မွာ ဘုန္းႀကီးပ်ံပြဲ က်င္းပခဲ့သူေတြနဲ႔ ေနအိမ္အတြင္း လူစုလူေဝးနဲ႔ ဘာသာေရးဝတ္ျပဳဆုေတာင္းခဲ့တဲ့ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ ၿမိဳ႕နယ္က အစၥလာမ္ဘာသာဝင္ေတြကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၃၀ (က)နဲ႔ အေရးယူကာ တရား႐ုံးက ေထာင္ဒဏ္ျပစ္ဒဏ္ ခ်မွတ္ခဲ့ဖူးပါတယ္။ ဒါေပမ့ဲလည္း အလားတူ အစုိးရတာ၀န္ရွိသူေတြ အပါအ၀င္ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြကုိ မလုိက္နာသူေတြကုိ အေရးမယူခဲ့တာမ်ဳိးေတြ ရွိခဲ့တယ္ဆုိၿပီး ေ၀ဖန္မႈေတြလည္း ရွိခဲ့ပါတယ္။

သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒမွာေတာ့ ဘယ္သူမဆို ဆန္းစစ္ခ်က္မျပဳလုပ္ဘဲနဲ႔ ေပါ့ဆစြာ ေဆာင္႐ြက္တာ၊ ေဘးအႏၲရာယ္ တခုခု က်ႏိုင္တာကို သိလို႔ ျဖစ္ေစ တမင္လုပ္လို႔ျဖစ္ေစ သဘာဝေဘးအႏၲရာယ္နဲ႔ ႀကံဳရတာ ဒါမွမဟုတ္ရင္လည္း ႀကံဳရေအာင္ အေၾကာင္းရင္းေတြ ဖန္တီးတယ္ဆုိရင္ ၃ ႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္၊ ေငြဒဏ္၊ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ ရပ္စလုံး ခ်မွတ္ႏုိင္တယ္လုိ႔ ျပဌာန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေးဗစ်လားနဲ့ ဦးဝေထွန်း ထောင်ဒဏ် ၃ လစီ ချမှတ်ခံရ

COVID-19 ကပ်ရောဂါကာလ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားချိန် ဘာသာရေးအခမ်းအနားပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့အတွက် အမှုရင်ဆိုင်နေရတဲ့ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားကို ဒီနေ့မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံး ကနေ ထောင်ဒဏ် သုံး လ စီရင်ချက် ချလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ လူစုလူဝေးမလုပ်ဖို့ တားမြစ်ချက်ကို ဖောက်ဖျက်ခဲ့မှုနဲ့ ၂ လလောက် အမှုရင်ဆိုင်နေရတဲ့ တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို ဒီကနေ့ပဲ ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်တရားရုံးက ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်တာပါ။ သူတို့ နှစ် ဦးစလုံးကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) အရ ထောင်ဒဏ် ၃ လ ကျခံဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပေမဲ့ ချုပ်ရက်ခွင့်စားခွင့် ရရှိမှာဖြစ်တယ်လို့လည်း မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက မီဒီယာတွေကို ပြောပါတယ်။

"ထောင်ဒဏ် ၃ လ ပေးလိုက်တယ်။ ချုပ်ရက်ခံစားခွင့်ကတော့ အမှုတိုင်းထုံးစံပဲလေ။ ပြစ်ဒဏ်ပေးရင်ချုပ်ရက်ခံစား ခွင့်ရှိတာပဲ။ ငွေဒဏ်မပါဘူး။ နောက်ထပ်၂ ပတ်နီးပါးနေရမယ်။ ချုပ်ရက်က ချုပ်တဲ့နေ့ကနေစပြီး တရားဝင်တာပေါ့။ ၃လ ပြည့်အောင်နေရမှာပေါ့။"

ကနေဒါနိုင်ငံသား တရားဟောဆရာဒေးဗစ်လားဟာ ကပ်ရောဂါကာလ ကန့်သတ်ချုပ်တွေ ထုတ်ပြန်ထားချိန် ဧပြီလ ၇ ရက်နေ့တုန်းက ရန်ကုန်မြို့မှာ ဘာသာရေးပွဲတခုကို ဦးဆောင်ကျင်းပခဲ့တဲ့အတွက် အရေးယူခံခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူအပါအဝင် အခမ်းအနား တက်ရောက်သူတွေထဲက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇ ဦးထိ ရှိခဲ့တယ်လို့လည်း မြန်မာကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့တာပါ။ တရားလွှတ်တော် ရှေ့နေများကောင်စီဝင် ဦးခင်မောင်ဇော်ကတော့ ကပ်ရောဂါကာလမှာ ဥပဒေချိုးဖောက်သူတွေ ရှိတယ်ဆိုရင် ကျောသားရင်သား မခွဲခြားဖို့လိုတယ်လို့ မှတ်ချက်ပေးပါတယ်။

"ကိုဗစ်ကာလအတွင်းမှာ အဲလိုပဲ အတိအလင်း တာဝန်ရှိပုဂ္ဂိုလ်တွေ ဥပဒေချိုးဖောက်တာမျိုးတွေ တွေ့ခဲ့ရတယ်။ အဲဒါတွေတော့ကျော်သွားတယ်။ ဥပဒေအောက်မှာ အားလုံးတန်းတူ ရှိရမယ်။ ဥပဒေကြောင်းအရ တမှုချင်းဆီကို အပြစ် ပေးတာကိုတော့ ဘာမှပြောစရာမရှိဘူး။ အပြစ်ရှိအပြစ်ပေးခံရမှာပဲ။ အဲလိုလုပ်တဲ့ ဟာတွေမှာ ဥပဒေဟာ Equal Under The Law ဖြစ်သလား။ ကျနော်ကတော့ မဖြစ်ဘူး ထင်တယ်ဗျ။"

ကိုဗစ် ရောဂါကူးစက်ခံနေရတဲ့ ပြီးခဲ့တဲ့ ဧပြီလနဲ့ မတ်လ အတွင်းမှာ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ ဘုန်းကြီးပျံပွဲ ကျင်းပခဲ့သူတွေနဲ့ နေအိမ်အတွင်း လူစုလူဝေးနဲ့ ဘာသာရေးဝတ်ပြုဆုတောင်းခဲ့တဲ့ မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်က အစ္စလာမ်ဘာသာဝင်တွေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က)နဲ့ အရေးယူကာ တရားရုံးက ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အလားတူ အစိုးရတာဝန်ရှိသူတွေ အပါအဝင် ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကို မလိုက်နာသူတွေကို အရေးမယူခဲ့တာမျိုးတွေ ရှိခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေမှာတော့ ဘယ်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲနဲ့ ပေါ့ဆစွာ ဆောင်ရွက်တာ၊ ဘေးအန္တရာယ် တခုခု ကျနိုင်တာကို သိလို့ ဖြစ်စေ တမင်လုပ်လို့ဖြစ်စေ သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတာ ဒါမှမဟုတ်ရင်လည်း ကြုံရအောင် အကြောင်းရင်းတွေ ဖန်တီးတယ်ဆိုရင် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG