သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယျပန္ အမ်ိဳးသားတဦး ကိုဗစ္ စမ္းသပ္ေတြ႕ရွိ


ေနရပ္ျပန္လာသူေတြကို သယ္ေဆာင္ခဲ့တဲ့ ဘတ္စ္ကားမ်ားကို ပိုးသတ္ေဆးဖ်န္းေနၾကတဲ့ ေစတနာ့၀န္ထမ္းမ်ားကို ရန္ကုန္ၿမိဳ႕ လိႈင္တကၠသိုလ္ရွိ Quarantine စင္တာမွာ ေတြ႔ရ။ (ဇူလိုင္ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူ ေနာက္ထပ္ တစ္ဦး ထပ္ေတြ႔တာေၾကာင့္ အခုဆိုရင္ စုစုေပါင္း ေရာဂါပိုး ကူးစက္ခံရသူ ၃၅၇ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္နဲ႔ အမွတ္ (၁) တပ္မေတာ္ေဆး႐ံုတို႔မွာ စစ္ေဆးခဲ့တဲ့ စုုစုေပါင္း ဓာတ္ခြဲနမူနာ ၉၆၇ ခုထဲကမွ ေရာဂါပိုးကူးစက္ထားသူ တစ္ဦးကုိ ေတြ႔ခဲ့တာျဖစ္ပါတယ္။

အခုေနာက္ဆံုး ေရာဂါပိုး ကူးစက္ခံရသူဟာ မၾကာေသးခင္က အိႏိၵယႏုိင္ငံကေနျပန္လာသူ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္က အသက္ ၁၉ ႏွစ္အရြယ္ အမ်ဳိးသားျဖစ္ၿပီးေတာ့ တြန္းဇံၿမ္ိဳ႕နယ္မွာ အသြားအလာ ကန္႔သတ္ထားရွိသူျဖစ္ပါတယ္။

သူ႔ကို တီးတိန္ျပည္သူ႔ေဆး႐ံုမွာ တင္ၿပီးေတာ့ ေဆးကုသေပးမယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဓာတ္ခြဲ အတည္ျပဳလူနာေဟာင္းေတြထဲက ဓာတ္ခြဲနမူနာစစ္ေဆးမႈ ၂ ႀကိမ္ ဆက္တိုက္ လုပ္ၿပီးတဲ့ေနာက္ ေရာဂါပိုးမေတြ႔သူ ၃ ဦးထပ္တိုးတာေၾကာင့္ ဒီေန႔အထိဆိုရင္ ေရာဂါပိုး ကင္းစင္သြားသူ ၃၀၅ ဦး ရွိသြားၿပီျဖစ္ပါတယ္။

အဲဒီထဲက ၂၈၉ ဦးကို ေဆး႐ံုေတြကေန ဆင္းခြင့္ေပးခဲ့ၿပီး သတ္မွတ္ေနရာေတြမွာ အသြားအလာ ဆက္ၿပီးေတာ့ ကန္႔သတ္ ေစာင့္ၾကပ္ ၾကည့္႐ႈေနတယ္လုိ႔ က်န္းမာေရးဌာနကေျပာပါတယ္။

ဓာတ္ခြဲအတည္ျပဳလူနာေတြထဲက ေသဆံုးသူ ၆ ဦးရွိထားပါတယ္။

[Unicode Version]

အိန္ဒိယပြန် အမျိုးသားတဦး ကိုဗစ်စမ်းသပ်တွေ့ရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ နောက်ထပ် တစ်ဦး ထပ်တွေ့တာကြောင့် အခုဆိုရင် စုစုပေါင်း ရောဂါပိုး ကူးစက်ခံရသူ ၃၅၇ ဦး ရှိသွားပြီဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ အမှတ် (၁) တပ်မတော်ဆေးရုံတို့မှာ စစ်ဆေးခဲ့တဲ့ စုစုပေါင်း ဓာတ်ခွဲနမူနာ ၉၆၇ ခုထဲကမှ ရောဂါပိုးကူးစက်ထားသူ တစ်ဦးကို တွေ့ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံး ရောဂါပိုး ကူးစက်ခံရသူဟာ မကြာသေးခင်က အိန္ဒိယနိုင်ငံကနေပြန်လာသူ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က အသက် ၁၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီးတော့ တွန်းဇံြမို့နယ်မှာ အသွားအလာ ကန့်သတ်ထားရှိသူဖြစ်ပါတယ်။

သူ့ကို တီးတိန်ပြည်သူ့ဆေးရုံမှာ တင်ပြီးတော့ ဆေးကုသပေးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဓာတ်ခွဲ အတည်ပြုလူနာဟောင်းတွေထဲက ဓာတ်ခွဲနမူနာစစ်ဆေးမှု ၂ ကြိမ် ဆက်တိုက် လုပ်ပြီးတဲ့နောက် ရောဂါပိုးမတွေ့သူ ၃ ဦးထပ်တိုးတာကြောင့် ဒီနေ့အထိဆိုရင် ရောဂါပိုး ကင်းစင်သွားသူ ၃၀၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

အဲဒီထဲက ၂၈၉ ဦးကို ဆေးရုံတွေကနေ ဆင်းခွင့်ပေးခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်ပြီးတော့ ကန့်သတ် စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေထဲက သေဆုံးသူ ၆ ဦးရှိထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG