[Zawgyi/Unicode]
ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္အတြင္းက ရခိုင္၊ ခ်င္း၊ ၿမိဳ၊ ဒိုင္းနက္နဲ႔ ရခိုင္ လူမႈအသိုင္းအဝိုင္းေတြဟာ စစ္ပဲြေတြအတြင္း တရားလက္လြတ္သတ္ျဖတ္ခံရတာေတြ ဖမ္းဆီးခံရတာေတြ ေပ်ာက္ဆံုးသြားတာေတြ ၫွဥ္းပန္းႏွိပ္စက္ခံရတာေတြနဲ႔ အစုလိုက္အျပံဳလိုက္ေျပာင္းေရႊ႕ေနထိုင္ရတာေတြ ရွိေနၿပီး ဒါဟာ စစ္ရာဇ၀တ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ရာဇ၀တ္မႈေတြ ေျမာက္ႏိုင္တယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးအႀကီးအကဲက ေျပာလိုက္ပါတယ္။
ရိုဟင္ဂ်ာဒုကၡသည္ေတြ အစုအျပံဳလိုက္ထြက္ေျပးခဲ့ရတဲ့ စစ္ဆင္ေရးေတြလုပ္ခဲ့တာ သံုးႏွစ္ေက်ာ္ၾကာလာေပမဲ့လည္း၊ ကုလသမဂၢဘက္က ေတာင္းဆိုထားသလို တာ၀န္ရွိသူေတြကို အေရးယူေဖာ္ထုတ္တာမ်ိဳး ခိုင္ခိုင္မာမာ မလုပ္ႏိ္ုင္ခဲ့ဘူးလို႔ ျမန္မာအစိုးရကို ေ၀ဖန္ထားပါတယ္။ အခု က်င္းပေနတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ၄၃ ႀကိမ္ေျမာက္အစည္းအေ၀းမွာ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet က ျမန္မာႏိုင္ငံတြင္းက ႐ိုဟင္ဂ်ာေတြအပါအ၀င္ လူနည္းစုေတြနဲ႔ အခြင့္အေရး၊ လူ႔အခြင့္အေရးဆိုင္ရာအေျခအေနေတြနဲ႔ ပတ္သက္လို႔ အစီရင္ခံစာတင္သြင္းၿပီး ေျပာဆိုသြားတာပါ။
ျမန္မာႏိုင္ငံတြင္းမွာ စြပ္စဲြခံေနရတဲ့ ဆိုးဆိုးဝါးဝါး လူ႔အခြင့္အေရး အေျခအေနေတြကို ကိုင္တြယ္ဖို႔ ႏိုင္ငံတကာတရားေရးလမ္းေၾကာင္းအရ ေဆာင္ရြက္ေနတာကိုလည္း ျမန္မာအစိုးရဖက္က အျပည့္အ၀ ပူးေပါင္းေဆာင္ရြက္ဖို႔ လူ႔အခြင့္အေရး မဟာမင္းႀကီးက တိုက္တြန္းခဲ့ပါတယ္။ အခုလာမယ့္ ႏို၀င္ဘာေရြးေကာက္ပဲြ က်င္းပရာမွာလည္း ရခိုင္ ရွမ္း ခ်င္း ေဒသေတြမွာပါ က်င္းပႏိုင္ဖို႔ ေမွ်ာ္လင့္ၿပီး ႐ိုဟင္ဂ်ာေတြ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ ပါ၀င္ဖိို႔ တားဆီးခံရတဲ့အေပၚမွာလည္း ကုလလူ႔အခြင့္အေရးအႀကီးအကဲက ေထာက္ျပေ၀ဖန္ခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္း လြတ္လပ္ခြင့္နဲ႔ ဒီမိုကေရစီေရးေဖာ္ေဆာင္ရာမွာ အဟန္႔အတားျဖစ္မႈေတြကို ဖယ္ရွားသြားဖို႔လည္း တိုက္တြန္းထားပါတယ္။
ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေတာ့ ျမန္မာႏိ္ုင္ငံအေနနဲ႔ ရႈပ္ေထြးတဲ့စိန္ေခၚမႈေတြကို ဘက္ေပါင္းစံု ရင္ဆိုင္ေနရၿပီး၊ ဒါေတြကို ေျဖရွင္းရာမွာ တစံုတခုတည္း မဟုတ္ဘဲ အလံုးစံုျခံဳငံုမယ့္ ဆက္ႏြယ္ေျဖရွင္းမႈမ်ိဳး လုပ္သြားရမွာျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ ျပႆနာေတြကို ေျဖရွင္းရာမွာ တေန႔တည္း တညတည္းေျဖရွင္းႏိုင္မွာ မဟုတ္ဘဲ အခ်ိန္ယူေျဖရွင္းသြားရမွာျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။ ရခိုင္ျပည္မွာ လတ္တေလာရင္ဆိုင္ေနရတဲ့ ပဋိပကၡကေတာ့ ျမန္မာႏိုင္ငံရဲ႕အခ်ဳပ္အခ်ာအာဏာကိုပါ ထိခိုက္တဲ့ကိစၥျဖစ္တယ္လို႔ ျမန္မာသံအမတ္ႀကီးက ေျပာဆိုခဲ့ပါတယ္။
[Unicode Version]
“ရခိုင်နဲ့ ချင်းပြည်နယ်ကပဋိပက္ခ စစ်ရာဇဝတ်မှုမြောက်နိုင်” - ကုလလူ့အခွင့်အရေးအကြီးအကဲ
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက ရခိုင်၊ ချင်း၊ မြို၊ ဒိုင်းနက်နဲ့ ရခိုင် လူမှုအသိုင်းအဝိုင်းတွေဟာ စစ်ပွဲတွေအတွင်း တရားလက်လွတ်သတ်ဖြတ်ခံရတာတွေ ဖမ်းဆီးခံရတာတွေ ပျောက်ဆုံးသွားတာတွေ ညှဉ်းပန်းနှိပ်စက်ခံရတာတွေနဲ့ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့နေထိုင်ရတာတွေ ရှိနေပြီး ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မြောက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက ပြောလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ အစုအပြုံလိုက်ထွက်ပြေးခဲ့ရတဲ့ စစ်ဆင်ရေးတွေလုပ်ခဲ့တာ သုံးနှစ်ကျော်ကြာလာပေမဲ့လည်း၊ ကုလသမဂ္ဂဘက်က တောင်းဆိုထားသလို တာဝန်ရှိသူတွေကို အရေးယူဖော်ထုတ်တာမျိုး ခိုင်ခိုင်မာမာ မလုပ်နိုင်ခဲ့ဘူးလို့ မြန်မာအစိုးရကို ဝေဖန်ထားပါတယ်။ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၃ ကြိမ်မြောက်အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေနဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာတင်သွင်းပြီး ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံတွင်းမှာ စွပ်စွဲခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး အခြေအနေတွေကို ကိုင်တွယ်ဖို့ နိုင်ငံတကာတရားရေးလမ်းကြောင်းအရ ဆောင်ရွက်နေတာကိုလည်း မြန်မာအစိုးရဖက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ လူ့အခွင့်အရေး မဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ အခုလာမယ့် နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပရာမှာလည်း ရခိုင် ရှမ်း ချင်း ဒေသတွေမှာပါ ကျင်းပနိုင်ဖို့ မျှော်လင့်ပြီး ရိုဟင်ဂျာတွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ တားဆီးခံရတဲ့အပေါ်မှာလည်း ကုလလူ့အခွင့်အရေးအကြီးအကဲက ထောက်ပြဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးဖော်ဆောင်ရာမှာ အဟန့်အတားဖြစ်မှုတွေကို ဖယ်ရှားသွားဖို့လည်း တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံအနေနဲ့ ရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေကို ဘက်ပေါင်းစုံ ရင်ဆိုင်နေရပြီး၊ ဒါတွေကို ဖြေရှင်းရာမှာ တစုံတခုတည်း မဟုတ်ဘဲ အလုံးစုံခြုံငုံမယ့် ဆက်နွယ်ဖြေရှင်းမှုမျိုး လုပ်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ပြဿနာတွေကို ဖြေရှင်းရာမှာ တနေ့တည်း တညတည်းဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အချိန်ယူဖြေရှင်းသွားရမှာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ရခိုင်ပြည်မှာ လတ်တလောရင်ဆိုင်နေရတဲ့ ပဋိပက္ခကတော့ မြန်မာနိုင်ငံရဲ့အချုပ်အချာအာဏာကိုပါ ထိခိုက်တဲ့ကိစ္စဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။