(Zawgyi/Unicode)
ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ေတာင္ပိုင္း ေဒသေတြမွာ ပဋိပကၡေတြ ဆက္လက္ ျဖစ္ပြားေနတာေၾကာင့္ အရပ္သားေတြ ေသဆုံး ဒဏ္ရာရ တာေတြ တိုးပြားလာသလို အိုးအိမ္မဲ့ စြန္႔ခြာ ထြက္ေပးေတြ မ်ားျပား လာတဲ့အတြက္ အလြန္ စိုးရိမ္မကင္း ျဖစ္မိတယ္လို႔ ရန္ကုန္ၿမိဳ႕ ကုလသမဂၢ အဖြဲ႕႐ုံးက ဌာေနညႇိႏွိုင္းေရးမႉးနဲ႔ လူသားခ်င္း စာနာမႈဆိုင္ရာ ညႇိႏွိုင္းေရးမႉး Ola Almgren က ေၾကညာခ်က္ ထုတ္ျပန္ လိုက္ပါတယ္။
အဲဒီ ပဋိပကၡေတြေတြထဲ စက္တင္ဘာလ ၃ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေၾကာင့္ အရပ္သားေတြ ေသဆုံး ဒဏ္ရာရရွိခဲ့ၿပီး လူေန အိမ္ေျခ ၁၀၀ မီးေလာင္ ပ်က္စီးခဲ့ၿပီး လူ ေထာင္ေပါင္းမ်ားစြာ ထြက္ေျပးခဲ့ရတယ္လို႔ လည္း Ola Almgren က ေျပာပါတယ္။
မၾကာခင္ေသးခင္ ရက္တုန္းကလည္း ေျမပုံ ၿမိဳ႕နယ္မွာ ဗုံးဆံေတြ က်ေရာက္တာေၾကာင့္ လူေပါင္း ၂၀၀၀ ေလာက္ အိုးအိမ္ စြန္႔ခြာခဲ့ရသလို ကေလးငယ္ ၂ ဦး အပါအဝင္ လူ ေလးဦး ေသဆုံးခဲ့ရေၾကာင္းနဲ႔ ကေလးငယ္ ၃ ဦး အပါအဝင္ လူေနာက္ထပ္ ၁၄ ဦး ဒဏ္ရာရွိခဲ့တယ္လို႔လည္း ေဒသခံ သတင္းရင္းျမစ္ေတြက ေဖာ္ျပထားတယ္လို႔ ဆိုပါတယ္။
နိုင္ငံတကာ ဥပေဒအရ ပဋိပကၡအတြင္း ႏွစ္ဖက္ တိုက္ခိုက္သူေနေတြ အေနနဲ႔ အရပ္သားေတြကို အကာအကြယ္ေပးရမွာ ျဖစ္တာ ေၾကာင့္ လူေနတဲ့အရပ္ေတြထဲ ေဖါက္ခြဲေရး လက္နက္ေတြ အသုံးမျပဳဖို႔ လိုအပ္ေၾကာင္း ကုလသမဂၢက တိုက္တြန္းေတာင္းဆို ထားပါတယ္။
................
ရခိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ကုလဌာနေကိုယ်စားလှယ်ပြော
(Unicode)
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်း ဒေသတွေမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရ တာတွေ တိုးပွားလာသလို အိုးအိမ်မဲ့ စွန့်ခွာ ထွက်ပေးတွေ များပြား လာတဲ့အတွက် အလွန် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂ အဖွဲ့ရုံးက ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ola Almgren က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
အဲဒီ ပဋိပက္ခတွေတွေထဲ စက်တင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရရှိခဲ့ပြီး လူနေ အိမ်ခြေ ၁၀၀ မီးလောင် ပျက်စီးခဲ့ပြီး လူ ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရတယ်လို့ လည်း Ola Almgren က ပြောပါတယ်။
မကြာခင်သေးခင် ရက်တုန်းကလည်း မြေပုံ မြို့နယ်မှာ ဗုံးဆံတွေ ကျရောက်တာကြောင့် လူပေါင်း ၂၀၀၀ လောက် အိုးအိမ် စွန့်ခွာခဲ့ရသလို ကလေးငယ် ၂ ဦး အပါအဝင် လူ လေးဦး သေဆုံးခဲ့ရကြောင်းနဲ့ ကလေးငယ် ၃ ဦး အပါအဝင် လူနောက်ထပ် ၁၄ ဦး ဒဏ်ရာရှိခဲ့တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ဖော်ပြထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ဥပဒေအရ ပဋိပက္ခအတွင်း နှစ်ဖက် တိုက်ခိုက်သူနေတွေ အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရမှာ ဖြစ်တာ ကြောင့် လူနေတဲ့အရပ်တွေထဲ ဖေါက်ခွဲရေး လက်နက်တွေ အသုံးမပြုဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂက တိုက်တွန်းတောင်းဆို ထားပါတယ်။