သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္နဲ႔ ခ်င္းမွာ တိုက္ပြဲေတြရပ္ဖို႔ လံုၿခံဳေရးေကာင္စီ အဖြဲ႔ဝင္အမ်ားစု ေတာင္းဆို


ရခုိင္ျပည္နယ္တြင္း တုိက္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာၾကတဲ့ ေဒသခံရြာသားမ်ား။ (ဇြန္ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔ (AA) တို႔အၾကား တိုက္ခုိုက္ေနၾကတာကို ခ်က္ခ်င္းရပ္ဆိုင္းဖို႔ ကုလသမဂၢ လုံၿခံဳေရးေကာင္စီအဖြဲ႔ဝင္ အမ်ားစုက ေတာင္းဆိုလိုက္ၾကပါတယ္။

ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ အထူးသံတမန္ Christine Schraner Burgener၊ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Filippo Grandi၊ ကုလသမဂၢ ဖြံ႔ၿဖိဳးတိုိးတက္ေရးအစီီအစဥ္ (UNDP) ရဲ႕ အာရွနဲ႔ ပစိဖိတ္ေဒသဆိုင္ရာ လက္ေထာက္အတြင္းေရးမွဴးခ်ဳပ္ Kanni Wignaraja တို႔ စက္တင္ဘာလ ၁၁ ရက္ေန႔က လံုၿခံဳေရးေကာင္စီမွာ ျမန္မာ့အေရး တင္ျပေျပာဆုိခဲ့ၾကၿပီးတဲ့ေနာက္ အခုလို ေတာင္းဆိုလိုက္တာပါ။

ဘယ္လ္ဂ်ီယံ၊ ဒိုမီနီကန္သမၼတႏုိင္ငံ၊ အက္စ္တိုးနီးယား၊ ျပင္သစ္၊ ဂ်ာမနီ၊ တူနီးရွား၊ ၿဗိတိန္နဲ႔ အေမရိကန္ျပည္ေထာင္စုတို႔က စက္တင္ဘာလ ၁၁ ရက္ေန႔စြဲနဲ႔ ပူးတြဲေတာင္းဆိုခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ တိုက္ပြဲေတြေၾကာင့္ ေဒသခံလူထု ေသဆံုး ဒဏ္ရာရတာေတြ ႀကီးမားလြန္းေနၿပီး ရခိုင္ျပည္နယ္မွာ COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ ပိုမ်ားလာေနခ်ိန္မွာ တိုက္ပြဲေတြရပ္ဖို႔ ပိုၿပီး အေရးေပၚအေျခအေန ျဖစ္လာတယ္လုိ႔ ပူးတြဲထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ျမန္မာစစ္ဘက္ရဲ႕ အင္အားသံုး လုပ္ရပ္ေတြေၾကာင့္ လြန္ခဲ့တဲ့သံုးႏွစ္က ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ႐ိုဟင္ဂ်ာမြတ္စလင္ ၇၀၀,၀၀၀ ေက်ာ္ ထြက္ေျပးသြားခဲ့ရတဲ့ ျဖစ္ရပ္ရဲ႕ ေရရွည္အေၾကာင္းရင္းေတြကို ေျဖရွင္းတာမွာ အရွိန္ျမႇင့္ လုပ္ေဆာင္ဖို႔လည္း လံုၿခံဳေရးေကာင္စီအဖြဲ႔ဝင္ ၈ ႏုိင္ငံက ေတာင္းဆိုထားပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာလို႔ ေခၚဆိုတာကို အသိအမွတ္ မျပဳပါဘူး။

ရခိုင္အေရး အႀကံေပးေကာ္မရွင္နဲ႔ သီးျခားလြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္တို႔ရဲ႕ အႀကံျပဳခ်က္ေတြကို ပြင့္လင္းျမင္သာၿပီး ယံုၾကည္ရေလာက္တဲ့ အစီအစဥ္ေတြ ခ်မွတ္အေကာင္အထည္ေဖာ္ဖို႔လည္း ဒီ ၈ ႏုိင္ငံက တိုက္တြန္းထားပါတယ္။

႐ိုဟင္ဂ်ာလူထုအေပၚ လူမ်ဳိးတံုးသတ္ျဖတ္မႈဆိုင္ရာ လုပ္ရပ္ေတြ မက်ဴးလြန္ေရး တားဆီးဖို႔ လုပ္ႏုိင္တဲ့ နည္းလမ္းမွန္သမွ်နဲ႔ လုပ္ေဆာင္ေရး ႏုိင္ငံတကာ တရားခံု႐ံုး (ICJ) က ဆံုးျဖတ္ထားတဲ့အတိုင္း ျမန္မာႏုိင္ငံအေနနဲ႔ လုိက္နာလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔လည္း ၈ ႏုိင္ငံ ပူးတြဲထုတ္ျပန္ခ်က္မွာ ေထာက္ျပထားပါတယ္။

ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးအတြက္ ျမန္မာအစိုးရရဲ႕ ႀကိဳးပမ္းခ်က္ေတြကို အသိအမွတ္ျပဳေၾကာင္းနဲ႔ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပြဲေတြဟာ ျမန္မာႏုိင္ငံ အသြင္ကူးေျပာင္းေရးမွာ အေရးပါတဲ့ မွတ္တိုင္တခုျဖစ္ၿပီးေတာ့ ဒီအတြက္ ႏုိင္ငံတကာ အသိုင္းအဝုိင္းက ရန္ပံုေငြနဲ႔ နည္းပညာပိုင္း အကူအညီေတြ ေပးအပ္ထားတယ္လို႔လည္း "ျမန္မာႏုိင္ငံ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး အခိုင္အမာ ေထာက္ခံသူမ်ား" လို႔ သူတို႔ကိုယ္သူတို႔ ကင္ပြန္းတပ္ေခၚဆိုထားတဲ့ ဒီ ၈ ႏုိင္ငံက ေျပာပါတယ္။

"႐ိုဟင္ဂ်ာေတြ အပါအဝင္ လူမႈအဝန္းအဝိုင္းအားလံုး အေနနဲ႔ ယံုၾကည္ရၿပီး အားလံုးပါဝင္ႏိုင္တဲ့ ေရြးေကာက္ပြဲေတြမွာ ေဘးကင္းလံုၿခံဳစြာနဲ႔ အျပည့္အဝ တန္းတူရည္တူ ပါဝင္ခြင့္ရဖို႔ အေရးႀကီးတယ္ဆိုတာ မိမိတို႔ အေလးထား ေျပာလိုပါတယ္" လို႔ ၈ ႏုိင္ငံ ပူးတြဲထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရခိုင်နဲ့ ချင်းမှာ တိုက်ပွဲတွေရပ်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အများစု တောင်းဆို

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် အများစုက တောင်းဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Christine Schraner Burgener၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kanni Wignaraja တို့ စက်တင်ဘာလ ၁၁ ရက်နေ့က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တင်ပြပြောဆိုခဲ့ကြပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်တာပါ။

ဘယ်လ်ဂျီယံ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ ပြင်သစ်၊ ဂျာမနီ၊ တူနီးရှား၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က စက်တင်ဘာလ ၁၁ ရက်နေ့စွဲနဲ့ ပူးတွဲတောင်းဆိုချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေကြောင့် ဒေသခံလူထု သေဆုံး ဒဏ်ရာရတာတွေ ကြီးမားလွန်းနေပြီး ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုများလာနေချိန်မှာ တိုက်ပွဲတွေရပ်ဖို့ ပိုပြီး အရေးပေါ်အခြေအနေ ဖြစ်လာတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာစစ်ဘက်ရဲ့ အင်အားသုံး လုပ်ရပ်တွေကြောင့် လွန်ခဲ့တဲ့သုံးနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာမွတ်စလင် ၇၀၀,၀၀၀ ကျော် ထွက်ပြေးသွားခဲ့ရတဲ့ ဖြစ်ရပ်ရဲ့ ရေရှည်အကြောင်းရင်းတွေကို ဖြေရှင်းတာမှာ အရှိန်မြှင့် လုပ်ဆောင်ဖို့လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင် ၈ နိုင်ငံက တောင်းဆိုထားပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို အသိအမှတ် မပြုပါဘူး။

ရခိုင်အရေး အကြံပေးကော်မရှင်နဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ရဲ့ အကြံပြုချက်တွေကို ပွင့်လင်းမြင်သာပြီး ယုံကြည်ရလောက်တဲ့ အစီအစဉ်တွေ ချမှတ်အကောင်အထည်ဖော်ဖို့လည်း ဒီ ၈ နိုင်ငံက တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာလူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေ မကျူးလွန်ရေး တားဆီးဖို့ လုပ်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ လုပ်ဆောင်ရေး နိုင်ငံတကာ တရားခုံရုံး (ICJ) က ဆုံးဖြတ်ထားတဲ့အတိုင်း မြန်မာနိုင်ငံအနေနဲ့ လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ၈ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုကြောင်းနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ မှတ်တိုင်တခုဖြစ်ပြီးတော့ ဒီအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ရန်ပုံငွေနဲ့ နည်းပညာပိုင်း အကူအညီတွေ ပေးအပ်ထားတယ်လို့လည်း "မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခိုင်အမာ ထောက်ခံသူများ" လို့ သူတို့ကိုယ်သူတို့ ကင်ပွန်းတပ်ခေါ်ဆိုထားတဲ့ ဒီ ၈ နိုင်ငံက ပြောပါတယ်။

"ရိုဟင်ဂျာတွေ အပါအဝင် လူမှုအဝန်းအဝိုင်းအားလုံး အနေနဲ့ ယုံကြည်ရပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေမှာ ဘေးကင်းလုံခြုံစွာနဲ့ အပြည့်အဝ တန်းတူရည်တူ ပါဝင်ခွင့်ရဖို့ အရေးကြီးတယ်ဆိုတာ မိမိတို့ အလေးထား ပြောလိုပါတယ်" လို့ ၈ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG