သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါ အခ်ိန္အေတာ္ၾကာ ဆက္ပ်ံ႕ေနဖို႔ရွိ - WHO


အေမရိကန္ႏုိင္ငံ Maryland ျပည္နယ္မွာ COVID-19 ကာကြယ္ေဆး စမ္းသပ္ဖို႔ စာရင္းေပးသြင္းေနသူတဦး။ (စက္တင္ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ ကပ္ေရာဂါဟာ စြမ္းအားေကာင္းေနဆဲ ျဖစ္တာေၾကာင့္ ကမၻာတဝန္းမွာ အခ်ိန္အေတာ္ၾကာေအာင္ ကူးစက္ပ်ံ႕ႏွံ႔ေနဖုိ႔ရွိေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) တာဝန္ရွိသူတဦးက ေသာၾကာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

WHO ရဲ႕ က်န္းမာေရးဆိုင္ရာ အေရးေပၚအေျခအေနမ်ား အစီအစဥ္ အမႈေဆာင္ဒါ႐ိုက္တာ မိုက္ကယ္ ႐ုိင္ယဲန္က သတင္းစာရွင္းလင္းပြဲအတြင္း အဲဒီလုိ ေျပာသြားတာျဖစ္ၿပီး တကမၻာလံုးမွာ သီတင္းပတ္စဥ္တိုင္း ပ်မ္းမွ်ျခင္းအားျဖင့္ ၁.၈ သန္းကေန ၂ သန္းဝန္းက်င္အထိ ကူးစက္ေနၿပီးေတာ့ ေသဆံုးသူက ၄ ေသာင္းကေန ၅ ေသာင္းအထိ ရွိတယ္လို႔လည္း ဆိုပါတယ္။

လံုေလာက္ျပည့္စံုတဲ့ စမ္းသပ္စစ္ေဆးႏိုင္စြမ္း နည္းပါးတာေတြေၾကာင့္ တခ်ဳိ႕ေဒသေတြနဲ႔ တုိင္းျပည္ေတြမွာ ကပ္ေရာဂါဟာ လာမယ့္ ေႏြဦးရာသီ ေရာက္တာနဲ႔ တိုးၿပီးေတာ့ ကူးစက္ပ်ံ႕ႏွံ႔ဖြယ္ရွိတဲ့အေၾကာင္း အခုလို ေျပာပါတယ္။

“ဒီကပ္ေရာဂါဟာ ကူးစက္ေနတဲ့အား ေလ်ာ့က်သြားဖို႔ မရွိေသးပါဘူး။ ဒီေႏြဦးမွာ ေရာဂါပိုးရဲ႕ ကူးစက္ႏိုင္စြမ္းအား အမ်ားႀကီး ခ်န္ရစ္ထားတာေၾကာင့္ ဒီကပ္ေရာဂါဟာ ေရွ႕ေလွ်ာက္ ဆက္ၿပီး ကူးစက္ေနဖို႔သာ ရွိပါတယ္။ အေၾကာင္းကေတာ့ ေဒသဆိုင္ရာ၊ ေဒသခြဲဆိုင္ရာ ဒါမွမဟုတ္ တခ်ဳိ႕ႏုိင္ငံေတြမွာဆိုရင္ ဥေရာပတိုက္ထဲမွာ က်ေနာ္တို႔ ျမင္ေတြ႔ေနၾကရတဲ့အတိုင္း သိသာထင္ရွားတဲ့ ကူးစက္မႈေတြကို ေတြ႔ေနၾကရပါတယ္။ ေနာက္ၿပီး အာဖရိကမွာလို ကူးစက္မႈပမာဏ ႀကီးႀကီးမားမား မေတြ႔ၾကရေသးတဲ့ ေနရာေဒသေတြကိုလည္း သတိျပဳမိၾကဖိုိ႔ လိုပါတယ္။ ဒါဟာ ႏိုင္ငံအမ်ားအျပားမွာ ျပည့္စံုလံုေလာက္တဲ့ စမ္းသပ္စစ္ေဆးမႈေတြ မရွိၾကေသးဘဲျဖစ္ေနလို႔ ဆိုတာကို ထင္ဟပ္ေနတာလည္း ျဖစ္ႏိုင္ပါတယ္” လို႔ မစၥတာ ႐ုိင္ယဲန္က ေျပာသြားပါတယ္။

Johns Hopkins တကၠသိုလ္က ျပဳစုထားတဲ့ ဒီကေန႔စာရင္းအရ တကမာၻလံုးမွာ ကိုဗစ္ေရာဂါကူးစက္သူ သန္း ၃၀ ေက်ာ္ရွိေနၿပီျဖစ္ၿပီး ေသဆံုးသူက ၉ သိန္းခြဲေက်ာ္သြားပါၿပီ။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကိုဗစ်ရောဂါ အချိန်အတော်ကြာ ဆက်ပျံ့နေဖို့ရှိ - WHO

ကိုဗစ် ကပ်ရောဂါဟာ စွမ်းအားကောင်းနေဆဲ ဖြစ်တာကြောင့် ကမ္ဘာတဝန်းမှာ အချိန်အတော်ကြာအောင် ကူးစက်ပျံ့နှံ့နေဖို့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

WHO ရဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ အစီအစဉ် အမှုဆောင်ဒါရိုက်တာ မိုက်ကယ် ရိုင်ယဲန်က သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောသွားတာဖြစ်ပြီး တကမ္ဘာလုံးမှာ သီတင်းပတ်စဉ်တိုင်း ပျမ်းမျှခြင်းအားဖြင့် ၁.၈ သန်းကနေ ၂ သန်းဝန်းကျင်အထိ ကူးစက်နေပြီးတော့ သေဆုံးသူက ၄ သောင်းကနေ ၅ သောင်းအထိ ရှိတယ်လို့လည်း ဆိုပါတယ်။

လုံလောက်ပြည့်စုံတဲ့ စမ်းသပ်စစ်ဆေးနိုင်စွမ်း နည်းပါးတာတွေကြောင့် တချို့ဒေသတွေနဲ့ တိုင်းပြည်တွေမှာ ကပ်ရောဂါဟာ လာမယ့် နွေဦးရာသီ ရောက်တာနဲ့ တိုးပြီးတော့ ကူးစက်ပျံ့နှံ့ဖွယ်ရှိတဲ့အကြောင်း အခုလို ပြောပါတယ်။

“ဒီကပ်ရောဂါဟာ ကူးစက်နေတဲ့အား လျော့ကျသွားဖို့ မရှိသေးပါဘူး။ ဒီနွေဦးမှာ ရောဂါပိုးရဲ့ ကူးစက်နိုင်စွမ်းအား အများကြီး ချန်ရစ်ထားတာကြောင့် ဒီကပ်ရောဂါဟာ ရှေ့လျှောက် ဆက်ပြီး ကူးစက်နေဖို့သာ ရှိပါတယ်။ အကြောင်းကတော့ ဒေသဆိုင်ရာ၊ ဒေသခွဲဆိုင်ရာ ဒါမှမဟုတ် တချို့နိုင်ငံတွေမှာဆိုရင် ဥရောပတိုက်ထဲမှာ ကျနော်တို့ မြင်တွေ့နေကြရတဲ့အတိုင်း သိသာထင်ရှားတဲ့ ကူးစက်မှုတွေကို တွေ့နေကြရပါတယ်။ နောက်ပြီး အာဖရိကမှာလို ကူးစက်မှုပမာဏ ကြီးကြီးမားမား မတွေ့ကြရသေးတဲ့ နေရာဒေသတွေကိုလည်း သတိပြုမိကြဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံအများအပြားမှာ ပြည့်စုံလုံလောက်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ မရှိကြသေးဘဲဖြစ်နေလို့ ဆိုတာကို ထင်ဟပ်နေတာလည်း ဖြစ်နိုင်ပါတယ်” လို့ မစ္စတာ ရိုင်ယဲန်က ပြောသွားပါတယ်။

Johns Hopkins တက္ကသိုလ်က ပြုစုထားတဲ့ ဒီကနေ့စာရင်းအရ တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကူးစက်သူ သန်း ၃၀ ကျော်ရှိနေပြီဖြစ်ပြီး သေဆုံးသူက ၉ သိန်းခွဲကျော်သွားပါပြီ။

XS
SM
MD
LG