သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပတလႊား ကုိဗစ္ကူးစက္မႈတုိးလာတဲ့အေပၚ WHO သတိေပး


(Zawgyi/Unicode)

ဥေရာပတလႊားမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႕မႈ ႏႈန္း ေၾကာက္စရာေကာင္းေလာက္ေအာင္တိုးလာ ေနတာကို ေနာက္တခ်ီ စေတြ႔ ေနရၿပီ ျဖစ္တဲ ့အတြက္ ဥေရာပ အစိုးရေတြအေနနဲ႔ ဒါကို ေပါ့ေပါ့မထားပဲ သတိေပးခ်က္ အေနနဲ႔ အေရးယူ ေဆာင္ရြက္ၾကဖုိ႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ၾကာသပေတးေန႔မွာ သတိေပးလိုက္ပါတယ္။

Copenhagen မွာ ျပဳလုပ္တဲ့ အြန္လိုင္း သတင္းစာရွင္းလင္းပြဲမွာ WHO ရဲ့ ဥေရာပဆိုင္ရာအႀကီးအကဲ Dr. Hans Kluge က ေျပာၾကားရာမွာ ဒီေရာဂါကူးစက္မႈႏႈန္း ဟာ အသက္ ၂၅ ႏွစ္နဲ႔ ၄၉ ႏွစ္ၾကား အရြယ္ ေတြမွာ ပိုျမန္ ေၾကာင္းနဲ႔. သက္ႀကီးရြယ္အိုေတြမွာလည္း ကူးစက္္မႈ အျမန္တိုးလာေနတာကို WHO က ေတြ႔ရေၾကာင္း ေျပာၾကားခဲ့တာပါ။

အခုလို ကူးစက္မႈထိုးတက္လာတာဟာ ဒီေရာဂါရွိမရွိ စစ္ေဆးမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ပိုၿပီး လုပ္လာႏုိင္တာေၾကာင့္ ျဖစ္ေပမယ့္ ဒါဟာ ေဒသတလႊား ကူးစက္မႈက ေၾကာက္စရာေကာင္းေလာက္ေအာင္ မ်ားေနတာကို ျပေနတယ္လို႔လည္း ေျပာပါတယ္။

ဥေရာပေဒသတြင္း ႏုိင္ငံေတြ အေနနဲ႔ Quarantine လုပ္သီးျခားခြဲေနခိုင္းတဲ့ ကာလကို ရက္နဲနဲပဲ သတ္မွတ္တာေတြ မလုပ္ဖုိ႔နဲ႔ ေရာဂါပိုးမပ်ံ႕ ႏွံ႕ ေအာင္ ခ်ထားတဲ့ ကန္႔သတ္မႈခ်ရာမွာ တသမတ္ထည္း လုပ္ေဆာင္ဖုိ႔လည္း Kluge က ဥေရာပႏုိုင္ငံေတြကို တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဥရောပတလွှား ကိုဗစ်ကူးစက်မှုတိုးလာတဲ့အပေါ် WHO သတိပေး

(Unicode)

ဥရောပတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နှုန်း ကြောက်စရာကောင်းလောက်အောင်တိုးလာ နေတာကို နောက်တချီ စတွေ့ နေရပြီ ဖြစ်တဲ့အတွက် ဥရောပ အစိုးရတွေအနေနဲ့ ဒါကို ပေါ့ပေါ့မထားပဲ သတိပေးချက် အနေနဲ့ အရေးယူ ဆောင်ရွက်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

Copenhagen မှာ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ WHO ရဲ့ ဥရောပဆိုင်ရာအကြီးအကဲ Dr. Hans Kluge က ပြောကြားရာမှာ ဒီရောဂါကူးစက်မှုနှုန်း ဟာ အသက် ၂၅ နှစ်နဲ့ ၄၉ နှစ်ကြား အရွယ် တွေမှာ ပိုမြန် ကြောင်းနဲ့. သက်ကြီးရွယ်အိုတွေမှာလည်း ကူးစက်မှု အမြန်တိုးလာနေတာကို WHO က တွေ့ရကြောင်း ပြောကြားခဲ့တာပါ။

အခုလို ကူးစက်မှုထိုးတက်လာတာဟာ ဒီရောဂါရှိမရှိ စစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီး လုပ်လာနိုင်တာကြောင့် ဖြစ်ပေမယ့် ဒါဟာ ဒေသတလွှား ကူးစက်မှုက ကြောက်စရာကောင်းလောက်အောင် များနေတာကို ပြနေတယ်လို့လည်း ပြောပါတယ်။

ဥရောပဒေသတွင်း နိုင်ငံတွေ အနေနဲ့ Quarantine လုပ်သီးခြားခွဲနေခိုင်းတဲ့ ကာလကို ရက်နဲနဲပဲ သတ်မှတ်တာတွေ မလုပ်ဖို့နဲ့ ရောဂါပိုးမပျံ့ နှံ့ အောင် ချထားတဲ့ ကန့်သတ်မှုချရာမှာ တသမတ်ထည်း လုပ်ဆောင်ဖို့လည်း Kluge က ဥရောပနိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG