သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကြောင့် သေဆုံးသူ အယောက် ၆၀ ရှိပြီ


ဝေဘာဂီဆေးရုံ။
ဝေဘာဂီဆေးရုံ။

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၁၄၈ ယောက်ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄,၀၄၃ ယောက် ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒါ့အပြင် သေဆုံးသူ နောက်ထပ် ၃ ယောက် ထပ်တိုးတာကြောင့် သေဆုံးသူဦးရေကလည်း ၆၀ ရှိသွားပြီလို့ ပြောပါတယ်။

ဒီနေ့ ဓာတ်ခွဲ နမူနာ ၁,၇၃၀ ကို စမ်းသပ်စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ခံရသူူ ၁၄၈ ယောက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခုနောက်ထပ် သေဆုံးသူ ၃ ယောက်ကကတော့ အမျိုးသား ၁ ဦး အမျိုးသမီး ၂ ဦးဖြစ်ပြီး အမျိုးသားကတော့ ဝေဘာဂီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၄၂ နှစ်အရွယ် လူနာအမှတ် ၃,၇၄၆ ဖြစ်ပါတယ်။ အမျိုးသမီး ၂ ဦးမှာ တဦးက တပ်မတော် အသည်းရောဂါအထူးကုဆေးရုံမှာ တက်ရောက်ကုသနေသူ အသက် ၆၅ နှစ်အရွယ် လူနာအမှတ် ၃,၀၀၄ ဖြစ်ပြီး ကျန်တဲ့တဦးကတော့ ကုတင် ၅၀၀ အထူးကုဆေးရုံမှာ ကုသနေတဲ့ အသက် ၆၇ နှစ်အရွယ် လူနာအမှတ် ၃,၅၆၅ ဖြစ်ပါတယ်။ ဒီနေ့ အစောပိုင်းက သေဆုံးသူ ၁၁ ယောက်ရှိတာကြောင့် ဒီနေ့ တရက်တည်းတင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူက ၁၄ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၃၆ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူ ၉၄၄ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မနေ့ စက်တင်ဘာ ၁၆ ရက်နေ့ကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာသစ် ၃၀၅ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG