သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ငယ္ရြယ္သူေတြပါ ကိုဗစ္ေၾကာင့္ ေသဆံုးလာတဲ့အတြက္ ပိုၿပီး သတိထားဖို႔လို


ရန္ကုန္ၿမိဳ႕ လိႈင္သာယာၿမိဳ႕နယ္မွာ ေတြ႕ရတဲ့ ျမင္ကြင္း။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူေတြ တိုးလာေနၿပီး ေရာဂါအခံမရွိသူေတြ၊ အသက္ငယ္႐ြယ္သူေတြပါ ပါဝင္လာတာေၾကာင့္ အရင္ထက္ပိုၿပီး ကူးစက္မႈအႏၲရာယ္ကို သတိထားၾကဖို႔ က်န္းမာေရးပညာရွင္ေတြ တိုက္တြန္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီအေၾကာင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

အသက္ ၁၃ႏွစ္အ႐ြယ္ မိန္းကေလးငယ္တဦး အပါအဝင္ ေရာဂါအခံမရွိတဲ့သူေတြပါ ကိုဗစ္ေရာဂါနဲ႔ ေသဆုံးမႈေတြ ရွိေနတာေၾကာင့္ ကူးစက္ႏိုင္တဲ့ အႏၲရာယ္ကို က်န္းမာေရးပညာရွင္ေတြ သတိေပးေနတာပါ။ အေစာပိုင္းမွာ ေရာဂါလကၡဏာမျပင္းထန္ေပမဲ့ ႐ုတ္တရက္ ေသဆုံးတဲ့အထိ ႀကဳံရႏိုင္တာေၾကာင့္ မေပါ့ဆဖို႔လည္း ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“အခုက ေနာက္ခံေရာဂါရွိတဲ့သူေတြမွာတင္ေသဆုံးတာ မဟုတ္ပါဘူး။ မရွိတဲ့သူေတြလည္း ေသဆုံးေနပါတယ္။ အသက္ကလည္း ႀကီးမယ္၊ ေနာက္ခံေရာဂါကလည္း ရွိမယ္ဆိုရင္ေတာ့ ေသဆုံးမႈကပိုၿပီးေတာ့ အဆမ်ားမယ္ဆိုတာ သိႏိုင္မွာျဖစ္ပါတယ္။ သို႔ေသာ္ ေနာက္ခံေရာဂါမရွိပဲနဲ႔ လူေကာင္းႀကီးကလည္း ေသႏိုင္တယ္ဆိုတာလည္း သိေစခ်င္ပါတယ္။ ေနာက္တခုက သူ႔ရဲ႕ထူးျခားခ်က္က တျခားေရာဂါေတြနဲ႔မတူဘဲ သူဟာဆိုလို႔ရွိရင္ ေရာဂါလကၡဏာသိပ္အဆိုးႀကီးေတာ့ မဟုတ္ဘူးေပါ့ေနာ္။ Moderate ေလာက္ရွိၿပီးေတာ့ အဲဒီအခ်ိန္ကေနၿပီးေတာ့ ခ်က္ခ်င္းလက္ငင္းပဲ ေရာဂါလကၡဏာဆိုးၿပီးေတာ့ အသက္ေသဆုံးတဲ့အထိ ျဖစ္ႏိုင္တယ္ဆိုတာ ျပည္သူေတြကို သတိျပဳေစခ်င္ပါတယ္။ လက္ရွိမွာဆိုရင္ ICU မွာ လူနာအေယာက္ ၃၀ ေလာက္ရွိပါတယ္။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔မြန္းလြဲပိုင္းအထိ ထုတ္ျပန္ခ်က္ေတြအရ ေနာက္ထပ္ ေသဆုံးသူ ၁၁ ဦး အပါအဝင္ စုစုေပါင္း ၅၇ ဦးနဲ႔ ေရာဂါကူးစက္ခံရသူ ၃,၈၀၀ ေက်ာ္ ရွိေနပါတယ္။ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံဆင္းခြင့္ရသူ ၉၀၀ ေက်ာ္ရွိတယ္ ဆိုေပမဲ့ ဒါဟာ ပိုးေတြ႕လူနာ အားလုံးရဲ႕ ၂၀ ရာခိုင္ႏႈန္းေက်ာ္သာ ရွိေနပါတယ္။ ေရာဂါပိုး ကင္းစင္သြားရင္ေတာင္မွ ျပန္လည္ထူေထာင္ဖို႔ အခ်ိန္ယူရတာေၾကာင့္ ႀကိဳတင္ကာကြယ္ဖို႔ အေရးႀကီးေၾကာင္းလည္း ေဒါက္တာခင္ခင္ႀကီးက သတိေပးထားပါတယ္။

“လူငယ္ေတြဟာ လက္ရွိမွာဆိုရင္ ကိုဗစ္ကေနၿပီးေတာ့ ေရွာင္လႊဲလို႔မရပါဘူး။ ကိုဗစ္ကူးစက္ႏိုင္ပါတယ္။ ျဖစ္ပြားရင္လည္း ေသဆုံးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။ ICU ထဲလည္းေရာက္ၿပီးေတာ့ အသက္ေသတဲ့အထိလည္း ျဖစ္ႏိုင္တယ္ဆိုေပမဲ့လို႔ အမ်ားစုကေတာ့ သိပ္ဆိုး႐ြားျပင္းထန္တဲ့ အဆင့္ေတာ့မရွိပါဘူး။ သို႔ေသာ္ ကိုယ္သာဆိုး႐ြားျပင္းထန္းစြာ မခံစားရေပမယ့္လို႔ ကိုယ့္မိသားစု၊ ကိုယ့္အဖိုးအဖြားေတြဆီ ကူးစက္ေစတယ္ဆိုရင္ သူတို႔ဟာ ဒီ COVID- 19 ရဲ႕တိုက္ခိုက္မႈကို မတြန္းလွန္ႏိုင္ပါဘူး။ သူတို႔ေတာ္ေတာ္ႀကီးကို ျပင္းျပင္းထန္ထန္ ခံစားရပါတယ္။ ေကာင္းသြားရင္ေတာင္မွ ဒါကိုရက္ၾကာၾကာနဲ႔ကုၿပီးေတာ့မွ ေကာင္းလာတဲ့အေျခအေနျဖစ္ပါတယ္။"

ေဆး႐ုံေတြမွာ ေရာဂါပိုးရွိ၊ မရွိေစာင့္ၾကည့္စစ္ေဆးေနတဲ့ဝန္ကို ေလွ်ာ့ခ်ဖို႔ ရည္႐ြယ္ၿပီး ေဆာင္႐ြက္ေနတဲ့ ရန္ကုန္တိုင္း အင္းစိန္ဖ်ားနာကု အခမဲ့ေဆးခန္းမွာလည္း ၂ ရက္အတြင္း စစ္ေဆးသူလူနာ ၅၂ ဦးထဲက တဝက္ေက်ာ္မွာ ကူးစက္မႈရွိေၾကာင္း အတည္ျပဳထားပါတယ္။ ကပ္ေရာဂါေၾကာင့္ ပုဂၢလိက အေထြေထြေရာဂါကု ေဆးခန္းေတြကို ပိတ္ထားရသလို၊ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕မႈရွိတာေတြေၾကာင့္ ေဆး႐ုံတခ်ိဳ႕ ပိတ္ထားရၿပီး တခ်ိဳ႕ေနရာေတြမွာ အခမဲ့ေဆးကုခန္းေတြဆီ လာေရာက္ျပသသူေတြလည္း တိုးလာေနပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနကေတာ့ မေန႔ကပဲ က်န္းမာေရးဝန္ထမ္းေတြအတြက္ ကာကြယ္ေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေတြ ထုတ္ျပန္ခဲ့တာပါ။ ဒါေပမဲ့လည္း လမ္းၫႊန္ခ်က္မွာ ပုဂၢလိက ေဆးခန္းေတြအတြက္ မပါဝင္ေသးတာေၾကာင့္ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ေစခ်င္တယ္လို႔ ရန္ကုန္တိုင္းဖ်ားနာကု အခမဲ့ေဆးခန္းတာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာပါတယ္။

“မေန႔က Protocol ထြက္လာေတာ့ ဪ က်ေနာ္တို႔က ေပ်ာ္သြားတာေပါ့ေနာ္။ ဒီေဆး႐ုံ ေဆးခန္းေတြအတြက္မ်ားလားေပါ့။ ၾကည့္လိုက္ေတာ့ ဘယ္ဟုတ္မလဲ Government Section အတြက္ကို ခ်ေပးထားတာ။ အခုက လူနာတေယာက္ Positive ထြက္တာနဲ႔ ေဆးခန္းပိတ္၊ ဆရာဝန္ေတြနဲ႔ ဝန္ထမ္းေတြ Q သြား အဲလိုရွိေတာ့ ဘယ္သူက ဖြင့္ရဲေတာ့မွာလဲ။ အဲဒါေၾကာင့္ က်ေနာ္တို႔က အဲလိုအေနအထားမ်ိဳးကို ျဖစ္ႏိုင္ရင္ ျမန္ျမန္ေလးေျဖရွင္းေစခ်င္တယ္။ ၿပီးရင္ Protocol တခု ျမန္ျမန္ခ်ေပးေစခ်င္တယ္။ ၿပီးေတာ့ အခုပိတ္ထားတဲ့ေဆးခန္းေတြဆို ေ႐ႊလမင္းဆိုလည္း ပိတ္၊ ဗဟိုရ္စည္ဆိုလည္းပိတ္ တကယ္ေတာ့ အဲဒါက မဟုတ္ေသးဘူး။ ေဆးခန္းလာျပတဲ့ လူနာက Positive ထြက္ေကာင္းထြက္ႏိုင္တယ္။ ထြက္ရင္လည္း ေဆးျဖန္း ၿပီးရင္ ဆက္ၾကည့္။ လူနာနဲ႔ Contact ရွိတဲ့ဆရာဝန္ မေန႔ကထုတ္ျပန္ခ်က္လို Level 2 ဝတ္ထားတယ္ဆို Swab ယူ။ Negative ဆို ဆက္ကု လူနာကိုဆက္ၾကည့္ အဲလိုလုပ္ေပးရမွာေပါ့ေနာ္။"

ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနတာနဲ႔အမွ် က်န္းမာေရးအတြက္ လိုအပ္ခ်က္ေတြနဲ႔ စိန္ေခၚမႈေတြလည္း တိုးလာေနပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ပုဂၢလိက က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းေတြရဲ႕ အခန္းက႑ကိုလည္း ထည့္သြင္းအသုံးခ်ဖို႔ လိုတယ္လို႔ ေဒါက္တာေက်ာ္မင္းထြန္းက တိုက္တြန္းပါတယ္။

"Private Section အေနနဲ႔ကို အခုက အဲလိုျဖစ္ေနတယ္။ ခံတပ္က ပ်က္ေနေတာ့ ပ်က္စီးသြားတဲ့ပုံစံျဖစ္ေနေတာ့ ျဖစ္ႏိုင္ရင္ အဲဒီခံတပ္ကို ျမန္ျမန္ေလးတည္ေဆာက္ေစခ်င္တယ္။ အဲဒီ ခံတပ္ပိတ္ေတာ့မွ အေပၚမွာ Workload မပိေတာ့မွာ။ မပိေတာ့မွ က်ေနာ္တို႔တျခားလုပ္ရမယ့္အလုပ္ေတြ ဆက္လုပ္ရမွာ။ အခုက လူနာေတြက ဆီးခ်ိဳေတြတက္၊ ေသြးေတြတိုး အဲလိုျဖစ္ေနတယ္။ လူနာေတြက ၿပီးရင္ ေဆး႐ုံကိုမလာခ်င္ၾကဘူး။ ရွိတဲ့ေဆးနဲ႔ေမွးေသာက္ ၿပီးရင္ စပ္ေဆးဆိုင္ေရာက္သြား စပ္ေဆးေတြေသာက္။ အဲလိုျဖစ္ေနေတာ့ မေန႔ကခ်ေပးသလို GP ေတြအတြက္ကို Protocol အျမန္ခ်ေပးေစခ်င္တယ္။ ေနာက္ ေဆးခန္း၊ ေဆး႐ုံ၊ ဒီ Private Section အေနနဲ႔လုပ္ၿပီးေတာ့ ျမန္ျမန္ေလးဖြင့္ၿပီးေတာ့ လူနာေတြကိုဆက္ၿပီး ၾကည့္ေစခ်င္တယ္ေပါ့ေနာ္။"

တေက်ာ့ျပန္ ေရာဂါကူးစက္မႈေတြ စတင္ျဖစ္ပြားခဲ့တဲ့ ရခိုင္ျပည္နယ္မွာ ညမထြက္ရအမိန႔္နဲ႔ တတ္ႏိုင္သမွ် အိမ္ျပင္မထြက္ဖို႔ အမိန႔္ထုတ္ထားသလို အခုအခါ ကူးစက္မႈအမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္တိုင္းအတြင္း ေနရာေတာ္ေတာ္မ်ားမ်ားမွာလည္း မလိုအပ္ရင္ အျပင္မသြားဖို႔ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ငယ်ရွယ်သူတွေပါ ကိုဗစ်ကြောင့် သေဆုံးလာတဲ့အတွက် ပိုပြီး သတိထားဖို့လို

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေ တိုးလာနေပြီး ရောဂါအခံမရှိသူတွေ၊ အသက်ငယ်ရွယ်သူတွေပါ ပါဝင်လာတာကြောင့် အရင်ထက်ပိုပြီး ကူးစက်မှုအန္တရာယ်ကို သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်တဦး အပါအဝင် ရောဂါအခံမရှိတဲ့သူတွေပါ ကိုဗစ်ရောဂါနဲ့ သေဆုံးမှုတွေ ရှိနေတာကြောင့် ကူးစက်နိုင်တဲ့ အန္တရာယ်ကို ကျန်းမာရေးပညာရှင်တွေ သတိပေးနေတာပါ။ အစောပိုင်းမှာ ရောဂါလက္ခဏာမပြင်းထန်ပေမဲ့ ရုတ်တရက် သေဆုံးတဲ့အထိ ကြုံရနိုင်တာကြောင့် မပေါ့ဆဖို့လည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အခုက နောက်ခံရောဂါရှိတဲ့သူတွေမှာတင်သေဆုံးတာ မဟုတ်ပါဘူး။ မရှိတဲ့သူတွေလည်း သေဆုံးနေပါတယ်။ အသက်ကလည်း ကြီးမယ်၊ နောက်ခံရောဂါကလည်း ရှိမယ်ဆိုရင်တော့ သေဆုံးမှုကပိုပြီးတော့ အဆများမယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ သို့သော် နောက်ခံရောဂါမရှိပဲနဲ့ လူကောင်းကြီးကလည်း သေနိုင်တယ်ဆိုတာလည်း သိစေချင်ပါတယ်။ နောက်တခုက သူ့ရဲ့ထူးခြားချက်က တခြားရောဂါတွေနဲ့မတူဘဲ သူဟာဆိုလို့ရှိရင် ရောဂါလက္ခဏာသိပ်အဆိုးကြီးတော့ မဟုတ်ဘူးပေါ့နော်။ Moderate လောက်ရှိပြီးတော့ အဲဒီအချိန်ကနေပြီးတော့ ချက်ချင်းလက်ငင်းပဲ ရောဂါလက္ခဏာဆိုးပြီးတော့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်ဆိုတာ ပြည်သူတွေကို သတိပြုစေချင်ပါတယ်။ လက်ရှိမှာဆိုရင် ICU မှာ လူနာအယောက် ၃၀ လောက်ရှိပါတယ်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်တွေအရ နောက်ထပ် သေဆုံးသူ ၁၁ ဦး အပါအဝင် စုစုပေါင်း ၅၇ ဦးနဲ့ ရောဂါကူးစက်ခံရသူ ၃,၈၀၀ ကျော် ရှိနေပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူ ၉၀၀ ကျော်ရှိတယ် ဆိုပေမဲ့ ဒါဟာ ပိုးတွေ့လူနာ အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကျော်သာ ရှိနေပါတယ်။ ရောဂါပိုး ကင်းစင်သွားရင်တောင်မှ ပြန်လည်ထူထောင်ဖို့ အချိန်ယူရတာကြောင့် ကြိုတင်ကာကွယ်ဖို့ အရေးကြီးကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက သတိပေးထားပါတယ်။

“လူငယ်တွေဟာ လက်ရှိမှာဆိုရင် ကိုဗစ်ကနေပြီးတော့ ရှောင်လွှဲလို့မရပါဘူး။ ကိုဗစ်ကူးစက်နိုင်ပါတယ်။ ဖြစ်ပွားရင်လည်း သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ICU ထဲလည်းရောက်ပြီးတော့ အသက်သေတဲ့အထိလည်း ဖြစ်နိုင်တယ်ဆိုပေမဲ့လို့ အများစုကတော့ သိပ်ဆိုးရွားပြင်းထန်တဲ့ အဆင့်တော့မရှိပါဘူး။ သို့သော် ကိုယ်သာဆိုးရွားပြင်းထန်းစွာ မခံစားရပေမယ့်လို့ ကိုယ့်မိသားစု၊ ကိုယ့်အဖိုးအဖွားတွေဆီ ကူးစက်စေတယ်ဆိုရင် သူတို့ဟာ ဒီ COVID- 19 ရဲ့တိုက်ခိုက်မှုကို မတွန်းလှန်နိုင်ပါဘူး။ သူတို့တော်တော်ကြီးကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ ကောင်းသွားရင်တောင်မှ ဒါကိုရက်ကြာကြာနဲ့ကုပြီးတော့မှ ကောင်းလာတဲ့အခြေအနေဖြစ်ပါတယ်။"

ဆေးရုံတွေမှာ ရောဂါပိုးရှိ၊ မရှိစောင့်ကြည့်စစ်ဆေးနေတဲ့ဝန်ကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း အင်းစိန်ဖျားနာကု အခမဲ့ဆေးခန်းမှာလည်း ၂ ရက်အတွင်း စစ်ဆေးသူလူနာ ၅၂ ဦးထဲက တဝက်ကျော်မှာ ကူးစက်မှုရှိကြောင်း အတည်ပြုထားပါတယ်။ ကပ်ရောဂါကြောင့် ပုဂ္ဂလိက အထွေထွေရောဂါကု ဆေးခန်းတွေကို ပိတ်ထားရသလို၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိတာတွေကြောင့် ဆေးရုံတချို့ ပိတ်ထားရပြီး တချို့နေရာတွေမှာ အခမဲ့ဆေးကုခန်းတွေဆီ လာရောက်ပြသသူတွေလည်း တိုးလာနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ မနေ့ကပဲ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေ ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့လည်း လမ်းညွှန်ချက်မှာ ပုဂ္ဂလိက ဆေးခန်းတွေအတွက် မပါဝင်သေးတာကြောင့် ညွှန်ကြားချက်တွေ ထုတ်ပြန်စေချင်တယ်လို့ ရန်ကုန်တိုင်းဖျားနာကု အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

“မနေ့က Protocol ထွက်လာတော့ ဪ ကျနော်တို့က ပျော်သွားတာပေါ့နော်။ ဒီဆေးရုံ ဆေးခန်းတွေအတွက်များလားပေါ့။ ကြည့်လိုက်တော့ ဘယ်ဟုတ်မလဲ Government Section အတွက်ကို ချပေးထားတာ။ အခုက လူနာတယောက် Positive ထွက်တာနဲ့ ဆေးခန်းပိတ်၊ ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေ Q သွား အဲလိုရှိတော့ ဘယ်သူက ဖွင့်ရဲတော့မှာလဲ။ အဲဒါကြောင့် ကျနော်တို့က အဲလိုအနေအထားမျိုးကို ဖြစ်နိုင်ရင် မြန်မြန်လေးဖြေရှင်းစေချင်တယ်။ ပြီးရင် Protocol တခု မြန်မြန်ချပေးစေချင်တယ်။ ပြီးတော့ အခုပိတ်ထားတဲ့ဆေးခန်းတွေဆို ရွှေလမင်းဆိုလည်း ပိတ်၊ ဗဟိုရ်စည်ဆိုလည်းပိတ် တကယ်တော့ အဲဒါက မဟုတ်သေးဘူး။ ဆေးခန်းလာပြတဲ့ လူနာက Positive ထွက်ကောင်းထွက်နိုင်တယ်။ ထွက်ရင်လည်း ဆေးဖြန်း ပြီးရင် ဆက်ကြည့်။ လူနာနဲ့ Contact ရှိတဲ့ဆရာဝန် မနေ့ကထုတ်ပြန်ချက်လို Level 2 ဝတ်ထားတယ်ဆို Swab ယူ။ Negative ဆို ဆက်ကု လူနာကိုဆက်ကြည့် အဲလိုလုပ်ပေးရမှာပေါ့နော်။"

ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ ကျန်းမာရေးအတွက် လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေလည်း တိုးလာနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းအသုံးချဖို့ လိုတယ်လို့ ဒေါက်တာကျော်မင်းထွန်းက တိုက်တွန်းပါတယ်။

"Private Section အနေနဲ့ကို အခုက အဲလိုဖြစ်နေတယ်။ ခံတပ်က ပျက်နေတော့ ပျက်စီးသွားတဲ့ပုံစံဖြစ်နေတော့ ဖြစ်နိုင်ရင် အဲဒီခံတပ်ကို မြန်မြန်လေးတည်ဆောက်စေချင်တယ်။ အဲဒီ ခံတပ်ပိတ်တော့မှ အပေါ်မှာ Workload မပိတော့မှာ။ မပိတော့မှ ကျနော်တို့တခြားလုပ်ရမယ့်အလုပ်တွေ ဆက်လုပ်ရမှာ။ အခုက လူနာတွေက ဆီးချိုတွေတက်၊ သွေးတွေတိုး အဲလိုဖြစ်နေတယ်။ လူနာတွေက ပြီးရင် ဆေးရုံကိုမလာချင်ကြဘူး။ ရှိတဲ့ဆေးနဲ့မှေးသောက် ပြီးရင် စပ်ဆေးဆိုင်ရောက်သွား စပ်ဆေးတွေသောက်။ အဲလိုဖြစ်နေတော့ မနေ့ကချပေးသလို GP တွေအတွက်ကို Protocol အမြန်ချပေးစေချင်တယ်။ နောက် ဆေးခန်း၊ ဆေးရုံ၊ ဒီ Private Section အနေနဲ့လုပ်ပြီးတော့ မြန်မြန်လေးဖွင့်ပြီးတော့ လူနာတွေကိုဆက်ပြီး ကြည့်စေချင်တယ်ပေါ့နော်။"

တကျော့ပြန် ရောဂါကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ညမထွက်ရအမိန့်နဲ့ တတ်နိုင်သမျှ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားသလို အခုအခါ ကူးစက်မှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းအတွင်း နေရာတော်တော်များများမှာလည်း မလိုအပ်ရင် အပြင်မသွားဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG