သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္းမာေရးစည္းမ်ဥ္းနဲ႔အညီ စက္ရံုေတြဆက္ဖြင့္ထားမည္


COVID-19 ကာလ စက္ရံုတခုမွာ အလုပ္လုပ္ေနၾကတဲ့ အလုပ္သမားမ်ား။ (ေမ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

စက္႐ုံေတြမွာ ကိုဗစ္အတည္ျပဳလူနာေတြ ရွိလာေပမယ့္လို႔ အဲဒီစက္႐ုံေတြကို မပိတ္သိမ္းဘဲ ေရာဂါအတည္ျပဳလူနာနဲ႔ ၆ ေပ ပတ္လည္မွာ ရွိသူေတြနဲ႔ အနီးနားထိေတြ႕မႈရွိသူေတြကိုသာ လုပ္ငန္းခြင္လာေရာက္ျခင္း မျပဳဖို႔ အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ကိုဗစ္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနေတြအေနနဲ႔ လုပ္ငန္းခြင္အတြင္း လိုက္နာရမယ့္အခ်က္ေတြကို အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ ၆ ခ်က္ကို စက္တင္ဘာ ၁၅ ရက္ေန႔က ထုတ္ျပန္လိုက္တာပါ။ စက္မႈဇုန္အသီးသီးက စက္႐ုံလုပ္သား ၆၀ ေက်ာ္ ကိုဗစ္အတည္ျပဳလူနာစာရင္းထဲ ပါဝင္လာလို႔ စက္မႈဇုန္စက္႐ုံေတြကို ယာယီျပန္ပိတ္ေပးဖို႔ အလုပ္သမားေရးလႈပ္ရွားေနသူေတြက အေစာပိုင္းမွာ ေတာင္းဆိုခဲ့ၾကတာပါ။

အလုပ္သမားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ကိုဗစ္ေရာဂါအတည္ျပဳလူနာ ေတြ႕ရွိခဲ့ရင္ သူနဲ႔ ၆ ေပပတ္လည္မွာ လုပ္ကိုင္ေနသူေတြနဲ႔ လိုင္းတလိုင္းတည္း အလုပ္လုပ္သူေတြအပါအဝင္ အေဆာင္တခုတည္းမွာ ေနထိုင္သူေတြ၊ ဖယ္ရီအတူစီးသူေတြ၊ ထမင္းအတူစားသူေတြကို အလုပ္ခြင္ကို လာေရာက္ျခင္းမျပဳဖို႔ ကန႔္သတ္ရမယ္လို႔ ေဖာ္ျပထားပါတယ္။ ကပ္ေရာဂါေၾကာင့္ လုပ္ငန္းခြင္ထိခိုက္ရသူေတြကို တခ်ိဳ႕အလုပ္ရွင္ေတြဘက္က တာဝန္ယူတာရွိေပမယ့္ တခ်ိဳ႕ကလည္း တာဝန္မယူႏိုင္ၾကလို႔ ဒါေတြကို ညႇိႏႈိင္းၿပီး သြားေနရတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က VOA ကိုေျပာပါတယ္။

“Quarantine ဝင္မယ့္သူနဲ႔ ထပ္ၿပီးေတာ့ထိေတြ႕ခဲ့တဲ့အဖြဲ႕နဲ႔ ပတ္သက္ၿပီး ဒါေတြကက်ေတာ့ တခ်ိဳ႕အလုပ္ရွင္ကလည္း တာဝန္ယူလိုက္တာရွိတယ္။ တခ်ိဳ႕ကလည္း တာဝန္မယူဘူးဆိုေတာ့။ ဒီဥစၥာကေတာ့ ညႇိႏႈိင္းၿပီးသြားေနရတာ နည္းနည္းေတာ့ ေျပာရခက္တယ္။ က်န္းမာေရးအရ လုပ္တဲ့ဟာဆိုရင္လည္း အမ်ိဳးသမီးနဲ႔ပတ္သက္တဲ့ ဒီကိုယ္ဝန္ေဆာင္တို႔၊ ဘာတို႔ေတာ့ လူမႈဖူလုံေရးက ဆက္ေပးမယ္ဆိုၿပီး အဲေန႔က ေဆြးေႏြးခဲ့တာေလးေတြ ရွိတယ္။"

အလုပ္သမားေတြကို လုပ္ခလစာေပးဖို႔ ျပႆနာရွိေနတဲ့အေပၚ အစိုးရရဲ႕ထုတ္ျပန္ခ်က္ေတြဟာ ျပတ္သား တိက်ဖို႔လိုတယ္လို႔ ျမန္မာႏိုင္ငံစက္မႈလက္မႈနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (MICS) ေျပာခြင့္ရ ဦးသက္ႏွင္းေအာင္က ဆိုပါတယ္။

“အဓိကေတာ့ ဒီအစိုးရတရပ္အေနနဲ႔ အလုပ္ရွင္နဲ႔ အလုပ္သမားၾကားမွာ မွ်မွ်တတရပ္တည္ဖို႔လိုတယ္။ ေနာက္တခုက က်ေနာ္တို႔ေတြ လတိုင္းထည့္ခဲ့တဲ့ လူမႈဖူလုံေရး ရန္ပုံေငြကို ဒီကာလမွာေတာ့ ထိထိေရာက္ေရာက္အသုံးခ်ေပးဖို႔ ေတာင္းဆိုခ်င္တယ္။ ဆိုပါစို႔ အခုေရာဂါကူးစက္မႈ ေတာက္ေလွ်ာက္ျမင့္မားေနတဲ့ကာလမွာ က်ေနာ္တို႔အေနနဲ႔ကေတာ့ စက္႐ုံအလုပ္႐ုံေတြကို တလတန္သည္၊ ႏွစ္လတန္သည္ေပါ့ေလ၊ ယာယီပိတ္ထားသင့္တယ္။ ယာယီပိတ္ထားတဲ့ကာလအတြင္းမွာ အလုပ္သမားေတြကို အနည္းဆုံးလုပ္ခ လစာေပးဖို႔အတြက္ အလုပ္ရွင္ဆီက ရာခိုင္ႏႈန္းတခု၊ အစိုးရက ရာခိုင္ႏႈန္းတခု သတ္မွတ္ၿပီးေတာ့မွ အနည္းဆုံးလုပ္ခ လစာအျပည့္နဲ႔ ပိတ္လိုက္မယ္ဆိုရင္ေတာ့ ႏိုင္ငံတႏိုင္ငံလုံးအေနနဲ႔ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္လိမ့္မယ္လို႔ က်ေနာ္တို႔က ယူဆတယ္။"

တႏိုင္ငံလုံးက စက္႐ုံေတြကို ဧၿပီလတုန္းက ပိတ္ထားခဲ့ေပမယ့္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ကပ္ေရာဂါကာကြယ္ေရး အစီအမံေတြ လုပ္ထားတဲ့ စက္႐ုံေတြကိုေတာ့ ေမလကစၿပီး ျပန္ဖြင့္ခြင့္ေပးခဲ့ပါတယ္။ အလုပ္လက္မဲ့ အက်ိဳးခံစားခြင့္ ေကာက္ခံထားတာ မရွိေပမဲ့ တကယ္တမ္း စက္႐ုံေတြ ပိတ္ရၿပီဆိုရင္ အလုပ္သမားေတြအတြက္ ရန္ပုံေငြ ေခါင္းစဥ္တခုေအာက္ကေန အစိုးရက စီစဥ္ေပးႏိုင္ဖို႔ကို အလုပ္သမားေတြက ေမွ်ာ္လင့္ေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျန်းမာရေးစည်းမျဉ်းနဲ့အညီ စက်ရုံတွေဆက်ဖွင့်ထားမည်

စက်ရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ ရှိလာပေမယ့်လို့ အဲဒီစက်ရုံတွေကို မပိတ်သိမ်းဘဲ ရောဂါအတည်ပြုလူနာနဲ့ ၆ ပေ ပတ်လည်မှာ ရှိသူတွေနဲ့ အနီးနားထိတွေ့မှုရှိသူတွေကိုသာ လုပ်ငန်းခွင်လာရောက်ခြင်း မပြုဖို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အကြောင်း ပြောပြပေးပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း လိုက်နာရမယ့်အချက်တွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ညွှန်ကြားချက် ၆ ချက်ကို စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ စက်မှုဇုန်အသီးသီးက စက်ရုံလုပ်သား ၆၀ ကျော် ကိုဗစ်အတည်ပြုလူနာစာရင်းထဲ ပါဝင်လာလို့ စက်မှုဇုန်စက်ရုံတွေကို ယာယီပြန်ပိတ်ပေးဖို့ အလုပ်သမားရေးလှုပ်ရှားနေသူတွေက အစောပိုင်းမှာ တောင်းဆိုခဲ့ကြတာပါ။

အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုဗစ်ရောဂါအတည်ပြုလူနာ တွေ့ရှိခဲ့ရင် သူနဲ့ ၆ ပေပတ်လည်မှာ လုပ်ကိုင်နေသူတွေနဲ့ လိုင်းတလိုင်းတည်း အလုပ်လုပ်သူတွေအပါအဝင် အဆောင်တခုတည်းမှာ နေထိုင်သူတွေ၊ ဖယ်ရီအတူစီးသူတွေ၊ ထမင်းအတူစားသူတွေကို အလုပ်ခွင်ကို လာရောက်ခြင်းမပြုဖို့ ကန့်သတ်ရမယ်လို့ ဖော်ပြထားပါတယ်။ ကပ်ရောဂါကြောင့် လုပ်ငန်းခွင်ထိခိုက်ရသူတွေကို တချို့အလုပ်ရှင်တွေဘက်က တာဝန်ယူတာရှိပေမယ့် တချို့ကလည်း တာဝန်မယူနိုင်ကြလို့ ဒါတွေကို ညှိနှိုင်းပြီး သွားနေရတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က VOA ကိုပြောပါတယ်။

“Quarantine ဝင်မယ့်သူနဲ့ ထပ်ပြီးတော့ထိတွေ့ခဲ့တဲ့အဖွဲ့နဲ့ ပတ်သက်ပြီး ဒါတွေကကျတော့ တချို့အလုပ်ရှင်ကလည်း တာဝန်ယူလိုက်တာရှိတယ်။ တချို့ကလည်း တာဝန်မယူဘူးဆိုတော့။ ဒီဥစ္စာကတော့ ညှိနှိုင်းပြီးသွားနေရတာ နည်းနည်းတော့ ပြောရခက်တယ်။ ကျန်းမာရေးအရ လုပ်တဲ့ဟာဆိုရင်လည်း အမျိုးသမီးနဲ့ပတ်သက်တဲ့ ဒီကိုယ်ဝန်ဆောင်တို့၊ ဘာတို့တော့ လူမှုဖူလုံရေးက ဆက်ပေးမယ်ဆိုပြီး အဲနေ့က ဆွေးနွေးခဲ့တာလေးတွေ ရှိတယ်။"

အလုပ်သမားတွေကို လုပ်ခလစာပေးဖို့ ပြဿနာရှိနေတဲ့အပေါ် အစိုးရရဲ့ထုတ်ပြန်ချက်တွေဟာ ပြတ်သား တိကျဖို့လိုတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ပြောခွင့်ရ ဦးသက်နှင်းအောင်က ဆိုပါတယ်။

“အဓိကတော့ ဒီအစိုးရတရပ်အနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ မျှမျှတတရပ်တည်ဖို့လိုတယ်။ နောက်တခုက ကျနော်တို့တွေ လတိုင်းထည့်ခဲ့တဲ့ လူမှုဖူလုံရေး ရန်ပုံငွေကို ဒီကာလမှာတော့ ထိထိရောက်ရောက်အသုံးချပေးဖို့ တောင်းဆိုချင်တယ်။ ဆိုပါစို့ အခုရောဂါကူးစက်မှု တောက်လျှောက်မြင့်မားနေတဲ့ကာလမှာ ကျနော်တို့အနေနဲ့ကတော့ စက်ရုံအလုပ်ရုံတွေကို တလတန်သည်၊ နှစ်လတန်သည်ပေါ့လေ၊ ယာယီပိတ်ထားသင့်တယ်။ ယာယီပိတ်ထားတဲ့ကာလအတွင်းမှာ အလုပ်သမားတွေကို အနည်းဆုံးလုပ်ခ လစာပေးဖို့အတွက် အလုပ်ရှင်ဆီက ရာခိုင်နှုန်းတခု၊ အစိုးရက ရာခိုင်နှုန်းတခု သတ်မှတ်ပြီးတော့မှ အနည်းဆုံးလုပ်ခ လစာအပြည့်နဲ့ ပိတ်လိုက်မယ်ဆိုရင်တော့ နိုင်ငံတနိုင်ငံလုံးအနေနဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့က ယူဆတယ်။"

တနိုင်ငံလုံးက စက်ရုံတွေကို ဧပြီလတုန်းက ပိတ်ထားခဲ့ပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကပ်ရောဂါကာကွယ်ရေး အစီအမံတွေ လုပ်ထားတဲ့ စက်ရုံတွေကိုတော့ မေလကစပြီး ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ကောက်ခံထားတာ မရှိပေမဲ့ တကယ်တမ်း စက်ရုံတွေ ပိတ်ရပြီဆိုရင် အလုပ်သမားတွေအတွက် ရန်ပုံငွေ ခေါင်းစဉ်တခုအောက်ကနေ အစိုးရက စီစဉ်ပေးနိုင်ဖို့ကို အလုပ်သမားတွေက မျှော်လင့်နေကြတာပါ။

XS
SM
MD
LG