သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Mitsubishi ကုမၸဏီ ျမန္မာႏုိင္ငံမွာ ကားစက္ရုံတည္ေဆာက္ဖုိ႔ စဥ္းစားေန


Mitsubishi ကား စက္ရံု

(Zawgyi/Unicode)

အေရွ႕ေတာင္အာရွမွာ ေစ်းကြက္ခ်ဲ႕ထြင္လာတဲ့ ဂ်ပန္ Mitsubishi ကား ကုမၸဏီက ျမန္မာနိုင္ငံမွာ ကားထုတ္လုပ္ေရးစက္႐ုံတခု တည္ေဆာက္ဖို႔ စဥ္းစားေနတယ္ လို႔ Mitsubishi အမႈေဆာင္အရာရွိခ်ဳပ္ Takao Kato က Nikkei Asian Review သတင္းဌာနကို ေျပာပါတယ္။ ဘယ္ေနရာမွာ ေဆာက္မလဲဆိုတာနဲ႔ ဘယ္ေတာ့ ေဆာက္မလဲဆိုတာေတာ့ မဆုံးျဖတ္ရေသးဘူးလို႔ သူကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လေႏွာင္းပိုင္းက ထုတ္ျပန္ခဲ့တဲ့ ကုမၸဏီရဲ႕ ႏွစ္လတ္စီမံကိန္း အစီအစဥ္ေတြအရ Mitsubishi ကား ကုမၸဏီက အေရွ႕ေတာင္အာရွ ၁၀ နိုင္ငံ အဖြဲ႕ဝင္ နိုင္ငံေတြမွာ ဦးစားေပး ေစ်းကြက္ခ်ဲ႕ထြင္လာတာျဖစ္ပါတယ္။

ဗီယက္နမ္၊ ထိုင္း ၊ အင္ဒိုနီးရွားနဲ႔ ဖိလစ္ပိုင္နိုင္ငံေတြမွာလည္း Mitsubishi ကားထုတ္လုပ္ေရး စက္႐ုံေတြ တည္ေဆာက္ ထားၿပီး ျဖစ္ပါတယ္။ ဗီယက္နမ္မွာ ေနာက္ထပ္ စက္႐ုံတခု ထပ္ၿပီးတည္ေဆာက္ဖို႔ စဥ္းစားေနၿပီးတဲ့ေနာက္ အခုအခါ ျမန္မာနိုင္ငံ ကိုလည္း ဒီ အစီအစဥ္ထဲ ထည့္သြင္းလာတာပါ။ Mitsubishi ကုမၸဏီဟာဥေရာပနဲ႔ တျခား အေရးပါတဲ့ ေဒသေတြမွာ လုပ္သား အင္အားကို ျဖတ္ေတာက္ၿပီး လုပ္ငန္းေတြ ေလၽွာ့ခ် လည္ပတ္သြားမွာ ျဖစ္တယ္လို႔လည္း Nikkei Asian Review သတင္းက ေျပာပါတယ္။

ဂ်ပန္နိုင္ငံမွာ အခြန္ကိစၥ တရားရင္ဆိုင္ေနရခ်ိန္မွာ လက္ဘႏြန္နိုင္ငံကို လွို႔ဝွက္ ထြက္ေျပးသြားခဲ့သူ Mitsubishi ကုမၸဏီ ဥကၠဌေဟာင္း Carlos Ghosn လက္ထက္မွာ ကုမၸဏီ တိုးခ်ဲ႕တာေတြ အမ်ားအျပား လုပ္ေဆာင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

Mitsubishi ကုမ္ပဏီ မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ဆောက်ဖို့ စဉ်းစားနေ

(Unicode)
အရှေ့တောင်အာရှမှာ ဈေးကွက်ချဲ့ထွင်လာတဲ့ ဂျပန် Mitsubishi ကား ကုမ္ပဏီက မြန်မာနိုင်ငံမှာ ကားထုတ်လုပ်ရေးစက်ရုံတခု တည်ဆောက်ဖို့ စဉ်းစားနေတယ် လို့ Mitsubishi အမှုဆောင်အရာရှိချုပ် Takao Kato က Nikkei Asian Review သတင်းဌာနကို ပြောပါတယ်။ ဘယ်နေရာမှာ ဆောက်မလဲဆိုတာနဲ့ ဘယ်တော့ ဆောက်မလဲဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ နှစ်လတ်စီမံကိန်း အစီအစဉ်တွေအရ Mitsubishi ကား ကုမ္ပဏီက အရှေ့တောင်အာရှ ၁၀ နိုင်ငံ အဖွဲ့ဝင် နိုင်ငံတွေမှာ ဦးစားပေး ဈေးကွက်ချဲ့ထွင်လာတာဖြစ်ပါတယ်။

ဗီယက်နမ်၊ ထိုင်း ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း Mitsubishi ကားထုတ်လုပ်ရေး စက်ရုံတွေ တည်ဆောက် ထားပြီး ဖြစ်ပါတယ်။ ဗီယက်နမ်မှာ နောက်ထပ် စက်ရုံတခု ထပ်ပြီးတည်ဆောက်ဖို့ စဉ်းစားနေပြီးတဲ့နောက် အခုအခါ မြန်မာနိုင်ငံ ကိုလည်း ဒီ အစီအစဉ်ထဲ ထည့်သွင်းလာတာပါ။ Mitsubishi ကုမ္ပဏီဟာဥရောပနဲ့ တခြား အရေးပါတဲ့ ဒေသတွေမှာ လုပ်သား အင်အားကို ဖြတ်တောက်ပြီး လုပ်ငန်းတွေ လျှော့ချ လည်ပတ်သွားမှာ ဖြစ်တယ်လို့လည်း Nikkei Asian Review သတင်းက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ အခွန်ကိစ္စ တရားရင်ဆိုင်နေရချိန်မှာ လက်ဘနွန်နိုင်ငံကို လှို့ဝှက် ထွက်ပြေးသွားခဲ့သူ Mitsubishi ကုမ္ပဏီ ဥက္ကဌဟောင်း Carlos Ghosn လက်ထက်မှာ ကုမ္ပဏီ တိုးချဲ့တာတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG