သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကား အမည္ေပါက္ အတြက္ အခြန္ေပးသင့္၊ မေပးသင့္


မွတ္တမ္းဓာတ္ပံု။ ၂၀၁၃ ခုႏွစ္က ရန္ကုန္မွာ လုပ္ခဲ႔တဲ႔ Burma Road Classic ျပပြဲ။

ေမာ္ေတာ္ယာဥ္ ပိုင္ရွင္ေတြ အခြန္ေဆာင္မွ ယာဥ္ မွတ္ပုံတင္ခြင့္ ေပးမယ့္ ကညန - ကုန္းလမ္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနရဲ႕ ေၾကညာခ်က္က လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔က စလို႔ သက္ေရာက္မွာ ျဖစ္ပါတယ္။ အရင္က ကားတစီးကို ၁၅ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္းၾကား အခြန္ေကာက္တာကေန အခုဆိုရင္ ၃ ရာခိုင္ႏႈန္းဘဲ ေပးၿပီး ယာဥ္ပိုင္ရွင္ အမည္၊ လိပ္စာ မွန္မွန္ကန္ကန္ ေျပာင္းလဲႏိုင္မယ့္ အခြင့္အေရးလို႔ ကညနက ေၾကညာထားတာပါ။ ကညနက မေၾကညာခင္ သတင္းေပါက္ၾကားတယ္ဆိုၿပီးလည္း ေဝဖန္သံေတြ ထြက္ခဲ့တဲ့ ေမာ္ေတာ္ယာဥ္ အခြန္ေပးေဆာင္ရမယ့္ စည္းမ်ဥ္းသစ္က အလုပ္ျဖစ္လာႏိုင္ပါသလားဆိုတာကို ကားထုတ္လုပ္ေရး လုပ္ငန္းရွင္ တဦး ျဖစ္တဲ့ ေဒါက္တာ စိုးထြန္းကို ဆက္သြယ္ ေမးျမန္းၿပီး ဒီသတင္းပတ္ စီးပြားေရး က႑မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ကား အမည္ေပါက္ အတြက္ အခြန္ေပးသင့္၊ မေပးသင့္
please wait

No media source currently available

0:00 0:07:41 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

ကား အမည်ပေါက် အတွက် အခွန်ပေးသင့်၊ မပေးသင့်

မော်တော်ယာဉ် ပိုင်ရှင်တွေ အခွန်ဆောင်မှ ယာဉ် မှတ်ပုံတင်ခွင့် ပေးမယ့် ကညန - ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ကြေညာချက်က လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့က စလို့ သက်ရောက်မှာ ဖြစ်ပါတယ်။ အရင်က ကားတစီးကို ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းကြား အခွန်ကောက်တာကနေ အခုဆိုရင် ၃ ရာခိုင်နှုန်းဘဲ ပေးပြီး ယာဉ်ပိုင်ရှင် အမည်၊ လိပ်စာ မှန်မှန်ကန်ကန် ပြောင်းလဲနိုင်မယ့် အခွင့်အရေးလို့ ကညနက ကြေညာထားတာပါ။ ကညနက မကြေညာခင် သတင်းပေါက်ကြားတယ်ဆိုပြီးလည်း ဝေဖန်သံတွေ ထွက်ခဲ့တဲ့ မော်တော်ယာဉ် အခွန်ပေးဆောင်ရမယ့် စည်းမျဉ်းသစ်က အလုပ်ဖြစ်လာနိုင်ပါသလားဆိုတာကို ကားထုတ်လုပ်ရေး လုပ်ငန်းရှင် တဦး ဖြစ်တဲ့ ဒေါက်တာ စိုးထွန်းကို ဆက်သွယ် မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

XS
SM
MD
LG