သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခြန္သက္သာခြင့္နဲ႔ ျပည္ပ ကားတင္သြင္းခြင့္ေၾကာင့္ ျပည္တြင္း ကားေစ်းကြက္ အေျပာင္းအလဲ


အစိုးရ ၀န္ထမ္းေတြကို အထူးအခြင့္အေရး အျဖစ္ အခြန္ကင္းလြတ္ခြင့္နဲ႔ ကားတင္သြင္းခြင့္ ေပးမယ့္ အေရးေၾကာင့္ ကားပါမစ္ ရမယ့္ ၀န္ထမ္းေတြ က်ပ္ေငြ သိန္း ရာနဲ႔ခ်ီ တြက္ေခ်ကိုက္မွာ ျဖစ္ေပမယ္လို႔႔ ျပည္တြင္း ကားထုတ္လုပ္သူေတြ အတြက္ေတာ့ ေစ်းကြက္ မေရရာမယ့္ အေျခအေနကို ႀကိဳတင္ တြက္ဆေနၾကရပါတယ္။ အစိုးရ ၀န္ထမ္းေတြကို ကားတင္သြင္းခြင့္ ပါမစ္ တသိန္းေလာက္ ခ်ထားေပးဖို႔ ရည္ရြယ္ထားတာ ျဖစ္ၿပီး ျပည္တြင္း တပ္ဆင္ ထုတ္လုပ္တဲ႔ ကားသစ္ ေစ်းကြက္က တႏွစ္ကို အစီးေရ ၂ ေသာင္းေလာက္သာ ရွိေနတာပါ။ Soueast Motor Myanmar - ျပည္တြင္း ကားထုတ္လုပ္ေရး လုပ္ငန္းရွင္ တဦး ျဖစ္တဲ႔ ေဒါက္တာ စိုးထြန္းနဲ႔ မသိဂၤ ီထုိက္ ေဆြးေႏြးၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ တင္ျပထားပါတယ္။

မသိဂၤ ီထိုက္။ ။ ကားပါမစ္ ဆိုတာကေတာ့ အခြင့္ထူး ျဖစ္တယ္ဆိုတာ ကေတာ့ ရွည္ရွည္ေ၀းေ၀းလဲ ေဆြးေႏြးဖို႔ လိုမယ္ မထင္ပါဘူး။ အဓိက ရည္ရြယ္ခ်က္ကို ဆရာတို႔ ဘယ္လို နားလည္ထားပါလဲ။

ေဒါက္တာ စိုးထြန္း ။ ။ က်ေနာ္တို႔ဆီက ၀န္ထမ္းေတြက လစာနည္းတယ္ေပါ့ေနာ္။ ႏုိင္ငံတကာနဲ႔ ယွဥ္ရင္။ သူတို႔ေတြရဲ႕ သက္သာ ေခ်ာင္ခ်ိေရး အတြက္ ရည္ရြယ္ ေဆာင္ရြက္တယ္လို႔ ေျဖပါတယ္။

မသိဂၤ ီထိုက္။ ။ ၀န္ထမ္းေတြ ကား၀ယ္ဖို႔ ၀န္ေဆာင္မႈ ေပးမယ္ဆိုတဲ႔ လုပ္ငန္းေတြလည္း ေပၚလာေတာ့ သူတို႔ မွန္းထားတဲ႔ အတိုင္း ၀န္ထမ္းေတြ သက္သာ ေခ်ာင္ခ်ိေရးက တကယ္ ျဖစ္လာႏုိင္ပါ့မလား။ တကယ္ အက်ိဳးအျမတ္ ရမယ့္သူက ၀န္ထမ္းေတြ ျဖစ္ပါ့မလား။

ေဒါက္တာ စိုးထြန္း ။ ။ တိုက္ရိုက္ အက်ိဳးအျမတ္ရမွာေတာ့ ၀န္ထမ္း ျဖစ္မွာေပါ့။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကား ပါမစ္ကို အခြန္သက္သာခြင့္ ေပးတယ္ဆိုေတာ့၊ အနည္းဆံုး ပါမစ္က အနိမ့္ဆံုး ၀န္ထမ္းက သိန္း ၃၀၀ ဆိုရင္ အခြန္သက္သာခြင့္က သိန္း ၄၅၀ ေလာက္ ေပးလိုက္တာေပါ့ေနာ္။ ပါမစ္ တေစာင္ရဲ႕ အခြန္သက္သာခြင့္က သိန္း ၄၅၀ ေလာက္ တန္တာေပါ့။ အဲဒါ ကိုယ့္ဘာသာ သြင္းခ်င္သြင္းေပါ့။ မသြင္းဘူးဆိုရင္လည္း တျခား နည္းလမ္း ေဆာင္ရြက္မယ္တုိ႔ ဘာတို႔လည္း ၀င္ေငြ တခုေတာ့ ထြက္လာမွာဘဲလို႔ က်ေနာ္ျမင္တယ္။

မသိဂၤ ီထိုက္။ ။ အျပင္ကေန ကား တေသာင္းေလာက္ ၀င္လာမယ္ဆိုေတာ့ ျပည္တြင္း ကားေစ်းကြက္ ေပါ့ေနာ္ ျပည္တြင္း ကားထုတ္လုပ္ သူေတြ ေစ်းကြက္ေရာ ဒါဟာ နစ္နာမႈ မျဖစ္ဘူးလား ဆရာ။

ေဒါက္တာ စိုးထြန္း ။ ။ အဲဒါ Industry ကိုေတာ့ ထိခိုက္မယ္။ သူက ေသာင္းဂဏန္းဆို တႏွစ္ကို ဆိုေတာ့ အနည္းဆံုး က်ေနာ္တို႔ မွန္းတာ သိန္းဂဏန္းေလာက္ ျဖစ္ႏုိင္တာေပါ့။ လုပ္သက္ ၂၅ ႏွစ္ဆို အသက္ အစိတ္ေလာက္ဆို ေပါင္း အသက္ ၅၀ ဆိုေတာ့ အသက္ ၅၀ နဲ႔ ၆၀ ၾကား တႏွစ္ တေသာင္းနဲ႔ တသိန္းေလာက္ ရွိမယ္။ က်ေနာ္တို႔ ပံုမွန္ေပါ့ ကားေစ်းကြက္မွာ ကားသစ္ေစ်းကြက္ရဲ႕ ပံုမွန္ ေရာင္းအားက တႏွစ္ကို ၂ ေသာင္းေလာက္ ရွိတာေပါ႔။ အခု အစီး တသိန္းေလာက္ ၊ သူက ပါမစ္ တေစာင္ရဲ႕ သက္တမ္းက ၃ လရွိတာေပါ့ေနာ္။ ၃ လမွာ တသိန္း ၀င္လာရင္ေတာ့ ေရာင္းလိုအား ၀ယ္လိုအား မမွ် ျဖစ္ၿပီးေတာ့ Automotive Industry ကေတာ့ ကားေစ်းကြက္ကေတာ့ ထိခုိက္ဖို႔ ရွိပါတယ္။

မသိဂၤ ီထိုက္။ ။ ေနာက္တခုက ရန္ကုန္ပါမစ္ကို အျပင္က သြင္းလာရင္ မေပးေတာ့ဘူး။ ျပည္တြင္းထုတ္ဘဲ ေပးမယ္ဆိုတဲ႔ ဟာကေရာ ျပင္လိုက္လား ဆရာ။ အသစ္၀င္လာတဲ႔ဟာေတြကို ေပးမွာလား။

ေဒါက္တာ စိုးထြန္း ။ ။ အဲဒါလည္း ျပင္လုိက္တယ္။ သန္ေခါင္ စာရင္းအလုိက္ ေပးမွာေပါ့။ ဒီ ၀န္ထမ္းက ရန္ကုန္ သန္ေခါင္စာရင္းနဲ႔ ေလွ်ာက္တယ္ဆို ရန္ကုန္ပါမစ္ပါ သူတို႔ကို ေပးမွာ။ အဲဒီ အခြင့္အေရးက ဒါေၾကာင့္ က်ေနာ္ ခုနက တြက္ျပတဲ႔ အထဲမွာ အဲဒါ သိန္း ၄၅၀ ေလာက္ တန္တယ္ဆိုတာ ရန္ကုန္ပါမစ္ပါ ပါတယ္။ ရန္ကုန္ ပါမစ္ တေစာင္က ၁၀၀ ေက်ာ္ေလာက္ တန္တာကိုး။

မသိဂၤ ီထိုက္။ ။ အဲဒီေတာ့ ၀န္ထမ္းေတြ အေနနဲ႔ ဒီ ပါမစ္ကို တိုက္ရိုက္ ေရာင္းလုိက္လို႔ ရတဲ႔ အေနအထားေရာ။

ေဒါက္တာ စိုးထြန္း ။ ။ မေရာင္းရဘူးေတာ့ ေျပာတာေပါ့။ ဒါေပမယ့္ က်ေနာ္တို႔ ျမင္တာက မေရာင္းဘဲနဲ႔ သာမန္ ေအာက္ေျခ ၀န္ထမ္းက ကားသြင္းဖို႔မွ မလိုတာ။ ေရာင္းမွာေပါ့ေနာ္။ ဒါကေတာ့ အရင္ကလည္း မေရာင္းရဘူးဆိုတဲ႔ဟာေတြ ေရာင္းေနတာဘဲ။ သေဘာၤသား ပါမစ္တို႔ ရိႈးေဂ်ာ့ ပါမစ္တို႔ တယ္လီဖုန္း GSM တို႔ ဒီလိုဘဲ ေရာင္းေနတာဘဲ။ ဒါကေတာ့ ဒီလိုဘဲ မူ၀ါဒ အရ မေရာင္းရဘူး ေျပာတာ။ ဒါေပမယ့္ လက္ေတြ႔မွာေတာ့ အေရာင္းအ၀ယ္ ျဖစ္မွာ။ ေရာင္းမွလည္း ပိုက္ဆံ ရမွာ။

မသိဂၤ ီထိုက္။ ။ ၀ယ္ခြင့္ရမယ့္ ၀န္ထမ္း တေယာက္ အေနနဲ႔ ဒီ ပါမစ္ကို ေရာင္းမယ္ဆိုရင္ေရာ ေစ်းကြက္ထဲမွာ ဘယ္ေလာက္ ေပါက္ပါလဲရွင့္။ ဘာမွ ကုန္က်စာရိတ္ မရွိဘဲနဲ႔ေပါ့။

ေဒါက္တာ စိုးထြန္း ။ ။ ခုနက က်ေနာ္ ရွင္းျပသလိုဘဲ မူရင္း တန္ဖိုးက ၃၀၀ - ၄၀၀ (သိန္း) ၊ ရန္ကုန္လိုင္စင္တင္ဘဲ သိန္း ၁၀၀ ေက်ာ္ေလာက္ တန္ေနတာကိုး။ အခြန္သက္သာခြင့္နဲ႔ ေပါင္းရင္ေတာ့။ ဒါေပမယ့္ ဘယ္ေလာက္ ရမလဲေတာ့ မသိဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ပါမစ္က အမ်ားႀကီး ျဖစ္လာရင္ေတာ့ ၀ယ္လိုအား ေရာင္းလိုအား ျဖစ္လာမွာ။ ဦးဆံုး ထြက္တဲ႔ ပါမစ္က တန္ဖိုးရွိမွာေပါ့။ ေနာက္က်တဲ႔ ပါမစ္က တျဖည္းျဖည္း တန္ဖိုးက်သြားမွာ။

မသိဂၤ ီထိုက္။ ။ အဲေတာ့ ဆရာတို႔ ျပည္တြင္း ကားထုတ္လုပ္သူေတြ အေနနဲ႔ေရာ အစိုးရက မူ၀ါဒက တႏွစ္ ၂ ႏွစ္ အတြင္းမွာ တခါ ေျပာင္းျပန္တယ္ဆိုတဲ႔ ဟာမ်ဳိး ျဖစ္တာေပါ့ေနာ္။ ဒီအေပၚမွာ ဆရာတို႔ အေနနဲ႔ ဘာမ်ား ေျပာခ်င္ပါသလဲ။

ေဒါက္တာ စိုးထြန္း ။ ။ မွန္တယ္။ သူက ကားထုတ္လုပ္တဲ႔ SKD – Semi knock-down ထုတ္လုပ္တဲ႔သူေတြက မူ၀ါဒ တည္ၿငိမ္လာၿပီ ဆိုေတာ့ သူက ၀င္လာၾကတာေပါ့။ ဗမာျပည္မွာ အခု ေတာ္ေတာ္ စံုၿပီေပါ့။ Nissan တို႔ Ford တို႔ Soueast တို႔ အခုဆိုရင္ Toyota ကလည္း စက္ရံု ေဆာက္ေနၿပီေပါ့။ အခုလို မူ၀ါဒ အေျပာင္းအလဲ ျဖစ္တဲ႔ အခ်ိန္မွာေတာ့ ထိခုိက္မႈ မ်ားႏုိင္တာေပါ့ေနာ္။

မသိဂၤ ီထိုက္။ ။ အဲေတာ့ ျပည္တြင္း ကားထုတ္လုပ္တဲ႔ ေစ်းကြက္ကေရာ ေသခ်ာမႈ ရွိပါဦးမလား။

ေဒါက္တာ စိုးထြန္း ။ ။ မွန္တယ္ အဲဒါေၾကာင့္ ျပည္တြင္း ထုတ္လုပ္မႈ ေစ်းကြက္လည္း ထိခုိက္မႈ ရွိလာႏိုင္တယ္။

မသိဂၤ ီထိုက္။ ။ ဆရာတို႔ ဒီကိစၥကို အစိုးရနဲ႔ ေဆြးေႏြးတာမ်ိဳး ရွိပါသလား ဆရာ။

ေဒါက္တာ စိုးထြန္း ။ ။ သူက အားလံုး ၿပီးေနၿပီ။ က်ေနာ္တို႔ကို ေခၚယူၿပီး အသိေပးတာဘဲ ရွိတယ္။ သူက ဒါလုပ္လာတာ ၆ လေလာက္ ရွိၿပီ ေျပာတယ္။ က်ေနာ္တို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ပိုင္းကေရာ၊ ပုဂၢလိက လုပ္ငန္းရွင္ပိုင္းကေရာ၊ က်န္တဲ႔ အဖြဲ႔ေတြကေရာ ေခၚယူေဆြးေႏြးတာေတာ့ မရွိပါဘူး။ က်ေနာ္တို႔က အသိေပးတာေပါ့ေနာ္။ တိုင္ပင္တာ မဟုတ္ဘူး။

မသိဂၤ ီထိုက္။ ။ ဆိုေတာ့ သက္သာ ေခ်ာင္ခ်ိေရးနဲ႔ ကားစီးဖို႔ ဆိုရင္ ျပည္တြင္းမွာ သူတို႔ အားေပးေနတဲ႔ ျပည္တြင္းထုတ္ ကားေတြကိုေရာ သူတို႔ ဘာေၾကာင့္ မရည္ညႊန္းပါသလဲ။

ေဒါက္တာ စိုးထြန္း ။ ။ ဟုတ္တယ္။ က်ေနာ္တို႔က အရင္ အစိုးရ လက္ထက္ တုန္းကေတာ့ လုပ္ခဲ႔ဖူးတယ္။ သူတို႔ ျပည္တြင္း စက္မႈ၀န္ႀကီးဌာနက ထုတ္တဲ႔ ကား အေသးေလးေတြ ၃၅ သိန္းတန္ ကားကို လႊတ္ေတာ္ ကိုယ္စားလွယ္တို႔ ၀န္ထမ္းႀကီးေတြတို႔ အဲဒါမ်ိဳးကို ခ်ေပးတာ ေတြ႔တယ္ေပါ့ေနာ္။ စက္မႈ ၀န္ႀကီးဌာနက ထုတ္တဲ႔ ကားကိုဘဲ ေပးတာေပါ့ေနာ္။ ဟို အရင္ မဆလ ေခတ္က ေလးဘီးကားလို ဟာမ်ိဳး။ ျပည္တြင္းေတာင္မွ အစိုးရက ထုတ္တဲ႔ကားေပါ့။ အဲဒါေတာ့ ပိုၿပီးေတာ့ နည္းလမ္းက်တာေပါ့ေနာ္။

မသိဂၤ ီထိုက္။ ။ ျပည္တြင္းထုတ္ ကားေလာကမွာ စိတ္ခ်ရတဲ႔ Brand ေတြ ထုတ္ေနတာေတြ ရွိတယ္ဆိုေတာ့ ဘာေၾကာင့္ ျပည္တြင္းထုတ္ ကားေတြကို အရစ္က်နဲ႔ ၀ယ္ခြင့္ ေပးမယ္ဆိုတာမ်ိဳး မျဖစ္ဘဲနဲ႔ ျပည္ပ ကားတင္သြင္းခြင့္ ဆိုတာထိ သြားပါသလဲ။ ဆရာတို႔ ဘယ္လို ျမင္ပါသလဲ။

ေဒါက္တာ စိုးထြန္း ။ ။ အဓိက ကေတာ့ အခြန္ေငြကို လက္ေဆာင္ ေပးခ်င္တဲ႔ သေဘာေပါ့ေနာ္။ အခြန္သက္သာခြင့္။ အခုဟာက ျပည္တြင္းထုတ္ ကားက ဘယ္သူျဖစ္ျဖစ္ ၀ယ္လို႔ ရေနတဲ႔ အေနအထား ရွိေတာ့ ၀န္ထမ္းေတြကိုေတာ့ အထူးအခြင့္အေရး ေပးတဲ႔ပံုစံမ်ိဳးနဲ႔ ျပည္ပကေန အခြန္သက္သာခြင့္ အေနနဲ႔ တစီးကို ရာနဲ႔ ေထာင္နဲ႔ခ်ီၿပီး သက္သာခြင့္ ေပးတဲ႔ သေဘာမ်ဳိးလို႔ ျမင္ပါတယ္။

မသိဂၤ ီထိုက္။ ။ အဲေတာ့ ဆရာတို႔ ျပည္တြင္း ကားထုတ္လုပ္သူမ်ား အေနနဲ႔ေရာ ျပည္တြင္း ကားထုတ္လုပ္ေရး လုပ္ငန္းရွင္မ်ား အေနနဲ႔ေရာ ဒီဟာကို ကန္႔ကြက္ဖို႔ ၊ ကန္႔ကြက္ႏိုင္တဲ႔ အေနအထားေရာ ရွိပါလား။

ေဒါက္တာ စိုးထြန္း ။ ။ က်ေနာ္တို႔က ကန္႔ကြက္ေနတာ၊ ဒီဟာကေတာ့ ျပည္တြင္း Automotive Industry တခုလံုး ထိခုိက္ႏုိင္တယ္ ေျပာေပမယ့္လည္း က်ေနာ္တို႔ ေျပာတာ လက္မွ မခံတာ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အခွန်သက်သာခွင့်နဲ့ ပြည်ပ ကားတင်သွင်းခွင့်ကြောင့် ပြည်တွင်း ကားဈေးကွက် အပြောင်းအလဲ


အစိုးရ ဝန်ထမ်းတွေကို အထူးအခွင့်အရေး အဖြစ် အခွန်ကင်းလွတ်ခွင့်နဲ့ ကားတင်သွင်းခွင့် ပေးမယ့် အရေးကြောင့် ကားပါမစ် ရမယ့် ဝန်ထမ်းတွေ ကျပ်ငွေ သိန်း ရာနဲ့ချီ တွက်ချေကိုက်မှာ ဖြစ်ပေမယ်လို့ ပြည်တွင်း ကားထုတ်လုပ်သူတွေ အတွက်တော့ ဈေးကွက် မရေရာမယ့် အခြေအနေကို ကြိုတင် တွက်ဆနေကြရပါတယ်။ အစိုးရ ဝန်ထမ်းတွေကို ကားတင်သွင်းခွင့် ပါမစ် တသိန်းလောက် ချထားပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး ပြည်တွင်း တပ်ဆင် ထုတ်လုပ်တဲ့ ကားသစ် ဈေးကွက်က တနှစ်ကို အစီးရေ ၂ သောင်းလောက်သာ ရှိနေတာပါ။

Soueast Motor Myanmar - ပြည်တွင်း ကားထုတ်လုပ်ရေး လုပ်ငန်းရှင် တဦး ဖြစ်တဲ့ ဒေါက်တာ စိုးထွန်းနဲ့ မသိင်္ဂ ီထိုက် ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။

မသိင်္ဂ ီထိုက်။ ။ ကားပါမစ် ဆိုတာကတော့ အခွင့်ထူး ဖြစ်တယ်ဆိုတာ ကတော့ ရှည်ရှည်ဝေးဝေးလဲ ဆွေးနွေးဖို့ လိုမယ် မထင်ပါဘူး။ အဓိက ရည်ရွယ်ချက်ကို ဆရာတို့ ဘယ်လို နားလည်ထားပါလဲ။

ဒေါက်တာ စိုးထွန်း ။ ။ ကျနော်တို့ဆီက ဝန်ထမ်းတွေက လစာနည်းတယ်ပေါ့နော်။ နိုင်ငံတကာနဲ့ ယှဉ်ရင်။ သူတို့တွေရဲ့ သက်သာ ချောင်ချိရေး အတွက် ရည်ရွယ် ဆောင်ရွက်တယ်လို့ ဖြေပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဝန်ထမ်းတွေ ကားဝယ်ဖို့ ဝန်ဆောင်မှု ပေးမယ်ဆိုတဲ့ လုပ်ငန်းတွေလည်း ပေါ်လာတော့ သူတို့ မှန်းထားတဲ့ အတိုင်း ဝန်ထမ်းတွေ သက်သာ ချောင်ချိရေးက တကယ် ဖြစ်လာနိုင်ပါ့မလား။ တကယ် အကျိုးအမြတ် ရမယ့်သူက ဝန်ထမ်းတွေ ဖြစ်ပါ့မလား။

ဒေါက်တာ စိုးထွန်း ။ ။ တိုက်ရိုက် အကျိုးအမြတ်ရမှာတော့ ဝန်ထမ်း ဖြစ်မှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကား ပါမစ်ကို အခွန်သက်သာခွင့် ပေးတယ်ဆိုတော့၊ အနည်းဆုံး ပါမစ်က အနိမ့်ဆုံး ဝန်ထမ်းက သိန်း ၃၀၀ ဆိုရင် အခွန်သက်သာခွင့်က သိန်း ၄၅၀ လောက် ပေးလိုက်တာပေါ့နော်။ ပါမစ် တစောင်ရဲ့ အခွန်သက်သာခွင့်က သိန်း ၄၅၀ လောက် တန်တာပေါ့။ အဲဒါ ကိုယ့်ဘာသာ သွင်းချင်သွင်းပေါ့။ မသွင်းဘူးဆိုရင်လည်း တခြား နည်းလမ်း ဆောင်ရွက်မယ်တို့ ဘာတို့လည်း ဝင်ငွေ တခုတော့ ထွက်လာမှာဘဲလို့ ကျနော်မြင်တယ်။

မသိင်္ဂ ီထိုက်။ ။ အပြင်ကနေ ကား တသောင်းလောက် ဝင်လာမယ်ဆိုတော့ ပြည်တွင်း ကားဈေးကွက် ပေါ့နော် ပြည်တွင်း ကားထုတ်လုပ် သူတွေ ဈေးကွက်ရော ဒါဟာ နစ်နာမှု မဖြစ်ဘူးလား ဆရာ။

ဒေါက်တာ စိုးထွန်း ။ ။ အဲဒါ Industry ကိုတော့ ထိခိုက်မယ်။ သူက သောင်းဂဏန်းဆို တနှစ်ကို ဆိုတော့ အနည်းဆုံး ကျနော်တို့ မှန်းတာ သိန်းဂဏန်းလောက် ဖြစ်နိုင်တာပေါ့။ လုပ်သက် ၂၅ နှစ်ဆို အသက် အစိတ်လောက်ဆို ပေါင်း အသက် ၅၀ ဆိုတော့ အသက် ၅၀ နဲ့ ၆၀ ကြား တနှစ် တသောင်းနဲ့ တသိန်းလောက် ရှိမယ်။ ကျနော်တို့ ပုံမှန်ပေါ့ ကားဈေးကွက်မှာ ကားသစ်ဈေးကွက်ရဲ့ ပုံမှန် ရောင်းအားက တနှစ်ကို ၂ သောင်းလောက် ရှိတာပေါ့။ အခု အစီး တသိန်းလောက် ၊ သူက ပါမစ် တစောင်ရဲ့ သက်တမ်းက ၃ လရှိတာပေါ့နော်။ ၃ လမှာ တသိန်း ဝင်လာရင်တော့ ရောင်းလိုအား ဝယ်လိုအား မမျှ ဖြစ်ပြီးတော့ Automotive Industry ကတော့ ကားဈေးကွက်ကတော့ ထိခိုက်ဖို့ ရှိပါတယ်။

မသိင်္ဂ ီထိုက်။ ။ နောက်တခုက ရန်ကုန်ပါမစ်ကို အပြင်က သွင်းလာရင် မပေးတော့ဘူး။ ပြည်တွင်းထုတ်ဘဲ ပေးမယ်ဆိုတဲ့ ဟာကရော ပြင်လိုက်လား ဆရာ။ အသစ်ဝင်လာတဲ့ဟာတွေကို ပေးမှာလား။

ဒေါက်တာ စိုးထွန်း ။ ။ အဲဒါလည်း ပြင်လိုက်တယ်။ သန်ခေါင် စာရင်းအလိုက် ပေးမှာပေါ့။ ဒီ ဝန်ထမ်းက ရန်ကုန် သန်ခေါင်စာရင်းနဲ့ လျှောက်တယ်ဆို ရန်ကုန်ပါမစ်ပါ သူတို့ကို ပေးမှာ။ အဲဒီ အခွင့်အရေးက ဒါကြောင့် ကျနော် ခုနက တွက်ပြတဲ့ အထဲမှာ အဲဒါ သိန်း ၄၅၀ လောက် တန်တယ်ဆိုတာ ရန်ကုန်ပါမစ်ပါ ပါတယ်။ ရန်ကုန် ပါမစ် တစောင်က ၁၀၀ ကျော်လောက် တန်တာကိုး။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ ဝန်ထမ်းတွေ အနေနဲ့ ဒီ ပါမစ်ကို တိုက်ရိုက် ရောင်းလိုက်လို့ ရတဲ့ အနေအထားရော။

ဒေါက်တာ စိုးထွန်း ။ ။ မရောင်းရဘူးတော့ ပြောတာပေါ့။ ဒါပေမယ့် ကျနော်တို့ မြင်တာက မရောင်းဘဲနဲ့ သာမန် အောက်ခြေ ဝန်ထမ်းက ကားသွင်းဖို့မှ မလိုတာ။ ရောင်းမှာပေါ့နော်။ ဒါကတော့ အရင်ကလည်း မရောင်းရဘူးဆိုတဲ့ဟာတွေ ရောင်းနေတာဘဲ။ သဘောၤသား ပါမစ်တို့ ရှိုးဂျော့ ပါမစ်တို့ တယ်လီဖုန်း GSM တို့ ဒီလိုဘဲ ရောင်းနေတာဘဲ။ ဒါကတော့ ဒီလိုဘဲ မူဝါဒ အရ မရောင်းရဘူး ပြောတာ။ ဒါပေမယ့် လက်တွေ့မှာတော့ အရောင်းအဝယ် ဖြစ်မှာ။ ရောင်းမှလည်း ပိုက်ဆံ ရမှာ။

မသိင်္ဂ ီထိုက်။ ။ ဝယ်ခွင့်ရမယ့် ဝန်ထမ်း တယောက် အနေနဲ့ ဒီ ပါမစ်ကို ရောင်းမယ်ဆိုရင်ရော ဈေးကွက်ထဲမှာ ဘယ်လောက် ပေါက်ပါလဲရှင့်။ ဘာမှ ကုန်ကျစာရိတ် မရှိဘဲနဲ့ပေါ့။

ဒေါက်တာ စိုးထွန်း ။ ။ ခုနက ကျနော် ရှင်းပြသလိုဘဲ မူရင်း တန်ဖိုးက ၃၀၀ - ၄၀၀ (သိန်း) ၊ ရန်ကုန်လိုင်စင်တင်ဘဲ သိန်း ၁၀၀ ကျော်လောက် တန်နေတာကိုး။ အခွန်သက်သာခွင့်နဲ့ ပေါင်းရင်တော့။ ဒါပေမယ့် ဘယ်လောက် ရမလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပါမစ်က အများကြီး ဖြစ်လာရင်တော့ ဝယ်လိုအား ရောင်းလိုအား ဖြစ်လာမှာ။ ဦးဆုံး ထွက်တဲ့ ပါမစ်က တန်ဖိုးရှိမှာပေါ့။ နောက်ကျတဲ့ ပါမစ်က တဖြည်းဖြည်း တန်ဖိုးကျသွားမှာ။

မသိင်္ဂ ီထိုက်။ ။ အဲတော့ ဆရာတို့ ပြည်တွင်း ကားထုတ်လုပ်သူတွေ အနေနဲ့ရော အစိုးရက မူဝါဒက တနှစ် ၂ နှစ် အတွင်းမှာ တခါ ပြောင်းပြန်တယ်ဆိုတဲ့ ဟာမျိုး ဖြစ်တာပေါ့နော်။ ဒီအပေါ်မှာ ဆရာတို့ အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဒေါက်တာ စိုးထွန်း ။ ။ မှန်တယ်။ သူက ကားထုတ်လုပ်တဲ့ SKD – Semi knock-down ထုတ်လုပ်တဲ့သူတွေက မူဝါဒ တည်ငြိမ်လာပြီ ဆိုတော့ သူက ဝင်လာကြတာပေါ့။ ဗမာပြည်မှာ အခု တော်တော် စုံပြီပေါ့။ Nissan တို့ Ford တို့ Soueast တို့ အခုဆိုရင် Toyota ကလည်း စက်ရုံ ဆောက်နေပြီပေါ့။ အခုလို မူဝါဒ အပြောင်းအလဲ ဖြစ်တဲ့ အချိန်မှာတော့ ထိခိုက်မှု များနိုင်တာပေါ့နော်။

မသိင်္ဂ ီထိုက်။ ။ အဲတော့ ပြည်တွင်း ကားထုတ်လုပ်တဲ့ ဈေးကွက်ကရော သေချာမှု ရှိပါဦးမလား။

ဒေါက်တာ စိုးထွန်း ။ ။ မှန်တယ် အဲဒါကြောင့် ပြည်တွင်း ထုတ်လုပ်မှု ဈေးကွက်လည်း ထိခိုက်မှု ရှိလာနိုင်တယ်။

မသိင်္ဂ ီထိုက်။ ။ ဆရာတို့ ဒီကိစ္စကို အစိုးရနဲ့ ဆွေးနွေးတာမျိုး ရှိပါသလား ဆရာ။
ဒေါက်တာ စိုးထွန်း ။ ။ သူက အားလုံး ပြီးနေပြီ။ ကျနော်တို့ကို ခေါ်ယူပြီး အသိပေးတာဘဲ ရှိတယ်။ သူက ဒါလုပ်လာတာ ၆ လလောက် ရှိပြီ ပြောတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်ပိုင်းကရော၊ ပုဂ္ဂလိက လုပ်ငန်းရှင်ပိုင်းကရော၊ ကျန်တဲ့ အဖွဲ့တွေကရော ခေါ်ယူဆွေးနွေးတာတော့ မရှိပါဘူး။ ကျနော်တို့က အသိပေးတာပေါ့နော်။ တိုင်ပင်တာ မဟုတ်ဘူး။

မသိင်္ဂ ီထိုက်။ ။ ဆိုတော့ သက်သာ ချောင်ချိရေးနဲ့ ကားစီးဖို့ ဆိုရင် ပြည်တွင်းမှာ သူတို့ အားပေးနေတဲ့ ပြည်တွင်းထုတ် ကားတွေကိုရော သူတို့ ဘာကြောင့် မရည်ညွှန်းပါသလဲ။

ဒေါက်တာ စိုးထွန်း ။ ။ ဟုတ်တယ်။ ကျနော်တို့က အရင် အစိုးရ လက်ထက် တုန်းကတော့ လုပ်ခဲ့ဖူးတယ်။ သူတို့ ပြည်တွင်း စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ ကား အသေးလေးတွေ ၃၅ သိန်းတန် ကားကို လွှတ်တော် ကိုယ်စားလှယ်တို့ ဝန်ထမ်းကြီးတွေတို့ အဲဒါမျိုးကို ချပေးတာ တွေ့တယ်ပေါ့နော်။ စက်မှု ဝန်ကြီးဌာနက ထုတ်တဲ့ ကားကိုဘဲ ပေးတာပေါ့နော်။ ဟို အရင် မဆလ ခေတ်က လေးဘီးကားလို ဟာမျိုး။ ပြည်တွင်းတောင်မှ အစိုးရက ထုတ်တဲ့ကားပေါ့။ အဲဒါတော့ ပိုပြီးတော့ နည်းလမ်းကျတာပေါ့နော်။

မသိင်္ဂ ီထိုက်။ ။ ပြည်တွင်းထုတ် ကားလောကမှာ စိတ်ချရတဲ့ Brand တွေ ထုတ်နေတာတွေ ရှိတယ်ဆိုတော့ ဘာကြောင့် ပြည်တွင်းထုတ် ကားတွေကို အရစ်ကျနဲ့ ဝယ်ခွင့် ပေးမယ်ဆိုတာမျိုး မဖြစ်ဘဲနဲ့ ပြည်ပ ကားတင်သွင်းခွင့် ဆိုတာထိ သွားပါသလဲ။ ဆရာတို့ ဘယ်လို မြင်ပါသလဲ။

ဒေါက်တာ စိုးထွန်း ။ ။ အဓိက ကတော့ အခွန်ငွေကို လက်ဆောင် ပေးချင်တဲ့ သဘောပေါ့နော်။ အခွန်သက်သာခွင့်။ အခုဟာက ပြည်တွင်းထုတ် ကားက ဘယ်သူဖြစ်ဖြစ် ဝယ်လို့ ရနေတဲ့ အနေအထား ရှိတော့ ဝန်ထမ်းတွေကိုတော့ အထူးအခွင့်အရေး ပေးတဲ့ပုံစံမျိုးနဲ့ ပြည်ပကနေ အခွန်သက်သာခွင့် အနေနဲ့ တစီးကို ရာနဲ့ ထောင်နဲ့ချီပြီး သက်သာခွင့် ပေးတဲ့ သဘောမျိုးလို့ မြင်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ အဲတော့ ဆရာတို့ ပြည်တွင်း ကားထုတ်လုပ်သူများ အနေနဲ့ရော ပြည်တွင်း ကားထုတ်လုပ်ရေး လုပ်ငန်းရှင်များ အနေနဲ့ရော ဒီဟာကို ကန့်ကွက်ဖို့ ၊ ကန့်ကွက်နိုင်တဲ့ အနေအထားရော ရှိပါလား။

ဒေါက်တာ စိုးထွန်း ။ ။ ကျနော်တို့က ကန့်ကွက်နေတာ၊ ဒီဟာကတော့ ပြည်တွင်း Automotive Industry တခုလုံး ထိခိုက်နိုင်တယ် ပြောပေမယ့်လည်း ကျနော်တို့ ပြောတာ လက်မှ မခံတာ။

XS
SM
MD
LG