[Zawgyi/Unicode]
ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စက္တင္ဘာလ ၁၇ ရက္ ညေန ၃ နာရီသတင္းထုတ္ျပန္ခ်က္အရ COVID-19 ေၾကာင့္ ေသဆုံးသူ ၁၁ ဦးထပ္တိုးတာေၾကာင့္ စုစုေပါင္း ေသဆုံးသူ ၅၇ ေယာက္ရွိၿပီျဖစ္ပါတယ္။
ေသဆုံးသူေတြထဲက ၄ ဦးဟာ ေသဆုံးတဲ့အခ်ိန္မွာ ဓာတ္ခြဲနမူနာ စစ္ေဆးထားဆဲျဖစ္ၿပီး ေသဆုံးၿပီးတဲ့ေနာက္မွ COVID-19 ေရာဂါပိုးေတြ႕ရွိရေၾကာင္း က်န္းမာေရးဝန္ႀကီး ဌာနရဲ႕ ထုတ္ ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အခုေသဆုံးလူနာေတြထဲ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသခံယူေနတဲ့ အသက္ ၈၀ အ႐ြယ္ အမ်ိဳးသမီး တဦးပါဝင္ၿပီး ဒါဟာ မႏၲေလးၿမိဳ႕မွာ COVID-19 ေၾကာင့္ ပထမဆုံး ေသဆုံးမႈလည္း ျဖစ္ပါတယ္။ ေသဆုံးသူ ၁၁ ဦးထဲ အသက္ ၂၄ ႏွစ္ကေန အသက္ ၈၀ အတြင္းရွိသူေတြ ပါဝင္တာပါ။
ျမန္မာႏိုင္ငံမွာ အခုထိ COVID-19 စစ္ေဆးမႈေပါင္း ၂၀၀,၀၀၀ နီးပါးျပဴလုပ္ခဲ့ၿပီး ဒီကေန႔ မြန္းလြဲ ၃ နာရီအထိဆိုရင္ ေရာဂါပိုးကူးစက္ထားသူေပါင္း ၃,၈၉၅ ဦးရွိၿပီျဖစ္ပါတယ္။ အတည္ျပဳလူနာေတြထဲ ပိုးကင္းစင္လာသူ ၉၀၈ ေယာက္ရွိပါတယ္။
စက္တင္ဘာ ၁၆ ရက္ေန႔အတြက္ အတည္ျပဳလူနာ ၂၅၉ ေယာက္မွာ ရန္ကုန္တိုင္းအတြင္းက ၁၃၃ ေယာက္နဲ႔ ကူးစက္မႈ အမ်ားဆုံးျဖစ္ၿပီး ရခိုင္ျပည္နယ္က အေယာက္ ၈၀ နဲ႔ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ေတြ ေန႔စဥ္ ရာနဲ႔ခ်ီၿပီးတိုးလာေနတာေၾကာင့္ ကုသေရးအတြက္ ယာယီ ေဆး႐ုံေတြ တည္ေဆာက္ေပးေနရၿပီး တခ်ိဳ႕ Quarantine Center ေတြကိုလည္း ကုသေရး စင္တာေတြအျဖစ္ ျပင္ဆင္ေျပာင္းလဲေဆးကုသ ေပးေနပါတယ္။ ေနာက္တိုးလာတဲ့ ေစာင္ၾကည့္လူနာေတြအတြက္လည္း Quarantine Center ေတြ ထပ္ၿပီး တိုးခ်ဲ႕ ဖြင့္လွစ္ ေပးေနပါတယ္။ စက္တင္ဘာ ၁၆ ရက္ေန႔ ေန႔လယ္ပိုင္းအထိ ေစာင့္ၾကည့္လူနာအသစ္က ၂၀၈ ဦးရွိပါတယ္။
[Unicode Version]
မြန်မာ COVID-19 သေဆုံးသူ ၁၁ ဦးထပ်တိုး
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၇ ရက် ညနေ ၃ နာရီသတင်းထုတ်ပြန်ချက်အရ COVID-19 ကြောင့် သေဆုံးသူ ၁၁ ဦးထပ်တိုးတာကြောင့် စုစုပေါင်း သေဆုံးသူ ၅၇ ယောက်ရှိပြီဖြစ်ပါတယ်။
သေဆုံးသူတွေထဲက ၄ ဦးဟာ သေဆုံးတဲ့အချိန်မှာ ဓာတ်ခွဲနမူနာ စစ်ဆေးထားဆဲဖြစ်ပြီး သေဆုံးပြီးတဲ့နောက်မှ COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုသေဆုံးလူနာတွေထဲ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံယူနေတဲ့ အသက် ၈၀ အရွယ် အမျိုးသမီး တဦးပါဝင်ပြီး ဒါဟာ မန္တလေးမြို့မှာ COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ သေဆုံးသူ ၁၁ ဦးထဲ အသက် ၂၄ နှစ်ကနေ အသက် ၈၀ အတွင်းရှိသူတွေ ပါဝင်တာပါ။
မြန်မာနိုင်ငံမှာ အခုထိ COVID-19 စစ်ဆေးမှုပေါင်း ၂၀၀,၀၀၀ နီးပါးပြူလုပ်ခဲ့ပြီး ဒီကနေ့ မွန်းလွဲ ၃ နာရီအထိဆိုရင် ရောဂါပိုးကူးစက်ထားသူပေါင်း ၃,၈၉၅ ဦးရှိပြီဖြစ်ပါတယ်။ အတည်ပြုလူနာတွေထဲ ပိုးကင်းစင်လာသူ ၉၀၈ ယောက်ရှိပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့အတွက် အတည်ပြုလူနာ ၂၅၉ ယောက်မှာ ရန်ကုန်တိုင်းအတွင်းက ၁၃၃ ယောက်နဲ့ ကူးစက်မှု အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က အယောက် ၈၀ နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ နေ့စဉ် ရာနဲ့ချီပြီးတိုးလာနေတာကြောင့် ကုသရေးအတွက် ယာယီ ဆေးရုံတွေ တည်ဆောက်ပေးနေရပြီး တချို့ Quarantine Center တွေကိုလည်း ကုသရေး စင်တာတွေအဖြစ် ပြင်ဆင်ပြောင်းလဲဆေးကုသ ပေးနေပါတယ်။ နောက်တိုးလာတဲ့ စောင်ကြည့်လူနာတွေအတွက်လည်း Quarantine Center တွေ ထပ်ပြီး တိုးချဲ့ ဖွင့်လှစ် ပေးနေပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လည်ပိုင်းအထိ စောင့်ကြည့်လူနာအသစ်က ၂၀၈ ဦးရှိပါတယ်။