သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားက ျမန္မာ ၁၆၀ ေက်ာ္ သံ႐ံုးအစီအစဥ္နဲ႔ ေနရပ္ျပန္ပို႔ေပး


စက္တင္ဘာလ ၁၆ ရက္ေန႔က မေလးရွားကေန ေနရပ္ျပန္သူတခ်ိဳ႕။ (ဓာတ္ပံု- ျမန္မာသံရံုးမေလးရွားႏိုင္ငံ - စက္တင္ဘာလ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကာလ မေလးရွားေရာက္ ျမန္မာႏို္င္ငံသားေတြထဲမွာ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သူေတြ တုိးလာေနခ်ိန္မွာပဲ အခက္အခဲႀကံဳေနရတဲ့ ျမန္မာႏုိင္ငံသား ၁၆၀ေက်ာ္ကို သံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ပို႔ေပးခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ ကန္႔သတ္မႈေတြၾကား အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲႀကဳံေနရတဲ့ ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္ခ်င္ေပမဲ့ မျပန္ႏုိင္ဘဲ ျဖစ္ေနသူေတြ၊ ဖမ္းဆီးခံရသူေတြ ရွိေနသလုိ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သူေတြလည္း ရွိေနတာပါ။ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက ကိုယ့္ကုိယ္ကုိ အဆုံးစီရင္သြားတဲ့ ျမန္မာအလုပ္သမား ၂ ဦးနဲ႔ပါဆုိရင္ စုစုေပါင္း ၁၇ ဦးအထိ ရွိသြားပါၿပီ။ ျမန္မာသံ႐ုံး အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းကေတာ့ အခက္အခဲႀကံဳရေပမ့ဲ လက္မေလွ်ာ့ၾကဖုိ႔နဲ႔ သံ႐ုံးကုိ ဆက္သြယ္ အကူအညီေတာင္းဖုိ႔ တုိက္တြန္းထားပါတယ္။

"ကိုဗစ္ကာလဆိုေတာ့ စိတ္ဓါတ္က်တာလည္းျဖစ္မွာေပါ့ က်ေနာ္တို႔က ေျပာခ်င္တာက ဒါကေျဖရွင္းနည္းအမွန္ မဟုတ္ဘူး။ အခက္အခဲရိွေနတယ္ဆိုရင္က်ေနာ္တုိ႔ ဦးစားေပးေခၚတာေတြရွိေနပါတယ္။ စိတ္ဓါတ္မက်ဖို႔ ေျပာခ်င္တာပါ။ တခုခုဆို သံရံုးကိုဖုန္းဆက္ပါ အႀကံဥာဏ္ေတာင္းပါ။"

ကပ္ေရာဂါကာလ အခက္အခဲႀကံဳေနတဲ့ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေနတာ မေန႔တုန္းက ၁၄ ႀကိမ္ေျမာက္အျဖစ္ လူေပါင္း ၁၆၀ ေက်ာ္ကုိ ျပန္ပုိ႔ေပးခဲ့ေၾကာင္းလည္း အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းကေျပာပါတယ္။

"၁၆၄ ေယာက္မေန႔က ျပန္ပုိ႔တာ အမ်ိဳးသားက ၁၅၀၊ အမိ်ဳးသမီးက ၁၄ ဦးပါ။ အလုပ္သမားေတြပါတယ္၊ သေဘၤာသားပါတယ္၊ စီအိုင္ မည္သူမည္၀ါျဖစ္ေၾကာင္း အေထာက္အထား လက္မွတ္လုပ္ေပးထားတဲ့သူေတြ ပါတယ္၊ ေက်ာင္းသားပါတယ္၊ ေဒါက္တာတဦးပါတယ္၊ အလည္ဗီဇာသမားပါတယ္။ စုစုေပါင္း ၂,၅၄၇ ေယာက္ ျပန္ပုိ႔ေပးႏိုင္ခဲ့ျပီး ၁၅ ႀကိမ္ဆိုရင္ ထိန္းသိမ္းေရးစခန္းက ၃၉၁ ဦးအပါအ၀င္ေပါ့။"

ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးဌာနကေတာ့ ကပ္ေရာဂါကာလမွာ ေနရပ္ျပန္ဖုိ႔ အကူအညီေတာင္းထားတဲ့ အေထာက္အထားမဲ့ ျမန္မာႏုိင္ငံသား ၁၀,၀၀၀ ေက်ာ္ ရွိေနၿပီး၊ ဒီအထဲက ကုိယ္၀န္ေဆာင္ အမ်ဳိးသမီးေတြနဲ႔ က်န္းမာေရး မေကာင္းသူေတြ အပါအ၀င္ အေရးေပၚအေျခအေန ႀကံဳေနရသူ ၁၃၀ ေက်ာ္ကုိ ေနရပ္ျပန္ပုိ႔ႏုိင္ဖုိ႔ စီစဥ္ထားေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။

ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲေတြ ႀကံဳေနရသလို ေနရပ္ျပန္ဖုိ႔ တရားမ၀င္ နည္းလမ္းေတြက ႀကိဳးပမ္းရာက ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားက မြန်မာ ၁၆၀ ကျော် သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေး

ကိုဗစ်ကပ်ရောဂါ ကာလ မလေးရှားရောက် မြန်မာနိုင်ငံသားတွေထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတွေ တိုးလာနေချိန်မှာပဲ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၁၆၀ကျော်ကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကုိဗစ္ကာလအတြင္းမိမိကုိယ္အဆံုးစီရင္သူတဦးရဲ ့စ်ာပန။ (ဓာတ္ပံု- ျမန္မာလူမူကူညီေရးအသင္း မေလးရွား)
ကုိဗစ္ကာလအတြင္းမိမိကုိယ္အဆံုးစီရင္သူတဦးရဲ ့စ်ာပန။ (ဓာတ္ပံု- ျမန္မာလူမူကူညီေရးအသင္း မေလးရွား)

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်မှုတွေကြား အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ချင်ပေမဲ့ မပြန်နိုင်ဘဲ ဖြစ်နေသူတွေ၊ ဖမ်းဆီးခံရသူတွေ ရှိနေသလို ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတွေလည်း ရှိနေတာပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ မြန်မာအလုပ်သမား ၂ ဦးနဲ့ပါဆိုရင် စုစုပေါင်း ၁၇ ဦးအထိ ရှိသွားပါပြီ။ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကတော့ အခက်အခဲကြုံရပေမဲ့ လက်မလျှော့ကြဖို့နဲ့ သံရုံးကို ဆက်သွယ် အကူအညီတောင်းဖို့ တိုက်တွန်းထားပါတယ်။

"ကိုဗစ်ကာလဆိုတော့ စိတ်ဓါတ်ကျတာလည်းဖြစ်မှာပေါ့ ကျနော်တို့က ပြောချင်တာက ဒါကဖြေရှင်းနည်းအမှန် မဟုတ်ဘူး။ အခက်အခဲရှိနေတယ်ဆိုရင်ကျနော်တို့ ဦးစားပေးခေါ်တာတွေရှိနေပါတယ်။ စိတ်ဓါတ်မကျဖို့ ပြောချင်တာပါ။ တခုခုဆို သံရုံးကိုဖုန်းဆက်ပါ အကြံဉာဏ်တောင်းပါ။"

ကပ်ရောဂါကာလ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေတာ မနေ့တုန်းက ၁၄ ကြိမ်မြောက်အဖြစ် လူပေါင်း ၁၆၀ ကျော်ကို ပြန်ပို့ပေးခဲ့ကြောင်းလည်း အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကပြောပါတယ်။

"၁၆၄ ယောက်မနေ့က ပြန်ပို့တာ အမျိုးသားက ၁၅၀၊ အမျိုးသမီးက ၁၄ ဦးပါ။ အလုပ်သမားတွေပါတယ်၊ သင်္ဘောသားပါတယ်၊ စီအိုင် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား လက်မှတ်လုပ်ပေးထားတဲ့သူတွေ ပါတယ်၊ ကျောင်းသားပါတယ်၊ ဒေါက်တာတဦးပါတယ်၊ အလည်ဗီဇာသမားပါတယ်။ စုစုပေါင်း ၂,၅၄၇ ယောက် ပြန်ပို့ပေးနိုင်ခဲ့ပြီး ၁၅ ကြိမ်ဆိုရင် ထိန်းသိမ်းရေးစခန်းက ၃၉၁ ဦးအပါအဝင်ပေါ့။"

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကပ်ရောဂါကာလမှာ နေရပ်ပြန်ဖို့ အကူအညီတောင်းထားတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော် ရှိနေပြီး၊ ဒီအထဲက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကျန်းမာရေး မကောင်းသူတွေ အပါအဝင် အရေးပေါ်အခြေအနေ ကြုံနေရသူ ၁၃၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ဖို့ စီစဉ်ထားကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရသလို နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေက ကြိုးပမ်းရာက ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။

XS
SM
MD
LG