သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ တရားမ၀င္ ျမန္မာႏုိင္ငံသား ၁၃၀ ေက်ာ္ကုိ ေနရပ္ျပန္ပုိ႔မည္


ေမလ အတြင္းက မေလးရွားအစုိးရ ကျပန္ပုိ့ေပးခဲ့တဲ့ ထိန္းသိမ္းေရးစခန္းက ျမန္မာမ်ား

(Zawgyi/Unicode)

မေလးရွားႏိုင္ငံက တရားမ၀င္ျမန္မာႏိုင္ငံသား ၁၃၀ေက်ာ္ကုိ ေနရပ္ျပန္ႏိုင္ဖို႔ မေလးရွား လူ၀င္မူႀကီးၾကပ္ေရးဌာန နဲ႔ ကြာလာလမ္ပူမွာရွိတဲ့ ျမန္မာသံရံုးတို႕ စီစဥ္ေဆာင္ရြက္ေနျပီ ဆုိတဲ့သတင္းကို တင္ဆက္ေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံ ျမန္မာသံရံုးက သံအမတ္ႀကီးနဲ့ ေကာင္စစ္တာဝန္ခံအရာရွိမ်ား က ၾသဂုတ္လလည္က မေလးရွားႏိုင္ငံ၊ လူဝင္မႈႀကီးၾကပ္ေရးဌာနက တာ၀န္ရွိသူနဲ႔ ေတြဆံုျပီး မေလးရွားႏိုင္ငံမွာ ရွိတဲ့ တရားမဝင္ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား (၁၀,၀၃၀) တေသာင္းေက်ာ္ထဲက ကုိယ္၀န္ေဆာင္ နဲ႔ က်န္းမာေရး မေကာင္းသူ ၁၃၀ ေက်ာ္ေနရပ္ ျပန္ႏိုင္ေရးကုိ စတင္ေဆာင္ရြက္ခဲ့တာပါ။

မေလးရွားႏိုင္ငံ ျမန္မာသံရံုး အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းက အခုလို ေျပာျပပါတယ္။

“ႏုိင္ငံျခားေရး ၀န္ႀကီးဌာနရဲ႕ ၂၈-၈-၂၀၂၀ ေန႔ထုတ္ျပန္ေၾကညာခ်က္အရ ပထမဦးဆံုး က်န္းမာေရး အခက္အခဲျဖစ္ေနတဲ့ တရားမ၀င္အေထာက္အထားမဲ့ ျမန္မာအလုပ္သမား ၁၃၁ဦးကုိ ကနဦး အေနနဲ႔ ျပန္ေခၚႏုိင္ေရးညိွႏွုိင္းေဆာင္ရြက္ထားခ်က္ကုိ သတင္းထုတ္ျပန္ထားပါတယ္။ ကုိဗစ္ကာလမွာေတာ့ တရားမ၀င္အေထာက္အထားမဲ့ ေတြကုိ ၁၃၁ဦးကုိ ပထမဦးဆံုးအေနနဲ႔ ျပန္ပို႔ဖို႔ကုိ စီစဥ္ေဆာင္ရြက္ ေနတာပါ။

တရားမ၀င္ ျမန္မာ ၁၃၁ဦးနဲ႔ ပတ္သက္တဲ့ လိုအပ္ခ်က္ေတြကို ၾသဂုတ္လ ၂၅ရက္ေန႔မွာ

မေလးရွား လ၀ကကို ျမန္မာသံရံုးဘက္က ထပ္မံေပးပုိ႔ခဲ့ပါတယ္။ မေလးရွား သံအမတ္ႀကီးနဲ႕ ေကာင္စစ္အရာရွိေတြရဲ ့ေဆြးေႏြးမူအရ ဒဏ္ေၾကးေလွ်ာ့ေပါ့မယ္ဆိုရင္လည္း အနည္းဆုံးပမာဏကို သတ္မွတ္သြားဖို့ရွိသလို Special Pass အတြက္ ကေတာ့ တဦးကုိ မေလးရွား ရင္းဂစ္ေငြ (၁၀၀)ကုိေတာ့ မျဖစ္မေန ေပးေဆာင္ရမွာျဖစ္တယ္လို့ဆုိပါတယ္ ။ အသက္ (၁၈)ႏွစ္ေအာက္အရြယ္ေတြကေတာ့ဒဏ္ေၾကးေပးေဆာင္စရာမလိုဘူးလို႔ ဆုိပါတယ္။

ခန္႔မွန္းေခ် ျမန္မာႏုိင္ငံသား ၅ သိန္းခဲြေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါ ကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲေတြ ႀကံဳေနရတာပါ။

ဒီကာလ အတြင္းမွာ တရားမ၀င္ျမန္မာေတြေကာ တရား၀င္လာတဲ့သူေတြအပါအ၀င္ ထိန္းသိမ္းေရး စခန္းေတြက ျမန္မာေတြပါေနရပ္ျပန္ေရးက ၾကန္႔ၾကာမူေတြရွိေနတာပါ။

တခ်ိဳလည္း က်န္းမာေရး မေကာင္းတာေၾကာင့္ ဆံုးပါးသြားသူေတြလည္းရွိတယ္လုိ႕ မေလးရွားႏိုင္ငံက လူမူကူညီေရးအသင္းအဖဲြ ့ေတြက ဆုိပါတယ္။ ကပ္ေရာဂါကာလ အခက္အခဲေတြၾကားမွာပဲ ျမန္မာႏုိင္ငံသားေတြထဲက ကုိယ့္ကုိယ္ကုိ အဆုံးစီရင္ခဲ့သူ ၁၄ဦး ရွိခဲ့သလုိ၊ ေနရပ္ျပန္ဖုိ႔ တရားမ၀င္ နည္းလမ္းေတြက ႀကိဳးပမ္းရာက ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

မလေးရှားနိုင်ငံက တရားမဝင်မြန်မာနိုင်ငံသား ၁၃၀ကျော်ကို နေရပ်ပြန်နိုင်ဖို့ မလေးရှား လူဝင်မူကြီးကြပ်ရေးဌာန နဲ့ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးတို့ စီစဉ်ဆောင်ရွက်နေပြီ ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီးနဲ့ ကောင်စစ်တာဝန်ခံအရာရှိများ က သြဂုတ်လလည်က မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူနဲ့ တွေဆုံပြီး မလေးရှားနိုင်ငံမှာ ရှိတဲ့ တရားမဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၁၀,၀၃၀) တသောင်းကျော်ထဲက ကိုယ်ဝန်ဆောင် နဲ့ ကျန်းမာရေး မကောင်းသူ ၁၃၀ ကျော်နေရပ် ပြန်နိုင်ရေးကို စတင်ဆောင်ရွက်ခဲ့တာပါ။

မလေးရှားနိုင်ငံ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက အခုလို ပြောပြပါတယ်။

“နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ၂၈-၈-၂၀၂၀ နေ့ထုတ်ပြန်ကြေညာချက်အရ ပထမဦးဆုံး ကျန်းမာရေး အခက်အခဲဖြစ်နေတဲ့ တရားမဝင်အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၃၁ဦးကို ကနဦး အနေနဲ့ ပြန်ခေါ်နိုင်ရေးညှိနှိုင်းဆောင်ရွက်ထားချက်ကို သတင်းထုတ်ပြန်ထားပါတယ်။ ကိုဗစ်ကာလမှာတော့ တရားမဝင်အထောက်အထားမဲ့ တွေကို ၁၃၁ဦးကို ပထမဦးဆုံးအနေနဲ့ ပြန်ပို့ဖို့ကို စီစဉ်ဆောင်ရွက် နေတာပါ။

တရားမဝင် မြန်မာ ၁၃၁ဦးနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို သြဂုတ်လ ၂၅ရက်နေ့မှာ

မလေးရှား လဝကကို မြန်မာသံရုံးဘက်က ထပ်မံပေးပို့ခဲ့ပါတယ်။ မလေးရှား သံအမတ်ကြီးနဲ့ ကောင်စစ်အရာရှိတွေရဲ့ဆွေးနွေးမူအရ ဒဏ်ကြေးလျှော့ပေါ့မယ်ဆိုရင်လည်း အနည်းဆုံးပမာဏကို သတ်မှတ်သွားဖို့ရှိသလို Special Pass အတွက် ကတော့ တဦးကို မလေးရှား ရင်းဂစ်ငွေ (၁၀၀)ကိုတော့ မဖြစ်မနေ ပေးဆောင်ရမှာဖြစ်တယ်လို့ဆိုပါတယ် ။ အသက် (၁၈)နှစ်အောက်အရွယ်တွေကတော့ဒဏ်ကြေးပေးဆောင်စရာမလိုဘူးလို့ ဆိုပါတယ်။

ခန့်မှန်းချေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါ ကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတာပါ။

ဒီကာလ အတွင်းမှာ တရားမဝင်မြန်မာတွေကော တရားဝင်လာတဲ့သူတွေအပါအဝင် ထိန်းသိမ်းရေး စခန်းတွေက မြန်မာတွေပါနေရပ်ပြန်ရေးက ကြန့်ကြာမူတွေရှိနေတာပါ။

တချိုလည်း ကျန်းမာရေး မကောင်းတာကြောင့် ဆုံးပါးသွားသူတွေလည်းရှိတယ်လို့ မလေးရှားနိုင်ငံက လူမူကူညီရေးအသင်းအဖွဲ့တွေက ဆိုပါတယ်။ ကပ်ရောဂါကာလ အခက်အခဲတွေကြားမှာပဲ မြန်မာနိုင်ငံသားတွေထဲက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သူ ၁၄ဦး ရှိခဲ့သလို၊ နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေက ကြိုးပမ်းရာက ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG