သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ ကုိဗစ္ ကာကြယ္ဟန္႔တားေရးလုပ္ငန္းစဥ္ ျပင္ဆင္ဖုိ႔ လုိအပ္ေနသလား


(Zawgyi/Unicode)

ျမန္မာျပည္မွာ ကိုဗစ္ ေရာဂါ ကူးစက္ ေသဆုံးမႈျမင့္တက္လာတဲ့အေပၚမွာ အစိုးရက်င့္သုံးေနတဲ့လက္ရွိ ကုသေရးလုပ္ငန္းေတြထိေရာက္မႈ ရွိပါ့မလားဆိုတဲ့ ေမးခြန္းေတြ ထြက္ေပၚလာပါတယ္။ လက္ရွိက်င့္ သုံးေနတဲ့ နည္းနာေတြအလုပ္ျဖစ္ရဲ႕လား၊ ေျပာင္းလဲက်င့္သုံးဖို႔ လိုအပ္ေနပါၿပီလား ေဆးပညာရွင္ေတြရဲ႕ အျမင္ေတြကို မေမခ စုစည္းတင္ျပသြားမွာပါ။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို လေပါင္းအတန္ၾကာ ဟန႔္တားထိန္းသိမ္းႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့လ အတြင္းမွာ ကူးစက္မႈ ႐ုတ္တရက္ခုန္တက္ခဲ့ၿပီး အခုဆိုအတည္ျပဳလူနာ သံုးေထာင္ေက်ာ္ရွိလာပါတယ္။ ကပ္ေရာဂါကူး စက္မႈ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔လ်က္ရွိၿပီး ေဆး႐ုံေတြမွာ ေရာဂါအတည္ျပဳလူနာနဲ႔သံသယလူနာအလြန္မ်ားျပားၿပီး ေနရာခ်ထားေရးအားနည္းခ်က္ေတြရွိေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ရဲ႕ စီမံခန႔္ခြဲ ေရးပိုင္းအေပၚေဝဖန္မႈေတြ ထြက္ေပၚလာတယ္။ကူးစက္မႈႏႈန္း ဆက္လက္ျမန္ဆန္ေနဦးမယ္ဆိုရင္ အစိုးရက်င့္သုံးေနတဲ့လက္ရွိ ကုသေရးနဲ႔ထိန္းခ်ဳပ္ေရးပံုစံ ထိေရာက္မႈရွိပါ့မလား ဆိုတဲ့ေမးခြန္းေတြ ထြက္လာပါတယ္။

ဒီလို စိုးရိမ္မႈေတြတိုးလာခ်ိန္မွာ အစိုးရက်င့္သုံးေနတဲ့လက္ရွိ ကုသမႈပုံစံကို ပိုမိုျပည့္စုံ ေအာင္ ျဖည့္စြက္ဖို႔ အႀကံျပဳလိုက္သူကေတာ့ လက္ရွိ အင္းစိန္ေဆး႐ုံႀကီးမွာကိုဗစ္လူမမာေတြကို ကုသမႈေပး ေနတဲ့ ပါေမာကၡ ေဒါက္တာ မာမာၾကည္ပါ။

“သာမန္အေနနဲ႔ ဘဲေတြးေတြး က်န္းမာေရး ရႈ႔ေထာင့္ကေနေတြးေတြး အမတို႔ဟာက တခုခုေတာ့ လုပ္ရမယ္ဆိုတာ ေပၚလြင္တာေပါ့။ ေျပာခ်င္တာက အမတို႔ containment ကိုေတာ့ ႀကိဳးစားတယ္၊ ဆက္လည္းႀကိဳးစားတယ္ ဒါေပမယ့္ ဆက္သြားရမယ္ဆိုေပမယ့္ေနာက္ထပ္လုပ္ေဆာင္ မယ့္ဟာကိုစဥ္းစားဖို႔သင့္ေနပါၿပီ။ ေပၚလစီနဲ႔ပတ္သတ္လို႔ အခက္အခဲစျဖစ္ေနၿပီဆိုတာကို အမတို႔ ယူဆတယ္။ ဘယ္လိုသြားမလဲဆိုတာ အမက အုပ္ခ်ဳပ္သူမဟုတ္၊ အာဏာပိုင္လည္းမဟုတ္ေတာ့မေျပာတတ္ပါဘူး။ ပညာရွင္ပဲျဖစ္တယ္ဆိုေတာ့ ခန္႔မွန္းၾကည့္တာေတြကိုေတာ့ အထက္ကိုလဲဒါ ကို ဆရာမႀကီးတို႔ တင္ျပထားပါတယ္။ သံသယလူနာေတြကို ေဆးရံုုတင္မယ္ ၊ သေဘာကေတာ့ တခ်ိဳ႕ contant ေတြကို SWAB ယူၿပီးတာ နဲ႔ အိမ္ျပန္ေစာင့္ခိုင္းတယ္ အိမ္မွာဘဲ Home Quarantine လုပ္ခိုင္းလိုက္ေတာ့ ဥပမာဆိုပါေတာ့ အေယာက္ ၂၀ ကို အိမ္ျပန္လြတ္လိုက္တယ္၊ အဲဒီ၂၀ ကို ေဆး႐ုံ က ထမ္းထားတဲ့ burden နည္းသြားတယ္၊ အခန္းမလိုေတာ့ဘူး PPE ေတြလည္း မသံုးရေတာ့ဘူး။ ေျပာရရင္ ဒီပေရာဂ်က္ကို စားသုံးသူေကာ ဆရာဝန္ေတြပါ သေဘာက်တယ္။ တကယ္တာ၀န္ယူေနတဲ့ အခန္းထဲကို လုိက္ စစ္ေနရတဲ့သူေတြလည္း ေက်နပ္တယ္။”

ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္ရွိ ေဖာင္ႀကီးရွိ ဗဟိုဝန္ထမ္းတကၠသိုလ္ (ေအာက္ျမန္မာျပည္) မွာ ကိုဗစ္-၁၉ လူနာအမ်ားဆုံးလက္ခံထားတဲ့ေနရာတခုျဖစ္ေပမယ့္ အခုေတာ့ ေနရာမလုံေလာက္ေတာ့တာမို႔ လူနာေဆာင္ေတြ တိုးခ်ဲ႕ေနရပါတယ္။ စိုးရိမ္စရာေတြရွိေပမယ့္လည္းလက္ရွိအခ်ိန္မွာ အစိုးရလုပ္ေဆာင္ကိုင္တြယ္မႈက လုံေလာက္မႈရွိေသးတယ္လို႔ ျမန္မာႏိုင္ငံဆရာဝန္အသင္းက ေဒါက္တာျမင့္ဦးက ေျပာပါတယ္။

“လကၡဏာမရွိသူေတြထဲမွာ ဆီးခ်ိဳ ရွိတာတို႔ ၊ ကင္ဆာ ရွိတာတို႔ကို အဲလိုေရာထားမလားဆိုတာကေတာ့ က်ေနာ့္တေယာက္ထဲအျမင္နဲ႔ သံုးသပ္ရင္ မေရာထားသင့္ဘူးေပါ့ေနာ္။ သူတို႔ကိုေဆး႐ုံမွာသီးသန႔္တင္ရမယ္။ ဆီးခ်ိဳသမားက ပါရာစီတေမာ နဲ႔မရဘူး။ ေန႔စဥ္ ေဆးေသာက္ရမယ္ အစားအေသာက္ ခ်င့္ခ်ိန္ရမယ္။ ဆရာဝန္တေယာက္အေနႏု႔ဲ ဒီလူေတြကိုေရာမထားသင့္ဘူး။ အဲဒီေတာ့ Strategy ေျပာင္းရမလားဆိုေတာ့ အစိုးရက ႏိုင္ေနေသးတယ္။ ဆိုလိုတာက containment Strategy အရ ဒါ က်ဆံုးေနတယ္လို႔ က်ေန္ာတို႔ ေျပာလို႔မရေသးဘူး။”

ဆီးခ်ိဳ၊ ေသြးတိုး ေရာဂါအခံရွိသူေတြ၊ ကင္ဆာနဲ႔ ကိုယ္ခံအားထိခိုက္ ေစတဲ့ ေဝဒနာရွင္ေတြမွာကိုဗစ္ရန္ကိုကာကြယ္ရသလို နဂိုအခံ ေရာဂါ ကုသေရးပိုင္းမွာလည္း ကိုဗစ္ေၾကာင့္ ကုသေရးအခ်ိဳ႕ ရပ္နားလိုက္ရတဲ့အတြက္ ဒီေဝဒနာရွင္ေတြမွာ အခက္ေတြ႕ေနရတယ္လို႔ ေဒါက္တာျမင့္ဦးက ဆိုပါတယ္။ ကိုဗစ္မဟုတ္တဲ့တျခားေရာဂါေတြအတြက္ ျပင္ဆင္ထားသင့္လို႔သူက ေျပာပါတယ္။

“ခုနက Fever ေဆးခန္းေတြ ဖြင့္ေပးသလုိပဲ ေနာက္ Fever မဟုတ္ေသာ လူနာမ်ားအတြက္ ေဆးခန္းေတြ ေပၚလာရင္ေတာ့ ပိုေကာင္းတယ္။ လက္နဲ႔ ကိုင္တာေတြ ရွိႏိုင္တယ္ လက္အိတ္ေတြ စြတ္ရမယ္။ အဲလိုနည္းနဲ႔ ေဆးခန္းေတြကို ျပန္ဖြင့္ခိုင္းမလားေပါ့ေနာ္ အဲဒီအတြက္လည္း level 2ဝတ္ႏိုင္ဖို႔ဘယ္လို ပံ႔ပိုးမလဲေပါ့ေနာ္။ ဲ တၿမိဳ႕နယ္မွာတခန္းေလာက္ ေပၚလာရင္ေတာ့ ပိုေကာင္းတာေပါ့ေနာ္ ။ ကြာရန္တင္းေပၚလစီ ကလည္း ဒီအခ်ိန္မွာ တိတိက်က် လုပ္ရမယ္ မွန္တယ္ေလ။ဒါက သိပ္အေရးႀကီးေနတဲ့ ကာလျဖစ္တယ္။ အဲဒီလူေတြအတြက္ကို ကင္ဆာ တခ်ဳိ႕လူေတြကို ေရႊ႕ဆိုင္းတာရွိတယ္။ တခ်ိဳ႕ကို မျဖစ္မေနလာခိုင္းတာေတြ ရွိတယ္ အဲဒီအခ်ိန္မွာ နယ္ေက်ာ္ရတဲ့ ျပႆနာေတြလည္း ရွိတယ္။ ဘယ္လိုလုပ္မလဲေပါ့ေနာ္ COVID

ကိုသာအာ႐ုံစိုက္ေနတာ က်ေနာ္တို႔ဆီမွာ ကူးစက္ေရာဂါမဟုတ္ဘဲ ေသတာ ၂သိန္း ၉ ေသာင္းေက်ာ္ေသခဲ့ၿပီးပါၿပီ ၂၀၁၆က။ အဲေတာ့အဲလူေတြအတြက္ ဘယ္လိုလုပ္မလဲဆိုတာ နည္းဗ်ဴဟာ တခုေတာ့ ခ်သင့္ၿပီ။”

က်န္းမာေရးဝန္ႀကီးဌာနကလည္း ေရာဂါလကၡဏာမျပဘဲ ပိုးရွိေနသူေတြ ကိုယ့္အနီးပတ္ဝန္းက်င္မွာ ရွိေနႏိုင္တာေၾကာင့္ ေရာဂါကူးစက္မခံရဖို႔ဆိုရင္ လူစုလူေဝး ေရွာင္ရွားတာ၊ တတ္ႏိုင္သေလာက္ ေနအိမ္မွာပဲ ေနထိုင္တာ၊ ႏွာေခါင္းနဲ႔ ပါးစပ္စည္း တပ္ဆင္တာ၊ လက္ကို စနစ္တက် စကၠန႔္ ၂၀ ၾကာေအာင္ ေဆးေၾကာတာမ်ိဳးကို လိုက္နာ လုပ္ကိုင္ၾကဖို႔ သတိေပးတိုက္တြန္းေနေပမယ့္ တခ်ိဳ႕ေနရာ ေတြမွာခုထိ လိုက္နာဖို႔ အားနည္းေနဆဲ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာ့ ကိုဗစ် ကာကွယ်ဟန့်တားရေးလုပ်ငန်းစဉ် ပြင်ဆင်ဖို့ လိုအပ်နေသလား

(Unicode)

မြန်မာပြည်မှာ ကိုဗစ် ရောဂါ ကူးစက် သေဆုံးမှုမြင့်တက်လာတဲ့အပေါ်မှာ အစိုးရကျင့်သုံးနေတဲ့လက်ရှိ ကုသရေးလုပ်ငန်းတွေထိရောက်မှု ရှိပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ လက်ရှိကျင့် သုံးနေတဲ့ နည်းနာတွေအလုပ်ဖြစ်ရဲ့လား၊ ပြောင်းလဲကျင့်သုံးဖို့ လိုအပ်နေပါပြီလား ဆေးပညာရှင်တွေရဲ့ အမြင်တွေကို မမေခ စုစည်းတင်ပြသွားမှာပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို လပေါင်းအတန်ကြာ ဟန့်တားထိန်းသိမ်းနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့လ အတွင်းမှာ ကူးစက်မှု ရုတ်တရက်ခုန်တက်ခဲ့ပြီး အခုဆိုအတည်ပြုလူနာ သုံးထောင်ကျော်ရှိလာပါတယ်။ ကပ်ရောဂါကူး စက်မှု လျင်မြန်စွာ ပျံ့နှံ့လျက်ရှိပြီး ဆေးရုံတွေမှာ ရောဂါအတည်ပြုလူနာနဲ့သံသယလူနာအလွန်များပြားပြီး နေရာချထားရေးအားနည်းချက်တွေရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ စီမံခန့်ခွဲ ရေးပိုင်းအပေါ်ဝေဖန်မှုတွေ ထွက်ပေါ်လာတယ်။ကူးစက်မှုနှုန်း ဆက်လက်မြန်ဆန်နေဦးမယ်ဆိုရင် အစိုးရကျင့်သုံးနေတဲ့လက်ရှိ ကုသရေးနဲ့ထိန်းချုပ်ရေးပုံစံ ထိရောက်မှုရှိပါ့မလား ဆိုတဲ့မေးခွန်းတွေ ထွက်လာပါတယ်။

ဒီလို စိုးရိမ်မှုတွေတိုးလာချိန်မှာ အစိုးရကျင့်သုံးနေတဲ့လက်ရှိ ကုသမှုပုံစံကို ပိုမိုပြည့်စုံ အောင် ဖြည့်စွက်ဖို့ အကြံပြုလိုက်သူကတော့ လက်ရှိ အင်းစိန်ဆေးရုံကြီးမှာကိုဗစ်လူမမာတွေကို ကုသမှုပေး နေတဲ့ ပါမောက္ခ ဒေါက်တာ မာမာကြည်ပါ။

“သာမန်အနေနဲ့ ဘဲတွေးတွေး ကျန်းမာရေး ရှု့ထောင့်ကနေတွေးတွေး အမတို့ဟာက တခုခုတော့ လုပ်ရမယ်ဆိုတာ ပေါ်လွင်တာပေါ့။ ပြောချင်တာက အမတို့ containment ကိုတော့ ကြိုးစားတယ်၊ ဆက်လည်းကြိုးစားတယ် ဒါပေမယ့် ဆက်သွားရမယ်ဆိုပေမယ့်နောက်ထပ်လုပ်ဆောင် မယ့်ဟာကိုစဉ်းစားဖို့သင့်နေပါပြီ။ ပေါ်လစီနဲ့ပတ်သတ်လို့ အခက်အခဲစဖြစ်နေပြီဆိုတာကို အမတို့ ယူဆတယ်။ ဘယ်လိုသွားမလဲဆိုတာ အမက အုပ်ချုပ်သူမဟုတ်၊ အာဏာပိုင်လည်းမဟုတ်တော့မပြောတတ်ပါဘူး။ ပညာရှင်ပဲဖြစ်တယ်ဆိုတော့ ခန့်မှန်းကြည့်တာတွေကိုတော့ အထက်ကိုလဲဒါ ကို ဆရာမကြီးတို့ တင်ပြထားပါတယ်။ သံသယလူနာတွေကို ဆေးရုံတင်မယ် ၊ သဘောကတော့ တချို့ contant တွေကို SWAB ယူပြီးတာ နဲ့ အိမ်ပြန်စောင့်ခိုင်းတယ် အိမ်မှာဘဲ Home Quarantine လုပ်ခိုင်းလိုက်တော့ ဥပမာဆိုပါတော့ အယောက် ၂၀ ကို အိမ်ပြန်လွတ်လိုက်တယ်၊ အဲဒီ၂၀ ကို ဆေးရုံ က ထမ်းထားတဲ့ burden နည်းသွားတယ်၊ အခန်းမလိုတော့ဘူး PPE တွေလည်း မသုံးရတော့ဘူး။ ပြောရရင် ဒီပရောဂျက်ကို စားသုံးသူကော ဆရာဝန်တွေပါ သဘောကျတယ်။ တကယ်တာဝန်ယူနေတဲ့ အခန်းထဲကို လိုက် စစ်နေရတဲ့သူတွေလည်း ကျေနပ်တယ်။”

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဖောင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှာ ကိုဗစ်-၁၉ လူနာအများဆုံးလက်ခံထားတဲ့နေရာတခုဖြစ်ပေမယ့် အခုတော့ နေရာမလုံလောက်တော့တာမို့ လူနာဆောင်တွေ တိုးချဲ့နေရပါတယ်။ စိုးရိမ်စရာတွေရှိပေမယ့်လည်းလက်ရှိအချိန်မှာ အစိုးရလုပ်ဆောင်ကိုင်တွယ်မှုက လုံလောက်မှုရှိသေးတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဒေါက်တာမြင့်ဦးက ပြောပါတယ်။

“လက္ခဏာမရှိသူတွေထဲမှာ ဆီးချို ရှိတာတို့ ၊ ကင်ဆာ ရှိတာတို့ကို အဲလိုရောထားမလားဆိုတာကတော့ ကျနော့်တယောက်ထဲအမြင်နဲ့ သုံးသပ်ရင် မရောထားသင့်ဘူးပေါ့နော်။ သူတို့ကိုဆေးရုံမှာသီးသန့်တင်ရမယ်။ ဆီးချိုသမားက ပါရာစီတမော နဲ့မရဘူး။ နေ့စဉ် ဆေးသောက်ရမယ် အစားအသောက် ချင့်ချိန်ရမယ်။ ဆရာဝန်တယောက်အနေနု့ဲ ဒီလူတွေကိုရောမထားသင့်ဘူး။ အဲဒီတော့ Strategy ပြောင်းရမလားဆိုတော့ အစိုးရက နိုင်နေသေးတယ်။ ဆိုလိုတာက containment Strategy အရ ဒါ ကျဆုံးနေတယ်လို့ ကျနေ်ာတို့ ပြောလို့မရသေးဘူး။”

ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူတွေ၊ ကင်ဆာနဲ့ ကိုယ်ခံအားထိခိုက် စေတဲ့ ဝေဒနာရှင်တွေမှာကိုဗစ်ရန်ကိုကာကွယ်ရသလို နဂိုအခံ ရောဂါ ကုသရေးပိုင်းမှာလည်း ကိုဗစ်ကြောင့် ကုသရေးအချို့ ရပ်နားလိုက်ရတဲ့အတွက် ဒီဝေဒနာရှင်တွေမှာ အခက်တွေ့နေရတယ်လို့ ဒေါက်တာမြင့်ဦးက ဆိုပါတယ်။ ကိုဗစ်မဟုတ်တဲ့တခြားရောဂါတွေအတွက် ပြင်ဆင်ထားသင့်လို့သူက ပြောပါတယ်။

“ခုနက Fever ဆေးခန်းတွေ ဖွင့်ပေးသလိုပဲ နောက် Fever မဟုတ်သော လူနာများအတွက် ဆေးခန်းတွေ ပေါ်လာရင်တော့ ပိုကောင်းတယ်။ လက်နဲ့ ကိုင်တာတွေ ရှိနိုင်တယ် လက်အိတ်တွေ စွတ်ရမယ်။ အဲလိုနည်းနဲ့ ဆေးခန်းတွေကို ပြန်ဖွင့်ခိုင်းမလားပေါ့နော် အဲဒီအတွက်လည်း level 2ဝတ်နိုင်ဖို့ဘယ်လို ပံ့ပိုးမလဲပေါ့နော်။ ဲ တမြို့နယ်မှာတခန်းလောက် ပေါ်လာရင်တော့ ပိုကောင်းတာပေါ့နော် ။ ကွာရန်တင်းပေါ်လစီ ကလည်း ဒီအချိန်မှာ တိတိကျကျ လုပ်ရမယ် မှန်တယ်လေ။ဒါက သိပ်အရေးကြီးနေတဲ့ ကာလဖြစ်တယ်။ အဲဒီလူတွေအတွက်ကို ကင်ဆာ တချို့လူတွေကို ရွှေ့ဆိုင်းတာရှိတယ်။ တချို့ကို မဖြစ်မနေလာခိုင်းတာတွေ ရှိတယ် အဲဒီအချိန်မှာ နယ်ကျော်ရတဲ့ ပြဿနာတွေလည်း ရှိတယ်။ ဘယ်လိုလုပ်မလဲပေါ့နော် COVID

ကိုသာအာရုံစိုက်နေတာ ကျနော်တို့ဆီမှာ ကူးစက်ရောဂါမဟုတ်ဘဲ သေတာ ၂သိန်း ၉ သောင်းကျော်သေခဲ့ပြီးပါပြီ ၂၀၁၆က။ အဲတော့အဲလူတွေအတွက် ဘယ်လိုလုပ်မလဲဆိုတာ နည်းဗျူဟာ တခုတော့ ချသင့်ပြီ။”

ကျန်းမာရေးဝန်ကြီးဌာနကလည်း ရောဂါလက္ခဏာမပြဘဲ ပိုးရှိနေသူတွေ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရှိနေနိုင်တာကြောင့် ရောဂါကူးစက်မခံရဖို့ဆိုရင် လူစုလူဝေး ရှောင်ရှားတာ၊ တတ်နိုင်သလောက် နေအိမ်မှာပဲ နေထိုင်တာ၊ နှာခေါင်းနဲ့ ပါးစပ်စည်း တပ်ဆင်တာ၊ လက်ကို စနစ်တကျ စက္ကန့် ၂၀ ကြာအောင် ဆေးကြောတာမျိုးကို လိုက်နာ လုပ်ကိုင်ကြဖို့ သတိပေးတိုက်တွန်းနေပေမယ့် တချို့နေရာ တွေမှာခုထိ လိုက်နာဖို့ အားနည်းနေဆဲ ရှိပါတယ်။

XS
SM
MD
LG