သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ထိန္းခ်ဳပ္ေရး ယာယီေဆးရံုနဲ႔ Qurantine စင္တာမ်ား ျပင္ဆင္ေန


ရန္ကုန္ၿမိဳ႕ရွိ ေဘာလံုးကစားကြင္းတခုမွာ ယာယီ Quarantine စင္တာတခု ေဆာက္လုပ္ေနတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတြင္း ကိုဗစ္ေရာဂါကူးစက္မႈ တစ္ရက္ထက္၊ တစ္ရက္ပိုမ်ားလာတာေၾကာင့္ ယာယီေဆး႐ုံေတြ ေဆာက္ေနၾကရသလို Quarantine Center ေတြလည္း ပိုတိုးလာေနရပါတယ္။ ဒါေၾကာင့္ ဒီေရာဂါကို တားဆီးႏိုင္ဖို႔ ျပည္သူလူထုေတြအေနနဲ႔ စည္းကမ္းခ်က္ေတြနဲ႔ အညီ ေနထိုင္ၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ အစိုးရ တာဝန္ရွိသူေတြက တိုက္တြန္းတဲ့ အေၾကာင္းကို ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပထားပါတယ္။

COVID 19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ေတြ တစ္ရက္အတြင္း ၃၀၀ ေက်ာ္၊ ၄၀၀ နီးပါးတိုးလာေနတာေၾကာင့္ ကုသေရးအတြက္ ယာယီေဆး႐ုံေတြ တည္ေဆာက္ေပးေနသလို တခ်ိဳ႕ Quarantine Center ေတြမွာလည္း ကုသေရး စင္တာေတြျပင္ဆင္ၿပီး ေဆးကုသမႈေတြ လုပ္ေပးေနၾကရပါတယ္။ ေစာင္ၾကည့္လူနာေတြအတြက္လည္း Quarantine Center ေတြ ထပ္တိုးခ်ဲ႕ေနရပါတယ္။

ေလ့လာမႈစစ္တမ္းေတြအရ အာဆီယံႏိုင္ငံတြင္း ေရာဂါျဖစ္ပြားမႈ အဆင့္မွာ ျမန္မာဟာ နံပါတ္ ၅ ေနရာမွာ ရွိေနေပမဲ့ ေန႔စဥ္ ပိုးေတြလူနာမ်ားတဲ့အဆင့္ သတ္မွတ္ခ်က္ထဲမွာ နံပါတ္ ၃ ေနရာမွာ ရွိပါတယ္။ ရက္ပိုင္းအတြင္း ေရာဂါပိုးေတြ႕ရွိသူ အလ်င္အျမန္တိုးမ်ားလာတဲ့ အေျခအေနေၾကာင့္ ျဖစ္ပါတယ္။ စက္တင္ဘာ ၁၅ ရက္ေန႔ တေန႔တည္းမွာတင္ ကိုဗစ္ေရာဂါပိုး ဓါတ္ခဲြစမ္းသပ္မႈ ၄,၅၉၇ ခု ျပဳလုပ္ခဲ့ရာမွာ၊ ေရာဂါပိုးေတြ႕သူ ၃၃၇ ဦး ရွိခဲ့ပါတယ္။

ေရာဂါျဖစ္ပြားကူးစက္မႈ အမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္မွာ က်န္းမာေရးဝန္ထမ္းအင္အား လုံေလာက္မႈ ရွိေစဖို႔အတြက္ ေရာဂါျဖစ္ပြားမႈ အနည္းဆုံးေဒသေတြကေန က်န္းမာေရးဝန္ထမ္းေတြကို အကူအညီအျဖစ္ေစလႊတ္ေပးေနတယ္လို႔ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ၫႊန္ၾကားေရးမွဴး ေဒါက္တာ ခင္ခင္ႀကီးက ေျပာပါတယ္။

“ရန္ကုန္က ေရာဂါကူးစက္မႈ အဓိက အမ်ားဆုံးက ရန္ကုန္ပဲ။ မေန႔ကဆိုရင္လည္း ပိုးေတြ႕လူနာေတြရဲ႕ ၈၀ ေက်ာ္ ၉၀ ရာခိုင္ႏႈန္းေလာက္သည္ ရန္ကုန္မွာပဲျဖစ္ၿပီး က်န္တဲ့ တိုင္းနဲ႔ျပည္နယ္ေတြမွာ ျဖစ္ပြားႏႈန္းက နည္းတယ္။ အဲ့ဒီေတာ့ လိုအပ္ခ်က္ေတြ ရွိေနတဲ့ ရန္ကုန္ကို ေရာဂါျဖစ္ပြားမႈနည္းတဲ့ တိုင္းႏွင့္ျပည္နယ္ေတြ ဥပမာ ကယားရယ္၊ မေကြးတို႔ ပဲခူးတို႔ စသည္ျဖင့္ ဒါနဲ႔ပတ္သက္လို႔ ကူညီမဲ့ ေဆးအဖြဲ႕ေတြ လႊတ္ေနတာမ်ိဳးေတြ ရွိတယ္။ ဒါအျပင္ က်မတို႔ ဗဟိုအဆင့္က ေနၿပီးေတာ့ မေန႔ကပဲ ထုတ္ျပန္တဲ့ အထဲမွာ ပါတယ္။ အဖြဲ႕သုံးဖြဲ႕လႊတ္လိုက္တယ္။ ဒုၫႊန္ခ်ဳပ္တစ္ေယာက္ပါတယ္၊ ၫႊန္ၾကားေရးမွဴး တစ္ေယာက္ပါတယ္။ သူတို႔ဦးေဆာင္တဲ့ အဖြဲ႕ေပ့ါ၊ အေရးေပၚတုံ႔ျပန္ေရးအဖြဲ႔လို႔ ေခၚတယ္။ ကူးစက္ ေရာဂါေတြျဖစ္လာရင္ အလ်င္အျမန္ တုံ႔ျပန္ေဆာင္႐ြက္ေရးအဖြဲ႕ ၃ ဖြဲ႕ကိုလည္း ေစလႊတ္တယ္။ ဒါ့အျပင္ လူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာနက ေနၿပီးေတာ့ တကၠသိုလ္ေကာလိပ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာဝန္၊ ဆရာမေတြကိုလည္း လိုအပ္တဲ့ ေနရာေတြမွာ ထုတ္ႏုတ္သုံးစြဲဖို႔ ရွိပါတယ္။ ဒါ့အျပင္ လိုအပ္တဲ့ေနရာေတြမွာ ကူညီဖို႔ Volunteer စာရင္းသြင္းထားတဲ့ ဆရာဝန္ေတြလည္း ရွိပါတယ္။ ဒီဆရာဝန္ေတြကိုလည္း သက္ဆိုင္ရာ လိုအပ္တဲ့ ေနရာေတြကို ေစလႊတ္မွာျဖစ္ပါတယ္။”

ကုသမႈေပးတဲ့ ေနရာေတြထပ္တိုးခ်ဲ႕ထားတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔လည္း ေဒါက္တာခင္ခင္ႀကီး ခုလိုေျပာပါတယ္။

“အခုလက္ရွိမွာဆိုရင္ က်မတို႔ အရင္က ေဝဘာဂီရွိတယ္။ ေတာင္ဥကၠလာေဆး႐ုံ ရွိတယ္၊ ေဖာင္ႀကီး ရွိတယ္။ ခုေဖာင္ႀကီးကလည္း ၉၀၀ ေလာက္ရွိသားၿပီ။ ၁,၀၀၀ ေက်ာ္ေလာက္ထိေတာ့ လက္ခံမယ္လို႔ လုပ္ထားတယ္။ ဒါ့အျပင္ က်မတို႔ ထပ္တိုးခ်ဲ႕ထားတာ ေနာက္ထပ္ ၂ ခုထပ္တိုးခ်ဲ႕ထားပါတယ္။ အဲ့ဒါကေတာ့ ဒဂုံဆိပ္ကမ္းမွာရွိတဲ့ ႐ိုးရိပ္သာရယ္၊ ေနာက္ လႈိင္ မွာလည္း COVID Medical Center ကိုလည္း ဖြင့္လွစ္ထားပါတယ္။ အဲ့ဒါအျပင္ ေနာက္ထပ္တစ္ခုကေတာ့ သုဝဏၰမွာရွိတဲ့ ေဘာလုံး အကယ္ဒမီမွာ ဆိုလို႔ရွိရင္ ယာယီေဆး႐ုံအသုံးျပဳဖို႔ ေဆာင္႐ြက္ေနတယ္။ မေန႔က သတင္းတက္လာ တာအရဆိုရင္ ေနာက္ ၅ ရက္ေလာက္ ဆိုလို႔ရွိရင္ လူနာေတြ စထားႏိုင္မယ္ဆိုတာလည္း သိရပါတယ္။ လက္ရွိမွာဆိုရင္ ရန္ကုန္အတြက္ လုပ္ေနသလိုပဲ မႏၲေလးမွာလည္း ကန္ေတာ္နဒီေဆး႐ုံမွာ လူနာက ထားႏိုင္တာထက္ျပည့္သြားၿပီေပါ့ေႏွာ္။ အဲ့မွာလည္း သူတို႔ ေနာက္ထပ္ခ်ဲ႕ဖို႔ ကိစၥေတြ သူတို႔ ေဆာင္႐ြက္ေနပါတယ္။”

ခုလက္ရွိအခ်ိန္မွာ ျပည္သူလူထုေတြ အေနနဲ႔ အိမ္ထဲမွာပဲ တတ္ႏိုင္သမွ်ေနၾကဖို႔ သတ္မွတ္ထားတဲ့ ကာလအတြင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္၊ လမ္းၫႊန္ခ်က္ေတြႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ေတြအတိုင္း စနစ္တက် လိုက္နာေနထိုင္ၾကဖို႔ကိုလည္း ေဒါက္တာခင္ခင္ႀကီးက တိုက္တြန္းပါတယ္။

အခုလိုကာလမွာ က်န္းမာေရးဝန္ထမ္းေတြကိုသာ အားကိုးတာမ်ိဳး မဟုတ္ဘဲ ျပည္သူေတြ အေနနဲ႔ မိမိတတ္ႏိုင္သမွ် နည္းလမ္းေတြနဲ႔ ကိုဗစ္တိုက္ဖ်က္ေရးအတြက္ ပူးေပါင္းေပးၾကမယ္ဆိုရင္ ေနာက္ထပ္ သီတင္းႏွစ္ပတ္၊ သုံးပတ္အတြင္းမွာ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနကိုေရာက္လာႏိုင္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ဆိုပါတယ္။

ေရာဂါကို အလ်င္အျမန္ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈက အဓိကျဖစ္တဲ့အတြက္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတ္မွတ္ခ်က္ေတြကို အေလးထားလိုက္နာေပးၾကဖို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကလည္း မေန႔ကတိုက္တြန္းထားပါတယ္။

“ျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈဟာ က်ေနာ္တို႔ အတြက္ အလြန္အင္မတန္အေရးႀကီးပါတယ္။ က်ေနာ္တို႔ တိုင္းအတြင္းမွာ ျပည္သူေတြရဲ႕ ပူးေပါင္းပါဝင္မႈရွိလာတဲ့အတြက္ က်ေနာ္တို႔ လာမယ့္ ရက္သတၱပတ္ ၂ ပတ္၊ ၃ ပတ္ေလာက္အတြင္းမွာ COVID 19 ေရာဂါနဲ႔ပတ္သက္ၿပီး ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနတစ္ခုကို ေရာက္လာမယ္လို႔ က်ေနာ္တို႔ ယုံၾကည္ပါတယ္။ ဒီအေျခအေနအတြက္လည္း ျပည္သူတစ္ရပ္လုံးက ပူးေပါင္းၿပီး ေဆာင္႐ြက္ေပးပါလို႔ က်ေနာ့္အေနနဲ႔ တိုက္တြန္းလိုပါတယ္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ Stay at Home အစီအစဥ္ေတြကိုလည္း တိတိက်က် လိုက္နာေဆာင္႐ြက္ေပးေစခ်င္ပါတယ္။”

ကိုဗစ္ေရာဂါ တစ္ေက်ာ့ျပန္ျဖစ္ပြားမႈေၾကာင့္ တစ္လတြင္း ေသဆုံးသူက ၃၃ ေယာက္အထိရွိတာေၾကာင့္၊ စက္တင္ဘာ ၁၅ ရက္ေန႔အထိ ကိုဗစ္ေရာဂါေၾကာင့္ စုစုေပါင္း ေသဆံုးသူ ၃၉ ဦး ရွိသြားပါၿပီ။ ေရာဂါပိုးေတြ႕ရွိရတဲ့ ဓာတ္ခြဲအတည္ျပဳလူနာက ၃,၆၀၀ ေက်ာ္ရွိေနပါတယ္။ ေရာဂါပိုးကင္းစင္လို႔ ေဆး႐ုံဆင္းခြင့္ရသူက ၈၀၀ ေက်ာ္ရွိပါတယ္။ အသြားအလာကန္႔သတ္ေစာင့္ၾကည့္ထားသူ အေရအတြက္က ၉,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ထိန်းချုပ်ရေး ယာယီဆေးရုံနဲ့ Qurantine စင်တာများ ပြင်ဆင်နေ

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှု တစ်ရက်ထက်၊ တစ်ရက်ပိုများလာတာကြောင့် ယာယီဆေးရုံတွေ ဆောက်နေကြရသလို Quarantine Center တွေလည်း ပိုတိုးလာနေရပါတယ်။ ဒါကြောင့် ဒီရောဂါကို တားဆီးနိုင်ဖို့ ပြည်သူလူထုတွေအနေနဲ့ စည်းကမ်းချက်တွေနဲ့ အညီ နေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရ တာဝန်ရှိသူတွေက တိုက်တွန်းတဲ့ အကြောင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြထားပါတယ်။

COVID 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ တစ်ရက်အတွင်း ၃၀၀ ကျော်၊ ၄၀၀ နီးပါးတိုးလာနေတာကြောင့် ကုသရေးအတွက် ယာယီဆေးရုံတွေ တည်ဆောက်ပေးနေသလို တချို့ Quarantine Center တွေမှာလည်း ကုသရေး စင်တာတွေပြင်ဆင်ပြီး ဆေးကုသမှုတွေ လုပ်ပေးနေကြရပါတယ်။ စောင်ကြည့်လူနာတွေအတွက်လည်း Quarantine Center တွေ ထပ်တိုးချဲ့နေရပါတယ်။

လေ့လာမှုစစ်တမ်းတွေအရ အာဆီယံနိုင်ငံတွင်း ရောဂါဖြစ်ပွားမှု အဆင့်မှာ မြန်မာဟာ နံပါတ် ၅ နေရာမှာ ရှိနေပေမဲ့ နေ့စဉ် ပိုးတွေလူနာများတဲ့အဆင့် သတ်မှတ်ချက်ထဲမှာ နံပါတ် ၃ နေရာမှာ ရှိပါတယ်။ ရက်ပိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူ အလျင်အမြန်တိုးများလာတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ တနေ့တည်းမှာတင် ကိုဗစ်ရောဂါပိုး ဓါတ်ခွဲစမ်းသပ်မှု ၄,၅၉၇ ခု ပြုလုပ်ခဲ့ရာမှာ၊ ရောဂါပိုးတွေ့သူ ၃၃၇ ဦး ရှိခဲ့ပါတယ်။

ရောဂါဖြစ်ပွားကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်မှာ ကျန်းမာရေးဝန်ထမ်းအင်အား လုံလောက်မှု ရှိစေဖို့အတွက် ရောဂါဖြစ်ပွားမှု အနည်းဆုံးဒေသတွေကနေ ကျန်းမာရေးဝန်ထမ်းတွေကို အကူအညီအဖြစ်စေလွှတ်ပေးနေတယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

“ရန်ကုန်က ရောဂါကူးစက်မှု အဓိက အများဆုံးက ရန်ကုန်ပဲ။ မနေ့ကဆိုရင်လည်း ပိုးတွေ့လူနာတွေရဲ့ ၈၀ ကျော် ၉၀ ရာခိုင်နှုန်းလောက်သည် ရန်ကုန်မှာပဲဖြစ်ပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ဖြစ်ပွားနှုန်းက နည်းတယ်။ အဲ့ဒီတော့ လိုအပ်ချက်တွေ ရှိနေတဲ့ ရန်ကုန်ကို ရောဂါဖြစ်ပွားမှုနည်းတဲ့ တိုင်းနှင့်ပြည်နယ်တွေ ဥပမာ ကယားရယ်၊ မကွေးတို့ ပဲခူးတို့ စသည်ဖြင့် ဒါနဲ့ပတ်သက်လို့ ကူညီမဲ့ ဆေးအဖွဲ့တွေ လွှတ်နေတာမျိုးတွေ ရှိတယ်။ ဒါအပြင် ကျမတို့ ဗဟိုအဆင့်က နေပြီးတော့ မနေ့ကပဲ ထုတ်ပြန်တဲ့ အထဲမှာ ပါတယ်။ အဖွဲ့သုံးဖွဲ့လွှတ်လိုက်တယ်။ ဒုညွှန်ချုပ်တစ်ယောက်ပါတယ်၊ ညွှန်ကြားရေးမှူး တစ်ယောက်ပါတယ်။ သူတို့ဦးဆောင်တဲ့ အဖွဲ့ပေ့ါ၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့လို့ ခေါ်တယ်။ ကူးစက် ရောဂါတွေဖြစ်လာရင် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ ၃ ဖွဲ့ကိုလည်း စေလွှတ်တယ်။ ဒါ့အပြင် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက နေပြီးတော့ တက္ကသိုလ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်၊ ဆရာမတွေကိုလည်း လိုအပ်တဲ့ နေရာတွေမှာ ထုတ်နုတ်သုံးစွဲဖို့ ရှိပါတယ်။ ဒါ့အပြင် လိုအပ်တဲ့နေရာတွေမှာ ကူညီဖို့ Volunteer စာရင်းသွင်းထားတဲ့ ဆရာဝန်တွေလည်း ရှိပါတယ်။ ဒီဆရာဝန်တွေကိုလည်း သက်ဆိုင်ရာ လိုအပ်တဲ့ နေရာတွေကို စေလွှတ်မှာဖြစ်ပါတယ်။”

ကုသမှုပေးတဲ့ နေရာတွေထပ်တိုးချဲ့ထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဒေါက်တာခင်ခင်ကြီး ခုလိုပြောပါတယ်။

“အခုလက်ရှိမှာဆိုရင် ကျမတို့ အရင်က ဝေဘာဂီရှိတယ်။ တောင်ဥက္ကလာဆေးရုံ ရှိတယ်၊ ဖောင်ကြီး ရှိတယ်။ ခုဖောင်ကြီးကလည်း ၉၀၀ လောက်ရှိသားပြီ။ ၁,၀၀၀ ကျော်လောက်ထိတော့ လက်ခံမယ်လို့ လုပ်ထားတယ်။ ဒါ့အပြင် ကျမတို့ ထပ်တိုးချဲ့ထားတာ နောက်ထပ် ၂ ခုထပ်တိုးချဲ့ထားပါတယ်။ အဲ့ဒါကတော့ ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ရိုးရိပ်သာရယ်၊ နောက် လှိုင် မှာလည်း COVID Medical Center ကိုလည်း ဖွင့်လှစ်ထားပါတယ်။ အဲ့ဒါအပြင် နောက်ထပ်တစ်ခုကတော့ သုဝဏ္ဏမှာရှိတဲ့ ဘောလုံး အကယ်ဒမီမှာ ဆိုလို့ရှိရင် ယာယီဆေးရုံအသုံးပြုဖို့ ဆောင်ရွက်နေတယ်။ မနေ့က သတင်းတက်လာ တာအရဆိုရင် နောက် ၅ ရက်လောက် ဆိုလို့ရှိရင် လူနာတွေ စထားနိုင်မယ်ဆိုတာလည်း သိရပါတယ်။ လက်ရှိမှာဆိုရင် ရန်ကုန်အတွက် လုပ်နေသလိုပဲ မန္တလေးမှာလည်း ကန်တော်နဒီဆေးရုံမှာ လူနာက ထားနိုင်တာထက်ပြည့်သွားပြီပေါ့နှော်။ အဲ့မှာလည်း သူတို့ နောက်ထပ်ချဲ့ဖို့ ကိစ္စတွေ သူတို့ ဆောင်ရွက်နေပါတယ်။”

ခုလက်ရှိအချိန်မှာ ပြည်သူလူထုတွေ အနေနဲ့ အိမ်ထဲမှာပဲ တတ်နိုင်သမျှနေကြဖို့ သတ်မှတ်ထားတဲ့ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်၊ လမ်းညွှန်ချက်တွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအတိုင်း စနစ်တကျ လိုက်နာနေထိုင်ကြဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းပါတယ်။

အခုလိုကာလမှာ ကျန်းမာရေးဝန်ထမ်းတွေကိုသာ အားကိုးတာမျိုး မဟုတ်ဘဲ ပြည်သူတွေ အနေနဲ့ မိမိတတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကိုဗစ်တိုက်ဖျက်ရေးအတွက် ပူးပေါင်းပေးကြမယ်ဆိုရင် နောက်ထပ် သီတင်းနှစ်ပတ်၊ သုံးပတ်အတွင်းမှာ ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကိုရောက်လာနိုင်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

ရောဂါကို အလျင်အမြန် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိကဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေကို အလေးထားလိုက်နာပေးကြဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း မနေ့ကတိုက်တွန်းထားပါတယ်။

“ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကျနော်တို့ အတွက် အလွန်အင်မတန်အရေးကြီးပါတယ်။ ကျနော်တို့ တိုင်းအတွင်းမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုရှိလာတဲ့အတွက် ကျနော်တို့ လာမယ့် ရက်သတ္တပတ် ၂ ပတ်၊ ၃ ပတ်လောက်အတွင်းမှာ COVID 19 ရောဂါနဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုကို ရောက်လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီအခြေအနေအတွက်လည်း ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပြီး ဆောင်ရွက်ပေးပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Stay at Home အစီအစဉ်တွေကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်ပေးစေချင်ပါတယ်။”

ကိုဗစ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် တစ်လတွင်း သေဆုံးသူက ၃၃ ယောက်အထိရှိတာကြောင့်၊ စက်တင်ဘာ ၁၅ ရက်နေ့အထိ ကိုဗစ်ရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၃၉ ဦး ရှိသွားပါပြီ။ ရောဂါပိုးတွေ့ရှိရတဲ့ ဓာတ်ခွဲအတည်ပြုလူနာက ၃,၆၀၀ ကျော်ရှိနေပါတယ်။ ရောဂါပိုးကင်းစင်လို့ ဆေးရုံဆင်းခွင့်ရသူက ၈၀၀ ကျော်ရှိပါတယ်။ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ အရေအတွက်က ၉,၀၀၀ ကျော်ရှိပါတယ်။

XS
SM
MD
LG