သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ေရြးေကာက္ပြဲရက္ေရြ႕ဆုိင္းေပးဖုိ႔ အတုိက္အခံပါတီေတြ ေတာင္းဆုိ


(Zawgyi/Unicode)

ကိုဗစ္ပိုးေတြ႔ႏႈန္း ျမန္မာႏိုင္ငံမွာ ျမင့္မားလာခ်ိန္မွာ အဓိကအတိုက္အခံပါတီ ႀကံခိုင္ဖြံ႔ၿဖိဳးေရးပါတီဘက္ကေတာ့၊ အျခားပါတီ ၂၃ ခုနဲ႔တြဲၿပီး၊ လာမယ့္ ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းေပးဖို႔ ျပည္ေတာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို ေတာင္းဆိုလိုက္ပါတယ္။

တပ္မေတာ္နဲ႔နီးစပ္တဲ့ ႀကံခိုင္ဖြံ႔ၿဖိဳးေရးပါတီ ဥကၠဌနဲ႔ တပ္မေတာ္အၿငိမ္းစားအရာရွိ ဦးသန္းေဌးက ဒီကမာၻ႕ကပ္ေရာဂါျဖစ္ေနခ်ိန္အတြင္း ေရြးေကာက္ပြဲက်င္းပမွာကို အလြန္စိုးရိမ္မိတယ္လို႔ AFP ကို ေျပာခဲ့ပါတယ္။

နိုဝင္ဘာ (၈) ရက္ေန႔မွာက်င္းပဖို႔ျပင္ထားတဲ့ ဒီေရြးေကာက္ပြဲကိစၥနဲ႔ပတ္သက္ၿပီး ေရႊ.ဆိုင္းေပးဖို႔ ေတာင္းဆိုေနမူေတြကို ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ခုခ်ိန္ထိ မလိုက္ေလ်ာေသးပါဘူး။

ဒီ အတိုက္အခံပါတီေတြဖက္ကေတာ့ ခုလို ေရႊ.ဆိုင္းဖို႔ေတာင္းဆိုရတာက၊ ပိုးေတြ႔သူအမ်ားစုက ေရာဂါလကၡဏာမျပတာနဲ႔ ကာကြယ္ေရးစည္းမ်ဥ္းေတြကို မလိုက္နာၾကတာေၾကာင့္ အႏၱရာယ္ကင္းကင္း လူစုလူေဝးလုပ္ႏိုင္မွာမဟုတ္လို႔ပါလို႔ ေထာက္ျပၾကပါတယ္။

ႏိုင္ငံထဲ ပိုးေတြ႔ႏႈန္းေတြ႔ တပတ္ကို ၂ ဆတိုးလာၿပီး၊ အဓိကျဖစ္ေနတဲ့ ရန္ကုန္က ေဆးရံုေတြမွာ လူနာေတြျပည့္လာခ်ိန္မွာ၊ တခ်ဳိ.ပါတီေတြကလည္း ဒီေရြးေကာက္ပြဲကို ဒီဇင္ဘာ ၂၇ ရက္ကို ေရႊ.သင့္တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ အစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔ကေတာ့ ကိုရိုနာဗိုင္းရပ္စ္ပိုးကို ခုခ်ိန္ထိ ထိန္းခ်ဳပ္ထားႏိုင္တာေၾကာင့္ ေရႊ.ဆိုင္းေရး ေကာ္မရွင္ကိုေတာင္းဆိုဖို႔မရွိဘူး၊ ခုလိုတလခြဲေက်ာ္ေရႊ႕လို႕လည္း ထူးမွာမဟုတ္ဘူး၊ ထပ္ဆိုးမလာရင္က်င္းပႏိုင္မွာပါလို႔ AP သတင္းဌာနကို ေျပာခဲ့ပါတယ္။

ၾသဂုတ္လလယ္မွာ ရခိုင္ျပည္နယ္ကတဆင့္ အျခားေဒသေတြကို တေက်ာ့ျပန္ပိုးကူးစက္မူႏႈန္းေတြ ရုတ္တရက္ ျမင့္မားသြားေစခ်ိန္မွာ က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ မေန႔အဂၤါ မနက္နဲ႔ည ေၾကညာရာမွာလည္း တေန႔တြင္း ပိုးသစ္ေတြ႔သူေပါင္း ၃၀၇ ဦးအထိျမင့္တက္လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကိုဗစ်ကြောင့် ရွေးကောက်ပွဲရက်ရွေ့ဆိုင်းပေးဖို့ အတိုက်အခံပါတီတွေ တောင်းဆို
(Unicode)

ကိုဗစ်ပိုးတွေ့နှုန်း မြန်မာနိုင်ငံမှာ မြင့်မားလာချိန်မှာ အဓိကအတိုက်အခံပါတီ ကြံခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကတော့၊ အခြားပါတီ ၂၃ ခုနဲ့တွဲပြီး၊ လာမယ့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

တပ်မတော်နဲ့နီးစပ်တဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌနဲ့ တပ်မတော်အငြိမ်းစားအရာရှိ ဦးသန်းဌေးက ဒီကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်အတွင်း ရွေးကောက်ပွဲကျင်းပမှာကို အလွန်စိုးရိမ်မိတယ်လို့ AFP ကို ပြောခဲ့ပါတယ်။

နိုဝင်ဘာ (၈) ရက်နေ့မှာကျင်းပဖို့ပြင်ထားတဲ့ ဒီရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ရွှေ.ဆိုင်းပေးဖို့ တောင်းဆိုနေမူတွေကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ခုချိန်ထိ မလိုက်လျောသေးပါဘူး။

ဒီ အတိုက်အခံပါတီတွေဖက်ကတော့ ခုလို ရွှေ.ဆိုင်းဖို့တောင်းဆိုရတာက၊ ပိုးတွေ့သူအများစုက ရောဂါလက္ခဏာမပြတာနဲ့ ကာကွယ်ရေးစည်းမျဉ်းတွေကို မလိုက်နာကြတာကြောင့် အန္တရာယ်ကင်းကင်း လူစုလူဝေးလုပ်နိုင်မှာမဟုတ်လို့ပါလို့ ထောက်ပြကြပါတယ်။

နိုင်ငံထဲ ပိုးတွေ့နှုန်းတွေ့ တပတ်ကို ၂ ဆတိုးလာပြီး၊ အဓိကဖြစ်နေတဲ့ ရန်ကုန်က ဆေးရုံတွေမှာ လူနာတွေပြည့်လာချိန်မှာ၊ တချို.ပါတီတွေကလည်း ဒီရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ ရက်ကို ရွှေ.သင့်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ခုချိန်ထိ ထိန်းချုပ်ထားနိုင်တာကြောင့် ရွှေ.ဆိုင်းရေး ကော်မရှင်ကိုတောင်းဆိုဖို့မရှိဘူး၊ ခုလိုတလခွဲကျော်ရွှေ့လို့လည်း ထူးမှာမဟုတ်ဘူး၊ ထပ်ဆိုးမလာရင်ကျင်းပနိုင်မှာပါလို့ AP သတင်းဌာနကို ပြောခဲ့ပါတယ်။

သြဂုတ်လလယ်မှာ ရခိုင်ပြည်နယ်ကတဆင့် အခြားဒေသတွေကို တကျော့ပြန်ပိုးကူးစက်မူနှုန်းတွေ ရုတ်တရက် မြင့်မားသွားစေချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မနေ့အင်္ဂါ မနက်နဲ့ည ကြေညာရာမှာလည်း တနေ့တွင်း ပိုးသစ်တွေ့သူပေါင်း ၃၀၇ ဦးအထိမြင့်တက်လာနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG