သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားမဲဆႏၵရွင္ေတြ တိုင္းရင္းသားပါတီ ကိုယ္စားလွယ္ေတြ ေရြးခ်ယ္ဖို႔ တိုက္တြန္း


လႊတ္ေတာ္တက္ေရာက္ေနတဲ့ ၂၀၁၅ ေရြးေကာက္ပြဲ အႏုိင္ရ တုိင္းရင္းသား လႊတ္ေတာ္ကုိယ္စားလွယ္အခ်ဳိ႕။ (ဇန္နဝါရီ ၂၇၊ ၂၀၁၆)

(Zawgyi / Unicode)

တိုင္းရင္းသား‌ေဒသေတြရဲ႕ အခက္အခဲေတြကို ေျဖရွင္းႏိုင္ေရး တိုင္းရင္းသားပါတီေတြ လႊတ္ေတာ္မွာ ပိုၿပီး ပါဝင္လာႏိုင္ဖို႔ လိုအပ္တယ္လို႔ တိုင္းရင္းသားပါတီေတြရဲ႕ အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြက ေျပာပါတယ္။ ဒီအေၾကာင္းကို ဗြီအုိေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္း တင္ျပထားပါတယ္။

တိုင္းရင္းသားေဒသေတြမွာ လူမႈေရး၊ ပညာေရး စတဲ့ ကြာျခားခ်က္ လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိေနေသးၿပီး ဒီလိုအခက္အခဲေတြကို ေျဖရွင္းႏိုင္ဖို႔ဆိုရင္ တိုင္းရင္းသားေတြရဲ႕ အေၾကာင္းကို နားလည္ၿပီး တိုင္းရင္းသားအေရးအတြက္ အေသအခ်ာ ေဆာင္ရြက္ေပးႏိုင္မယ့္ တိုင္းရင္းသား ကိုယ္စားလွယ္ေတြ လႊတ္ေတာ္ထဲမွာ ပိုၿပီးပါဝင္လာဖို႔ လိုအပ္တယ္လို႔ ဖယ္ခုံၿမိဳ႕နယ္က ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း မူကယ္႐ိုလိုင္းက ေျပာပါတယ္။

“က်မ ၂၀၁၅ အထိ လက္ရွိ အႏိုင္ရပါတီကို ဝန္းရံခဲ့တယ္။ လက္ရွိအႏိုင္ရပါတီကို ဝန္းရံၿပီးေတာ့ အရမ္းယုံၾကည္ၿပီးေတာ့ က်မ မဲေပးခဲ့တယ္။ ဒါေပမယ့္ လက္ရွိ အႏိုင္ရပါတီက အႏိုင္ရၿပီးသြားတဲ့ ေနာက္ပိုင္းမွာ ၫြန႔္ေပါင္းမဖြဲ႔ဘူးဆိုတဲ့ အေျဖေတြ ထြက္လာတယ္။ တိုင္းရင္းသား နယ္ေျမေတြကို လာၿပီးမွ တိုင္းရင္းသားေတြကို ၿပိဳင္ဘက္ပုံစံမ်ိဳးနဲ႔ ျမင္လာတယ္ဆိုေတာ့ ဥပမာအားျဖင့္ ၂၀၁၅ တုန္းက က်မတို႔ပါတီက အႏိုင္မရခဲ့ဘူး။ အႏိုင္ရရွိမႈေတြ မရွိခဲ့တဲ့အတြက္ က်မတို႔ေတြ ဘာေတြဆုံး႐ံႈးသလဲဆိုေတာ့ ဒီမိုကေရစီ စံႏႈန္းအရ က်မတို႔ရဲ႕ ႏိုင္ငံေရး ကိုယ္စားျပဳမႈက မရခဲ့ဘူး။ ဆိုေတာ့ က်မတို႔က ဒီမိုကေရစီစံႏႈန္းအရ အခြင့္အေရးေတြ ဆုံး႐ႈံးေနတယ္ ဆိုတာကိုလည္း မီးေမာင္းထိုးျပခ်င္တယ္။ ဒီအခ်ိန္မွာ ၫြန႔္ေပါင္းမဖြဲ႔ဘူးဆိုတဲ့ ကိစၥေတြ ပါလာတယ္။ ၿပီးေတာ့ တပါတီ အာဏာၿမဲေရးကိုပဲ ဆက္သြားမယ္၊ တိုင္းရင္းသားေတြနဲ႔ ပူးေပါင္းပါဝင္မႈ မလုပ္ဘူးဆိုတဲ့ဟာက က်မတို႔ရဲ႕နယ္ေျမ က်မတို႔ရဲ႕ တိုင္းရင္းသားလူမ်ိဳးစု အသိုက္အၿမဳံထဲမွာ က်မတို႔ရဲ႕ေျမ က်မတို႔ရဲ႕ေဒသကို က်မတို႔က အသိဆုံးျဖစ္တယ္။ ဒါေၾကာင့္ ဒီမိုကေရစီကို ေဖာ္ေဆာင္ဖို႔အတြက္က မျဖစ္မေန ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္တယ္။”

တိုင္းရင္းသားေဒသေတြမွာ ႀကဳံေနရတဲ့ အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံရတာေတြနဲ႔ တိုင္းရင္းသားေဒသေတြရဲ႕ ေျမယာအခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီး အဆင္မေျပမႈေတြ အမ်ားႀကီး ေတြ႔ႀကဳံခံစားေနၾကရတယ္လို႔ ျပည္ေထာင္စုပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ ပါတီက ကိုယ္စားလွယ္ေလာင္း နန္းခမ္းခ်ိဳက ေျပာပါတယ္။

“ေျပာရမယ္ဆိုရင္ တိုင္းရင္းသားေတြကို ကာကြယ္ေပးခဲ့တဲ့ ေပၚလစီေတြက နည္းတယ္ေပါ့ေနာ္။ အဲ့ေတာ့ ျပန္ၾကည့္လိုက္မယ္ဆိုရင္ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးကို ကာကြယ္ေပးတာမ်ိဳး မရွိဘူး။ ၿပီးေတာ့ ေနာက္တခုျမင္တာက ျပ႒ာန္းလိုက္တဲ့ ဥပ‌ေဒ‌ ေတာ္ေတာ္မ်ားမ်ားကလည္း တိုင္းရင္းသားေတြကို ကာကြယ္ေပးတာက အရမ္းနည္းတယ္။ အဲ့ေတာ့ က်မဝင္ၿပိဳင္ရတဲ့ ရည္ရြယ္ခ်က္ကလည္း အဲ့ဒါပါတယ္။ အဓိက စိုက္ပ်ိဳးေတာင္သူေတြအတြက္က ဓေလ့ထုံးတမ္း ေျမယာစနစ္ကိုက အသိအမွတ္ျပဳဖို႔လိုတယ္။ ဘာလို႔လဲဆိုေတာ့ ဒီတိုင္းရင္းသားေဒသမွာ ျပန္ၾကည့္လိုက္မယ္ဆိုရင္ ဥပေဒ ေတာ္ေတာ္မ်ားမ်ားသည္ ဓေလ့ထုံးတမ္းအရပဲ ရွိေနတယ္။ ဒီေတာ့ အစိုးရက ခ်မွတ္လိုက္တဲ့ ဥပေဒေတြ ေပၚလစီေတြ ေတာ္ေတာ္မ်ားမ်ားသည္ ဒီတိုင္းရင္းသားေဒသ ဆီဆိုင္ၿမိဳ႕နယ္မွာရွိတဲ့ ေတာင္သူေတြအတြက္ အံဝင္ခြင္က်ျဖစ္ဖို႔ အရမ္းခက္ခဲေပါ့။ အဲ့ေတာ့ တိုင္းရင္းသားေတြရဲ႕ အခက္အခဲကို တိုင္းရင္းသားေတြ အသိဆုံးျဖစ္တယ္။ ဒီတိုင္းရင္းသားေဒသေတြနဲ႔ ကိုက္ညီတဲ့ ဒီ ေျမယာဓေလ့ထုံးတမ္း ေျမယာစနစ္ကို ေျပာရမယ္ဆိုရင္ လိုခ်င္တယ္ေပါ့ေလ။ ဒီေပၚလစီအတိုင္း က်မတို႔ ႀကိဳးစားၿပီးေတာ့ လုပ္ေပးခ်င္တယ္။”

တိုင္းရင္းသားေဒသေတြမွာ ျဖစ္ေနတဲ့ ေျမယာျပႆနာေတြ၊ ပညာသင္ယူႏိုင္ခြင့္ အခြင့္အလမ္း ဆုံး႐ႈံးေနရမႈေတြ၊ ေဒသအလိုက္ အလုပ္အကိုင္ အခြင့္အလမ္း ရရွိႏိုင္ေအာင္ ေဆာင္ရြက္ေပးဖို႔၊ တိုင္းရင္းသားေတြရဲ႕ အခက္အခဲနဲ႔ စကားသံေတြကို အစိုးရက သိရွိႏိုင္ဖို႔အတြက္ဆိုၿပီး တိုင္းရင္းသားေတြအေနနဲ႔ တိုင္းရင္းသား ကိုယ္စားလွယ္ေတြကို အားကိုးၿပီး မဲေပးၾကဖို႔လိုတယ္လို႔ တိုင္းရင္းသားပါတီေတြနဲ႔ ကိုယ္စားလွယ္ေတြက တိုက္တြန္းထားၾကပါတယ္။

လက္ရွိအာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲ ေၾကညာစာတမ္းရဲ႕ တိုင္းရင္းသားမ်ားအေရးႏွင့္ ျပည္တြင္းၿငိမ္းခ်ိမ္းေရး က႑ရဲ႕ အခ်က္ ၇ ခ်က္မွာေတာ့ တိုင္းရင္းသားလူမ်ိဳးေတြရဲ႕ အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္တဲ့ ဥပေဒေတြ၊ တန္းတူညီမွ်တဲ့ ႏိုင္ငံသားအခြင့္အေရးေတြနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ရရွိၿပီး ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး၊ တိုင္းရင္းသားေတြရဲ႕ စာေပ၊ စကား၊ အႏုပညာ၊ ယဥ္ေက်းမႈ၊ ႐ိုးရာဓေလ့ထုံးတမ္း၊ အမ်ိဳးသားေရး လကၡဏာေတြနဲ႔ သမိုင္းအေမြအႏွစ္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ေရး၊ သဘာဝအရင္းအျမစ္က ရရွိလာတဲ့ အက်ိဳးအျမတ္ေတြကို ဖက္ဒရယ္ျပည္ေထာင္စုမူနဲ႔အတူ ေဒသအလိုက္ မွ်တစြာ ခြဲေဝခံစားခြင့္ရရွိေရး စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

တိုင်းရင်းသားမဲဆန္ဒရှင်တွေ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ တိုက်တွန်း

တိုင်းရင်းသား‌ဒေသတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသားပါတီတွေ လွှတ်တော်မှာ ပိုပြီး ပါဝင်လာနိုင်ဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားပါတီတွေရဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်း တင်ပြထားပါတယ်။

တိုင်းရင်းသားဒေသတွေမှာ လူမှုရေး၊ ပညာရေး စတဲ့ ကွာခြားချက် လိုအပ်ချက်တွေ အများကြီးရှိနေသေးပြီး ဒီလိုအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ အကြောင်းကို နားလည်ပြီး တိုင်းရင်းသားအရေးအတွက် အသေအချာ ဆောင်ရွက်ပေးနိုင်မယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ပိုပြီးပါဝင်လာဖို့ လိုအပ်တယ်လို့ ဖယ်ခုံမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မူကယ်ရိုလိုင်းက ပြောပါတယ်။

“ကျမ ၂၀၁၅ အထိ လက်ရှိ အနိုင်ရပါတီကို ဝန်းရံခဲ့တယ်။ လက်ရှိအနိုင်ရပါတီကို ဝန်းရံပြီးတော့ အရမ်းယုံကြည်ပြီးတော့ ကျမ မဲပေးခဲ့တယ်။ ဒါပေမယ့် လက်ရှိ အနိုင်ရပါတီက အနိုင်ရပြီးသွားတဲ့ နောက်ပိုင်းမှာ ညွန့်ပေါင်းမဖွဲ့ဘူးဆိုတဲ့ အဖြေတွေ ထွက်လာတယ်။ တိုင်းရင်းသား နယ်မြေတွေကို လာပြီးမှ တိုင်းရင်းသားတွေကို ပြိုင်ဘက်ပုံစံမျိုးနဲ့ မြင်လာတယ်ဆိုတော့ ဥပမာအားဖြင့် ၂၀၁၅ တုန်းက ကျမတို့ပါတီက အနိုင်မရခဲ့ဘူး။ အနိုင်ရရှိမှုတွေ မရှိခဲ့တဲ့အတွက် ကျမတို့တွေ ဘာတွေဆုံးရှုံးသလဲဆိုတော့ ဒီမိုကရေစီ စံနှုန်းအရ ကျမတို့ရဲ့ နိုင်ငံရေး ကိုယ်စားပြုမှုက မရခဲ့ဘူး။ ဆိုတော့ ကျမတို့က ဒီမိုကရေစီစံနှုန်းအရ အခွင့်အရေးတွေ ဆုံးရှုံးနေတယ် ဆိုတာကိုလည်း မီးမောင်းထိုးပြချင်တယ်။ ဒီအချိန်မှာ ညွန့်ပေါင်းမဖွဲ့ဘူးဆိုတဲ့ ကိစ္စတွေ ပါလာတယ်။ ပြီးတော့ တပါတီ အာဏာမြဲရေးကိုပဲ ဆက်သွားမယ်၊ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပါဝင်မှု မလုပ်ဘူးဆိုတဲ့ဟာက ကျမတို့ရဲ့နယ်မြေ ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးစု အသိုက်အမြုံထဲမှာ ကျမတို့ရဲ့မြေ ကျမတို့ရဲ့ဒေသကို ကျမတို့က အသိဆုံးဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီကို ဖော်ဆောင်ဖို့အတွက်က မဖြစ်မနေ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။”

တိုင်းရင်းသားဒေသတွေမှာ ကြုံနေရတဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့ မြေယာအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ အများကြီး တွေ့ကြုံခံစားနေကြရတယ်လို့ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီက ကိုယ်စားလှယ်လောင်း နန်းခမ်းချိုက ပြောပါတယ်။

“ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေကို ကာကွယ်ပေးခဲ့တဲ့ ပေါ်လစီတွေက နည်းတယ်ပေါ့နော်။ အဲ့တော့ ပြန်ကြည့်လိုက်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတာမျိုး မရှိဘူး။ ပြီးတော့ နောက်တခုမြင်တာက ပြဋ္ဌာန်းလိုက်တဲ့ ဥပ‌ဒေ‌ တော်တော်များများကလည်း တိုင်းရင်းသားတွေကို ကာကွယ်ပေးတာက အရမ်းနည်းတယ်။ အဲ့တော့ ကျမဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကလည်း အဲ့ဒါပါတယ်။ အဓိက စိုက်ပျိုးတောင်သူတွေအတွက်က ဓလေ့ထုံးတမ်း မြေယာစနစ်ကိုက အသိအမှတ်ပြုဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဒီတိုင်းရင်းသားဒေသမှာ ပြန်ကြည့်လိုက်မယ်ဆိုရင် ဥပဒေ တော်တော်များများသည် ဓလေ့ထုံးတမ်းအရပဲ ရှိနေတယ်။ ဒီတော့ အစိုးရက ချမှတ်လိုက်တဲ့ ဥပဒေတွေ ပေါ်လစီတွေ တော်တော်များများသည် ဒီတိုင်းရင်းသားဒေသ ဆီဆိုင်မြို့နယ်မှာရှိတဲ့ တောင်သူတွေအတွက် အံဝင်ခွင်ကျဖြစ်ဖို့ အရမ်းခက်ခဲပေါ့။ အဲ့တော့ တိုင်းရင်းသားတွေရဲ့ အခက်အခဲကို တိုင်းရင်းသားတွေ အသိဆုံးဖြစ်တယ်။ ဒီတိုင်းရင်းသားဒေသတွေနဲ့ ကိုက်ညီတဲ့ ဒီ မြေယာဓလေ့ထုံးတမ်း မြေယာစနစ်ကို ပြောရမယ်ဆိုရင် လိုချင်တယ်ပေါ့လေ။ ဒီပေါ်လစီအတိုင်း ကျမတို့ ကြိုးစားပြီးတော့ လုပ်ပေးချင်တယ်။”

တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ မြေယာပြဿနာတွေ၊ ပညာသင်ယူနိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံးနေရမှုတွေ၊ ဒေသအလိုက် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်အောင် ဆောင်ရွက်ပေးဖို့၊ တိုင်းရင်းသားတွေရဲ့ အခက်အခဲနဲ့ စကားသံတွေကို အစိုးရက သိရှိနိုင်ဖို့အတွက်ဆိုပြီး တိုင်းရင်းသားတွေအနေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို အားကိုးပြီး မဲပေးကြဖို့လိုတယ်လို့ တိုင်းရင်းသားပါတီတွေနဲ့ ကိုယ်စားလှယ်တွေက တိုက်တွန်းထားကြပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချိမ်းရေး ကဏ္ဍရဲ့ အချက် ၇ ချက်မှာတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ၊ တန်းတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေးတွေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားတွေရဲ့ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာတွေနဲ့ သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝအရင်းအမြစ်က ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဖက်ဒရယ်ပြည်ထောင်စုမူနဲ့အတူ ဒေသအလိုက် မျှတစွာ ခွဲဝေခံစားခွင့်ရရှိရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

XS
SM
MD
LG